ယုံပါလို့မတိုက်တွန်းချင်ပါ။သို့သော် ယုံအောင်တော့ ယုတ္တိသာဓကနှင့်တကွ ပြောပြပါ့မယ်။ဗုဒ္ဓဘာသာဝင် စစ်စစ်ဆိုလျှင် လက်တွေ့အသုံးချကြဖို့ တိုက်တွန်းလိုပါတယ်နော်။ဘာမှမပင်ပန်းသလို ငွေကုန်ကြေးကြလဲမရှိပါဘူး။တစ်ခုပါပဲ။
ယုံကြည်မှုရှိရုံလေးဆိုရပါတယ်လောကီဘက်မှာတောင်မှ ကိုယ့်ခေါင်းဆောင်ပြောတဲ့ စကားကို အသက်နဲ့လဲပြီးယုံကြည်သူတွေကို အများ အပြားရှိတာကို အားလုံး တွေ့ဘူးကြမယ်ထင်ပါတယ်။
မသေချာတဲ့ပုထုဇဉ် ပြောတဲ့စကားကိုတောင်မှ အသက်ပေးပြီးတော့ ယုံကြည်ရင် သေချာတဲ့ ကိလေသာလုံးဝ ကင်းစင်တဲ့ အတုမရှိတဲ့ ဗုဒ္ဓဂေါတမတည်းဟူသော၊ခေါင်းဆောင်ကြီးပြောခဲ့တဲ့ ဟောခဲ့တဲ့ ပေးခဲ့တဲ့ လမ်းညွှန်ခဲ့တဲ့ စကားကို ရင်ထဲမှာနှစ်နှစ်ကာကာ လေးလေးစားစား အသက်တမျှ ယုံကြည်လိုက်ပါအရှုံးမရှိပါဘူး။
ဗုဒ္ဓဘာသာမှာ မည်သည့်အခက်အခဲပင်ဖြစ်စေကာမူ ကျော်လွားနိုင်အောင်လမ်းညွှန်မှုပေးထားတဲ့ နည်းလမ်း တွေအများကြီးရှိပါတယ်။နောက်ဆုံး မီးနေခန်းထဲကအခက်အခဲကိုတောင်မှ ဖြေရှင်းပုံ ဖြေရှင်းနည်းကို ပေးခဲ့တဲ့ဘာသာပါ။
မသုံးတတ်လို့ မသိကြလို့သာ တန်ဖိုးထားရမှန်းမသိ တာပါ။(၃၈) ဖြာ မင်္ဂလာတရားနဲ့တင် မြတ်ဗုဒ္ဓဟာ အတုမရှိ ပုဂ္ဂိုလ်မြတ်ကြီးဆိုတာနက်နက်တွေးလေ လက်ခံလေလေပါပဲ။ခုလဲ မြန်မာပြည်မှာသာမက တစ်ကမ္ဘာလုံးမှာပါ။ကပ်ရောဂါကြီးဖြစ်နေပါတယ်။
ကမ္ဘာ့နိုင်ငံတွေတော့ထားပါသူတို့က လောကီဖြေဆေး နောက်ကို အားသွန်ခွန်စိုက် လိုက်နေကြတာဆိုတေ၊ာ့ဗုဒ္ဓဘာသာတို့အတွက်ကတော့ ကိုယ့်ခေါင်းဆောင်ကြီးပြောတဲ့ သစ္စာစကားကို သုံးကြဖို့ တိုက်တွန်းပါတယ်နော်။ယုံကြည်ကြဖို့ ပြောလိုပါတယ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဝေသာလီပြည်မှာ ဒီလို ကပ်ရောဂါကြီးဖြစ်တော့အဲ့ဒီကပ်ရောဂါကြီးကိုငြိမ်း အောင်မြတ်ဗုဒ္ဓဟာ တပည့်သား အရှင်အာနန္ဒာကို ဒီလိုသစ္စာဆိုကွ ဆိုပြီး သင်ပေးခဲ့ဘူးပါတယ်အမှန်တကယ်လဲ ပျောက်ကင်းခဲ့ဘူးပါတယ်။
ဘုရားရှင်သင်ပေးတဲ့ သစ္စာစကားကလွယ်လွယ်လေးပါ။သို့သော် မယုံကြည်ရင်မစမ်းပါနဲ့သစ္စာစူးမှာစိုးလို့ပါ။တရားရုံးတွေမှာကျမ်းကျိမ်တဲ့အခါမှာ မမှန်တာပြောက ကျမ်းစူးပါစေဆိုပြီး ကျိန်ပြောခိုင်းတာကိုသတိထားပါခုလဲ မယုံရင်မရွတ်ပါနဲ့ သစ္စာစူးပါလိမ့်မယ် ခြောက်တာမဟုတ်ပါဘူး။
မြတ်ဗုဒ္ဓရဲ့နှုတ်ထွက်စကားမို့အပြစ်ထိမှာစိုးလို့ပါ။တချို့က မယုံကြည်ရုံတင်မဟုတ်ဘူး ။ဟုတ်မှဟုတ်ပါ့မလား ပျောင်မှပျောက်မှမလားဆိုတဲ့ သံသယနဲ့ တွေးတတ်ဖြစ်တတ်ကြလို့ပါသံသယရှိရင်တော့ လုံးဝမပျောက်ပါဘူး။
သံဓိဋ္ဌာန်ချပြီး တော့ ပျောက်ကိုပျောက်ရစေမယ်ဆိုတဲ့စိတ်ထားနဲ့သာလုပ်ပါ။ဘုရားစကား လွဲတယ်ဆိုတာမရှိပါဘူး။ရတနသုတ်မှာလာပါတယ် ဒီသစ္စာစကားကဘုရားရှင်သင်ပေးပုံကဒီလိုပါ။
အာနန္ဒာရေ ခု ငါဘုရားသင်ပေးမယ့်သစ္စာတရားကို မင်းရွတ်ကွ ။လက်ထဲမှာလဲ ဗလာမထားနဲ့ ငါ့သပိတ်ကိုယူသွားပရိတ်ရေအဆောင်အဖြစ်သုံး မင်းစိတ်ထဲမှာ ဒီရေက သစ္စာတရားရေဘုရားရှင်ရဲ့အာဏာတည်နေတဲ့ရေဒါ့ကြောင့်၊ဒီသစ္စာရေနဲ့ထိတဲ့သူတိုင်း မကောင်းတဲ့ နာနာဘာဝ ဝိနာဘာဝတွေဆိုပြေးလော့ သူတို့လဲမနေ နိုင်ပါဘူး။
ကောင်းတဲ့သူတော်စဉ်တွေဆို ဒီသစ္စာရေနဲ့ထိက သောက်သုံးက ငြိမ်းအေးစေသတည်း အရံအတားလဲ ဖြစ်စေသတည်း။ ဖြစ်လဲဖြစ်မှာအာနန္ဒာရေ။ဘာ့ကြောင့်လဲဆိုတော့ ငါဘုရားသစ္စာစကားကိုးကွအဲ့လိုစိတ်ထားလေးနဲ့၊မင်းရွတ်ကွာငါသင်ပေးလိုက်မယ်(ဟောဒီလူ့ပြည် ဟိုးနတ်ပြည် နဂါးပြည် ဂဠုန်ပြည် ဗြဟ္မာပြည် စကြာဝဠာတစ်ခုလုံးမှာကွာ ဂေါတမမြတ်စွာဘုရားနဲ့တူတဲ့ ရတနာဆိုတာမရှိဘူး ။
တစ်ဆူထဲသာရှိတဲ့ဘုရား ဂေါတမမြတ်စွာဘုရား ဟောကြားတဲ့ ပိဋကတ်သုံးပုံ ဆိုတဲ့တရားနဲ့တူတဲ့ရတနာမရှိဘူးဂေါတမမြတ်စွာဘုရားရဲ့ တပည့်ပရိသတ်ဖြစ်တဲ့၊ရှင်မဟာကဿပ ရှင်သာရိပုတ္တရာ ရှင်မဟာမေဂ္ဂလာန် စတဲ့ ရဟန္တာအပေါင်း သီလဝန္တပုထုဇဉ်အပေါင်း စတဲ့၊အရိယာသံဃာ အရိယာအနွယ်ဝင်သံဃာ ဒီသံဃာတွေ နဲ့တူတဲ့ရတနာ မရှိဘူး)ဒါသစ္စာစကားပဲ ဒါသစ္စာတရားပဲ ဒီသစ္စာစကား သစ္စာ တရားကို အာနန္ဒာရေ မင်းရွတ်ဆိုကွာ သပိတ်တော်ထဲ က ပရိတ်ရေလဲဖျန်းပေးဒီလိုဆိုရင် ဘာရောဂါကြီးပဲဖြစ်ဖြစ်၊
ပျောက်လိမ့်မယ်တဲ့ ဒါက ဒါကဘုရားဟောပါ အစစ်ပါ စမ်းကြည့်ပါ ယုံကြည်ရင်ပေါ့ သစ္စာစကားဆိုကြည့်ပါ ရိုရိုသေသေနက်နက်ရှိုင်းရှိုင်း ပေါ့ဗုဒ္ဓဘာသာမှာ ဘုရားကယ်တယ်ဆိုတာလုံးဝမရှိပါဘူး ဘုရားရှင် လမ်းညွှန်မှုပေးတာပဲရှိပါတယ်နော်။ခုဘုရားရှင်ရဲ့လမ်းညွှန်မှုကို အားလုံးဗုဒ္ဓဘာသာဝင် သူတော်စဉ်တွေသိအောင် ဦးဇင်းရေးပြလိုက်ပါပြီ နော်။ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်း စမ်းကြည့်ကြပါလား။
Credit ဓမ္မရံသီအရှင်ကဝိန္ဒ (မိုးကုတ်)
ယုံပါလို႔မတိုက္တြန္းခ်င္ပါ။သို႔ေသာ္ ယုံေအာင္ေတာ့ ယုတၱိသာဓကႏွင့္တကြ ေျပာျပပါ့မယ္။ဗုဒၶဘာသာဝင္ စစ္စစ္ဆိုလၽွင္ လက္ေတြ႕အသုံးခ်ၾကဖို႔ တိုက္တြန္းလိုပါတယ္ေနာ္။ဘာမွမပင္ပန္းသလို ေငြကုန္ေၾကးၾကလဲမရွိပါဘူး။တစ္ခုပါပဲ။
ယုံၾကည္မႈရွိ႐ုံေလးဆိုရပါတယ္ေလာကီဘက္မွာေတာင္မွ ကိုယ့္ေခါင္းေဆာင္ေျပာတဲ့ စကားကို အသက္နဲ႔လဲၿပီးယုံၾကည္သူေတြကို အမ်ား အျပားရွိတာကို အားလုံး ေတြ႕ဘူးၾကမယ္ထင္ပါတယ္။
မေသခ်ာတဲ့ပုထုဇဥ္ ေျပာတဲ့စကားကိုေတာင္မွ အသက္ေပးၿပီးေတာ့ ယုံၾကည္ရင္ ေသခ်ာတဲ့ ကိေလသာလုံးဝ ကင္းစင္တဲ့ အတုမရွိတဲ့ ဗုဒၶေဂါတမတည္းဟူေသာ၊ေခါင္းေဆာင္ႀကီးေျပာခဲ့တဲ့ ေဟာခဲ့တဲ့ ေပးခဲ့တဲ့ လမ္းညႊန္ခဲ့တဲ့ စကားကို ရင္ထဲမွာႏွစ္ႏွစ္ကာကာ ေလးေလးစားစား အသက္တမၽွ ယုံၾကည္လိုက္ပါအရႈံးမရွိပါဘူး။
ဗုဒၶဘာသာမွာ မည္သည့္အခက္အခဲပင္ျဖစ္ေစကာမူ ေက်ာ္လြားနိုင္ေအာင္လမ္းညႊန္မႈေပးထားတဲ့ နည္းလမ္း ေတြအမ်ားႀကီးရွိပါတယ္။ေနာက္ဆုံး မီးေနခန္းထဲကအခက္အခဲကိုေတာင္မွ ေျဖရွင္းပုံ ေျဖရွင္းနည္းကို ေပးခဲ့တဲ့ဘာသာပါ။
မသုံးတတ္လို႔ မသိၾကလို႔သာ တန္ဖိုးထားရမွန္းမသိ တာပါ။(၃၈) ျဖာ မဂၤလာတရားနဲ႔တင္ ျမတ္ဗုဒၶဟာ အတုမရွိ ပုဂၢိဳလ္ျမတ္ႀကီးဆိုတာနက္နက္ေတြးေလ လက္ခံေလေလပါပဲ။ခုလဲ ျမန္မာျပည္မွာသာမက တစ္ကမၻာလုံးမွာပါ။ကပ္ေရာဂါႀကီးျဖစ္ေနပါတယ္။
ကမၻာ့နိုင္ငံေတြေတာ့ထားပါသူတို႔က ေလာကီေျဖေဆး ေနာက္ကို အားသြန္ခြန္စိုက္ လိုက္ေနၾကတာဆိုေတ၊ာ့ဗုဒၶဘာသာတို႔အတြက္ကေတာ့ ကိုယ့္ေခါင္းေဆာင္ႀကီးေျပာတဲ့ သစၥာစကားကို သုံးၾကဖို႔ တိုက္တြန္းပါတယ္ေနာ္။ယုံၾကည္ၾကဖို႔ ေျပာလိုပါတယ္။
အားလုံးသိၾကၿပီးျဖစ္တဲ့အတိုင္း ေဝသာလီျပည္မွာ ဒီလို ကပ္ေရာဂါႀကီးျဖစ္ေတာ့အဲ့ဒီကပ္ေရာဂါႀကီးကိုၿငိမ္း ေအာင္ျမတ္ဗုဒၶဟာ တပည့္သား အရွင္အာနႏၵာကို ဒီလိုသစၥာဆိုကြ ဆိုၿပီး သင္ေပးခဲ့ဘူးပါတယ္အမွန္တကယ္လဲ ေပ်ာက္ကင္းခဲ့ဘူးပါတယ္။
ဘုရားရွင္သင္ေပးတဲ့ သစၥာစကားကလြယ္လြယ္ေလးပါ။သို႔ေသာ္ မယုံၾကည္ရင္မစမ္းပါနဲ႔သစၥာစူးမွာစိုးလို႔ပါ။တရား႐ုံးေတြမွာက်မ္းက်ိမ္တဲ့အခါမွာ မမွန္တာေျပာက က်မ္းစူးပါေစဆိုၿပီး က်ိန္ေျပာခိုင္းတာကိုသတိထားပါခုလဲ မယုံရင္မရြတ္ပါနဲ႔ သစၥာစူးပါလိမ့္မယ္ ေျခာက္တာမဟုတ္ပါဘူး။
ျမတ္ဗုဒၶရဲ့ႏႈတ္ထြက္စကားမို႔အျပစ္ထိမွာစိုးလို႔ပါ။တခ်ိဳ႕က မယုံၾကည္႐ုံတင္မဟုတ္ဘူး ။ဟုတ္မွဟုတ္ပါ့မလား ေပ်ာင္မွေပ်ာက္မွမလားဆိုတဲ့ သံသယနဲ႔ ေတြးတတ္ျဖစ္တတ္ၾကလို႔ပါသံသယရွိရင္ေတာ့ လုံးဝမေပ်ာက္ပါဘူး။
သံဓိ႒ာန္ခ်ၿပီး ေတာ့ ေပ်ာက္ကိုေပ်ာက္ရေစမယ္ဆိုတဲ့စိတ္ထားနဲ႔သာလုပ္ပါ။ဘုရားစကား လြဲတယ္ဆိုတာမရွိပါဘူး။ရတနသုတ္မွာလာပါတယ္ ဒီသစၥာစကားကဘုရားရွင္သင္ေပးပုံကဒီလိုပါ။
အာနႏၵာေရ ခု ငါဘုရားသင္ေပးမယ့္သစၥာတရားကို မင္းရြတ္ကြ ။လက္ထဲမွာလဲ ဗလာမထားနဲ႔ ငါ့သပိတ္ကိုယူသြားပရိတ္ေရအေဆာင္အျဖစ္သုံး မင္းစိတ္ထဲမွာ ဒီေရက သစၥာတရားေရဘုရားရွင္ရဲ့အာဏာတည္ေနတဲ့ေရဒါ့ေၾကာင့္၊ဒီသစၥာေရနဲ႔ထိတဲ့သူတိုင္း မေကာင္းတဲ့ နာနာဘာဝ ဝိနာဘာဝေတြဆိုေျပးေလာ့ သူတို႔လဲမေန နိုင္ပါဘူး။
ေကာင္းတဲ့သူေတာ္စဥ္ေတြဆို ဒီသစၥာေရနဲ႔ထိက ေသာက္သုံးက ၿငိမ္းေအးေစသတည္း အရံအတားလဲ ျဖစ္ေစသတည္း။ ျဖစ္လဲျဖစ္မွာအာနႏၵာေရ။ဘာ့ေၾကာင့္လဲဆိုေတာ့ ငါဘုရားသစၥာစကားကိုးကြအဲ့လိုစိတ္ထားေလးနဲ႔၊မင္းရြတ္ကြာငါသင္ေပးလိုက္မယ္(ေဟာဒီလူ႔ျပည္ ဟိုးနတ္ျပည္ နဂါးျပည္ ဂဠဳန္ျပည္ ျဗဟၼာျပည္ စၾကာဝဠာတစ္ခုလုံးမွာကြာ ေဂါတမျမတ္စြာဘုရားနဲ႔တူတဲ့ ရတနာဆိုတာမရွိဘူး ။
တစ္ဆူထဲသာရွိတဲ့ဘုရား ေဂါတမျမတ္စြာဘုရား ေဟာၾကားတဲ့ ပိဋကတ္သုံးပုံ ဆိုတဲ့တရားနဲ႔တူတဲ့ရတနာမရွိဘူးေဂါတမျမတ္စြာဘုရားရဲ့ တပည့္ပရိသတ္ျဖစ္တဲ့၊ရွင္မဟာကႆပ ရွင္သာရိပုတၱရာ ရွင္မဟာေမဂၢလာန္ စတဲ့ ရဟႏၲာအေပါင္း သီလဝႏၲပုထုဇဥ္အေပါင္း စတဲ့၊အရိယာသံဃာ အရိယာအႏြယ္ဝင္သံဃာ ဒီသံဃာေတြ နဲ႔တူတဲ့ရတနာ မရွိဘူး)ဒါသစၥာစကားပဲ ဒါသစၥာတရားပဲ ဒီသစၥာစကား သစၥာ တရားကို အာနႏၵာေရ မင္းရြတ္ဆိုကြာ သပိတ္ေတာ္ထဲ က ပရိတ္ေရလဲဖ်န္းေပးဒီလိုဆိုရင္ ဘာေရာဂါႀကီးပဲျဖစ္ျဖစ္၊
ေပ်ာက္လိမ့္မယ္တဲ့ ဒါက ဒါကဘုရားေဟာပါ အစစ္ပါ စမ္းၾကည့္ပါ ယုံၾကည္ရင္ေပါ့ သစၥာစကားဆိုၾကည့္ပါ ရိုရိုေသေသနက္နက္ရွိုင္းရွိုင္း ေပါ့ဗုဒၶဘာသာမွာ ဘုရားကယ္တယ္ဆိုတာလုံးဝမရွိပါဘူး ဘုရားရွင္ လမ္းညႊန္မႈေပးတာပဲရွိပါတယ္ေနာ္။ခုဘုရားရွင္ရဲ့လမ္းညႊန္မႈကို အားလုံးဗုဒၶဘာသာဝင္ သူေတာ္စဥ္ေတြသိေအာင္ ဦးဇင္းေရးျပလိုက္ပါၿပီ ေနာ္။ဘုရားရွင္ရဲ့ လမ္းညႊန္မႈအတိုင္း စမ္းၾကည့္ၾကပါလား။
Credit ဓမၼရံသီအရွင္ကဝိႏၵ (မိုးကုတ္)