ငွေဆိုတာ ဘဝဟုတ်ဘူးဆိုတာကို သက်သေပြခဲ့တဲ့ မီလီယံနာသူ ဌေးမလေး…
လောကမှာ အပေါ်ယံအဆောင်အယောင်တွေဖြစ်တဲ့ လှပတဲ့ကိုယ်ခန္ဓာအချိူးအစား ၊ ပြည့်စုံကောင်းမွန်တဲ့အဆောင်အယောင်တွေနှင့် ချမ်းသာကြွယ်ဝမှုတွေအားလုံးက တကယ့်ပျော်ရွှင်မှု အစစ်အမှန်ကို မပေးနိုင်ခဲ့ဘူးဆိုတာကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမီလီယံနာ သူဌေးမလေး Kae Leaderae က ပြသပေးခဲ့ပါတယ်။ Kae Leaderae ဟာ လှပတဲ့မျက်နှာလေး ၊ ပိန်သွယ်တဲ့ ကိုယ်ခန္ဓာအချိုးအစားလေးနဲ့ ဘဝမှာ သုံးမကုန်နိုင်အောင် ပေါများလွန်းလှတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။
Kae Leaderae ဟာ အရာရာပြည့်စုံနေတဲ့သူဖြစ်ပြီး လှပပြည့်စုံတဲ့ ဓာတ်ပုံလေးတွေမကြာခဏတင်လေ့ရှိတဲ့သူဖြစ်တာကြောင့် သူမကိုတွေ့ရတဲ့သူတိုင်းက ကုသိုလ်ကံကောင်းလွန်းလှတဲ့ ကောင်မလေးဆိုပြီး အားကျခဲ့ရတာပါ။
အလှအပနဲ့ပတ်သတ်ရင်လည်း ၂၀၁၂ ခုနှစ်တုန်းက Miss World Next Top Model မှာ Second Runner Up ဆုကို ရရှိခဲ့သလို Miss Supercar အဖြစ်လည်း သရဖူရရှိထားတဲ့သူဖြစ်ပါတယ်။ Kae Leaderae ဟာ Cosmetology ကနေ ဒေါက်တာဘွဲ့ရရှိထားတဲ့သူဖြစ်ပြီး အလှအပ ဆေးခန်းကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ အကောင်းဆုံး စီအီးအိုဆု အထိတောင် ရရှိခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ Kae Leaderae တစ်ယောက် သူမပိုင်ဆိုင်တဲ့ ဆေးခန်းရဲ့ တတိယထပ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့ပါတယ်။သူငယ်ချင်းတွေရဲ့ အဆိုအရ Kae Leaderae ဟာ ဆိုးဝါးလွန်းလှတဲ့ စိတ်ညစ်စရာတွေကြောင့် အရက်အလွန်အကြွံသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။
အရာရာပြည့်စုံနေပြီး လူတိုင်းအားကျရတဲ့ သူတစ်ယောက်မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ချင်လောက်တဲ့အထိ စိတ်ညစ်စရာတွေ ရှိနေတယ်လို့လည်း ဘယ်သူမှ မထင်ထားကြပါဘူး။လူတိုင်းရဲ့ ဘဝမှာ ကိုယ့်ကိုယ်ကို ကျေနပ်ရောင့်ရဲနိုင်ဖို့က အဓိကပဲဖြစ်ပါတယ်။
ကိုယ့်ဘဝကို အခြားသူတစ်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ မနှိုင်းမိပါစေနဲ့။ ဘာလို့ဆို အခြားသူတစ်ယောက်ရဲ့ အပေါ်ယံ အဆောင်အယောင်တွေနဲ့ပျော်ရွှင်မှုတွေဟာ သူ့ရဲ့ တကယ့်ပုံစံအစစ်ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ တကယ့်အကြောင်းအရင်းအမှန်ကို ကာယကံရှင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူး။လူတိုင်းလူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြစမြဲပါ။
ဆင်းရဲတဲ့သူတွေမှာလည်း အပူရှိသလို ချမ်းသာတဲ့သူတွေမှာလည်အပူတွေ ကိုယ်စီရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းမိစေပဲ ရရှိထားတဲ့ ဘဝမှာ ပျော်အောင်နေတတ်ကြစေဖို့အတွက် ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။လောကမှာ အပေါ်ယံအဆောင်အယောင်တွေဖြစ်တဲ့ လှပတဲ့ကိုယ်ခန္ဓာအချိူးအစား ၊ ပြည့်စုံကောင်းမွန်တဲ့အဆောင်အယောင်တွေ နှင့် ချမ်းသာကြွယ်ဝမှုတွေအားလုံးက တကယ့်ပျော်ရွှင်မှု အစစ်အမှန်ကို မပေးနိုင်ခဲ့ဘူးဆိုတာကို ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မီလီယံနာ သူဌေးမလေး Kae Leaderae က ပြသပေးခဲ့ပါတယ်။
Kae Leaderae ဟာ လှပတဲ့မျက်နှာလေး ၊ ပိန်သွယ်တဲ့ ကိုယ်ခန္ဓာအချိုးအစားလေးနဲ့ ဘဝမှာ သုံးမကုန်နိုင်အောင် ပေါများလွန်းလှတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။Kae Leaderae ဟာ အရာရာပြည့်စုံနေတဲ့သူဖြစ်ပြီး
လှပပြည့်စုံတဲ့ ဓာတ်ပုံလေးတွေမကြာခဏတင်လေ့ရှိတဲ့သူဖြစ်တာကြောင့် သူမကိုတွေ့ရတဲ့သူတိုင်းက ကုသိုလ်ကံကောင်းလွန်းလှတဲ့ ကောင်မလေးဆိုပြီး အားကျခဲ့ရတာပါ။အလှအပနဲ့ပတ်သတ်ရင်လည်း ၂၀၁၂ ခုနှစ်တုန်းက
Miss World Next Top Model မှာ Second Runner Up ဆုကို ရရှိခဲ့သလို Miss Supercar အဖြစ်လည်း သရဖူရရှိထားတဲ့သူဖြစ်ပါတယ်။ Kae Leaderae ဟာ Cosmetology ကနေ ဒေါက်တာဘွဲ့ရရှိထားတဲ့သူဖြစ်ပြီး အလှအပ ဆေးခန်းကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ အကောင်းဆုံး စီအီးအိုဆု အထိတောင် ရရှိခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတစ်ယောက်ပါ။တစ်နေ့မှာ Kae Leaderae တစ်ယောက် သူမပိုင်ဆိုင်တဲ့ ဆေးခန်းရဲ့ တတိယထပ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့ပါတယ်။သူငယ်ချင်းတွေရဲ့ အဆိုအရ Kae Leaderae ဟာ ဆိုးဝါးလွန်းလှတဲ့ စိတ်ညစ်စရာတွေကြောင့် အရက်အလွန်အကြွံသောက်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာလို့ သိရပါတယ်။
အရာရာပြည့်စုံနေပြီး လူတိုင်းအားကျရတဲ့ သူတစ်ယောက်မှာကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ချင်လောက်တဲ့အထိ စိတ်ညစ်စရာတွေ ရှိနေတယ်လို့လည်း ဘယ်သူမှ မထင်ထားကြပါဘူး။လူတိုင်းရဲ့ ဘဝမှာ ကိုယ့်ကိုယ်ကို ကျေနပ်ရောင့်ရဲနိုင်ဖို့က အဓိကပဲဖြစ်ပါတယ်။ ကိုယ့်ဘဝကို အခြားသူတစ်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ မနှိုင်းမိပါစေနဲ့။
ဘာလို့ဆို အခြားသူတစ်ယောက်ရဲ့ အပေါ်ယံ အဆောင်အယောင်တွေနဲ့ ပျော်ရွှင်မှုတွေဟာ သူ့ရဲ့ တကယ့်ပုံစံအစစ်ဟုတ်ချင်မှလည်း ဟုတ်ပါလိမ့်မယ်။ တကယ့်အကြောင်းအရင်းအမှန်ကို ကာယကံရှင်ကလွဲလို့ဘယ်သူမှ မသိနိုင်ပါဘူး။လူတိုင်းလူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြစမြဲပါ။
ဆင်းရဲတဲ့သူတွေမှာလည်း အပူရှိသလို ချမ်းသာတဲ့သူတွေမှာလည်း အပူတွေ ကိုယ်စီရှိပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းမိစေပဲ ရရှိထားတဲ့ ဘဝမှာ ပျော်အောင်နေတတ်ကြစေဖို့အတွက် ဒီအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ရပါတယ်။
Credit-Original
Zawgyi
Credit-Original