သေမင်းနှင့် ရန်ဖြစ်နေတတ်သော ဆိပ်ဖလူးပင် (သို့) ဆိပ်ဘီလူး

သေမင်းနှင့် ရန်ဖြစ်နေတတ်သော ဆိပ်ဖလူးပင် (သို့မဟုတ်) ဆိပ်ဘီလူး

နံနက်စောစော အရုဏ်ဦးမှာ ရနံ့ မွှေးမွှေးလေး နဲ့ အလှဆင်တတ်တဲ့ ဆိပ်ဖလူးပ န်းပင် များကို မြို့တိုင်း ရွာတိုင်း လွယ်လွယ်ကူကူ တွေ့ရတတ်ပါသည် ။လူအချို့က မသိနားမလည်သူများရဲ့ ကောလာလဟ စကားများကြောင့် ဘီလူးစောင့် သည် ဆိုကာ တန်ဖိုးရှိသော ဆိပ်ဖလူးပင် များကို ခုတ်ပစ်ကြတတ်ပါသေးသည် ။

တကယ်တော့ ဒီ အပင် ဟာ လူတွေကို အန္တရာယ် ပေးတတ်တဲ့ အဆိပ် တွေကို ဘီလူး လို စုပ်ယူစားသုံး တတ်လို့ ဆိပ်ဘီလူး ဟု ခေါ်ကြောင်း ရွှေတောင်မြို့နယ် မဲတောရွာ မြွေဆိုးအန္တရာယ်ကို ဇီဝိတ ဒါနဖြင့် ကုသရာမှာ နာမည်ကြီးသော ဘိုရုံကျောင်း ဆရာတော် ဘုရားကြီး က မိန့်ကြားခဲ့ဖူးတာကို မှတ်သားခဲ့ ရပါသည် ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော် အချိန်က ဖြစ်ပါတယ် ။ကျွန်တော် နှင့် သူငယ်ချင်း များဖြစ်တဲ့ အောင်မြင့် ကိုမြင့်ရွှေကြီး တို့ မဲတော အနောက်ကျောင်း ကထိန် ည Video ခေတ်စားနေတဲ့အချိန်ပေါ့ ။

ကထိန် က Video ကြည့်အပြန် ည ၁ နာရီ ခန့် မဲတောရွာနှင့် ပြည် ရန်ကုန် ကားလမ်း အကူး လမ်းရိုးမှာ ကိုမြင့်ရွှေ ကို မြွေပွေး ကိုက် ခံရပါတယ် ။ သူမထနိုင်တော့ အနီးမှာရှိတဲ့ ဘိုရုံကျောင်း ကို ထမ်းပြေးခဲ့ပါတယ် ။

ဆရာတော်ကြီး ဆီရောက်တော့ သွားကွာ သိမ်ဘေး နားမှာရှိတဲ့ ဆိပ််ဖလူး ရွက် သွားခူးခိုင်းကာ ဆိပ်ဖလူူး ရွက်ကို ထုအုံစေ၍ သင်္ကန်းစုတ်နှင့် စည်းစေပါတယ် ။

အရွက်သုံးရွက် လောက်ကို ဝါးစားစေပါတယ် ။ ဆိပ်ဖလူူးရွက် ဟာ အဆိပ် မရှိသူစားပါက ပါးစပ်ထုံစေပြီး အဆိပ်ရှိသူစားပါက သာမန်သာဖြစ်သည်ဟု ဆရာတော် က မိန့်ပါတယ် ။

ငယ်ရွယ်သူများမို့ ဆေးရုံ ဆက်ပြဖို့ သတိမရ ။ ဆရာတော် ဆီလည်း ပြန်မသွား ။ ယခုအထိ ကိုမြင့်ရွှေ အသက် ၅၀ ကျော်အထိ မသေသေးပါ ။

နောက်ပိုင်း ကင်းဆိပ် အကောင်ဆိပ် များ ကြုံပါက အနီးအနားရှိ ဆိပ်ဖလူး ရွက်များခူးစေကာ ဆရာတော်နည်းအတိုင်း ပြုစေခဲ့ရာ လက်တွေ့ ပျောက်ကင်းခဲ့သည်ကို အံသြစွာ တွေ့ရပါသည် ။

မည်သို့ဆိုစေ ။ ဆေးရုံ ဆေးခန်း ပြတာ အကောင်းဆုံးပါ ။ သို့သော် အလှမ်းဝေးသော နေရာများရှိ မိတ်ဆွေ များ ဆေးရုံ မရောက်ခင်ကာလ၌ ယခု ဆေးနည်းတိုလေးဖြင့် အသက်ကယ်နိုင်ပါကြောင်း စေတနာ များစွာဖြင့် ဝေငှလိုက်ရပေသည် ။

မှတ်ချက် ။ ။ တဆင့်စကား မဟုတ်ပဲ ကိုယ်တိုင်ကြုံခဲ့ရသည်ကို ဖြန့်ဝေပါသည် ။ တိုင်းရင်းမြန်မာ ဆေးကျမ်းများတွင် ရှာဖွေ၍ လည်းကောင်း မြန်မာနိုင်ငံ ဆေးဝါးသုတေသန ဌာနများမှ စမ်းသပ်၍ လည်းကောင်း တန်ဖိုးနည်းပါးသော ဆေးနည်းတို ကုထုံးတစ်ခုဖြစ်သော ဆိပ်ဖလူူးပင်၏ အစွမ်းကို လေ့လာသုတေသန ပြုသင့်ပါကြောင်း ။

အရှင်နာဂသိန် ဆေးကျမ်းလာ ဆိပ်ဖလူး ၏ အကျိုးအာနိသင်များ

(က) ဆိပ်ဖလူး ရွက်၏ ဆေးဝင်ပုံများ

၁ ။ အရွက် ကို ကြိတ်၍ရသော အရည် ကို ပျားရည် သို့မဟုတ် သကြားရည်ဖြင့် ရောစပ်သောက်ပါက သည်းခြေရော နာတာရှည်ရောဂါ အဖျားရောဂါများ ပျောက်ကင်း၏ ။

၂ ။ ၄င်းအရွက်ကြိတ်ရည်ကို ဆားအနည်းငယ် ခပ်၍သောက်ပါက သန်များကို ကျစေသည် ။

၃ ။ အရွက် ကို ရေနွေးဖျော၍ သောက်ပါက သူငယ်နာအဖျား သူငယ်နာရောဂါတို့ကို ပျောက်စေ၏ ။

၄ ။ အရွက် ကို ကြိတ်၍ လိမ်းပါက ပွေး ရောဂါပျောက်ကင်း၏ ။

ဆိပ်ဖလူး ရွက်၏ အာနိသင်များ

၅ ။ အရွက် ကို လတ်ဆတ်သော ချင်းအနည်းငယ်နှင့် ရောစပ်သောက်ပါက ငှက်ဖျား ရောဂါ ပျောက်သည် ။

၆ ။ ကလေးငယ် များ ဝမ်းသက် ဝမ်းသွားပါက အရွက်ကိုညှစ်၍ တိုက်ပါက ပျောက်ကင်းစေသည် ။

၇ ။ အရွက် ကို မီးအနည်းငယ်နှင့် ပြုတ်သောက်ပါက တင်ကြောနာ ရောဂါ ပျောက်၏ ။ ငရုတ်ကောင်းနှင့် ရော၍ကြိတ်စားပါက မီးယပ်သွေးလွန်ရောဂါပျောက်ကင်း၏ ။

၈ ။ အရွက် ကို ညှစ်၍ သောက်ပါက မြွေဆိ်ပ်ပြယ်စေသည် ။

၉ ။ အရွက် ကို ရေ နှင့် ထက်ဝက်ခန်း ကျို၍ သောက်လျှင် ဆီးလွန် ရောဂါ ပျောက်သည် ။

၁၀ ။ အရွက် ကို နွားနို့နှင့်ကြိတ်၍ လိမ်းသော် ယားနာပျောက်သည် ။

(ခ) ဆိပ်ဖလူး ၏ အပွင့် အခေါက်နှင့် ပဥ္စငါးပါး အသုံးဝင်ပုံ

၁ ။ အပွင့်ကို ပြုတ်၍ သောက်ပါက အဆစ်အမြစ်ရောင် ရောဂါ ပျောက်ကင်း၏ ။

၂ ။ အခေါက် ကို ကျောက်ပျဉ်တွင်သွေး၍ မျက်ကွင်းပေါ်လိမ်းပါက မျက်စိနာ ရောဂါ ပျောက်စေ၏ ။

၃ ။ အခေါက် ကို ကွမ်းယာတွင် ထည့်စားသော် ချောင်းဆိုး ဆိပ်ဖလူး ပျာက်ကင်း၏ ။

၄ ။ အပင် ၏ ပဥ္စငါးပါးကို ပြုတ်၍ သောက်သော် အဖျင်းကြီး ရောဂါ ကို ပျောက်စေ၏ ။

ယခု post ဖတ်ပြီး သင်၏ ခြံဝင်းထဲရှိ အသက်ကယ်ပေးနိုင်တဲ့ ဆိပ်ဖလူး ပင် များကို တဆင့်စကားဖြင့် ဘီလူးစောင့်သည်ဆိုကာ ခုတ်ထွင်ခြင်း မပြုလုပ်တော့ပဲ ထိန်းသိမ်းနိုင်ကြပါစေ ။

ေသမင္းႏွင့္ ရန္ျဖစ္ေနတတ္ေသာ ဆိပ္ဖလူးပင္ (သုိ႔မဟုတ္) ဆိပ္ဘီလူး

နံနက္ေစာေစာ အရုဏ္ဦးမွာ ရနံ႔ ေမႊးေမႊးေလး နဲ႕ အလွဆင္တတ္တဲ႔ ဆိပ္ဖလူးပ န္းပင္ မ်ားကုိ ၿမိဳ႕တုိင္း ရြာတုိင္း လြယ္လြယ္ကူကူ ေတြ႕ရတတ္ပါသည္ ။လူအခ်ဳိ႕က မသိနားမလည္သူမ်ားရဲ႕ ေကာလာလဟ စကားမ်ားေၾကာင့္ ဘီလူးေစာင့္ သည္ ဆုိကာ တန္ဖုိးရွိေသာ ဆိပ္ဖလူးပင္ မ်ားကုိ ခုတ္ပစ္ၾကတတ္ပါေသးသည္ ။

တကယ္ေတာ့ ဒီ အပင္ ဟာ လူေတြကုိ အႏၲရာယ္ ေပးတတ္တဲ႔ အဆိပ္ ေတြကုိ ဘီလူး လုိ စုပ္ယူစားသုံး တတ္လုိ႔ ဆိပ္ဘီလူး ဟု ေခၚေၾကာင္း ေရႊေတာင္ၿမိဳ႕နယ္ မဲေတာရြာ ေျမြဆုိးအႏၲရာယ္ကုိ ဇီဝိတ ဒါနျဖင့္ ကုသရာမွာ နာမည္ႀကီးေသာ ဘုိရုံေက်ာင္း ဆရာေတာ္ ဘုရားႀကီး က မိန္႔ၾကားခဲ႔ဖူးတာကုိ မွတ္သားခဲ႔ ရပါသည္ ။

လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ၂၅ ႏွစ္ေက်ာ္ အခ်ိန္က ျဖစ္ပါတယ္ ။ကြ်န္ေတာ္ နွင့္ သူငယ္ခ်င္း မ်ားျဖစ္တဲ႔ ေအာင္ျမင့္ ကုိျမင့္ေရႊႀကီး တုိ႔ မဲေတာ အေနာက္ေက်ာင္း ကထိန္ ည Video ေခတ္စားေနတဲ႔အခ်ိန္ေပါ့ ။

ကထိန္ က Video ၾကည့္အျပန္ ည ၁ နာရီ ခန္႔ မဲေတာရြာႏွင့္ ျပည္ ရန္ကုန္ ကားလမ္း အကူး လမ္းရုိးမွာ ကုိျမင့္ေရႊ ကုိ ေျမြေပြး ကုိက္ ခံရပါတယ္ ။ သူမထႏုိင္ေတာ့ အနီးမွာရွိတဲ႔ ဘုိရုံေက်ာင္း ကုိ ထမ္းေျပးခဲ႔ပါတယ္ ။

ဆရာေတာ္ႀကီး ဆီေရာက္ေတာ့ သြားကြာ သိမ္ေဘး နားမွာရွိတဲ႔ ဆိပ္္ဖလူး ရြက္ သြားခူးခုိင္းကာ ဆိပ္ဖလူူး ရြက္ကုိ ထုအုံေစ၍ သကၤန္းစုတ္ႏွင့္ စည္းေစပါတယ္ ။

အရြက္သုံးရြက္ ေလာက္ကုိ ဝါးစားေစပါတယ္ ။ ဆိပ္ဖလူူးရြက္ ဟာ အဆိပ္ မရွိသူစားပါက ပါးစပ္ထုံေစၿပီး အဆိပ္ရွိသူစားပါက သာမန္သာျဖစ္သည္ဟု ဆရာေတာ္ က မိန္႔ပါတယ္ ။

ငယ္ရြယ္သူမ်ားမုိ႔ ေဆးရုံ ဆက္ျပဖုိ႔ သတိမရ ။ ဆရာေတာ္ ဆီလည္း ျပန္မသြား ။ ယခုအထိ ကုိျမင့္ေရႊ အသက္ ၅၀ ေက်ာ္အထိ မေသေသးပါ ။

ေနာက္ပုိင္း ကင္းဆိပ္ အေကာင္ဆိပ္ မ်ား ႀကဳံပါက အနီးအနားရွိ ဆိပ္ဖလူး ရြက္မ်ားခူးေစကာ ဆရာေတာ္နည္းအတုိင္း ျပဳေစခဲ႔ရာ လက္ေတြ႕ ေပ်ာက္ကင္းခဲ႔သည္ကုိ အံၾသစြာ ေတြ႕ရပါသည္ ။

မည္သုိ႔ဆုိေစ ။ ေဆးရုံ ေဆးခန္း ျပတာ အေကာင္းဆုံးပါ ။ သုိ႔ေသာ္ အလွမ္းေဝးေသာ ေနရာမ်ားရွိ မိတ္ေဆြ မ်ား ေဆးရုံ မေရာက္ခင္ကာလ၌ ယခု ေဆးနည္းတုိေလးျဖင့္ အသက္ကယ္ႏုိင္ပါေၾကာင္း ေစတနာ မ်ားစြာျဖင့္ ေဝငွလုိက္ရေပသည္ ။

မွတ္ခ်က္ ။ ။ တဆင့္စကား မဟုတ္ပဲ ကုိယ္တုိင္ႀကဳံခဲ႔ရသည္ကုိ ျဖန္႔ေဝပါသည္ ။ တုိင္းရင္းျမန္မာ ေဆးက်မ္းမ်ားတြင္ ရွာေဖြ၍ လည္းေကာင္း ျမန္မာႏုိင္ငံ ေဆးဝါးသုေတသန ဌာနမ်ားမွ စမ္းသပ္၍ လည္းေကာင္း တန္ဖုိးနည္းပါးေသာ ေဆးနည္းတုိ ကုထုံးတစ္ခုျဖစ္ေသာ ဆိပ္ဖလူူးပင္၏ အစြမ္းကုိ ေလ့လာသုေတသန ျပဳသင့္ပါေၾကာင္း ။

အရွင္နာဂသိန္ ေဆးက်မ္းလာ ဆိပ္ဖလူး ၏ အက်ဳိးအာနိသင္မ်ား

(က) ဆိပ္ဖလူး ရြက္၏ ေဆးဝင္ပုံမ်ား

၁ ။ အရြက္ ကုိ ႀကိတ္၍ရေသာ အရည္ ကုိ ပ်ားရည္ သုိ႔မဟုတ္ သၾကားရည္ျဖင့္ ေရာစပ္ေသာက္ပါက သည္းေျခေရာ နာတာရွည္ေရာဂါ အဖ်ားေရာဂါမ်ား ေပ်ာက္ကင္း၏ ။

၂ ။ ၄င္းအရြက္ႀကိတ္ရည္ကုိ ဆားအနည္းငယ္ ခပ္၍ေသာက္ပါက သန္မ်ားကုိ က်ေစသည္ ။

၃ ။ အရြက္ ကုိ ေရေႏြးေဖ်ာ၍ ေသာက္ပါက သူငယ္နာအဖ်ား သူငယ္နာေရာဂါတုိ႔ကုိ ေပ်ာက္ေစ၏ ။

၄ ။ အရြက္ ကုိ ႀကိတ္၍ လိမ္းပါက ေပြး ေရာဂါေပ်ာက္ကင္း၏ ။

ဆိပ္ဖလူး ရြက္၏ အာနိသင္မ်ား

၅ ။ အရြက္ ကုိ လတ္ဆတ္ေသာ ခ်င္းအနည္းငယ္ႏွင့္ ေရာစပ္ေသာက္ပါက ငွက္ဖ်ား ေရာဂါ ေပ်ာက္သည္ ။

၆ ။ ကေလးငယ္ မ်ား ဝမ္းသက္ ဝမ္းသြားပါက အရြက္ကုိညွစ္၍ တုိက္ပါက ေပ်ာက္ကင္းေစသည္ ။

၇ ။ အရြက္ ကုိ မီးအနည္းငယ္ႏွင့္ ျပဳတ္ေသာက္ပါက တင္ေၾကာနာ ေရာဂါ ေပ်ာက္၏ ။ ငရုတ္ေကာင္းႏွင့္ ေရာ၍ႀကိတ္စားပါက မီးယပ္ေသြးလြန္ေရာဂါေပ်ာက္ကင္း၏ ။

၈ ။ အရြက္ ကုိ ညွစ္၍ ေသာက္ပါက ေျမြဆိ္ပ္ျပယ္ေစသည္ ။

၉ ။ အရြက္ ကုိ ေရ နွင့္ ထက္ဝက္ခန္း က်ဳိ၍ ေသာက္လွ်င္ ဆီးလြန္ ေရာဂါ ေပ်ာက္သည္ ။

၁၀ ။ အရြက္ ကုိ ႏြားႏုိ႔ႏွင့္ႀကိတ္၍ လိမ္းေသာ္ ယားနာေပ်ာက္သည္ ။

(ခ) ဆိပ္ဖလူး ၏ အပြင့္ အေခါက္ႏွင့္ ပဥၥငါးပါး အသုံးဝင္ပုံ

၁ ။ အပြင့္ကုိ ျပဳတ္၍ ေသာက္ပါက အဆစ္အျမစ္ေရာင္ ေရာဂါ ေပ်ာက္ကင္း၏ ။

၂ ။ အေခါက္ ကုိ ေက်ာက္ပ်ဥ္တြင္ေသြး၍ မ်က္ကြင္းေပၚလိမ္းပါက မ်က္စိနာ ေရာဂါ ေပ်ာက္ေစ၏ ။

၃ ။ အေခါက္ ကုိ ကြမ္းယာတြင္ ထည့္စားေသာ္ ေခ်ာင္းဆုိး ဆိပ္ဖလူး ပ်ာက္ကင္း၏ ။

၄ ။ အပင္ ၏ ပဥၥငါးပါးကုိ ျပဳတ္၍ ေသာက္ေသာ္ အဖ်င္းႀကီး ေရာဂါ ကုိ ေပ်ာက္ေစ၏ ။

ယခု post ဖတ္ၿပီး သင္၏ ၿခံဝင္းထဲရွိ အသက္ကယ္ေပးႏုိင္တဲ႔ ဆိပ္ဖလူး ပင္ မ်ားကုိ တဆင့္စကားျဖင့္ ဘီလူးေစာင့္သည္ဆုိကာ ခုတ္ထြင္ျခင္း မျပဳလုပ္ေတာ့ပဲ ထိန္းသိမ္းႏုိင္ၾကပါေစ ။