Unicode
လိုအပ်နေသူကို ဘေထည့်ပေးတဲ့အခါ ဘေအကျိုးဆယ်ပါးရရှိပါတယ်… ၎င်း ဆယ်ပါးကတော့..
(၁) သွားရာနေရာမှာ ဖုန်းတာဝါတိုင်နှင့် နီးနေတတ်ခြင်း
(၂) ဆယ်လီဖြစ်ပြီး ထင်ရှားကျော်ကြား လူသိများခြင်း
(၃) facebook ပေါ်တွင် ဝန်းရံသူ မိတ်ဆွေ ၊ အဖော်အခြံအရံ များပြားခြင်း
(၄) connection ပြတ်တောက်မှုမရှိဘဲ လျှင်မြန်သွက်လက်စွာ သုံးနိုင်ခြင်း
(၅) ဖုန်းဘေမရှိတဲ့ဘေးက အမြဲလွတ်ကင်းခြင်း
(၆) facebook သုံးတိုင်း ချစ်သူ မိဘ တို့၏ ဆဲဆိုခြင်းမှ ကင်းဝေးခြင်း
Image result for girl using cell phone
(၇) ၃၆၀ camera b612 စသည့် camera များ သုံးစရာမလိုဘဲ နောက်ဆုံးပေါ်ဖုန်းတွင် ပါဝင်သည့် beauty camera ဖြင့် ရိုက်ရသဖြင့် အဆင်းလှခြင်း
(၈) အင်တာနက်သုံးတိုင်း ဖုန်းပူ၍ လက်ပူခြင်းမှ ကင်းဝေးပြီးခန္ဓာ ကိုယ်ဟာအမြဲ အေးချမ်းနေခြင်း
(၉) နောက်ဆုံးပေါ်ဖုန်းများ သူများထက် ဦးစွာပထမ ကိုင်ရခြင်း
(၁၀) post များအား credit ပေးစရာမလိုဘဲ like & share & copy ပြုလုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားရမှာဖြစ်ပါသည်… ကဲသဘောပေါက်ကြဗျာ ဘေထည့်ပေးချင်သူများ ထည့်ပေးနိုင်ပါပြီ… 😁😁
credit#အရှင်ဥတ္တမာစာရ