အလိုလိုနေရင်း ဘာမှမသုံးဘဲ ဖုန်းဘေလ်ကုန်နေရင် ဒါတွေစစ်…

ခုပဲ ဖုန်းဘေလ်ထည့် ခဏနေ ဇီးရိုးကျပ် ဘာလို့ဖြစ်တာလဲ? အင်တာနက်လည်း မသုံး ဖုန်းလည်းမပြောဘဲ ဖုန်းဘေလ်တွေ ကုန်ကုန်သွားတာက ဒုက္ခတစ်ခု ဖြစ်ပါတယ်။ အဲဒီလို အသုံးမပြုပေမယ့် ဖုန်းဘေလ် တွေ ဖြတ်တောက်ခံရခြင်းတွေက ကင်းဝေးနိုင်စေဖို့ မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေဟာ ဒါတွေ စစ်ကြည့်ဖို့လိုတယ်။

(၁) အလိုအလျောက် ဖုန်းအပ်ဒိတ် လုပ်တာကို ပိတ်ထားပါ။

ဖုန်းကိုမှ အလိုအလျောက် update လုပ်နေတာကို ပိတ်ထားဖို့လိုအပ်တယ်။ မဟုတ်ရင် အင်တာနက်ဖွင့်တိုင်း အော်တိုအပ်ဒိတ် အမြဲလုပ်နေတာက သင့်ဖုန်းဘီလ်တွေကို ချက်ချင်းလက်ငင်း ဒိုင်းခနဲ လျော့သွားစေတယ်။ ဘီလ်စားမယ်။ အဲဒီတော့ အော်တိုအပ်ဒိတ်ကို ရှာပြီးပိတ်ပါ။

(၂) အသုံးပြုနေတဲ့ အက်ပလီကေးရှင်း တွေကို ဝိုင်ဖိုင်နဲ့ပဲ အပ်ဒိတ်လုပ်ပါ။

ဇာပြာတို့၊ ဗီပီအမ်တို့၊ မိုဘိုင်းလ် ဘန်းကင်းတို့လို မသုံးမဖြစ် ဆော့ဖ်ဝဲလ်တွေကို အပ်ဒိတ်လုပ်မယ်ဆို ဝိုင်ဖိုင်ရတဲ့နေရာ ရောက်မှ လုပ်ပါ။ ဒါက သင့်ကို ဖုန်းဘေလ် မတရားသက်သာစေပါတယ်။ အဲဒီဆော့ဖ်ဝဲလ်တွေရဲ့ အလိုအလျောက် အပ်ဒိတ်လုပ်တာကိုလည်း ပိတ်ထားဖို့လိုတယ်။

(၃) Background နောက်ခံဒေတာသုံးစွဲခြင်းကို ကန့်သတ်ပါ။

အချို့သော အပလီကေးရှင်းတွေက ဖုန်းကို မသုံးဘဲ ချထားတာတောင် ဒေတာတွေကို သူ့အလိုလို အလုပ်လုပ်ပြီး သုံးနေတာတွေ ရှိပါတယ်။ နားလည်တဲ့သူကို နောက်ခံဘက်ဂရောင်းဒေတာ ပိတ်ထားတာမျိုး လုပ်ခိုင်းပါ။ ကိုယ်မသုံးတော့တဲ့ အပလီကေးရှင်းဟောင်းတွေကိုလည်း ဖုန်းထဲကနေ ဖျက်ပစ်လိုက်ပါ။

(၄) မိမိတို့၏ အကောင့်များ ထဲက ဒေတာတွေကို ဖုန်းထဲကို ကူးယူနေမှုရှိ / မရှိ သတိပြုပါ။

အချို့ အပလီကေးရှင်းတွေက ဖုန်းထဲကို အလိုလို ဒေတာတွေ ကူးထည့်နေတာမျိုး ရှိပါတယ်။ ကိုယ်ဖျက်လိုက်ပြီးသား ဓာတ်ပုံတွေ ဖုန်းထဲမှာ ပြန်တွေ့တွေ့နေတာ အဲဒီလို အလိုလိုကူးထည့်နေတဲ့ ဖန်ရှင်တွေကြောင့်ပါ။ အဲဒီလို ဖန်ရှင်တွေကို လိုက်ပိတ်ဖို့လည်းလိုပါတယ်။ နားလည်တဲ့သူကို ပိတ်ခိုင်းပါ။

(၅) အွန်လိုင်းကြော်ငြာ (Ads) များကို ရှောင်ရှားပါ။

ကိုယ်တစ်ခုခုကို ကြည့်တဲ့အခါတိုင်း ကြားဖြတ်ဝင်လာတဲ့ ကြော်ငြာတွေကို ပိတ်ပိတ်ပေးပါ။ အွန်လိုင်းကြော်ငြာတွေက အင်တာနက် ဒေတာတွေကို အများကို ကုန်စေပါတယ်။

(၆)  ပေါ့ပါးပြီး ဒေတာ အသုံးပြုမှုနည်းသော Browser များကိုသုံးပါ။

ဖုန်းအတွင်း အလိုအလျောက်ပါဝင် သည့်အင်တာနက်ရှာဖွေရေးဆိုက် (Browser)များမှာ ဒေတာ အသုံးပြုမှုများပြား တတ်ခြင်းကြောင်း ဒေတာအသုံးပြုမှုနည်း သည့် Browser များကို ထည့်သွင်းအသုံး ပြုပါ …။

(၇) အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှု့များအတွက် သတိရှိပါ။ ဗီဒီယို အော်တိုပလေး ထည့်ထားတာမျိုး မလုပ်ပါနဲ့။

အွန်လိုင်းမှ ဗီဒီယိုတွေ သီချင်းတွေနဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေ အသံဖိုင်တွေကို အော်တိုပလေးနဲ့ ကြည့်လို့ရအောင် လုပ်တာကို ပိတ်ထားပါ။ ကိုယ်ကြည့်ချင်လို့ နှိပ်မှ ဖွင့်ပြတာမျိုးဖြစ်အောင် လုပ်ထားပါ။

(၈) ဒေတာမည်မျှ အသုံးပြုမည်ကို ဖုန်းအတွင်း ကန့်သတ်သတ်မှတ်ထားပါ။

ကိုယ့်ဖုန်းထဲက ဒေတာကိုဘယ်လောက်ပဲ သုံးမယ်ဆိုတာ ကန့်သတ်ထားလိုက်ပါ။ မက်ဂါဘိုက်တွေ ပိုမိုသက်သာ သွားစေမှာဖြစ်ပြီး အပိုအသုံးပြုခြင်းတာတွေ မဖြစ်တော့ပါဘူး။

(၉) ဖေ့စ်ဘုတ်ခ်တွင် ဗီဒီယိုများ အလိုအ လျောက်ပြသခြင်းစနစ်ကို ပိတ်ထားပါ ။

ဖေ့စ်ဘုတ်ခ်၏ စာမျက်နှာကို အောက် သို့ ဆွဲလိုက်စဉ် ဗွီဒီယိုများ အသံနှင့်တကွအလိုအလျောက် ပြသနေခြင်းစနစ်မှာ ဒေ တာများ ကုန်ဆုံးခြင်းသာမက ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော ကြောင့် ၎င်းစနစ်ကို ပိတ်ထားခြင်းဖြင့်ဒေ တာများ ကုန်ဆုံးခြင်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ် …။

(၁၀) ဒေတာပမာဏ သတ်မှတ်ပေးထားသည့် ပက်ကေ့ခ်ျ များကို သုံးပါ။

ဒေတာပက်ကေ့ခ်ျတွေကို သုံးသလောက်ပဲ ဝယ်ပါ။ လိုမှထပ်ဝယ်ပါ။ ကုန်ကျစရိတ်များ စွာသက်သာစေနိုင်ပြီး မိမိတို့၏ ကုန်ကျမှုများကို  လျှော့ချနိုင်မှာပဲ ဖြစ်ပါတယ် …။

မိုဘိုင်းလ်သုံးစွဲသူ အနေနဲ့ ကိုယ့်ဖုန်းရဲ့ ဆက်တင် setting တွေကို ပြန်စစ်ရမယ်။ မလုပ်တတ်ရင် ဖုန်းဆိုင်၊ နားလည်တဲ့သူ၊ လုပ်ပေးတတ်တဲ့သူဆီမှာ ခိုင်းပါ။ ဖုန်းဘေလ်တွေကို အလဟဿ အကုန်မခံပါနဲ့။

 

Zawgyi

ခုပဲ ဖုန္းေဘလ္ထည့္ ခဏေန ဇီး႐ိုးက်ပ္ ဘာလို႔ျဖစ္တာလဲ? အင္တာနက္လည္း မသုံး ဖုန္းလည္းမေျပာဘဲ ဖုန္းေဘလ္ေတြ ကုန္ကုန္သြားတာက ဒုကၡတစ္ခု ျဖစ္ပါတယ္။ အဲဒီလို အသုံးမျပဳေပမယ့္ ဖုန္းေဘလ္ ေတြ ျဖတ္ေတာက္ခံရျခင္းေတြက ကင္းေဝးႏိုင္ေစဖို႔ မိုဘိုင္းလ္ဖုန္းသုံးစြဲသူေတြဟာ ဒါေတြ စစ္ၾကည့္ဖို႔လိုတယ္။

(၁) အလိုအေလ်ာက္ ဖုန္းအပ္ဒိတ္ လုပ္တာကို ပိတ္ထားပါ။

ဖုန္းကိုမွ အလိုအေလ်ာက္ update လုပ္ေနတာကို ပိတ္ထားဖို႔လိုအပ္တယ္။ မဟုတ္ရင္ အင္တာနက္ဖြင့္တိုင္း ေအာ္တိုအပ္ဒိတ္ အၿမဲလုပ္ေနတာက သင့္ဖုန္းဘီလ္ေတြကို ခ်က္ခ်င္းလက္ငင္း ဒိုင္းခနဲ ေလ်ာ့သြားေစတယ္။ ဘီလ္စားမယ္။ အဲဒီေတာ့ ေအာ္တိုအပ္ဒိတ္ကို ရွာၿပီးပိတ္ပါ။

(၂) အသုံးျပဳေနတဲ့ အက္ပလီေကးရွင္း ေတြကို ဝိုင္ဖိုင္နဲ႔ပဲ အပ္ဒိတ္လုပ္ပါ။

ဇာျပာတို႔၊ ဗီပီအမ္တို႔၊ မိုဘိုင္းလ္ ဘန္းကင္းတို႔လို မသုံးမျဖစ္ ေဆာ့ဖ္ဝဲလ္ေတြကို အပ္ဒိတ္လုပ္မယ္ဆို ဝိုင္ဖိုင္ရတဲ့ေနရာ ေရာက္မွ လုပ္ပါ။ ဒါက သင့္ကို ဖုန္းေဘလ္ မတရားသက္သာေစပါတယ္။ အဲဒီေဆာ့ဖ္ဝဲလ္ေတြရဲ႕ အလိုအေလ်ာက္ အပ္ဒိတ္လုပ္တာကိုလည္း ပိတ္ထားဖို႔လိုတယ္။

(၃) Background ေနာက္ခံေဒတာသုံးစြဲျခင္းကို ကန္႔သတ္ပါ။

အခ်ိဳ႕ေသာ အပလီေကးရွင္းေတြက ဖုန္းကို မသုံးဘဲ ခ်ထားတာေတာင္ ေဒတာေတြကို သူ႔အလိုလို အလုပ္လုပ္ၿပီး သုံးေနတာေတြ ရွိပါတယ္။ နားလည္တဲ့သူကို ေနာက္ခံဘက္ဂေရာင္းေဒတာ ပိတ္ထားတာမ်ိဳး လုပ္ခိုင္းပါ။ ကိုယ္မသုံးေတာ့တဲ့ အပလီေကးရွင္းေဟာင္းေတြကိုလည္း ဖုန္းထဲကေန ဖ်က္ပစ္လိုက္ပါ။

(၄) မိမိတို႔၏ အေကာင့္မ်ား ထဲက ေဒတာေတြကို ဖုန္းထဲကို ကူးယူေနမႈရွိ / မရွိ သတိျပဳပါ။

အခ်ိဳ႕ အပလီေကးရွင္းေတြက ဖုန္းထဲကို အလိုလို ေဒတာေတြ ကူးထည့္ေနတာမ်ိဳး ရွိပါတယ္။ ကိုယ္ဖ်က္လိုက္ၿပီးသား ဓာတ္ပုံေတြ ဖုန္းထဲမွာ ျပန္ေတြ႕ေတြ႕ေနတာ အဲဒီလို အလိုလိုကူးထည့္ေနတဲ့ ဖန္ရွင္ေတြေၾကာင့္ပါ။ အဲဒီလို ဖန္ရွင္ေတြကို လိုက္ပိတ္ဖို႔လည္းလိုပါတယ္။ နားလည္တဲ့သူကို ပိတ္ခိုင္းပါ။

(၅) အြန္လိုင္းေၾကာ္ျငာ (Ads) မ်ားကို ေရွာင္ရွားပါ။

ကိုယ္တစ္ခုခုကို ၾကည့္တဲ့အခါတိုင္း ၾကားျဖတ္ဝင္လာတဲ့ ေၾကာ္ျငာေတြကို ပိတ္ပိတ္ေပးပါ။ အြန္လိုင္းေၾကာ္ျငာေတြက အင္တာနက္ ေဒတာေတြကို အမ်ားကို ကုန္ေစပါတယ္။

(၆)  ေပါ့ပါးၿပီး ေဒတာ အသုံးျပဳမႈနည္းေသာ Browser မ်ားကိုသုံးပါ။

ဖုန္းအတြင္း အလိုအေလ်ာက္ပါဝင္ သည့္အင္တာနက္ရွာေဖြေရးဆိုက္ (Browser)မ်ားမွာ ေဒတာ အသုံးျပဳမႈမ်ားျပား တတ္ျခင္းေၾကာင္း ေဒတာအသုံးျပဳမႈနည္း သည့္ Browser မ်ားကို ထည့္သြင္းအသုံး ျပဳပါ …။

(၇) အြန္လိုင္းမွ တိုက္႐ိုက္ၾကည့္ရႈ႕မ်ားအတြက္ သတိရွိပါ။ ဗီဒီယို ေအာ္တိုပေလး ထည့္ထားတာမ်ိဳး မလုပ္ပါနဲ႔။

အြန္လိုင္းမွ ဗီဒီယိုေတြ သီခ်င္းေတြနဲ႔ အရည္အေသြးျမင့္ ဓာတ္ပုံေတြ အသံဖိုင္ေတြကို ေအာ္တိုပေလးနဲ႔ ၾကည့္လို႔ရေအာင္ လုပ္တာကို ပိတ္ထားပါ။ ကိုယ္ၾကည့္ခ်င္လို႔ ႏွိပ္မွ ဖြင့္ျပတာမ်ိဳးျဖစ္ေအာင္ လုပ္ထားပါ။

(၈) ေဒတာမည္မွ် အသုံးျပဳမည္ကို ဖုန္းအတြင္း ကန႔္သတ္သတ္မွတ္ထားပါ။

ကိုယ့္ဖုန္းထဲက ေဒတာကိုဘယ္ေလာက္ပဲ သုံးမယ္ဆိုတာ ကန္႔သတ္ထားလိုက္ပါ။ မက္ဂါဘိုက္ေတြ ပိုမိုသက္သာ သြားေစမွာျဖစ္ၿပီး အပိုအသုံးျပဳျခင္းတာေတြ မျဖစ္ေတာ့ပါဘူး။

(၉) ေဖ့စ္ဘုတ္ခ္တြင္ ဗီဒီယိုမ်ား အလိုအ ေလ်ာက္ျပသျခင္းစနစ္ကို ပိတ္ထားပါ ။

ေဖ့စ္ဘုတ္ခ္၏ စာမ်က္ႏွာကို ေအာက္ သို႔ ဆြဲလိုက္စဥ္ ဗြီဒီယိုမ်ား အသံႏွင့္တကြအလိုအေလ်ာက္ ျပသေနျခင္းစနစ္မွာ ေဒ တာမ်ား ကုန္ဆုံးျခင္းသာမက ႐ုတ္တရက္ စိတ္အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ေသာ ေၾကာင့္ ၎စနစ္ကို ပိတ္ထားျခင္းျဖင့္ေဒ တာမ်ား ကုန္ဆုံးျခင္းကို ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ပါတယ္ …။

(၁၀) ေဒတာပမာဏ သတ္မွတ္ေပးထားသည့္ ပက္ေက့ခ္် မ်ားကို သုံးပါ။

ေဒတာပက္ေက့ခ္်ေတြကို သုံးသေလာက္ပဲ ဝယ္ပါ။ လိုမွထပ္ဝယ္ပါ။ ကုန္က်စရိတ္မ်ား စြာသက္သာေစႏိုင္ၿပီး မိမိတို႔၏ ကုန္က်မႈမ်ားကို  ေလွ်ာ့ခ်ႏိုင္မွာပဲ ျဖစ္ပါတယ္ …။

မိုဘိုင္းလ္သုံးစြဲသူ အေနနဲ႔ ကိုယ့္ဖုန္းရဲ႕ ဆက္တင္ setting ေတြကို ျပန္စစ္ရမယ္။ မလုပ္တတ္ရင္ ဖုန္းဆိုင္၊ နားလည္တဲ့သူ၊ လုပ္ေပးတတ္တဲ့သူဆီမွာ ခိုင္းပါ။ ဖုန္းေဘလ္ေတြကို အလဟႆ အကုန္မခံပါနဲ႔။