(၇)ရက်သားသမီး စီးပွားတက်စေမည့် သပြေ၃ခက် ယတြာ…

၇ရက်သားသမီးစီးပွားတက်စေမည့် သပြေ၃ခက် ယတြာ

သပြေ (၃)ခက် စီးပွားတက်

သပြေဟု အမည်ရှိသည့် အညွန့်သည် လူသားတို့အားအထူးအကျိုးပေးသည်။အရာရာအောင်စေတက်သော သလောရှိခြင်းကြောင့် အောင်သပြေဟုလည်း ခေါ်ကြသည်။

ကပ္ပလင်္ကာရကျမ်း အရ ဤကမ္ဘာမြေပေါ်တွင် ပထမဆုံး ပေါက်သောအပင်မှာ သပြေဟုဆိုထားပါသည်။မြန်မာ့ရိုးရာ လောကီအလိုအရ သပြေသည် သောမဓါတ် သောကြာနှင့် ကြာသပတေးနံပေါင်းထားခြင်းဖြစ်ပါသည်။ သောကြာ ၆+ ကြာသပတေး ၅ ပေါင်းသော် ၁၁ရ၏။ အပူ၁၁ မီးကို ငြိမ်းစေတက်သော သဘောရှိသည်ဟု အယူအဆလည်းရှိပါသေးသည်။သောကြာဂြိုဟ်သက် ၂၁ + ကြာသပတေးဂြိုဟ်သက် ၁၉ ပေါင်းသော်၄၀ရ၏။

၄၀ ဟူသောဂဏန်းကို လောကီအလိုအရ စကားရပ်အရ လေးနေသော အရာကို ဆယ်သည်။အဆင်ပြေစေသည်။ ကယ်ဆယ်သည်ဟုလည်း နိမိတ်ဆောင်ပါသည်။

တခြား သဘောတွေလည်း အများကြီးရှိပါသေးတယ်။ လိုရင်းမရောက်ပဲနေတော့မယ်။

သပြေ ၃ခက်ပဲ နှင့် သက်ဆိုင်ရာနေ့သားအလိုက် ချည်ပဲလိုတာကြောင့် ဘယ်သူပဲဖြစ်ဖြစ်ဆောင်ရွက်လို့လွယ်တာပေါ့။

အကုန်အကျလည်းနည်းမယ်။ အကျိုးလည်း များမယ်ဆို ဘာပြောကောင်းမလဲ။

တနင်္ဂနွေသားသမီးများ သပြေ ၃ညွန့်ကို အနီရောင် သိုးမွှေးကြိုး သို့ အနီရောင် အပ်ချည်နှင့် ချည်ပြီး စနေနေ့ နံနက် ၁၁း၄၅ အချိန်တွင် အိမ်ဘုရားတွင်လှူပါ။

တနလာင်္သားသမီးများ သပြေ ၃ညွန့်ကို အဖြူရောင် သိုးမွှေးကြိုး သို့ အဖြူရောင် အပ်ချည်နှင့် ချည်ပြီး ကြာသပတေးနေ့ နေ့လယ် ၁၂း၄၅ အချိန်တွင် အိမ် ဘုရားတွင်ကပ်လှူပါ။

အင်္ဂါ သားသမီးများ သပြေ ၃ညွန့်ကို ရွှေရောင်ကြိုးနှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ ညနေ ၃း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ဗုဒ္ဓဟူး သားသမီးများ သပြေ ၃ညွန့်ကို အစိမ်းရောင် သိုးမွှေးကြိုး သို့ အစိမ်းရောင် အပ်ချည်နှင့် ချည်ပြီး သောကြာနေ့နံနက် ၉း၄၅အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ရာဟုသားသမီးများ သပြေ ၃ညွန့်ကို နက်ပြာရောင် သိုးမွှေး သို့ နက်ပြာရောင် အပ်ချည်နှင့် ချည်ပြီး အင်္ဂါနေ့ နံနက် ၉း၄၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

ကြာသပတေးသားသမီးများ သပြေ ၃ညွန့်ကို အဝါရောင် သိုးမွှေးကြိုး သို့ အဝါရောင် အပ်ချည်နှင့် ချည်ပြီး တနလာင်္နေ့ နံနက် ၈း၁၅ အချိန်တွင် အိမ်ဘုရားတွင် ကပ်လှူပါ။

သောကြာသားသမီးများ သပြေ ၃ညွန့်ကို အပြာရောင် သိုးမွှေးကြိုး သို့ အပြာရောင် အပ်ချည်နှင့် ချည်ပြီး ဗုဒ္ဓဟူးနေ့ နံနက်၁၁း၁၅ အချိန်တွင် ဘုရားကပ်လှူပါ။

စနေသားသမီးများ သပြေ ၃ညွန့်ကို အနက်ရောင် သိုးမွှေး(သို့) အနက် ရောင် အပ်ချည်နှင့် ချည်ပြီး တနင်္ဂနွေနေ့ နံနက် ၉း၄၅ အချိန်တွင် ဘုရားကပ်လှူပါ။

ဗုဒ္ဓဘာသာ ကိုးကွယ်သူမဟုတ်သူ ဘာသာခြားများ အနေနှင့် ရွှေရောင် ငွေရောင် ပန်းအိုးလှလှ ထဲထိုးပြီး သပ်ရပ်သန့်ရှင်းသော အမြင့်တစ်နေရာတွင် တင်ထားနိုင်ပါသည်။

ယခုဖော်ပြသော ယတြာအစီအရင်ကို အချိန်တိတိကျကျဆောင်ရွက်ရပါမည်။ဤယတြာ အစီအရင်ကို အပူပြဿနာ တစ်မျိုးပြီ တစ်မျိးကြုံနေရသူများ အလုပ်ကိစ္စအဝဝ နှှောင့်နှေး အဆင်မပြေဖြစ်နေသူများ၊ စိတ်လေးလံ့ထိုင်းမှိုင်း နေသူများ၊ စိတ်သောကရောက်နေရသူများ အထူးပြုလုပ်သင့်ပါသည်။

ဤအစီအရင်ကို တစ်ပတ်လျှင်တစ်ကြိမ် ၃ပတ်ဆက်တိုက်ပြုလုပ်ရပါမည်။ အပတ်စဉ်ပြုလုပ် ပါက ထူးခြားစွာ ငွေဝင်ခြင်း လာဘ်ရွှင်ခြင်း ၊ပွင့်လန်းခြင်း၊ ဓါတ် စန်းပွင့်ခြင်းအပြင်ပီယ၊ဇေယျ ၊လာဘ၊ ဓန၊ အပွင့်ဓါတ်များအလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းအဆင်ပြေအောင်မြင်စေနိုင်သော ဓါတ်များရရှိစေနိုင်မည်ဖြစ်ပါသည်။

တစ်ပတ်တစ်ကြိမ် ၃ ပတ်ဆက်တိုက်ပြုလုပ်ကြည့်ပါ။ ထူးခြားမှု့များတွေ့ရပါလိမ့်မည်။အခြားသော ယတြာနည်းများဖြင့်လည်း တွဲဖက်ဆောင်ရွက်နိုင်ပါသည်။ သင့်အတွက် အကျိုးဖြစ်ထွန်းလျှင် လက်ဆင့်ကမ်း မျှဝေပေးပါ။

အားလုံးပဲအပူသောကကင်း ကျန်းမာချမ်းသာလိုရာဆန္ဒပြည့်ဝ ကြပါစေ။ခင်ပွန်းကြီး ၁၀ပါးကို ဤ postဖြင့် ရှိခိုးကန်တော့ပါသည်။