အသက် ၁၂ နှစ်အရွယ် ဆိုတာ ဆော့လို့ကောင်းတဲ့ အရွယ်ပါပဲ။ အာဂျင်တီးနားနိုင်ငံက Nickanor Quinteros ဆိုတဲ့ ၁၂ နှစ်အရွယ် ကောင်လေးက သူ့ရဲ့အဘွား Ramona နဲ့ အတူနေပါတယ်။ သူက သာမန်ကလေးတွေကို ကျောင်းသွားပြီး နွားနို့နဲ့ ကွတ်ကီးစားရတာကို သဘောကျပါတယ်။
တခြားကလေးတွေနဲ့ မတူတဲ့ အချက်ကတော့ Nicanor မှာ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ရှိတာပါ။ အဲဒီ ကိုယ်ပိုင်ကျောင်းကို ကလေးတွေ စာသင်နိုင်အောင်လို့ သူ တည်ထောင်ခဲ့တာ ၄ နှစ် ရှိသွားပါပြီ။
Nicanor အသက် ၉ နှစ်ရောက်တဲ့အခါ သူတို့အိမ်ဘေးမှာ ကျောင်းတစ်ကျောင်း ဆောက်ချင်ကြောင်း သူ့အဘွားကို ပြောပြပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ အနီးအနားဝန်းကျင်က ကလေးတွေက ကျောင်းသွားဖို့ လမ်းစရိတ်မရှိသလို ဖိနပ်လည်း မရှိကြပါဘူး။ တချို့ကလေးတွေဆိုရင် အိမ်တောင်မရှိကြပါဘူး။ Nicanor ရဲ့ အဘွားကလည်း သူ့အကြံကို ဝမ်းပန်းတသာ သဘောတူပြီး ကျောင်းဖြစ်လာအောင် စတင်လုပ်ဆောင် ကြပါတယ်။
သူ့ရဲ့အိမ်ကတော့ အာဂျင်တီးနားနိုင်ံ၊ Las Piedritas မှာတည်ရှိတာပါ။ သူ့အိမ်ရဲ့နောက်မှာ Patria y Unidad လို့ခေါ်တဲ့ ကျောင်းလေးကို Nicanor နဲ့ သူ့အဘွားက အတူဆောက်လုပ်ကြပါတယ်။ ပတ္တူစနဲ့ သစ်သားချောင်းလေးတွေ သုံးပြီး စာသင်ခန်းတွေကို ကန့်ပါတယ်။ သစ်သီးထည့်တဲ့ သေတ္တာလေးတွေကို ထိုင်ခုံအဖြစ်သုံးပြီး ပြန်အသုံးပြုနိုင်တဲ့ စာရွက်တွေနဲ့ ကလေးတွေကို စာရေးခိုင်းပါတယ်။
လေးနှစ်ကြာပြီးတဲ့အခါ အိမ်နီးနားချင်းတွေနဲ့ ကြင်နာတတ်သူတွေရဲ့အကူအညီနဲ့ Nicanor က နောက်ထပ် စာသင်ခန်းနှစ်ခန်း၊ ဗီရိုတွေ၊ သင်ပုန်းတစ်ချပ်၊ စာကြည့်တိုက်တစ်ခန်း၊ ကျောင်းတက်ခေါင်းလောင်းတို့ ရရှိသွားပါတယ်။ Nicanor မှာလည်း ကိုယ်ပိုင်ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခန်း ရသွားပါတယ်။
Las Piedritas မှာရှိတဲ့ ကလေးတွေက စာသင်ဖို့ အရမ်းကို တက်ကြွကြပါတယ်။ ကျောင်းရောက်ပြီဆိုရင် Nicanor ရဲ့တံခါးကို အမြဲလာခေါက်ပြီး စာသင်ပေးဖို့ လာပြောကြပါတယ်။ ကျောင်းမှာ ကျောင်းသူကျောင်းသား ၃၆ ယောက် ရှိပါတယ်။ Nicanor က ကျောင်းသူကျောင်းသားတွေကို သေသေချာချာ သင်ပေးပါတယ်။
” ကျောင်းတက်ရလို့ အခုဆိုရင် ၃ တန်းရောက်သွားပြီ” လို့ Niconor ရဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။ ဒါပေမယ့် Nicanor ကိုယ်တိုင်လည်း ကျောင်းတက်ပါသေးတယ်။ ၄ ကီလိုမီတာ ဝေးတဲ့ကျောင်းကို စက်ဘီးနဲ့သွားပြီး တက်ပါတယ်။
သူသင်ထားတဲ့ စာတွေနဲ့ ရွာပြန်ရောက်ရင် ကလေးတွေကို သင်ပေးပါတယ်။ ပုံမှန် စာသင်ချိန်တွေ မတက်နိုင်တဲ့ ကလေးတွေဆိုရင် Nicanor က ညဘက်မှာ သင်ပေးပါတယ်။ ပြီးတော့ Nicanor က သူ ရတဲ့မုန့်ဖိုးလေးတွေကို စုပြီး စာလာသင်တဲ့ ကလေးတွေကို ကော်ဖီတွေ၊ ကွတ်ကီးတွေ ဝယ်ကျွေးပါသေးတယ်။
” Pocito ပြည်နယ်မှာ ဒီလို သူရဲကောင်းတစ်ယောက် ရှိတာ ယုံတောင် မယုံနိုင်ပါဘူး” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး San Juan က Nicanor ကို လာတွေ့တုန်းက မှတ်ချက်ပေးသွားပါတယ်။ ပညာကို အပတ်တကုတ် လိုချင်သူတွေအတွက် မဖြစ်နိုင်တာ မရှိကြောင်း Nicanor က လှုံ့ဆော်ပေးလိုက်တာပါပဲ။
Zombie (lovemedia)
Zawgyi
အသက္ ၁၂ ႏွစ္အ႐ြယ္ ဆိုတာ ေဆာ့လို႔ေကာင္းတဲ့ အ႐ြယ္ပါပဲ။ အာဂ်င္တီးနားႏိုင္ငံက Nickanor Quinteros ဆိုတဲ့ ၁၂ ႏွစ္အ႐ြယ္ ေကာင္ေလးက သူ႔ရဲ႕အဘြား Ramona နဲ႔ အတူေနပါတယ္။ သူက သာမန္ကေလးေတြကို ေက်ာင္းသြားၿပီး ႏြားႏို႔နဲ႔ ကြတ္ကီးစားရတာကို သေဘာက်ပါတယ္။
တျခားကေလးေတြနဲ႔ မတူတဲ့ အခ်က္ကေတာ့ Nicanor မွာ ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္း ရွိတာပါ။ အဲဒီ ကိုယ္ပိုင္ေက်ာင္းကို ကေလးေတြ စာသင္ႏိုင္ေအာင္လို႔ သူ တည္ေထာင္ခဲ့တာ ၄ ႏွစ္ ရွိသြားပါၿပီ။
Nicanor အသက္ ၉ ႏွစ္ေရာက္တဲ့အခါ သူတို႔အိမ္ေဘးမွာ ေက်ာင္းတစ္ေက်ာင္း ေဆာက္ခ်င္ေၾကာင္း သူ႔အဘြားကို ေျပာျပပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူတို႔ အနီးအနားဝန္းက်င္က ကေလးေတြက ေက်ာင္းသြားဖို႔ လမ္းစရိတ္မရွိသလို ဖိနပ္လည္း မရွိၾကပါဘူး။ တခ်ိဳ႕ကေလးေတြဆိုရင္ အိမ္ေတာင္မရွိၾကပါဘူး။ Nicanor ရဲ႕ အဘြားကလည္း သူ႔အႀကံကို ဝမ္းပန္းတသာ သေဘာတူၿပီး ေက်ာင္းျဖစ္လာေအာင္ စတင္လုပ္ေဆာင္ ၾကပါတယ္။
သူ႔ရဲ႕အိမ္ကေတာ့ အာဂ်င္တီးနားႏိုင္ံ၊ Las Piedritas မွာတည္ရွိတာပါ။ သူ႔အိမ္ရဲ႕ေနာက္မွာ Patria y Unidad လို႔ေခၚတဲ့ ေက်ာင္းေလးကို Nicanor နဲ႔ သူ႔အဘြားက အတူေဆာက္လုပ္ၾကပါတယ္။ ပတၱဴစနဲ႔ သစ္သားေခ်ာင္းေလးေတြ သုံးၿပီး စာသင္ခန္းေတြကို ကန႔္ပါတယ္။ သစ္သီးထည့္တဲ့ ေသတၱာေလးေတြကို ထိုင္ခုံအျဖစ္သုံးၿပီး ျပန္အသုံးျပဳႏိုင္တဲ့ စာ႐ြက္ေတြနဲ႔ ကေလးေတြကို စာေရးခိုင္းပါတယ္။
ေလးႏွစ္ၾကာၿပီးတဲ့အခါ အိမ္နီးနားခ်င္းေတြနဲ႔ ၾကင္နာတတ္သူေတြရဲ႕အကူအညီနဲ႔ Nicanor က ေနာက္ထပ္ စာသင္ခန္းႏွစ္ခန္း၊ ဗီ႐ိုေတြ၊ သင္ပုန္းတစ္ခ်ပ္၊ စာၾကည့္တိုက္တစ္ခန္း၊ ေက်ာင္းတက္ေခါင္းေလာင္းတို႔ ရရွိသြားပါတယ္။ Nicanor မွာလည္း ကိုယ္ပိုင္ေက်ာင္းအုပ္ႀကီး ႐ုံးခန္းတစ္ခန္း ရသြားပါတယ္။
Las Piedritas မွာရွိတဲ့ ကေလးေတြက စာသင္ဖို႔ အရမ္းကို တက္ႂကြၾကပါတယ္။ ေက်ာင္းေရာက္ၿပီဆိုရင္ Nicanor ရဲ႕တံခါးကို အၿမဲလာေခါက္ၿပီး စာသင္ေပးဖို႔ လာေျပာၾကပါတယ္။ ေက်ာင္းမွာ ေက်ာင္းသူေက်ာင္းသား ၃၆ ေယာက္ ရွိပါတယ္။ Nicanor က ေက်ာင္းသူေက်ာင္းသားေတြကို ေသေသခ်ာခ်ာ သင္ေပးပါတယ္။
” ေက်ာင္းတက္ရလို႔ အခုဆိုရင္ ၃ တန္းေရာက္သြားၿပီ” လို႔ Niconor ရဲ႕ ေက်ာင္းသားတစ္ေယာက္က ေျပာျပပါတယ္။ ဒါေပမယ့္ Nicanor ကိုယ္တိုင္လည္း ေက်ာင္းတက္ပါေသးတယ္။ ၄ ကီလိုမီတာ ေဝးတဲ့ေက်ာင္းကို စက္ဘီးနဲ႔သြားၿပီး တက္ပါတယ္။
သူသင္ထားတဲ့ စာေတြနဲ႔ ႐ြာျပန္ေရာက္ရင္ ကေလးေတြကို သင္ေပးပါတယ္။ ပုံမွန္ စာသင္ခ်ိန္ေတြ မတက္ႏိုင္တဲ့ ကေလးေတြဆိုရင္ Nicanor က ညဘက္မွာ သင္ေပးပါတယ္။ ၿပီးေတာ့ Nicanor က သူ ရတဲ့မုန႔္ဖိုးေလးေတြကို စုၿပီး စာလာသင္တဲ့ ကေလးေတြကို ေကာ္ဖီေတြ၊ ကြတ္ကီးေတြ ဝယ္ေကြၽးပါေသးတယ္။
” Pocito ျပည္နယ္မွာ ဒီလို သူရဲေကာင္းတစ္ေယာက္ ရွိတာ ယုံေတာင္ မယုံႏိုင္ပါဘူး” လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး San Juan က Nicanor ကို လာေတြ႕တုန္းက မွတ္ခ်က္ေပးသြားပါတယ္။ ပညာကို အပတ္တကုတ္ လိုခ်င္သူေတြအတြက္ မျဖစ္ႏိုင္တာ မရွိေၾကာင္း Nicanor က လႈံ႕ေဆာ္ေပးလိုက္တာပါပဲ။
Zombie (lovemedia)