သမီးလေးရဲ့ စာကြည့်တိုက် စားပွဲကို သန့်ရှင်းရေးလုပ်ပြီး အသက်ရှူရပ်သွားတဲ့ မိခင်…









 

Unicode

သမီးဖြစ်သူ၏ စာကြည့်စားပွဲကို သန့်ရှင်းရေးလုပ်ပေးခဲ့ရာမှ အသုံးပြုထားသော ဘောပင်လေးတွေကို မြင်တွေ့လိုက်သောအခါ

အသက်ရှုရပ်မတတ် ဖြစ်သွားခဲ့ရသည့် မိခင်တစ်ဦး

နိုင်ငံတိုင်း၏ ပညာရေးစနစ်များသည် တူညီမှုမရှိဘဲ ကွဲပြားခြားနားသော နည်းစနစ်များဖြင့် လူငယ်လေးတို့ကို ပညာသင်ပေးနေကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်တော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဟာ လူငယ်တိုင်းအတွက် အရေးကြီးဆုံးအချိန်ဖြစ်ပြီး စာမေးပွဲတွင် အမှတ်ကောင်းမှသာ အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

Ly Hoaဆိုသည့် ကောင်မလေးဟာလည်း Tsinghuaတက္ကသိုလ်သို့ ဝင်ခွင့်သွားရောက်ဖြေဆိုစဉ် 750မှတ်ပေးရာတွင် 731အထိရရှိပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။

မိခင်ဖြစ်သူဟာ သမီးလေး၏ စာကြည့်စားပွဲကို ရှင်းလင်ပေးရန်အတွက် သွားရောက်ခဲ့သောအခါ သမီးလေး၏ ကြိုးစားခဲ့မှုကို မြင်တွေ့လိုက်ရပြီး အံ့သြကာ အသက်ရှုဖို့ မေ့နေခဲ့ရသည်။

ကောင်မလေးဟာ စားပွဲကိုလည်း သေချာစွာသန့်ရှင်းထားပြီး အသုံးပြုထားသော ဘောပင်အကုန်များကို စီရီစွာချထားခဲ့တာဖြစ်ပါတယ်။

မိခင်၏အဆိုအရ ဘောပင်၁၂၄ချောင်းအထိကုန်အောင် စာကြိုးစားခဲ့တာဖြစ်ပါတယ်။