မနက်စာ မစားတာက သင့်ကျန်းမာရေးကို ဘယ်လိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသလဲ?…

သင့်ကျန်းမာရေးအတွက် ဖတ်ကြည့်ပါ မဖတ်အားသေးလျှင် ရှယ်ထားပါ

မနက်စာ မစားတာက သင့်ကျန်းမာရေးကို ဘယ်လိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသလဲ…?

(၁) နှလုံးကျန်းမာရေးကို ထိခိုက် စေနိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ မနက်စာ မစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့သူတွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ 27% ပိုများပါတယ်။ ဒါ့အပြင် မနက်စာ မစားတဲ့သူတွေက နာတာရှည် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ သွေးတိုး၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

(၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များ ပါတယ်။

မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီး တွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုဆိုးတာက မနက်စာ မစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေက ဆီးချိုရောဂါ ဖြစ်နိုင်ခြေ 54% ပိုများပါတယ်။

(၃) ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

လေ့လာမှုတွေအရ မနက်စာ မစားတာရဲ့ နောက်ထပ်ဆိုးကျိုး တစ်မျိုးကတော့ ကိုယ်မှန်းထားသလောက် ကိုယ်အလေးချိန်မကျဘဲ ပိုတက်လာစေပါတယ်။

(၄) စိတ်ခံစားမှုနဲ့ အားအင်တွေအပေါ် မကောင်းတဲ့ အကျိုးသက် ရောက်စေပါတယ်

မနက်စာ မစားတာက အားအင်ကို လျော့ကျစေပြီး မှတ်နိုင်စွမ်းအား ကိုလည်း နည်းစေပါတယ်။

(၅) ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

မနက်စာ မစားတဲ့အတွက် နေ့ဘက်တွေမှာ အစာပိုစားမိလာကာ အဝလွန် လာပါတယ်။ အဝလွန်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

(၆) သိမြင်နိုင်စွမ်းကို လျော့ကျစေတယ်။

မနက်စာစားခြင်းက သိမြင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့ အတွက် မနက်စာမစားပါက ဒီလုပ်ငန်းစဉ်ကို လျော့ကျစေပါတယ်။

(၇) ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေ ပါတယ်။

တစ်ညလုံး ၁၂ နာရီလောက် အစာမရှိဘဲ နေ့တစ်နေ့ရဲ့ မနက်ခင်းမှာ စားရတဲ့ ပထမဆုံးအစာကို မစားတာ ဖြစ်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး ခေါင်းတစ်ခြမ်းကိုက်စေပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်တာ ပျောက်ချင်တယ်ဆိုရင် မနက်စာ ပုံမှန်စားပါ။

မနက်စာ မစားတဲ့ အဓိကဆိုးကျိုးများအနက် တစ်ခုကတော့ ဆံပင်ကျွတ်တာပါ။ မနက်စာဆိုတာ နေ့တစ်နေ့အတွက် မရှိမဖြစ် အရေးကြီးပြီး ဆံပင်မွေးညင်းပေါက်တွေ ကြီးထွားဖို့အတွက် အားပေးပါတယ်။ ဒါကြောင့် ဆံပင်မကျွတ်ဘဲ တောက်ပြောင်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အသား ဓာတ်ကြွယ်ဝတဲ့ မနက်စားကို နေ့စဉ် စားသုံးပါ။

(၉) ဇီဝကမ္မဖြစ်စဉ်အပေါ် အကျိုး သက်ရောက်မှု ရှိပါတယ်။

ကားတွေက လောင်စာဆီမရှိရင် အလုပ် မလုပ်သလိုဘဲ လူတွေမှာလည်း ဇီဝကမ္မဖြစ်စဉ် လည်ပတ်ဖို့အတွက် မနက်စာစားဖို့ လိုပါတယ်။

(၁၀) အရက်နာကျတာကို ပိုဆိုးစေပါတယ်။

ညဘက်မှာ အရက် အလွန်အကျွံ သောက်ထားပါက နောက်တစ်နေ့ မနက်မှာ အာဟာရပြည့်ဝတဲ့ မနက်စာကို စားသုံးလိုက်မယ်ဆိုရင် အရက်နာကျတာကို သက်သာစေပါတယ်။ ဒီလိုမဟုတ်ဘဲ မနက်စာ မစားဘူးဆိုရင် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး အရက်နာ ကျတာကို ပိုဆိုးစေကာ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အရက်နာကျတာကို သက်သာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားသုံးပါ …. ။

ကျန်းမာလှပသော ဘဝများပိုင်ဆိုင်နိုင်ကြပါစေရှင် 💗

Dr. Mya Myo Myo Swe

Credit to Up_To_Date

#Health

 

Zawgyi

သင့္က်န္းမာေရးအတြက္ ဖတ္ၾကည့္ပါ မဖတ္အားေသးလွ်င္ ရွယ္ထားပါ

မနက္စာ မစားတာက သင့္က်န္းမာေရးကို ဘယ္လိုဆိုး႐ြားစြာ ထိခိုက္ေစႏိုင္ပါသလဲ…?

(၁) ႏွလုံးက်န္းမာေရးကို ထိခိုက္ ေစႏိုင္ပါတယ္။

ေလ့လာမႈတစ္ခုအရ မနက္စာ မစားတဲ့ အမ်ိဳးသားေတြက မနက္စာ စားတဲ့သူေတြထက္ ႏွလုံးတိုက္ခိုက္ခံရႏိုင္ေျခ 27% ပိုမ်ားပါတယ္။ ဒါ့အျပင္ မနက္စာ မစားတဲ့သူေတြက နာတာရွည္ ႏွလုံးေသြးေၾကာေရာဂါေတြျဖစ္တဲ့ ေသြးတိုး၊ ေလျဖတ္ျခင္း စတာေတြ ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။

(၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခ မ်ား ပါတယ္။

မနက္စာ စားက်င့္မရွိတဲ့ အမ်ိဳးသမီး ေတြက ေန႔စဥ္ မနက္စာ စားတဲ့သူေတြနဲ႔ယွဥ္ရင္ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ ပိုဆိုးတာက မနက္စာ မစားဘဲ အလုပ္လုပ္ေနတဲ့ အမ်ိဳးသမီးေတြက ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခ 54% ပိုမ်ားပါတယ္။

(၃) ကိုယ္အေလးခ်ိန္ တက္ေစႏိုင္ပါတယ္။

ေလ့လာမႈေတြအရ မနက္စာ မစားတာရဲ႕ ေနာက္ထပ္ဆိုးက်ိဳး တစ္မ်ိဳးကေတာ့ ကိုယ္မွန္းထားသေလာက္ ကိုယ္အေလးခ်ိန္မက်ဘဲ ပိုတက္လာေစပါတယ္။

(၄) စိတ္ခံစားမႈနဲ႔ အားအင္ေတြအေပၚ မေကာင္းတဲ့ အက်ိဳးသက္ ေရာက္ေစပါတယ္

မနက္စာ မစားတာက အားအင္ကို ေလ်ာ့က်ေစၿပီး မွတ္ႏိုင္စြမ္းအား ကိုလည္း နည္းေစပါတယ္။

(၅) ကင္ဆာျဖစ္ႏိုင္ေျခ မ်ားပါတယ္။

မနက္စာ မစားတဲ့အတြက္ ေန႔ဘက္ေတြမွာ အစာပိုစားမိလာကာ အဝလြန္ လာပါတယ္။ အဝလြန္တဲ့သူေတြက ကင္ဆာျဖစ္ႏိုင္ေျခ မ်ားပါတယ္။

(၆) သိျမင္ႏိုင္စြမ္းကို ေလ်ာ့က်ေစတယ္။

မနက္စာစားျခင္းက သိျမင္ႏိုင္စြမ္းကို ျမႇင့္တင္ေပးတဲ့ အတြက္ မနက္စာမစားပါက ဒီလုပ္ငန္းစဥ္ကို ေလ်ာ့က်ေစပါတယ္။

(၇) ေခါင္းတစ္ျခမ္းကိုက္ျခင္းကို ျဖစ္ေစ ပါတယ္။

တစ္ညလုံး ၁၂ နာရီေလာက္ အစာမရွိဘဲ ေန႔တစ္ေန႔ရဲ႕ မနက္ခင္းမွာ စားရတဲ့ ပထမဆုံးအစာကို မစားတာ ျဖစ္တဲ့အတြက္ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစၿပီး ေခါင္းတစ္ျခမ္းကိုက္ေစပါတယ္။ ဒါေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္တာ ေပ်ာက္ခ်င္တယ္ဆိုရင္ မနက္စာ ပုံမွန္စားပါ။

မနက္စာ မစားတဲ့ အဓိကဆိုးက်ိဳးမ်ားအနက္ တစ္ခုကေတာ့ ဆံပင္ကြၽတ္တာပါ။ မနက္စာဆိုတာ ေန႔တစ္ေန႔အတြက္ မရွိမျဖစ္ အေရးႀကီးၿပီး ဆံပင္ေမြးညင္းေပါက္ေတြ ႀကီးထြားဖို႔အတြက္ အားေပးပါတယ္။ ဒါေၾကာင့္ ဆံပင္မကြၽတ္ဘဲ ေတာက္ေျပာင္တဲ့ဆံသားေတြကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ အသား ဓာတ္ႂကြယ္ဝတဲ့ မနက္စားကို ေန႔စဥ္ စားသုံးပါ။

(၉) ဇီဝကမၼျဖစ္စဥ္အေပၚ အက်ိဳး သက္ေရာက္မႈ ရွိပါတယ္။

ကားေတြက ေလာင္စာဆီမရွိရင္ အလုပ္ မလုပ္သလိုဘဲ လူေတြမွာလည္း ဇီဝကမၼျဖစ္စဥ္ လည္ပတ္ဖို႔အတြက္ မနက္စာစားဖို႔ လိုပါတယ္။

(၁၀) အရက္နာက်တာကို ပိုဆိုးေစပါတယ္။

ညဘက္မွာ အရက္ အလြန္အကြၽံ ေသာက္ထားပါက ေနာက္တစ္ေန႔ မနက္မွာ အာဟာရျပည့္ဝတဲ့ မနက္စာကို စားသုံးလိုက္မယ္ဆိုရင္ အရက္နာက်တာကို သက္သာေစပါတယ္။ ဒီလိုမဟုတ္ဘဲ မနက္စာ မစားဘူးဆိုရင္ ေသြးတြင္းသၾကားဓာတ္ကို ေလ်ာ့က်ေစၿပီး အရက္နာ က်တာကို ပိုဆိုးေစကာ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္းေတြ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အရက္နာက်တာကို သက္သာေစဖို႔ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ မနက္စာကို စားသုံးပါ …. ။

က်န္းမာလွပေသာ ဘဝမ်ားပိုင္ဆိုင္ႏိုင္ၾကပါေစရွင္ 💗

Dr. Mya Myo Myo Swe

Credit to Up_To_Date

#Health