ရေအောက်မီးတောင် ပေါက်ကွဲပြီးနောက် တွန်ဂါမှာ ဆူနာမီသတိပေးချက်ထုတ်ပြန် (ရုပ်သံ)..

ႏူကူအာလိုဖာ၊ ဇန္နဝါရီ ၁၅

တြန္ဂါမွာ ေနာက္ထပ္ျပင္းထန္တဲ့ ေရေအာက္ မီးေတာင္ ေပါက္ကြဲၿပီးေနာက္ ႀကီးမားတဲ့လႈိင္းလုံးေတြ ႐ိုက္ခတ္ေနလို႔ အစိုးရတာဝန္ရွိသူမ်ားက ႏွစ္ရက္အတြင္း ဒုတိယအႀကိမ္ ဆူနာမီသတိေပးခ်က္ကို ထုတ္ျပန္ခဲ့သည္။

ယမန္ေန႔က ေရေအာက္မီးေတာင္ ဟြန္ဂါ တြန္ဂါ-ဟြန္ဂါဟာအာပိုင္း (Hunga Tonga-Hunga Haʻapai) ေပါက္ကြဲၿပီးေနာက္ ျပာမ်ား၊ ေရေႏြးေငြ႕ႏွင့္ ဓာတ္ေငြ႕မ်ားကို ေလထဲသို႔ ၁၇ ကီလိုမီတာအထိ မႈတ္ထုတ္ခဲ့ရာ ဆူနာမီသတိေပးခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္သည္။ တြ

န္ဂါ၏ ၿမိဳ႕ေတာ္ ႏူကူအာလိုဖာတြင္ မီးေတာင္ျပာမ်ားသည္ လက္ရွိမွာ က်ဆင္းေနေၾကာင္း ဆိုသည္။

ရဲတပ္ဖြဲ႕ႏွင့္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားက ေဒသခံမ်ားအားလုံးကို ကုန္းျမင့္ရာသို႔ေျပာင္းေ႐ႊ႕ရန္ အႀကံျပဳထား သည္။ေလာေလာဆယ္တြင္ ဖီဂ်ီႏွင့္ ဆာမိုအာ သို႔မဟုတ္ နယူးဇီလန္အတြက္ သတိေပးခ်က္မရွိေသးေၾကာင္း ဆိုသည္။

သို႔ေသာ္ ဖီဂ်ီႏွင့္ ဆာမိုအာတြင္ ေပါက္ကြဲသံမ်ားၾကားေနရေၾကာင္း ဆိုရွယ္မီဒီယာေပၚတြင္ သတင္းေဖာ္ျပမႈမ်ားလည္း ရွိေနသည္။တြန္ဂါ မိုးေလဝသဌာနကမူ ကြၽန္းတစ္ခုလုံးကို သတိေပးခ်က္ထုတ္ျပန္ထားေၾကာင္း Facebook တြင္ ေဖာ္ျပထားသည္။ တြစ္တာတြင္ တင္ထားသည့္ အံ့ဩစရာ ဗီဒီယိုဖိုင္တြင္ တြန္ဂါရွိ ကမ္းေျခတစ္ခုမွ လမ္းမမ်ားေပၚသို႔ လႈိင္းလုံးႀကီးမ်ား စီးဝင္လာသည္ကို ေတြ႕ရသည္။

ဟြန္ဂါ တြန္ဂါ-ဟြန္ဂါ ဟာအာပိုင္း မီးေတာင္သည္ တြန္ဂါရွိ ဖာႏူအာဖို (Fonuafo’ou) ကြၽန္း၏ အေရွ႕ေတာင္ဘက္ ကီလိုမီတာ ၃၀ အကြာတြင္ တည္ရွိသည္။၎ေရေအာက္မီးေတာင္မွာ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၂၀ ရက္မွ စတင္အသက္ဝင္ခဲ့ေသာ္လည္း ဇန္နဝါရီ ၁၁ ရက္တြင္ လႈပ္ရွားမႈ ေခတၱရပ္ဆိုင္းသြားခဲ့ေၾကာင္း ေၾကညာခဲ့သည္။

ဟြန္ဂါ တြန္ဂါ-ဟြန္ဂါ ဟာအာပိုင္း ေရေအာက္မီးေတာင္ ျပင္းျပင္းထန္ထန္ ေပါက္ကြဲၿပီးေနာက္ တြန္ဂါေရျပင္အားလုံးအတြက္ ဆူနာမီေရေၾကာင္းသတိေပးခ်က္ကို ယမန္ေန႔က ထုတ္ျပန္ခဲ့ၿပီး ယေန႔မြန္းလြဲပိုင္းတြင္ ျပန္လည္႐ုတ္သိမ္းခဲ့သည္။

ေသာၾကာေန႔တြင္ တြန္ဂါ ဘူမိေဗဒပညာရွင္ အမ်ားအျပားက ဟြန္ဂါ တြန္ဂါ-ဟြန္ဂါ ဟာအာပိုင္း မီးေတာင္ ကို ေလ့လာၾကည့္ရႈခဲ့ၾကသ

ည္။မီးေတာင္မွ အမႈန္အမႊားမ်ား ဆက္လက္ျဖစ္ေပၚေနျခင္းေၾကာင့္ တြန္ဂါတြင္ ေလေၾကာင္းခရီးစဥ္မ်ား ရပ္တန္႔သြားသည္ကို အေစာပိုင္းက ျမင္ေတြ႕ခဲ့ရသည္။

ယမန္ေန႔ ည ၁၂ နာရီ ၃၀ မိနစ္တြင္ ႏူကူအလိုဖာ (Nuku’alofa) တြင္ ဒီေရတိုင္းတာခဲ့ရာမွာ ပင္လယ္ ေရမ်က္ႏွာျပင္ အထက္ ၃၀ စင္တီမီတာခန္႔ရွိသည့္ အျမင့္ဆုံး ဆူနာမီလႈိင္းကို မွတ္တမ္းတင္ႏိုင္ခဲ့သည္။

(Nzherald သတင္းဌာနတြင္ ဇန္နဝါရီ ၁၅ ရက္က ေဖာ္ျပခဲ့သည့္ Tsunami alert for Tonga following underwater volcanic eruption သတင္းကို ဘာသာျပန္ေဖာ္ျပပါသည္။)

မင္းလြင့္စံ

 

နူကူအာလိုဖာ၊ ဇန်နဝါရီ ၁၅

တွန်ဂါမှာ နောက်ထပ်ပြင်းထန်တဲ့ ရေအောက် မီးတောင် ပေါက်ကွဲပြီးနောက် ကြီးမားတဲ့လှိုင်းလုံးတွေ ရိုက်ခတ်နေလို့ အစိုးရတာဝန်ရှိသူများက နှစ်ရက်အတွင်း ဒုတိယအကြိမ် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။

ယမန်နေ့က ရေအောက်မီးတောင် ဟွန်ဂါ တွန်ဂါ-ဟွန်ဂါဟာအာပိုင်း (Hunga Tonga-Hunga Haʻapai) ပေါက်ကွဲပြီးနောက် ပြာများ၊ ရေနွေးငွေ့နှင့် ဓာတ်ငွေ့များကို လေထဲသို့ ၁၇ ကီလိုမီတာအထိ မှုတ်ထုတ်ခဲ့ရာ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့တာဖြစ်သည်။ တွ

န်ဂါ၏ မြို့တော် နူကူအာလိုဖာတွင် မီးတောင်ပြာများသည် လက်ရှိမှာ ကျဆင်းနေကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ဒေသခံများအားလုံးကို ကုန်းမြင့်ရာသို့ပြောင်းရွှေ့ရန် အကြံပြုထား သည်။လောလောဆယ်တွင် ဖီဂျီနှင့် ဆာမိုအာ သို့မဟုတ် နယူးဇီလန်အတွက် သတိပေးချက်မရှိသေးကြောင်း ဆိုသည်။

သို့သော် ဖီဂျီနှင့် ဆာမိုအာတွင် ပေါက်ကွဲသံများကြားနေရကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် သတင်းဖော်ပြမှုများလည်း ရှိနေသည်။တွန်ဂါ မိုးလေဝသဌာနကမူ ကျွန်းတစ်ခုလုံးကို သတိပေးချက်ထုတ်ပြန်ထားကြောင်း Facebook တွင် ဖော်ပြထားသည်။ တွစ်တာတွင် တင်ထားသည့် အံ့ဩစရာ ဗီဒီယိုဖိုင်တွင် တွန်ဂါရှိ ကမ်းခြေတစ်ခုမှ လမ်းမများပေါ်သို့ လှိုင်းလုံးကြီးများ စီးဝင်လာသည်ကို တွေ့ရသည်။

ဟွန်ဂါ တွန်ဂါ-ဟွန်ဂါ ဟာအာပိုင်း မီးတောင်သည် တွန်ဂါရှိ ဖာနူအာဖို (Fonuafo’ou) ကျွန်း၏ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ အကွာတွင် တည်ရှိသည်။၎င်းရေအောက်မီးတောင်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ စတင်အသက်ဝင်ခဲ့သော်လည်း ဇန်နဝါရီ ၁၁ ရက်တွင် လှုပ်ရှားမှု ခေတ္တရပ်ဆိုင်းသွားခဲ့ကြောင်း ကြေညာခဲ့သည်။

ဟွန်ဂါ တွန်ဂါ-ဟွန်ဂါ ဟာအာပိုင်း ရေအောက်မီးတောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီးနောက် တွန်ဂါရေပြင်အားလုံးအတွက် ဆူနာမီရေကြောင်းသတိပေးချက်ကို ယမန်နေ့က ထုတ်ပြန်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ပြန်လည်ရုတ်သိမ်းခဲ့သည်။

သောကြာနေ့တွင် တွန်ဂါ ဘူမိဗေဒပညာရှင် အများအပြားက ဟွန်ဂါ တွန်ဂါ-ဟွန်ဂါ ဟာအာပိုင်း မီးတောင် ကို လေ့လာကြည့်ရှုခဲ့ကြသ

ည်။မီးတောင်မှ အမှုန်အမွှားများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် တွန်ဂါတွင် လေကြောင်းခရီးစဉ်များ ရပ်တန့်သွားသည်ကို အစောပိုင်းက မြင်တွေ့ခဲ့ရသည်။

ယမန်နေ့ ည ၁၂ နာရီ ၃၀ မိနစ်တွင် နူကူအလိုဖာ (Nuku’alofa) တွင် ဒီရေတိုင်းတာခဲ့ရာမှာ ပင်လယ် ရေမျက်နှာပြင် အထက် ၃၀ စင်တီမီတာခန့်ရှိသည့် အမြင့်ဆုံး ဆူနာမီလှိုင်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။

(Nzherald သတင်းဌာနတွင် ဇန်နဝါရီ ၁၅ ရက်က ဖော်ပြခဲ့သည့် Tsunami alert for Tonga following underwater volcanic eruption သတင်းကို ဘာသာပြန်ဖော်ပြပါသည်။)

မင်းလွင့်စံ