နှစ်ရှည်ပင် ထုံးသုတ်ခြင်းအကျိုးကျေးဇူး
(ထုံးဘာလို့သုတ်သင့်လဲ?)
အခေါက်ရှိသော အသီးသီးသည့် နှစ်ရှည်ပင်အများစုအား အပင်ခြေမှ ၄ပေ (သို့မဟုတ်) ပထမကိုင်းခွဲအထိ အခေါက်ပတ်လည်အား ထုံးသုတ်ပေးခြင်းသည် ရှေးအစဉ်အလာကတည်းက လုပ်ဆောင်ခဲ့ကြပေသည်။
ထုံးသုတ်ခြင်းကို အနောက်တိုင်းမှ စိုက်ပျိုးသူများလည်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့က Whitewash ဟု သုံးနှုန်းသည်။ Whitewash သည် ထုံးအပြင် တခြားသော ရွံ့စေးဖြူကဲ့သို့သော သဘာ၀ဓာတ်ပေါင်းတို့ဖြင့် အပင်များကို သုတ်လေ့ရှိသည်။ ထုံးသုတ်ခြင်းတွင်
ပင် ထုံးတဆ ရေတဆ ရောပြီး စေးပြစ်စေရန် တခြားသော ရောစပ်မှုများကို ပြုလုပ်လေ့ရှိသည်။ဟင်းရွက်ဆီ၊ တမာဆီကဲ့သို့ အဆီတမျိုးမျိုး ကျောက်ချဉ်၊ Sulfur ဆာလဖာပါသော ကန့်၊ ဘိုရွန်ပါသော လက်ချား၊ ဆားဓာတ်ပါသော ဇ၀က်သာ၊ စသော သဘာ၀ဓာတ် ပေါင်းတမျိုးမျိုး ထည့်နိုင်သည်။
ထည့်သွင်းသော အမယ်တိုင်းတွင် တိကျသော ရည်ရွယ်ချက်တို့ ရှိသည်။ အပင်ကို ထုံးသုတ်ရာတွင် တကြိမ်တည်း အပြီးသုတ်ခြင်းထက် ခပ်ပါးပါး အရင်သုတ်ပြီး အရည်ပြစ်ပြစ်ကို ပထမသုတ်ထားခြင်းမှ ခြောက်သည့်အခါ ထပ်လိုက်၍ သုတ်ခြင်းက ကြာရှည်ခံစေသည်။
ထုံးကိုသုံးရာတွင် သက်သာလွယ်ကူပြီး ပေါပေါများများရနိုင်သော အိမ်ဆောက်ထုံးမှုန့်မဖောက်ထုံးမှုန့်ကို ရေ၂ဆဖြင့်ရောပြီး ပထမအကြိမ်သုတ်၍ ခြောက်သောအခါ ဒုတိယအကြိမ်တွင် ရေနှင့်ဆတူရောပြီး သုတ်နိုင်ပါသည်။
ကပ်စေးတမျိုးမျိုးသုံးပြီး သုတ်ခြင်းဖြင့် ပိုမိုစွဲမြဲစေပါသည်။ယခုဆောင်းပါးတွင်း ထုံးတမျိုးတည်း၏ အကျိုးကျေးဇူးများကိုသာ ထုတ်နှုတ်ဖော်ပြပေမည်။နှစ်ရှည်သီးပင်တို့တွင် အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် အခြားသော နေရာတို့ထက် အပင်၏ပြင်ပ၀န်းကျင်နှင့် ပိုမိုဆက်စပ်လျက်ရှိသည်။
ဆိုလိုသည်မှာ အပင်၏ ပြင်ပ၀န်းကျင် အပူချိန်၊ စိုထိုင်းဆ၊ ရောဂါ၀င်ရောက်နိုင်မှု၊ ဖိအား၊ ဒဏ် စသော အကြောင်းတရားများစွာတို့သည် အပင်၏ အခြားနေရာများထက် ထိုထိုသော အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် သက်ရောက်မှုကို ပိုမိုခံစားရလေ့ရှိသည်။
နေရောင်၏ အပူချိန်ကြောင့် နေ့ဘက်တွင်ပူပြီး ညဘက်တွင် အေးသည်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ ထိုသို့ နေ့နှင့် ည အပူချိန် ကွာခြားချက်သည် သဘာ၀သတ္တ ဇီဝလောကကြီးတခုလုံး မည်သို့မည်ပုံ ထိန်းကျောင်းမောင်းနှင်နေသည်ကိုတော့ လူတိုင်း မသိရှိနိုင်ပေ။
ဆောင်တွင်းကဲ့သို့ နေ့နှင့် ည အပူချိန်ကွာခြားချက် အမြင့်ဆုံးနေ့ရက်များတွင် အပင်များတွင် များစွာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နေ့ဘက်တွင် နေရောင်၏ အပူချိန်ကြောင့် အခေါက်နှင့် ကပ်ရပ် အစာကြော ရေကြောတို့တွင် အောင်းအပူဖြစ်ပေါ်စေပြီး ညပိုင်းတွင် တခြားနေရာများနှင့် ပြင်ပအပူချိန်နီးပါးအေးနေသော်လည်း ၎င်းအခေါက်နှင့်ကပ်ရပ်နေရာတို့တွင် အောင်းအပူကြောင့် ပုံမှန်ကဲ့သို့ မအေးနိုင်ဘဲရှိနေသည်။
ထိုသို့ဖြစ်နေခြင်း ၎င်းနေရာတဝိုက် အပင်အတွက် အစာကြော ရေကြော ပို့လွှတ်ထောက်ပံ့ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ၎င်း နေ့ညအပူကွာဟချက် မြင့်မားမှုသည် ဆက်တိုက်ဆိုသလို ဖြစ်လာပါက ထို အခေါက်နှင့်ကပ်ရပ် အစာကြော ရေကြော များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေသည်။
ထိုမှတဆက်တည်း အခေါက်များ ကွဲအက်ကာ အက်ကြောင်းများ ဆက်တိုက်ဖြစ်ပေါ်လာစေသည်။ လေ့လာတွေ့ရှိချက်အရ အီကွေတာ မြောက်ပိုင်းဒေသများတွင် ထိုဖြစ်ရပ်ဖြစ်ပေါ်သော အပင်တို့သည် အနောက်တောင်ဘက်အခြမ်းတွင် အဖြစ်များ၏ အီကွေတာ၏ တောင်ပိုင်း ဒေသများတွင်မူ အပင်၏ အနောက်မြောက်အခြမ်းတွင် အဖြစ်များသည်။
မြန်မာနိုင်ငံသည် အီကွေတာ မြောက်ခြမ်းတွင် တည်ရှိသောကြောင့် ထိုသို့ နေ့ည အပူကွာခြားချက် လွန်ကဲမှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ အခေါက်ကွဲအက်ရာများသည် အပင်၏ အနောက်တောင်ဘက်အခြမ်းတွင် ဖြစ်လေ့ရှိသည်။
ထိုသို့သော အခေါက်ကွဲအက်ရာများသည် အင်းဆက်ပိုးကောင်များ ခိုအောင်ပေါက်ဖွားရှင်သန်ဖို့ရာ နေအိမ်သဖွယ် ဖြစ်ပေါ်စေတော့သည်။ သဘာ၀တရားအရ အင်းဆက်ပိုးများတွင် အပင်အတွက် ကောင်းကျိုးပေးမှုရှိသလို ဆိုးကျိုးပေးမှုလည်း ရှိသည်။
တချို့အင်းဆက် များသည် အချိန်ကာလအလိုက် အပင်ကို ကောင်းကျိုး ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ ဆိုးကျိုးပေးသော အင်းဆက်များ သို့မဟုတ် အချိန်ကာလအလိုက် ဆိုးကျိုးပေးသော အင်းဆက်များအနေဖြင့် အပင်အတွင်း ၀င်ရောက်နေထိုင်ရာမှ ကပ်ပါးတွယ်ကပ်နေသော ရောဂါပိုး၊ မှိုနှင့် ဘက်တီးရီးယားများကို အပင်တွင်း ပျံ့နှံစေတော့သည်။ ထိုမှတဆင့် အပင်ရောဂါ၀င်ပြီး သေဆုံးခြင်းသို့ ဖြစ်စေတော့သည်။၎င်းဖြစ်စဉ်ကို လေ့လာတွေ့ရှိပြီးနောက် ကာကွယ်ရန်အတွက် နည်းလမ်းများကို အောက်ပါအတိုင်း စဉ်းစားမိသည်။
၁။ နေ့ည အပူချိန် ကွာဟမှု မြင့်မားကို ထိန်းချုပ်စေခြင်း။
၂။ အင်းဆက်ပိုးတို့ အပင်သို့ မလာရောက်စေရန် ကာကွယ်ခြင်း။
၃။ အင်းဆက်တို့ လာရောက်ခဲ့လျှင်လည်း ၎င်းတို့ ဆက်လက်ရှင်သန်နိုင်မှု နည်းပါးစေရန် ဆောင်ရွက်ခြင်း။ စသည်တို့ဖြစ်သည်။
ပူခြင်းနှင့် အေးခြင်း ဖြစ်စဉ်တွင် သမပိုင်းဇုန် အပင်အများစု ရှင်သန်သော ဇုန်အတွက် အေးခြင်းသည် ပူခြင်းလောက် အပင်ကို ဒုက္ခမပေးနိုင်ပေ။ အပူချိန် မြင့်မားခြင်းကသာ အပင်အတွက် ဆိုးသောသက်ရောက်မှု ဖြစ်စေသည်။ ထို့ကြောင့် နေ့ဘက်တွင် အပူချိန်ကို ကာကွယ်ရန်အတွက်ကို ဦးစားပေး စဉ်းစားရမည်။
ထို့ကြောင့် လိုအပ်ချက်ပေါ်မူတည်၍ အရိပ်ပင်များ ကြားညှပ်စိုက်ပျိုးခြင်းကို အလျင်းသင့်သလို ပြုလုပ်ပေးသင့်သည်။ ၎င်းထက် ငွေကုန်ကြေးကျသက်သာပြီး ထိရောက်သော နည်းလမ်းတခုမှာ ထုံးသုတ်ခြင်းဖြစ်သည်။
ထုံးသည် အဖြူရောင် ဖြစ်သောကြောင့် နေ၏အလင်းရောင် ရာနှုန်းပြည့်နီးပါး အလင်းပြန်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အပူစုပ်ယူမှုနည်းပြီး အပူထုတ်လုပ်မှုကို ဖြစ်စေသည်။ ပုံမှန်အတိုင်းဆိုလျှင် အပင်၏အခေါက်မှာ အညိုရောင် အမဲဘက်လိုက်ပြီး အလင်းကို ရာနှုန်းပြည့် နီးပါး စုပ်ယူရာမှ အပူဓာတ်ကို စုပ်ယူရစေသည်။
ထိုနေရာကို ထုံးသုတ်လိုက်ခြင်းဖြင့် အပူစုပ်ယူမှု နည်းစေပြီး အလင်းပြန်စေကာ အပူသက်သာစေသည်။ ၎င်းမှ တဆက်တည်း နေ့ ည အပူချိန်ကွားခြားချက် မြင့်မားခြင်း နောက်ဆက်တွဲ အခေါက်ကွဲခြင်းကို သက်သာစေသည်။ (ဥပမာအားဖြင့် ပူပြင်းသည့်နေ့များတွင် လူများအပြင်ထွက်ရာ၌ အင်္ကျီအဖြူ၀တ်ဆင်သကဲ့သို့ဖြစ်သည်။) ထိုအချက်သည် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။
အပင်များကိုင်းချိုင်ပြီးချိန်တွင် အပင်ခြေသည် ယခင်ကထက် ပိုမိုရှင်းလင်းသွားကာ အလင်းကျရောက်မှု ပိုမိုလာနိုင်သည်။ ထိုသို့ အလင်းကျရောက်မှု များခြင်းသည် အပူချိန်မြင့်တက်လာနိုင်စေသောကြောင့် ကိုင်းချိုင်ပြီးချိန်များတွင် ထုံးသုတ်ပေးခြင်းကို တဆက်တည်း ဆောင်ရွက်သင့်ပေသည်။ သို့မှသာ အပင်ကို အပူဒဏ်မှ ကာကွယ်သက်သာစေသည်။
သမပိုင်းဇုန်တွင် အပင်သည် အပူနှင့် အအေးနှိုင်းယှဉ်ရာ၌ အအေးတွင် ပို၍ ခံနိုင်ရည်ရှိကြပြီး အရွက်မှလေပေါက်များ Stomata ဖွင့်ချိန်ပိုမိုကြာမြင့်သောကြောင့် အပင်အတွက် အဓိကလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုရရှိစေသည်။ ထုံးသုတ်ခြင်းဖြင့် အပင်၏ အပူချိန်လျော့ကျစေခြင်းကြောင့် အထက်ပါ အကျိုးကို ရရှိစေနိုင်သည်။
ထို့ပြင် တခြားသော အရေးကြီးသည့် အကြောင်းအရာများလည်း ရှိသေးသည်။ ၎င်းကား ထုံးသည် အဖန်ဓာတ်ဖြစ်၍ အက်ဆစ်ဓာတ် အချဉ်ဓာတ်ကို နိုင်သည်။ သဘာ၀၏ ပုံမှန် ဓာတ်ပြယ်အနေအထား pH သည် ၇.၀ ဖြစ်သည်။ အပင်၊ မှို၊ အင်းဆက် အများစုသည် ၆.၅ မှ ၇.၀ အတွင်း ပေါက်ပွားရှင်သန်ကြသည်။
အခေါက်မျက်နှာပြင်သည် ပုံမှန်အားဖြင့်၆.၅ မှ ၇.၀ ကြား ၀န်းကျင်တွင် ရှိနေသောကြောင့် အင်းဆက်တို့ ရှင်သန်ပေါက်ဖွားနိုင်ရန် ဖိတ်ခေါ်သလို ဖြစ်နေသည်။
၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် pH တန်ဖိုးမြင့်စေကာ ၇.၀ အထက် ရောက်စေပြီး ပိုးမွှား၊ မှို အချို့ကို သေစေပြီး အများစုကို မျိုးဆက်ပွား ရှင်သန်စေဖို့ အခက်အခဲများစွာ ဖြစ်စေသည်။
စိုက်ပျိုးရေးလောက၏ ကြောက်စရာကောင်းလှသည့် ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နိုင်ပေမယ့် ၎င်းတို့၏ ဘ၀စက်၀န်းကိုမူ ဟန်ချက်ပျက်စေသည်။ ၎င်းတို့ မျိုးပွားရှင်သန်စေဖို့အတွက် လိုအပ်သော အချဉ်ဓာတ်ကို ထုံးသုတ်ခြင်းဖြင့် တားဆီးဟန့်တားနိုင်သည်။
ထိုအချက်ကပင် ထုံးသုတ်ခြင်း၏ များစွာသော ကျေးဇူးတရားပင်ဖြစ်သည်။ လူတို့၏ မျက်စိသည် အနီရောင်မှ ခရမ်းရောင်အထိ မြင်ရပြီး အင်းဆက်အများစုမှာမူ အစိမ်းရောင်မှ အပြာရောင် ခရမ်းလွန်ရောင်ခြည်အထိ ကောင်းစွာမြင်ရသည်။ အင်းဆက်များ၏ အမြင်ပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ လေ့လာကြည့်ရာ အများစုသည် ခရမ်းလွန်ရောင်ခြည် မြင်ရမှုသည် အကောင်းဆုံးအနေထားဖြစ်သည်။
မီးခိုးရောင်၊ သစ်ခေါက် ကဲ့သို့သော အရာများသည် ခရမ်းလွန်ရောင်ခြည်အဖြစ် မြင်ရခြင်းကြောင့် ၎င်းတို့သည် အင်းဆက်တို့ အကြိုက်ဆုံး အစွဲဆောင်ဆုံးသော အရောင်ဖြစ်သည်။
အဝါရောင် သည် အင်းဆက်တို့ကို စွဲဆောင်မှု အနဲဆုံးအရောင်ဖြစ်ပြီး အနီရောင်ကိုကား အင်းဆက်အားလုံးအနေဖြင့် မမြင်နိုင်ပေ။ အဖြူရောင် နှင့် အညို (သို့မဟုတ်) အနက်ရောင် တို့ကို နှိုင်းယှဉ်လျှင် အင်းဆက်အနေဖြင့် အညို (သို့မဟုတ်) အနက်ရောင်ကိုသာ ပို၍မြင်ရပြီး စွဲဆောင်စေသည်။
သစ်ပင်၏ အခေါက်အရောင်မှာ အညိုရောင်ဖြစ်သောကြောင့် အင်းဆက်တို့ အကြိုက်ဖြစ်ကာ စွဲဆောင်မှု ရှိစေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် အင်းဆက်တို့အား စွဲဆောင်မှုလျော့နည်းစေကာ လာရောက်အသိုက်ဖွဲ့ ပေါက်ဖွားခြင်းမှ လျော့ပါးစေသည်။ ဤအချက်သည်လည်း ထုံးသုတ်ခြင်းမှ အကျိုးရလဒ်ကောင်း တခုဖြစ်ပေသည်။
အခြားသော အကျိုးရလဒ်များကား ထုံးသည် ကယ်ဆီယမ်ဓာတ်ဖြစ်ကာ အပင်အတွက် လိုအပ်သော အဟာရဓာတ်များတွင် တခု အပါအ၀င်ဖြစ်သည်။ အပင်ကို ထုံးသုတ်ထားခြင်းဖြင့် အနည်းအများ ဆိုသလို အပင်က စုပ်ယူရနိုင်သည်။ ထုံးသုတ်ခြင်းတွင် အထက်ကဖော်ပြခဲ့သည့်အတိုင်း ဆာလဖာခေါ် ကန့်မှုန့် အနည်းငယ်ထည့်ပေးခြင်းဖြင့် မှိုသတ်အာနိသင်အပြင် အနည်းငယ်ဝါစေခြင်းက အင်းဆက်တို့ကို စွဲဆောင်မှု လျော့နည်းစေသည်။
တမာဆီကဲ့သို့ ပိုးသတ်ဆီတမျိုးပါ ထည့်သွင်း သုတ်လိမ်းပါက အပင်အခေါက်တွင် တွယ်ညှိကပ် ရောက်နိုင်သော အင်းဆက်တို့ကို နှိမ်းနင်းပြီးဖြစ်သည်။အမြင် ပသာဒအားဖြင့် သစ်တောစိုက်ခင်းတွင် ထုံးဖြူဖြူဖွေးဖွေး ညီညာစွာ သုတ်ထားခြင်းဖြင့် လှပသောရှုခင်းတခု ဖြစ်စေတော့သည်။
ထိုကဲ့သို့ များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော နှစ်ရှည်သီးပင် ထုံးသုတ်ခြင်းကား ရှေးမိရိုးဖလာ လုပ်ဆောင်မှုမှသည် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ရာမှ ဆန်းသစ်သော အတွေး၊ လျှို့ဝှက်သော သဘာ၀တည်ရှိမှု၊ ယုတ္တိကျသော သဘာဝဂေဟ၏ အပြန်အလှန် သဟဇီ၀နကျစွာ ဖြစ်တည်နေမှု၊ လှပသော အမြင်တို့ကို ရရှိခံစား မှတ်သား လေ့လာနိုင်ပါစေကြောင်း အကျိုးငှာ မိမိတွေ့ကြုံသိရှိသမျှ ဖော်ထုတ်ရေးသားလိုက်ရပါသည်။
ကိုဝေအောင်
Zawgyi
ႏွစ္ရွည္ပင္ ထုံးသုတ္ျခင္းအက်ိဳးေက်းဇူး
(ထုံးဘာလို႔သုတ္သင့္လဲ?)
အေခါက္ရွိေသာ အသီးသီးသည့္ ႏွစ္ရွည္ပင္အမ်ားစုအား အပင္ေျခမွ ၄ေပ (သို႔မဟုတ္) ပထမကိုင္းခြဲအထိ အေခါက္ပတ္လည္အား ထုံးသုတ္ေပးျခင္းသည္ ေရွးအစဥ္အလာကတည္းက လုပ္ေဆာင္ခဲ့ၾကေပသည္။
ထုံးသုတ္ျခင္းကို အေနာက္တိုင္းမွ စိုက္ပ်ိဳးသူမ်ားလည္း လုပ္ေဆာင္ေလ့ရွိသည္။ ၎တို႔က Whitewash ဟု သုံးႏႈန္းသည္။ Whitewash သည္ ထုံးအျပင္ တျခားေသာ ႐ြံ႕ေစးျဖဴကဲ့သို႔ေသာ သဘာ၀ဓာတ္ေပါင္းတို႔ျဖင့္ အပင္မ်ားကို သုတ္ေလ့ရွိသည္။ ထုံးသုတ္ျခင္းတြင္
ပင္ ထုံးတဆ ေရတဆ ေရာၿပီး ေစးျပစ္ေစရန္ တျခားေသာ ေရာစပ္မႈမ်ားကို ျပဳလုပ္ေလ့ရွိသည္။ဟင္း႐ြက္ဆီ၊ တမာဆီကဲ့သို႔ အဆီတမ်ိဳးမ်ိဳး ေက်ာက္ခ်ဥ္၊ Sulfur ဆာလဖာပါေသာ ကန္႔၊ ဘို႐ြန္ပါေသာ လက္ခ်ား၊ ဆားဓာတ္ပါေသာ ဇ၀က္သာ၊ စေသာ သဘာ၀ဓာတ္ ေပါင္းတမ်ိဳးမ်ိဳး ထည့္ႏိုင္သည္။
ထည့္သြင္းေသာ အမယ္တိုင္းတြင္ တိက်ေသာ ရည္႐ြယ္ခ်က္တို႔ ရွိသည္။ အပင္ကို ထုံးသုတ္ရာတြင္ တႀကိမ္တည္း အၿပီးသုတ္ျခင္းထက္ ခပ္ပါးပါး အရင္သုတ္ၿပီး အရည္ျပစ္ျပစ္ကို ပထမသုတ္ထားျခင္းမွ ေျခာက္သည့္အခါ ထပ္လိုက္၍ သုတ္ျခင္းက ၾကာရွည္ခံေစသည္။
ထုံးကိုသုံးရာတြင္ သက္သာလြယ္ကူၿပီး ေပါေပါမ်ားမ်ားရႏိုင္ေသာ အိမ္ေဆာက္ထုံးမႈန္႔မေဖာက္ထုံးမႈန႔္ကို ေရ၂ဆျဖင့္ေရာၿပီး ပထမအႀကိမ္သုတ္၍ ေျခာက္ေသာအခါ ဒုတိယအႀကိမ္တြင္ ေရႏွင့္ဆတူေရာၿပီး သုတ္ႏိုင္ပါသည္။
ကပ္ေစးတမ်ိဳးမ်ိဳးသုံးၿပီး သုတ္ျခင္းျဖင့္ ပိုမိုစြဲၿမဲေစပါသည္။ယခုေဆာင္းပါးတြင္း ထုံးတမ်ိဳးတည္း၏ အက်ိဳးေက်းဇူးမ်ားကိုသာ ထုတ္ႏႈတ္ေဖာ္ျပေပမည္။ႏွစ္ရွည္သီးပင္တို႔တြင္ အေခါက္ႏွင့္ ကပ္ရပ္ရွိေသာ အစာေၾကာ ေရေၾကာတို႔သည္ အျခားေသာ ေနရာတို႔ထက္ အပင္၏ျပင္ပ၀န္းက်င္ႏွင့္ ပိုမိုဆက္စပ္လ်က္ရွိသည္။
ဆိုလိုသည္မွာ အပင္၏ ျပင္ပ၀န္းက်င္ အပူခ်ိန္၊ စိုထိုင္းဆ၊ ေရာဂါ၀င္ေရာက္ႏိုင္မႈ၊ ဖိအား၊ ဒဏ္ စေသာ အေၾကာင္းတရားမ်ားစြာတို႔သည္ အပင္၏ အျခားေနရာမ်ားထက္ ထိုထိုေသာ အေခါက္ႏွင့္ ကပ္ရပ္ရွိေသာ အစာေၾကာ ေရေၾကာတို႔သည္ သက္ေရာက္မႈကို ပိုမိုခံစားရေလ့ရွိသည္။
ေနေရာင္၏ အပူခ်ိန္ေၾကာင့္ ေန႔ဘက္တြင္ပူၿပီး ညဘက္တြင္ ေအးသည္ကို လူတိုင္း သိရွိၿပီးျဖစ္သည္။ ထိုသို႔ ေန႔ႏွင့္ ည အပူခ်ိန္ ကြာျခားခ်က္သည္ သဘာ၀သတၱ ဇီဝေလာကႀကီးတခုလုံး မည္သို႔မည္ပုံ ထိန္းေက်ာင္းေမာင္းႏွင္ေနသည္ကိုေတာ့ လူတိုင္း မသိရွိႏိုင္ေပ။
ေဆာင္တြင္းကဲ့သို႔ ေန႔ႏွင့္ ည အပူခ်ိန္ကြာျခားခ်က္ အျမင့္ဆုံးေန႔ရက္မ်ားတြင္ အပင္မ်ားတြင္ မ်ားစြာေသာ သက္ေရာက္မႈကို ျဖစ္ေပၚေစသည္။ ေန႔ဘက္တြင္ ေနေရာင္၏ အပူခ်ိန္ေၾကာင့္ အေခါက္ႏွင့္ ကပ္ရပ္ အစာေၾကာ ေရေၾကာတို႔တြင္ ေအာင္းအပူျဖစ္ေပၚေစၿပီး ညပိုင္းတြင္ တျခားေနရာမ်ားႏွင့္ ျပင္ပအပူခ်ိန္နီးပါးေအးေနေသာ္လည္း ၎အေခါက္ႏွင့္ကပ္ရပ္ေနရာတို႔တြင္ ေအာင္းအပူေၾကာင့္ ပုံမွန္ကဲ့သို႔ မေအးႏိုင္ဘဲရွိေနသည္။
ထိုသို႔ျဖစ္ေနျခင္း ၎ေနရာတဝိုက္ အပင္အတြက္ အစာေၾကာ ေရေၾကာ ပို႔လႊတ္ေထာက္ပံ့ျခင္း ျဖစ္စဥ္ကို အေႏွာင့္အယွက္ျဖစ္ေစသည္။ ၎ ေန႔ညအပူကြာဟခ်က္ ျမင့္မားမႈသည္ ဆက္တိုက္ဆိုသလို ျဖစ္လာပါက ထို အေခါက္ႏွင့္ကပ္ရပ္ အစာေၾကာ ေရေၾကာ မ်ား ပ်က္စီးျခင္းတို႔ ျဖစ္ေပၚေစသည္။
ထိုမွတဆက္တည္း အေခါက္မ်ား ကြဲအက္ကာ အက္ေၾကာင္းမ်ား ဆက္တိုက္ျဖစ္ေပၚလာေစသည္။ ေလ့လာေတြ႕ရွိခ်က္အရ အီေကြတာ ေျမာက္ပိုင္းေဒသမ်ားတြင္ ထိုျဖစ္ရပ္ျဖစ္ေပၚေသာ အပင္တို႔သည္ အေနာက္ေတာင္ဘက္အျခမ္းတြင္ အျဖစ္မ်ား၏ အီေကြတာ၏ ေတာင္ပိုင္း ေဒသမ်ားတြင္မူ အပင္၏ အေနာက္ေျမာက္အျခမ္းတြင္ အျဖစ္မ်ားသည္။
ျမန္မာႏိုင္ငံသည္ အီေကြတာ ေျမာက္ျခမ္းတြင္ တည္ရွိေသာေၾကာင့္ ထိုသို႔ ေန႔ည အပူကြာျခားခ်က္ လြန္ကဲမႈေၾကာင့္ ျဖစ္ေပၚေသာ ေနာက္ဆက္တြဲ အေခါက္ကြဲအက္ရာမ်ားသည္ အပင္၏ အေနာက္ေတာင္ဘက္အျခမ္းတြင္ ျဖစ္ေလ့ရွိသည္။
ထိုသို႔ေသာ အေခါက္ကြဲအက္ရာမ်ားသည္ အင္းဆက္ပိုးေကာင္မ်ား ခိုေအာင္ေပါက္ဖြားရွင္သန္ဖို႔ရာ ေနအိမ္သဖြယ္ ျဖစ္ေပၚေစေတာ့သည္။ သဘာ၀တရားအရ အင္းဆက္ပိုးမ်ားတြင္ အပင္အတြက္ ေကာင္းက်ိဳးေပးမႈရွိသလို ဆိုးက်ိဳးေပးမႈလည္း ရွိသည္။
တခ်ိဳ႕အင္းဆက္ မ်ားသည္ အခ်ိန္ကာလအလိုက္ အပင္ကို ေကာင္းက်ိဳး ဆိုးက်ိဳးကို ျဖစ္ေပၚေစသည္။ ဆိုးက်ိဳးေပးေသာ အင္းဆက္မ်ား သို႔မဟုတ္ အခ်ိန္ကာလအလိုက္ ဆိုးက်ိဳးေပးေသာ အင္းဆက္မ်ားအေနျဖင့္ အပင္အတြင္း ၀င္ေရာက္ေနထိုင္ရာမွ ကပ္ပါးတြယ္ကပ္ေနေသာ ေရာဂါပိုး၊ မႈိႏွင့္ ဘက္တီးရီးယားမ်ားကို အပင္တြင္း ပ်ံ႕ႏွံေစေတာ့သည္။ ထိုမွတဆင့္ အပင္ေရာဂါ၀င္ၿပီး ေသဆုံးျခင္းသို႔ ျဖစ္ေစေတာ့သည္။၎ျဖစ္စဥ္ကို ေလ့လာေတြ႕ရွိၿပီးေနာက္ ကာကြယ္ရန္အတြက္ နည္းလမ္းမ်ားကို ေအာက္ပါအတိုင္း စဥ္းစားမိသည္။
၁။ ေန႔ည အပူခ်ိန္ ကြာဟမႈ ျမင့္မားကို ထိန္းခ်ဳပ္ေစျခင္း။
၂။ အင္းဆက္ပိုးတို႔ အပင္သို႔ မလာေရာက္ေစရန္ ကာကြယ္ျခင္း။
၃။ အင္းဆက္တို႔ လာေရာက္ခဲ့လွ်င္လည္း ၎တို႔ ဆက္လက္ရွင္သန္ႏိုင္မႈ နည္းပါးေစရန္ ေဆာင္႐ြက္ျခင္း။ စသည္တို႔ျဖစ္သည္။
ပူျခင္းႏွင့္ ေအးျခင္း ျဖစ္စဥ္တြင္ သမပိုင္းဇုန္ အပင္အမ်ားစု ရွင္သန္ေသာ ဇုန္အတြက္ ေအးျခင္းသည္ ပူျခင္းေလာက္ အပင္ကို ဒုကၡမေပးႏိုင္ေပ။ အပူခ်ိန္ ျမင့္မားျခင္းကသာ အပင္အတြက္ ဆိုးေသာသက္ေရာက္မႈ ျဖစ္ေစသည္။ ထို႔ေၾကာင့္ ေန႔ဘက္တြင္ အပူခ်ိန္ကို ကာကြယ္ရန္အတြက္ကို ဦးစားေပး စဥ္းစားရမည္။
ထို႔ေၾကာင့္ လိုအပ္ခ်က္ေပၚမူတည္၍ အရိပ္ပင္မ်ား ၾကားညႇပ္စိုက္ပ်ိဳးျခင္းကို အလ်င္းသင့္သလို ျပဳလုပ္ေပးသင့္သည္။ ၎ထက္ ေငြကုန္ေၾကးက်သက္သာၿပီး ထိေရာက္ေသာ နည္းလမ္းတခုမွာ ထုံးသုတ္ျခင္းျဖစ္သည္။
ထုံးသည္ အျဖဴေရာင္ ျဖစ္ေသာေၾကာင့္ ေန၏အလင္းေရာင္ ရာႏႈန္းျပည့္နီးပါး အလင္းျပန္ႏိုင္စြမ္းရွိသည္။ ထို႔ေၾကာင့္ အပူစုပ္ယူမႈနည္းၿပီး အပူထုတ္လုပ္မႈကို ျဖစ္ေစသည္။ ပုံမွန္အတိုင္းဆိုလွ်င္ အပင္၏အေခါက္မွာ အညိဳေရာင္ အမဲဘက္လိုက္ၿပီး အလင္းကို ရာႏႈန္းျပည့္ နီးပါး စုပ္ယူရာမွ အပူဓာတ္ကို စုပ္ယူရေစသည္။
ထိုေနရာကို ထုံးသုတ္လိုက္ျခင္းျဖင့္ အပူစုပ္ယူမႈ နည္းေစၿပီး အလင္းျပန္ေစကာ အပူသက္သာေစသည္။ ၎မွ တဆက္တည္း ေန႔ ည အပူခ်ိန္ကြားျခားခ်က္ ျမင့္မားျခင္း ေနာက္ဆက္တြဲ အေခါက္ကြဲျခင္းကို သက္သာေစသည္။ (ဥပမာအားျဖင့္ ပူျပင္းသည့္ေန႔မ်ားတြင္ လူမ်ားအျပင္ထြက္ရာ၌ အက်ႌအျဖဴ၀တ္ဆင္သကဲ့သို႔ျဖစ္သည္။) ထိုအခ်က္သည္ ထုံးသုတ္ျခင္း၏ အက်ိဳးေက်းဇူးတစ္ရပ္ျဖစ္သည္။
အပင္မ်ားကိုင္းခ်ိဳင္ၿပီးခ်ိန္တြင္ အပင္ေျခသည္ ယခင္ကထက္ ပိုမိုရွင္းလင္းသြားကာ အလင္းက်ေရာက္မႈ ပိုမိုလာႏိုင္သည္။ ထိုသို႔ အလင္းက်ေရာက္မႈ မ်ားျခင္းသည္ အပူခ်ိန္ျမင့္တက္လာႏိုင္ေစေသာေၾကာင့္ ကိုင္းခ်ိဳင္ၿပီးခ်ိန္မ်ားတြင္ ထုံးသုတ္ေပးျခင္းကို တဆက္တည္း ေဆာင္႐ြက္သင့္ေပသည္။ သို႔မွသာ အပင္ကို အပူဒဏ္မွ ကာကြယ္သက္သာေစသည္။
သမပိုင္းဇုန္တြင္ အပင္သည္ အပူႏွင့္ အေအးႏႈိင္းယွဥ္ရာ၌ အေအးတြင္ ပို၍ ခံႏိုင္ရည္ရွိၾကၿပီး အ႐ြက္မွေလေပါက္မ်ား Stomata ဖြင့္ခ်ိန္ပိုမိုၾကာျမင့္ေသာေၾကာင့္ အပင္အတြက္ အဓိကလိုအပ္ေသာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ပိုမိုရရွိေစသည္။ ထုံးသုတ္ျခင္းျဖင့္ အပင္၏ အပူခ်ိန္ေလ်ာ့က်ေစျခင္းေၾကာင့္ အထက္ပါ အက်ိဳးကို ရရွိေစႏိုင္သည္။
ထို႔ျပင္ တျခားေသာ အေရးႀကီးသည့္ အေၾကာင္းအရာမ်ားလည္း ရွိေသးသည္။ ၎ကား ထုံးသည္ အဖန္ဓာတ္ျဖစ္၍ အက္ဆစ္ဓာတ္ အခ်ဥ္ဓာတ္ကို ႏိုင္သည္။ သဘာ၀၏ ပုံမွန္ ဓာတ္ျပယ္အေနအထား pH သည္ ၇.၀ ျဖစ္သည္။ အပင္၊ မႈိ၊ အင္းဆက္ အမ်ားစုသည္ ၆.၅ မွ ၇.၀ အတြင္း ေပါက္ပြားရွင္သန္ၾကသည္။
အေခါက္မ်က္ႏွာျပင္သည္ ပုံမွန္အားျဖင့္၆.၅ မွ ၇.၀ ၾကား ၀န္းက်င္တြင္ ရွိေနေသာေၾကာင့္ အင္းဆက္တို႔ ရွင္သန္ေပါက္ဖြားႏိုင္ရန္ ဖိတ္ေခၚသလို ျဖစ္ေနသည္။
၎ကို ထုံးသုတ္ေပးျခင္းျဖင့္ pH တန္ဖိုးျမင့္ေစကာ ၇.၀ အထက္ ေရာက္ေစၿပီး ပိုးမႊား၊ မႈိ အခ်ိဳ႕ကို ေသေစၿပီး အမ်ားစုကို မ်ိဳးဆက္ပြား ရွင္သန္ေစဖို႔ အခက္အခဲမ်ားစြာ ျဖစ္ေစသည္။
စိုက္ပ်ိဳးေရးေလာက၏ ေၾကာက္စရာေကာင္းလွသည့္ ျခ၊ ပု႐ြက္ဆိတ္၊ ပင္စည္ထိုးပိုး (Stem Borer)၊ အေခါက္ထိုးပိုး (Skin Borer)၊ မ်ားကို ထုံးသုတ္ျခင္းျဖင့္ မ်ားစြာမကာကြယ္ႏိုင္ေပမယ့္ ၎တို႔၏ ဘ၀စက္၀န္းကိုမူ ဟန္ခ်က္ပ်က္ေစသည္။ ၎တို႔ မ်ိဳးပြားရွင္သန္ေစဖို႔အတြက္ လိုအပ္ေသာ အခ်ဥ္ဓာတ္ကို ထုံးသုတ္ျခင္းျဖင့္ တားဆီးဟန္႔တားႏိုင္သည္။
ထိုအခ်က္ကပင္ ထုံးသုတ္ျခင္း၏ မ်ားစြာေသာ ေက်းဇူးတရားပင္ျဖစ္သည္။ လူတို႔၏ မ်က္စိသည္ အနီေရာင္မွ ခရမ္းေရာင္အထိ ျမင္ရၿပီး အင္းဆက္အမ်ားစုမွာမူ အစိမ္းေရာင္မွ အျပာေရာင္ ခရမ္းလြန္ေရာင္ျခည္အထိ ေကာင္းစြာျမင္ရသည္။ အင္းဆက္မ်ား၏ အျမင္ပိုင္းဆိုင္ရာႏွင့္ ပတ္သတ္၍ ေလ့လာၾကည့္ရာ အမ်ားစုသည္ ခရမ္းလြန္ေရာင္ျခည္ ျမင္ရမႈသည္ အေကာင္းဆုံးအေနထားျဖစ္သည္။
မီးခိုးေရာင္၊ သစ္ေခါက္ ကဲ့သို႔ေသာ အရာမ်ားသည္ ခရမ္းလြန္ေရာင္ျခည္အျဖစ္ ျမင္ရျခင္းေၾကာင့္ ၎တို႔သည္ အင္းဆက္တို႔ အႀကိဳက္ဆုံး အစြဲေဆာင္ဆုံးေသာ အေရာင္ျဖစ္သည္။
အဝါေရာင္ သည္ အင္းဆက္တို႔ကို စြဲေဆာင္မႈ အနဲဆုံးအေရာင္ျဖစ္ၿပီး အနီေရာင္ကိုကား အင္းဆက္အားလုံးအေနျဖင့္ မျမင္ႏိုင္ေပ။ အျဖဴေရာင္ ႏွင့္ အညိဳ (သို႔မဟုတ္) အနက္ေရာင္ တို႔ကို ႏႈိင္းယွဥ္လွ်င္ အင္းဆက္အေနျဖင့္ အညိဳ (သို႔မဟုတ္) အနက္ေရာင္ကိုသာ ပို၍ျမင္ရၿပီး စြဲေဆာင္ေစသည္။
သစ္ပင္၏ အေခါက္အေရာင္မွာ အညိဳေရာင္ျဖစ္ေသာေၾကာင့္ အင္းဆက္တို႔ အႀကိဳက္ျဖစ္ကာ စြဲေဆာင္မႈ ရွိေစသည္။ ၎ကို ထုံးသုတ္ေပးျခင္းျဖင့္ အင္းဆက္တို႔အား စြဲေဆာင္မႈေလ်ာ့နည္းေစကာ လာေရာက္အသိုက္ဖြဲ႕ ေပါက္ဖြားျခင္းမွ ေလ်ာ့ပါးေစသည္။ ဤအခ်က္သည္လည္း ထုံးသုတ္ျခင္းမွ အက်ိဳးရလဒ္ေကာင္း တခုျဖစ္ေပသည္။
အျခားေသာ အက်ိဳးရလဒ္မ်ားကား ထုံးသည္ ကယ္ဆီယမ္ဓာတ္ျဖစ္ကာ အပင္အတြက္ လိုအပ္ေသာ အဟာရဓာတ္မ်ားတြင္ တခု အပါအ၀င္ျဖစ္သည္။ အပင္ကို ထုံးသုတ္ထားျခင္းျဖင့္ အနည္းအမ်ား ဆိုသလို အပင္က စုပ္ယူရႏိုင္သည္။ ထုံးသုတ္ျခင္းတြင္ အထက္ကေဖာ္ျပခဲ့သည့္အတိုင္း ဆာလဖာေခၚ ကန္႔မႈန္႔ အနည္းငယ္ထည့္ေပးျခင္းျဖင့္ မႈိသတ္အာနိသင္အျပင္ အနည္းငယ္ဝါေစျခင္းက အင္းဆက္တို႔ကို စြဲေဆာင္မႈ ေလ်ာ့နည္းေစသည္။
တမာဆီကဲ့သို႔ ပိုးသတ္ဆီတမ်ိဳးပါ ထည့္သြင္း သုတ္လိမ္းပါက အပင္အေခါက္တြင္ တြယ္ညႇိကပ္ ေရာက္ႏိုင္ေသာ အင္းဆက္တို႔ကို ႏွိမ္းနင္းၿပီးျဖစ္သည္။အျမင္ ပသာဒအားျဖင့္ သစ္ေတာစိုက္ခင္းတြင္ ထုံးျဖဴျဖဴေဖြးေဖြး ညီညာစြာ သုတ္ထားျခင္းျဖင့္ လွပေသာရႈခင္းတခု ျဖစ္ေစေတာ့သည္။
ထိုကဲ့သို႔ မ်ားစြာေသာ အက်ိဳးေက်းဇူးမ်ားကို ေပးစြမ္းႏိုင္ေသာ ႏွစ္ရွည္သီးပင္ ထုံးသုတ္ျခင္းကား ေရွးမိ႐ိုးဖလာ လုပ္ေဆာင္မႈမွသည္ ေခတ္သစ္ သိပၸံနည္းက် ေလ့လာေဖာ္ထုတ္ရာမွ ဆန္းသစ္ေသာ အေတြး၊ လွ်ိဳ႕ဝွက္ေသာ သဘာ၀တည္ရွိမႈ၊ ယုတၱိက်ေသာ သဘာဝေဂဟ၏ အျပန္အလွန္ သဟဇီ၀နက်စြာ ျဖစ္တည္ေနမႈ၊ လွပေသာ အျမင္တို႔ကို ရရွိခံစား မွတ္သား ေလ့လာႏိုင္ပါေစေၾကာင္း အက်ိဳးငွာ မိမိေတြ႕ႀကဳံသိရွိသမွ် ေဖာ္ထုတ္ေရးသားလိုက္ရပါသည္။
ကိုေဝေအာင္