ကြောက်စရာကောင်းသော ခိုသန်းအန္တရာယ်




 

ဒီနေ့တော့အဲ့ကောင်တွေကို ဘယ်လိုမှသည်းမခံနိုင်တော့လို့ Methyl Ethanol 99% ကိုရေမွှေးအဆီနည်းနည်းရောပြီးဖြန်းချလိုက်တာ အဲ့ကောင်တွေထိတာနဲ့ ရှောပဲ။





 





Credit

 

Unicode

အိမ်မှာရေချိုးပြီးရင်ယားပြီ အိပ်ဖို့ကုတင်ပေါ်မှာခဏလေးလှဲလိုက်တာနဲ့အသားကုန်ယားလို့တရားခံရှာတာ ခိုသန်းတွေသွားတွေ့တယ်

အဲ့ကောင်တွေကိုရှင်းတာ ခြင်ဆေးတွေလည်းတံဆိပ်စုံနေပြီဖြန်းတာ ဖြန်းတုန်းခဏပဲပြီးရင်ပြန်ယားပြီ။ နောက်ဆုံးအပြင်းစားပိုးသတ်ဆေးတစ်မျိုးပဲဖြန်းဖို့ကျန်တော့တယ်

အဲ့ဆေးလည်းမဖြန်းချင်လို့ Google မှာစာဝင်ဖတ်ကြည့်တာ အဲ့ကောင်တွေက Alcohol တို့ Ethanol တို့တောင် 75% ပြင်းအားရှိမှသေတယ်တဲ့။

ဒီနေ့တော့အဲ့ကောင်တွေကို ဘယ်လိုမှသည်းမခံနိူင်တော့လို့ Methyl Ethanol 99% ကိုရေမွှေးအဆီနည်းနည်းရောပြီးဖြန်းချလိုက်တာ အဲ့ကောင်တွေထိတာနဲ့ ရှောပဲ။

 

ခိုသန်းတွေ ခုန်တာ ဘယ်လောက်ဝေးဝေးရောက်လဲဆိုရင် မွေ့ယာကိုနံရံနဲ့တစ်ပေကျော်ခွာပြီးထောင်ထားတာတောင် မွေ့ယာကနေ နံရံကိုရောက်အောင်ခုန်တယ်။

လူပေါ်လည်းခုန်တက်ပြီး အပီကိုက်တာဆိုတာ ခိုသန်းထူးခြားချက်က မျက်စိနဲ့သေချာကြည့်မှ မြင်ရတယ်၊ အကောင်အရမ်းသေးတယ်၊ အရောင်ကအဖြူရောင်လေး။

အဲ့ကောင် လူကိုကိုက်ထားပြီးရင် ဘယ်လောက်မြဲလည်းဆို Hand Spray တွေ Hand Gel တွေနဲ့လက်ကိုအသားကုန်ပွတ်လည်းမကွာဘူး။ ဆပ်ပြာနဲ့ရေချိုးချတောင်မကွာကျဘူး။

အဲ့ကောင် ကွာကျချင်ရင် ကိုက်ထားလို့အဖုထွက်နေတဲ့နေရာကို Calamine တို့ Mezincal တို့နဲ့ပွတ်ချမှကွာကျတယ်၊ ရေလည်ကြောက်ဖို့ကောင်းတယ်။

အိမ်နားမှာ ခိုစာကျွေးတဲ့နေရာရှိတာတို့ ဝရံတာမှာ ခိုအသိုက်လာဆောက်တာတို့ဆို သတိသာထားတော့၊ ခိုတွေမှာသန်းရှိတယ်၊ အဲ့သန်းကအရမ်းဆိုးတယ်၊ ခိုသန်းကိုက်ခံရပြီဆို မခံနိုင်အောင်ယားတယ်။

ရုတ်တရက်ကြည့်ရင် ပုရွတ်ဆိတ်ကိုက်သလိုလို၊ ဓာတ်မတည့်ရင်ဖြစ်သလိုလို၊ အရေပြားမှာအနီစက်တွေအဖုတွေထွက်လာတယ်။

အဲ့လိုဖြစ်ပြီဆို အိမ်မှာ ကလေးရှိရင် ကလေးတွေအိမ်အပြင်ခဏထွက်ခိုင်းပြီး Alcohol 99% ကို Spray ဗူးထဲထည့်ပြီး တစ်အိမ်လုံးဗျင်းပေတော့။

အဲ့ကောင်တွေကရမ်းလည်တယ်၊ ခုန်တာအရမ်းမြန်တယ်၊ မျက်စိနဲ့မြင်ဖို့မလွယ်ဘူး။ သူ့အရေခွံက အရမ်းထူတယ်၊ မာလည်းမာတယ်၊ တော်ရုံဆေးနဲ့ဖြန်းလည်းမသေဘူး။

Credit