Credit
Unicode
မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်း(သတိထားနိုင်အောင် ကူညီမျှဝေပေးပါအုံးနော်)
ဒီ သီတင်းပတ်ကုန်က ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက် ခတ်ခဲ့တဲ့ Sinlaku မုန်တိုင်းဟာ တနင်္လာနေ့က မြန်မာနိုင်ငံ ဘက်ကို ဆက်လက်ရွေ့လျားနေတယ်လို့ ထိုင်း မိုးလေဝသ ဌာနက ပြောကြားချက်အရ သိရပါတယ် …။
မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းသတိထားနိုင်အောင် ကူညီမျှဝေပေးပါအုံးနော် …။
Sinlaku မုန်တိုင်းကြောင့် ထိုင်းနိုင် ငံမြောက်ပိုင်း ပြည်နယ် ၁၈ ခုမှာ မိုးသည်းထန်၊ရေကြီးခဲ့ တာကြောင့် အိမ်ခြေပေါင်း ရာနဲ့ချီ ပျက်စီးခဲ့ရသလို အနည်းဆုံး လူ ၂ ယောက်သေဆုံးခဲ့ရကြောင်း အာဏာပိုင် တွေက ပြောပါတယ် …။
တနင်္ဂနွနေ့တုန်းက အဲဒီကျေးလက်ဒေသတွေမှာ မိုးသည်းထန် တဲ့အတွက် ခါးလောက်ထိရှိတဲ့ ရွှံ့ရည်တွေ အိမ်တွေ ထဲထိ ရောက်ခဲ့တယ်လို့ သိရပါတယ် …။
မုန်တိုင်းဒဏ် အဆိုးဆုံးခံရ တဲ့ Loei ပြည်နယ်က ရွာသားတွေကို ထိုင်းစစ်သားတွေ ကလှေတွေ နဲ့ကယ်ဆယ်ခဲ့ရသလို ထောက်ပံ့ရေး ပစ္စည်းတွေကိုလည်း ပေးအပ်ခဲ့ပါတယ် …။
မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်း သတိထားနိုင်အောင် ကူညီမျှဝေပေးပါအုံးနော် …။
မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကကျွတ်ထွက် ခဲ့သလို လျှပ်စစ်ဓါတ် အားပေးတိုင်တွေ လဲကျခဲ့ပြီး အိမ်ခေါင်မိုး လန်ထွက်တာကို တွေခဲ့ရပါတယ် …။
Sinlaku မုန်တိုင်းက လာအိုနဲ့ ဗီယက်နမ်နိုင် ငံတွေကိုပါ ဝင်ရောက်တိုက် ခတ်ခဲ့တာဖြစ်ပြီး ဗီယက်နမ် နိုင်ငံ Hoa Binh နဲ့ Quang Ninh ပြည်နယ်တွေ မှာ
အနည်းဆုံးလူ၂ယောက်သေ ဆုံးခဲ့တယ်လို့ ဗီယက်နမ် အသံသတင်းဌာန (VOV) က ပြောပါတယ် …။
မြန်မာနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းသတိထားနိုင်အောင် ကူညီမျှဝေပေးပါအုံးနော် …။
နိုင်ငံမြောက်ပိုင်း တောင်ကုန်းထူ ထပ်တဲ့ဒေသတွေ မှာမိုးကြောင့်ရေကြီး ၊မြေပြို တာတွေဖြစ် နိုင်တယ်လို့လည်း အာဏာ ပိုင်တွေက သတိပေးထားပါတယ် …။
Sinlaku မုန်တိုင်းကြောင့် ထိုင်းမြောက်ပိုင်းနဲ့ အနောက်မြောက် ပိုင်းက ပြည်နယ် အများစု ပါဝင်တဲ့ ပြည်နယ် ၄၄ ခုမှာ မိုး ကြီးမယ်လို့ ထိုင်း မိုးလေဝသဌာနက ခန့်မှန်းထား ချိန်မှာပဲ Pua ခရိုင်ထဲကို မုန်တိုင်း ဝင်ရောက်သွားချိန်မှာ အားပျော့သွား ခဲ့တယ် လို့လည်း သိရပါတယ် …။ ။
Credit