မည်သည့်အပင်မဆို အလွယ်တကူ ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးနည်း
အပင်ရဲ့ ပင်ပိုင်းအင်္ဂါတွေဖြစ်တဲ့ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အမြစ် အစရှိတဲ့ ပင်ပိုင်းအင်္ဂါတွေကို ဖြတ် တောက်ပြီး သင့်တော်တဲ့ ပတ်ဝန်းကျင်အခြေအနေမှာ စိုက်ပျိုးထားရင် အမြစ်သစ်၊ အညွန့်သစ်တွေ ထွက် ပေါ်လာပါတယ်။ အောက်ပါအရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အပင်တွေကို မျိုးပွားနိုင်ပါတယ်။
မျိုးရိုးသိတဲ့ အပင်ဖြစ်ရပါမယ်။ (အသီး၊ အပွင့်၊ အရည်အသွေးကောင်းမှု၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည် ရှိမှု)၊ အထွက်နှုန်း ကောင်းမွန်ခြင်း၊ သန်စွမ်းမှုရှိခြင်း၊ ရောဂါပိုးမွှားကင်းစင်ခြင်း၊ နေရောင်ခြည် ကောင်းကောင်းရတဲ့ နေရာမှာ ပေါက်တဲ့ အပင်ဖြစ်ဖို့ လိုပါတယ်။
ပင်ပိုင်းဖြတ်မျိုးပွားမယ်ဆိုရင် ရေငတ်ဒဏ်ခံနိုင်တဲ့ အပင်မျိုးမဖြစ်ရပါ။ ရောဂါဖြစ်ပြီး အရွက်ကြွေတဲ့ အပင်မျိုးမရွေးချယ်ရပါ။ အသီးလွန်ကဲစွာသီးပြီး အပင်ကြီးထွားမှုရပ်တန့်နေတဲ့ အပင်မျိုးမဖြစ်ရပါ။ ဆစ်ကြားရှည်လွန်း၊ စိပ်လွန်းတဲ့ အပင်မျိုးမဖြစ်ရပါ။ လွန်ကဲစွာသန်စွမ်းနေတဲ့ အပင်မျိုးမဖြစ်ရပါ။ နှင်းခါးရိုက်ပြီး အရွက်၊ ပင်စည်တွေကို ထိခိုက်ခြင်းမရှိရပါ။
အပင်ပိုင်းဖြတ်မျိုးပွားရာမှာ အကိုင်းဖြတ်တောက်မျိုးပွားခြင်း၊ အရွက်ဖြတ်တောက်မျိုးပွားခြင်း (နာနတ်၊ ရွက်ကျပင်ပေါက်) ၊ အရွက်နဲ့ကြားဖူးဖြတ်တောက်မျိုးပွားနည်း (လက်ဖက်)၊ အမြစ်ဖြတ်တောက်မျိုး ပွားနည်း (ရှောက်၊ မက်မွန်၊ မက်မန်း၊ မာလကာ၊ကြောင်လျှာ) စတဲ့နည်းလမ်းတွေနဲ့ မျိုးပွားနိုင်ပါတယ်။
အကိုင်းဖြတ်တောက်မျိုးပွားနည်းနဲ့ မျိုးပွားတဲ့အခါ သစ်မာပိုင်းကို အကိုင်းရဲ့ အရင်းဖက်အကျဆုံး အပိုင်းမှာရှိပြီး အစိမ်းရောင်ပျောက်ပြီး အညိုရောင်ရှိကာ အပွေးတွေတက်နေတဲ့ ကိုင်းကိုရွေးပြီး မျိုးပွားနိုင်ပါတယ်။ (စပျစ်၊ နှင်းဆီ၊ ပိုးစာ၊ ဒန့်သလွန်၊ ပိတောက်)သစ်မပျော့မမာပိုင်းကိုတော့ အစိမ်းရင့်ရောင်ရှိပြီး အပွေးတက်စရှိနေတဲ့ အခြေအနေ (သံပုယို၊ ရှောက်၊ စပျစ်၊ သလဲ၊ ပိုးစာ၊ ဒန့်သလွန်၊ နှင်းဆီ၊ဆူးပုပ်၊ ရွက်လှ၊ ပိတောက်၊ စက္ကူပန်း) မျိုးပွားနိုင်ပါတယ်။
သစ်ပျော့ပိုင်းကတော့ အစိမ်းနုရောင်ရှိပြီး အပွေးတက်ခြင်းလုံးဝမရှိသေးတဲ့ (စပျစ်၊ စံပယ်၊ ဇွန်ပန်း၊ ရွက်လှ၊ ပုဏ္ဏာရိပ်၊ ဗိုလ်ကတော်မျက်ခုံး၊ ခေါင်ရန်း) အပိုင်းကို မျိုးပွားနိုင်ပါတယ်။
အကိုင်းဖြတ်တောက်မျိုးပွားဖို့အတွက် သဲ၊နှုန်း၊ မြေဆွေး (၂း၁း၁) စပ်မြေ ဒါမှမဟုတ် သဲနုစစ်စစ်မှာ မျိုးပွားနိုင်ပါတယ်။ သဲနုမှာ လေဝင်လေထွက်ကောင်းပြီး အမြစ်ထွက်မြန်ပါတယ်။ အာဟာရဓာတ် မပါတဲ့အတွက် အမြစ်ထွက်တာနဲ့ ပြောင်းရွှေ့စိုက်ပျိုးပါ။ ဒါမှမဟုတ်အာဟာရဓာတ္ကို ဖြည့်စွက်ပေးပါ။ ရေကိုဂရုတစိုက်လောင်းပေးဖို့ လိုအပ်ပါသည်။
Crd. Original uploader
Zawgyi
အပင္ရဲ႕ ပင္ပိုင္းအဂၤါေတြျဖစ္တဲ့ ပင္စည္၊ အကိုင္းအခက္၊ အ႐ြက္၊ အျမစ္ အစရွိတဲ့ ပင္ပိုင္းအဂၤါေတြကို ျဖတ္ ေတာက္ၿပီး သင့္ေတာ္တဲ့ ပတ္ဝန္းက်င္အေျခအေနမွာ စိုက္ပ်ိဳးထားရင္ အျမစ္သစ္၊ အၫြန႔္သစ္ေတြ ထြက္ ေပၚလာပါတယ္။ ေအာက္ပါအရည္အခ်င္းေတြနဲ႔ျပည့္စုံတဲ့ အပင္ေတြကို မ်ိဳးပြားႏိုင္ပါတယ္။
မ်ိဳး႐ိုးသိတဲ့ အပင္ျဖစ္ရပါမယ္။ (အသီး၊ အပြင့္၊ အရည္အေသြးေကာင္းမႈ၊ ေရာဂါပိုးမႊားဒဏ္ခံႏိုင္ရည္ ရွိမႈ)၊ အထြက္ႏႈန္း ေကာင္းမြန္ျခင္း၊ သန္စြမ္းမႈရွိျခင္း၊ ေရာဂါပိုးမႊားကင္းစင္ျခင္း၊ ေနေရာင္ျခည္ ေကာင္းေကာင္းရတဲ့ ေနရာမွာ ေပါက္တဲ့ အပင္ျဖစ္ဖို႔ လိုပါတယ္။
ပင္ပိုင္းျဖတ္မ်ိဳးပြားမယ္ဆိုရင္ ေရငတ္ဒဏ္ခံႏိုင္တဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ေရာဂါျဖစ္ၿပီး အ႐ြက္ေႂကြတဲ့ အပင္မ်ိဳးမေ႐ြးခ်ယ္ရပါ။ အသီးလြန္ကဲစြာသီးၿပီး အပင္ႀကီးထြားမႈရပ္တန႔္ေနတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ဆစ္ၾကားရွည္လြန္း၊ စိပ္လြန္းတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ လြန္ကဲစြာသန္စြမ္းေနတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ႏွင္းခါး႐ိုက္ၿပီး အ႐ြက္၊ ပင္စည္ေတြကို ထိခိုက္ျခင္းမရွိရပါ။
အပင္ပိုင္းျဖတ္မ်ိဳးပြားရာမွာ အကိုင္းျဖတ္ေတာက္မ်ိဳးပြားျခင္း၊ အ႐ြက္ျဖတ္ေတာက္မ်ိဳးပြားျခင္း (နာနတ္၊ ႐ြက္က်ပင္ေပါက္) ၊ အ႐ြက္နဲ႔ၾကားဖူးျဖတ္ေတာက္မ်ိဳးပြားနည္း (လက္ဖက္)၊ အျမစ္ျဖတ္ေတာက္မ်ိဳး ပြားနည္း (ေရွာက္၊ မက္မြန္၊ မက္မန္း၊ မာလကာ၊ေၾကာင္လွ်ာ) စတဲ့နည္းလမ္းေတြနဲ႔ မ်ိဳးပြားႏိုင္ပါတယ္။
အကိုင္းျဖတ္ေတာက္မ်ိဳးပြားနည္းနဲ႔ မ်ိဳးပြားတဲ့အခါ သစ္မာပိုင္းကို အကိုင္းရဲ႕ အရင္းဖက္အက်ဆုံး အပိုင္းမွာရွိၿပီး အစိမ္းေရာင္ေပ်ာက္ၿပီး အညိဳေရာင္ရွိကာ အေပြးေတြတက္ေနတဲ့ ကိုင္းကိုေ႐ြးၿပီး မ်ိဳးပြားႏိုင္ပါတယ္။ (စပ်စ္၊ ႏွင္းဆီ၊ ပိုးစာ၊ ဒန႔္သလြန္၊ ပိေတာက္)သစ္မေပ်ာ့မမာပိုင္းကိုေတာ့ အစိမ္းရင့္ေရာင္ရွိၿပီး အေပြးတက္စရွိေနတဲ့ အေျခအေန (သံပုယို၊ ေရွာက္၊ စပ်စ္၊ သလဲ၊ ပိုးစာ၊ ဒန႔္သလြန္၊ ႏွင္းဆီ၊ဆူးပုပ္၊ ႐ြက္လွ၊ ပိေတာက္၊ စကၠဴပန္း) မ်ိဳးပြားႏိုင္ပါတယ္။
သစ္ေပ်ာ့ပိုင္းကေတာ့ အစိမ္းႏုေရာင္ရွိၿပီး အေပြးတက္ျခင္းလုံးဝမရွိေသးတဲ့ (စပ်စ္၊ စံပယ္၊ ဇြန္ပန္း၊ ႐ြက္လွ၊ ပုဏၰာရိပ္၊ ဗိုလ္ကေတာ္မ်က္ခုံး၊ ေခါင္ရန္း) အပိုင္းကို မ်ိဳးပြားႏိုင္ပါတယ္။
အကိုင္းျဖတ္ေတာက္မ်ိဳးပြားဖို႔အတြက္ သဲ၊ႏႈန္း၊ ေျမေဆြး (၂း၁း၁) စပ္ေျမ ဒါမွမဟုတ္ သဲႏုစစ္စစ္မွာ မ်ိဳးပြားႏိုင္ပါတယ္။ သဲႏုမွာ ေလဝင္ေလထြက္ေကာင္းၿပီး အျမစ္ထြက္ျမန္ပါတယ္။ အာဟာရဓာတ္ မပါတဲ့အတြက္ အျမစ္ထြက္တာနဲ႔ ေျပာင္းေ႐ႊ႕စိုက္ပ်ိဳးပါ။ ဒါမွမဟုတ္အာဟာရဓာတၠိဳ ျဖည့္စြက္ေပးပါ။ ေရကိုဂ႐ုတစိုက္ေလာင္းေပးဖို႔ လိုအပ္ပါသည္။
Crd. Original uploader