ငါးမိနစ်အတွင်ခါးနာ ကျောနာ ခြင်းကိုသက်သာသွားစေမယ့် နည်းလမ်းကောင်းများ…

ခါးနာကျောနာခြင်းကို ငါးမိနစ်အတွင်းသက်သာသွားစေမယ့် နည်းလမ်းကောင်းများ

လူတော်တော်များများ အများဆုံး ဖြစ်လေ့ရှိတဲ့ ဝေဒနာကို ပြောပါဆိုရင် နောက်ကျောဘက် နာကျင်ခြင်းပါပဲ။ ခါးနာကြတယ်။ကျောနာကြတယ် စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါ လူကလည်း သက်တောင့်သက်သာ မရှိပဲ ပင်ပန်းပါတယ်။ဒီလို ဝေဒနာတွေ ခံစားလာရပြီဆိုရင် သင့်အနေနဲ့ ဒီနည်းလမ်းကောင်းတွေ ထဲက တစ်နည်းနည်းကို စမ်းသပ် ကြည့်သင့် ပါတယ်။ဘယ်လို နည်းလမ်း တွေက ခါးနာ ကျောနာခြင်းကို သက်သာစေလဲဆိုရင်…

 

ကျောရိုးကိုအနားပေးခြင်း

အိမ်မှာ ရှိနေတဲ့ အချိန်ဆို ဒီနည်းလေးကို သုံးကြည့် သင့်ပါတယ်။ပထမဆုံး ကြမ်းပြင်မှာ ထိုင်လိုက်ပါ။ပြီးရင်ခြေထောက်နှစ်ချောင်းကို ဖြောင့်တန်းစွာ ထားလိုက်ပါ။ ခြေထောက် နှစ်ဖက် ၁၀ စင်တီမီတာလောက် ခြားထားပါ။ပြီးရင် စောင် တစ်ထည်ကို ထူထူလေးဖြစ်အောင် လိပ်ပြီး ပုံထဲမှာ ပြထား သလို ဒူးအောက်မှာ ထားပါ။ပြီးရင် ခေါင်းအုံးကို ခြေထောက် ပေါ်မှာ တင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံးကို ခေါင်းအုံးနဲ့ ထိတဲ့ အထိ ကွေးလိုက်ပါ။အဲ့ဒီအနေအထား အတိုင်း ၅မိနစ်ကြာမှာနေပါ။ဒီနည်းလေးက နောက် ကျောဘက် ကြွက်သားတင်းအားတွေကို ပြေလျော့စေပြီး ခါးနာ၊ကျောနာခြင်းကို သက်သာသွားစေပါတယ်။

 

ဆားခါးနဲ့ခြေထောက်စိမ်ပါ

ခြေထောက်စိမ်ရရုံ အနေအထားလောက် ခပ်နွေးနွေး ရေဇလုံတစ်ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခွက်တစ်ဝက်စာလောက် ရောထည့်ပြီးမွှေလိုက်ပါ။ပြီးရင် ခြေထောက်ကို ၅မိနစ် ကနေ ၇မိနစ်လောက်ထိထည့် စိမ်ထားပါ။အချိန်ပြည့်တဲ့ အခါ ခြေထောက်ကို ထုတ်ပြီးခပ်နွေးနွေး ရေလေးနဲ့ ထပ်ပြီး ဆေးလိုက်ပါ။ပြီးရင်တော့ စောင်လေးနဲ့ဖြစ်စေ ခြေထောက်ကို ပတ်ထားလိုက်ပါ။

ဆားခါးက အကြောတွေ ၊ ကြွက်သား နာကျင် တာတွေကို ပြေလျော့စေတဲ့အတွက် ဆားခါးစိမ်လိုက်တဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးက စုပ်ယူလိုက်တဲ့ အတွက် နောက်ကျောဘက် နာကျင်မှု ကိုလည်းသက်သာ သွားစေပါတယ်။

 

ဒူးအနောက်ဘက်က အကြောလေးတွေကိုဖိပါ

ဒူး အနောက်ဘက် အလယ် တည့်တည့်မှာ အကြော အမှတ်လေးတွေ ရှိပါတယ်။အဲ့ဒီ အကြော နေရာ လေးကို လက်မနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။၂မိနစ်ကနေ ၃မိနစ်ထိ ဖိထားပေးနိုင်ပါတယ်။ဒီ အကြောလေး တွေကို ဖိပေး တာကလည်း ခါးနေရာတစ် ဝိုက် ကြွက်သားနာကျင်မှုကို လျှော့ချပေးနိုင်တယ်လို့ သိရပတယ်။

 

အဝတ်ညှပ်ကလစ်ကိုသုံးပါ

အဝတ်လှန်းတဲ့ အခါမှာ လွင့်ပါ မသွားအောင် ချိတ်တဲ့ အဝတ်ညှပ်ကလစ်ကို နားရဲ့အပေါ်ဘက်မှာ ညှပ်ထားပါ။ ၅စက္ကန့်လောက်ကြာအောင်ညှပ်ပြီးဖြုတ်လိုက်ပါ။ နားတစ်ဖက်ဆီကို ၅ကြိမ်စီ ၅စက္ကန့်ကြာအောင် ညှပ်ပေးပါ။ပညာရှင်တွေရဲ့အဆိုအရ နားအပေါ်ဘက်တစ်ဝိုက်နေရာဟာ ပုခုံးရယ်၊နောက်ကျောရယ်နဲ့ဆက်နွယ်မှုရှိတယ်လို့သိရပါတယ်။ဒါကြောင့် နားအပေါ်ဘက် နေရာကို ကလစ်နဲ့ညှပ်ပေးတာဟာ နောက်ကျောဘက်ကြွက်သားနာကျင်မှုတွေ၊တင်းအားတွေကိုဖြေလျော့ပေးနိုင်တာဖြစ်ပါတယ်။

Lavender ဆီ

အုန်းဆီ ဒါမှ မဟုတ် ကြက်ဆူ ဆီ စားပွဲ တင် ဇွန်းတစ် ဇွန်းကို Lavender ဆီ အစက် အနည်းငယ်နဲ့ ရောစပ်ပြီး နာကျင်နေတဲ့ ကျော နေရာ တစ်ဝိုက်ကို ညင်သာစွာ ပွတ်လိမ်း နှိပ် နယ်ပေးပါ။Lavender ဆီမှာ နာကျင်မှုကို ပြေလျော့ သက်သာ စေတဲ့အစွမ်း သတ္ထိတွေ ရှိပါတယ် ။ဒါကြောင့် ခါးနဲ့ ကျောတစ်ဝိုက်ကိုလိမ်းပေးမယ်ဆိုရင် နာကျင်မှုတွေကို ပြေလျော့ ပေးနိုင်သလို စိတ်ဖိစီးမှုတွေ ကိုလည်း လျော့နည်း သွားစေ ပါတယ်။ credit

 

Zawgyi

ခါးနာေက်ာနာျခင္းကို ငါးမိနစ္အတြင္းသက္သာသြားေစမယ့္ နည္းလမ္းေကာင္းမ်ား

လူေတာ္ေတာ္မ်ားမ်ား အမ်ားဆုံး ျဖစ္ေလ့ရွိတဲ့ ေဝဒနာကို ေျပာပါဆိုရင္ ေနာက္ေက်ာဘက္ နာက်င္ျခင္းပါပဲ။ ခါးနာၾကတယ္။ေက်ာနာၾကတယ္ စတဲ့ ေဝဒနာေတြ ခံစားရတဲ့ အခါ လူကလည္း သက္ေတာင့္သက္သာ မရွိပဲ ပင္ပန္းပါတယ္။ဒီလို ေဝဒနာေတြ ခံစားလာရၿပီဆိုရင္ သင့္အေနနဲ႔ ဒီနည္းလမ္းေကာင္းေတြ ထဲက တစ္နည္းနည္းကို စမ္းသပ္ ၾကည့္သင့္ ပါတယ္။ဘယ္လို နည္းလမ္း ေတြက ခါးနာ ေက်ာနာျခင္းကို သက္သာေစလဲဆိုရင္…

ေက်ာ႐ိုးကိုအနားေပးျခင္း

အိမ္မွာ ရွိေနတဲ့ အခ်ိန္ဆို ဒီနည္းေလးကို သုံးၾကည့္ သင့္ပါတယ္။ပထမဆုံး ၾကမ္းျပင္မွာ ထိုင္လိုက္ပါ။ၿပီးရင္ေျခေထာက္ႏွစ္ေခ်ာင္းကို ေျဖာင့္တန္းစြာ ထားလိုက္ပါ။ ေျခေထာက္ ႏွစ္ဖက္ ၁၀ စင္တီမီတာေလာက္ ျခားထားပါ။ၿပီးရင္ ေစာင္ တစ္ထည္ကို ထူထူေလးျဖစ္ေအာင္ လိပ္ၿပီး ပုံထဲမွာ ျပထား သလို ဒူးေအာက္မွာ ထားပါ။ၿပီးရင္ ေခါင္းအုံးကို ေျခေထာက္ ေပၚမွာ တင္ထားၿပီး ခႏၶာကိုယ္အေပၚပိုင္း တစ္ခုလုံးကို ေခါင္းအုံးနဲ႔ ထိတဲ့ အထိ ေကြးလိုက္ပါ။အဲ့ဒီအေနအထား အတိုင္း ၅မိနစ္ၾကာမွာေနပါ။ဒီနည္းေလးက ေနာက္ ေက်ာဘက္ ႂကြက္သားတင္းအားေတြကို ေျပေလ်ာ့ေစၿပီး ခါးနာ၊ေက်ာနာျခင္းကို သက္သာသြားေစပါတယ္။

ဆားခါးနဲ႔ေျခေထာက္စိမ္ပါ

ေျခေထာက္စိမ္ရ႐ုံ အေနအထားေလာက္ ခပ္ေႏြးေႏြး ေရဇလုံတစ္ခုယူပါ။အဲ့ဒီထဲကို ဆားခါး ခြက္တစ္ဝက္စာေလာက္ ေရာထည့္ၿပီးေမႊလိုက္ပါ။ၿပီးရင္ ေျခေထာက္ကို ၅မိနစ္ ကေန ၇မိနစ္ေလာက္ထိထည့္ စိမ္ထားပါ။အခ်ိန္ျပည့္တဲ့ အခါ ေျခေထာက္ကို ထုတ္ၿပီးခပ္ေႏြးေႏြး ေရေလးနဲ႔ ထပ္ၿပီး ေဆးလိုက္ပါ။ၿပီးရင္ေတာ့ ေစာင္ေလးနဲ႔ျဖစ္ေစ ေျခေထာက္ကို ပတ္ထားလိုက္ပါ။

ဆားခါးက အေၾကာေတြ ၊ ႂကြက္သား နာက်င္ တာေတြကို ေျပေလ်ာ့ေစတဲ့အတြက္ ဆားခါးစိမ္လိုက္တဲ့အခါ ခႏၶာကိုယ္တစ္ခုလုံးက စုပ္ယူလိုက္တဲ့ အတြက္ ေနာက္ေက်ာဘက္ နာက်င္မႈ ကိုလည္းသက္သာ သြားေစပါတယ္။

ဒူးအေနာက္ဘက္က အေၾကာေလးေတြကိုဖိပါ

ဒူး အေနာက္ဘက္ အလယ္ တည့္တည့္မွာ အေၾကာ အမွတ္ေလးေတြ ရွိပါတယ္။အဲ့ဒီ အေၾကာ ေနရာ ေလးကို လက္မနဲ႔ ဖိေပးၿပီး အသက္ကို ျပင္းျပင္းရႈပါ။၂မိနစ္ကေန ၃မိနစ္ထိ ဖိထားေပးႏိုင္ပါတယ္။ဒီ အေၾကာေလး ေတြကို ဖိေပး တာကလည္း ခါးေနရာတစ္ ဝိုက္ ႂကြက္သားနာက်င္မႈကို ေလွ်ာ့ခ်ေပးႏိုင္တယ္လို႔ သိရပတယ္။

အဝတ္ညႇပ္ကလစ္ကိုသုံးပါ

အဝတ္လွန္းတဲ့ အခါမွာ လြင့္ပါ မသြားေအာင္ ခ်ိတ္တဲ့ အဝတ္ညႇပ္ကလစ္ကို နားရဲ႕အေပၚဘက္မွာ ညႇပ္ထားပါ။ ၅စကၠန႔္ေလာက္ၾကာေအာင္ညႇပ္ၿပီးျဖဳတ္လိုက္ပါ။ နားတစ္ဖက္ဆီကို ၅ႀကိမ္စီ ၅စကၠန႔္ၾကာေအာင္ ညႇပ္ေပးပါ။ပညာရွင္ေတြရဲ႕အဆိုအရ နားအေပၚဘက္တစ္ဝိုက္ေနရာဟာ ပုခုံးရယ္၊ေနာက္ေက်ာရယ္နဲ႔ဆက္ႏြယ္မႈရွိတယ္လို႔သိရပါတယ္။ဒါေၾကာင့္ နားအေပၚဘက္ ေနရာကို ကလစ္နဲ႔ညႇပ္ေပးတာဟာ ေနာက္ေက်ာဘက္ႂကြက္သားနာက်င္မႈေတြ၊တင္းအားေတြကိုေျဖေလ်ာ့ေပးႏိုင္တာျဖစ္ပါတယ္။

Lavender ဆီ

အုန္းဆီ ဒါမွ မဟုတ္ ၾကက္ဆူ ဆီ စားပြဲ တင္ ဇြန္းတစ္ ဇြန္းကို Lavender ဆီ အစက္ အနည္းငယ္နဲ႔ ေရာစပ္ၿပီး နာက်င္ေနတဲ့ ေက်ာ ေနရာ တစ္ဝိုက္ကို ညင္သာစြာ ပြတ္လိမ္း ႏွိပ္ နယ္ေပးပါ။Lavender ဆီမွာ နာက်င္မႈကို ေျပေလ်ာ့ သက္သာ ေစတဲ့အစြမ္း သတၳိေတြ ရွိပါတယ္ ။ဒါေၾကာင့္ ခါးနဲ႔ ေက်ာတစ္ဝိုက္ကိုလိမ္းေပးမယ္ဆိုရင္ နာက်င္မႈေတြကို ေျပေလ်ာ့ ေပးႏိုင္သလို စိတ္ဖိစီးမႈေတြ ကိုလည္း ေလ်ာ့နည္း သြားေစ ပါတယ္။ credit