ႏိုင္ငံေတာ္သမၼတကိုဖယ္ထုတ္ၿပီး ပါတီဥကၠဌတစ္ေယာက္ကို ေခါင္းေဆာင္ေနရာထားဦးၫြတ္ခိုင္းတဲ့ဗီဒီယိုေၾကာင့္ ဆဲခံေနရတဲ႔ ယုန္ေလး
ယေန႔ ၾသဂုတ္လ(၄)ရက္ေန႔၌ Original Ganster Page မွာ ငါတို႔အားလုံးရဲ႕ေျမ(စည္းလုံးသင့္ၿပီ ျမန္မာျပည္)ဆိုတဲ့ MTV ကိုတင္ခဲ့ပါတယ္။ အဆိုပါ MTV အေပၚမွာ လက္ခံသူ၊ လက္မခံသူမ်ားနဲ႔ အေတာ္ကို ပြဲဆူခဲ့ပါတယ္ …။
MTV ဟာဆိုရင္ အခ်ိန္တိုအတြင္းၾကည့္႐ႈသူ တစ္သန္းေက်ာ္သြားၿပီလည္းျဖစ္ပါတယ္။ အဆိုပါ MTV နဲ႔ ပတ္သက္ၿပီး လက္မခံသူမ်ားရဲ႕ ထင္ျမင္ခ်က္မ်ားမွ တစ္ခုကို ေကာက္ႏုတ္ေဖာ္ျပလိုက္ပါတယ္ …။
ကိုယုန္ေလးတို႔ကေတာ့ လုပ္ခ်လိုက္ၿပီ ။ ဒီေန႔ေစ်းလည္း ပိတ္တာနဲ႔ ကိုယုန္ေလးရဲ႕ စည္းလုံးသင့္ၿပီ ျမန္မာျပည္ ဆိုတဲ့ သီခ်င္းကို သူမ်ားေတြ ေျပာေနၾကတာနဲ႔ အခ်ိန္ေပးၿပီးၾကည့္လိုက္မိတယ္ …။
စၾကည့္ကတည္းက က်က္သေရ ကို အျဖာျဖာတုန္းတယ္။ ဘယ္ကမေလာက္ေလး မေလာက္စားေတြက လူကို လာေဟာက္ေနသလဲ လို႔ခံစားရတယ္။ စျပျပခ်င္း ခ႐ိုနီေတြ လုပ္ငန္း႐ွင္ေတြကို NLD ပါတီက ဆိုတဲ့ပုံစံနဲ႔ ပင္နီနဲ႔ လူကကန္႔ကြက္ ပိတ္ပင္လိုက္လို႔ အလုပ္ေတြ ရပ္တန္႔သြားတယ္။ေအာက္ေျခလူတန္းစားေတြ အခက္ေတြ႕သြားတဲ့ပုံစံျပထားတယ္ …။
သီခ်င္းကလည္း တစ္ေယာက္က ေကာင္းတာလုပ္ရင္ တစ္ေယာက္က ဖ်က္လိုဖ်က္စီးနဲ႔ လုပ္ေနၾကေတာ့ ဒီတိုင္းျပည္ႀကီး ဘယ္အခ်ိန္မွ တိုးတက္မွာလည္း အဓိက နစ္နာတာ ျပည္သူေတြပဲဆိုၿပီး NLD ပါတီက ဖ်က္လိုဖ်က္စီးလုပ္လို႔ ျပည္သူေတြ ဒု ကၡေရာက္ေနတဲ့ပုံ ႐ိုက္ျပထားတယ္ …။
ေဒၚေအာင္ဆန္းစုၾကည္ေနရာကို သ႐ုပ္ေဆာင္သြားတဲ့ အန္တီမို႔ ကေတာ့ အေတာ္ေလးေနာက္တယ္ ေျပာရမယ္။ ကိုယ္တို႔သိပ္ခ်စ္ၿပီး ဘယ္အခ်ိန္ျမင္လိုက္ျမင္လိုက္ က်က္သေရ႐ွိေနတဲ့ အေမစု ကို သူလုပ္မွ ရီစရာ ႐ုပ္ျဖစ္ေတာ့တယ္ …။
အသက္ ၇၅ ႏွစ္အ႐ြယ္နဲ႔မလိုက္ေအာင္ က်က္သေရ႐ွိလြန္းလွတဲ့ အေမစု သူနဲ႔ေတြ႕မွ အိုဇာတာက်သြားေတာ့တယ္။ ေနာက္ဆုံးခန္းမွာေတာ့ အေမစုတို႔ ေဆြးေႏြးတဲ့ေနရာကို လုပ္ၾကံသူေတြ ေရာက္လာတာကို ရဲေတြက မကယ္ႏိုင္ဘူး။ စစ္တပ္ကလာကယ္ ရ တဲ့ ပုံစံ ႐ိုက္ထားတယ္ …။
အဲ့အကြက္က အေမစုကလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလို လုပ္ၾကံ ခံရႏိုင္တယ္လို႔ ၿခိမ္းေျခာက္ထားသလို ဘာလိုလို ခံစားရတယ္။ အဆိုးဆုံးကေတာ့ အေမစုရယ္ ကာခ်ဳပ္ရယ္ ဦးသန္းေဌးရယ္ကို အတူတူ ယွဥ္ထားၿပီး ပါတီက လူေတြက ဦးၫႊတ္ျပတာပဲ …။
ဒါနဲ႔ ဦးသန္းေဌးက ဘာလဲ ဘာႀကီးမို႔ အေမစုနဲ႔ ယွဥ္ထားရတာလဲ ဘာကိစၥဦးၫႊတ္ရမွာလဲ ကိုယ္ပဲဉာဏ္နည္း လြန္းလို႔လား မသိဘူး။ ဘယ္လိုမွကို နားလည္မေပးႏိုင္ဘူး …။
တစ္ခုေတာ့ ေက်းဇူးတင္တယ္ သူတို႔ကိုယ္သူတို႔ အႏုပညာ႐ွင္လို႔ ထင္ေနၾကတဲ့ ဖက္ခြက္စား တစ္အုပ္စုလုံးကို ခြဲဆဲစရာမလိုပဲ တစ္စုတစ္စည္းထဲ ဆဲခြင့္ရလို႔ ဆဲေနၾကသူေတြ ကိုယ္စား ေက်းဇူးတင္တယ္ မေမာေတာ့ဘူး …။
ခရက္ဒစ္ မီးမီ
ဝီကီပီဒီယားမွာေတာ့ အခုလိုစာရင္းဝင္သြားၿပီး ျပန္Edit လုပ္ထားပါတယ္ …။
ခင္ဗ်ားတို႔ေရာ ဘယ္လိုထင္လဲ ဒီဗီဒီယိုမွာ အမ်ားေျပာသလို ႏိုင္ငံေတာ္သမၼတကိုဖယ္ထုတ္ၿပီး ႏိုင္ငံေခါင္းေဆာင္မဟုတ္တဲ့ ပါတီတစ္ခုက ဥကၠဌတစ္ဦးကို လက္႐ွိေခါင္းေဆာင္ေတြနဲ႔ တစ္ေျပးညီ ဦးၫြတ္ခိုင္းတာ မွန္ကန္တဲ့ျပကြက္လား …၊
လုပ္ၾကံမယ့္အၾကမ္းဖက္ေတြကို မႏိုင္တဲ့ပုံမ်ိဳး ရဲတပ္ဖြဲ႕ကို သိကၡာက်ေစသလား၊ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းဆုၾကည္ပုံ သ႐ုပ္ေဆာင္ကို ဆိုးဆိုးဝါးဝါး သ႐ုပ္ေဖာ္ထားလား၊ ခင္ဗ်ားတို႔ေရာ ဘယ္လိုျမင္လဲ ေကာမန္႔မွာဝင္ေရာက္ေဆြးေႏြးသြားပါအုံးေနာ္ …။
စည္းလုံးေစခ်င္လို႔ သီခ်င္းတင္တာဆိုတဲ့ ကိုယုန္ေလးကေတာ့ တစ္ခါမွမၾကဳံဖူးေအာင္ အခုဆို စည္းစည္းလုံးလုံးနဲ႔ကို အဆဲခံေနရၿပီပဲ ျဖစ္ပါတယ္ …။ ။
Credit – Apannpyay
Unicode
နိုင်ငံတော်သမ္မတကိုဖယ်ထုတ်ပြီး ပါတီဥက္ကဌတစ်ယောက်ကို ခေါင်းဆောင်နေရာထားဦးညွတ်ခိုင်းတဲ့ဗီဒီယိုကြောင့် ဆဲခံနေရတဲ့ ယုန်လေး
ယနေ့ သြဂုတ်လ(၄)ရက်နေ့၌ Original Ganster Page မှာ ငါတို့အားလုံးရဲ့မြေ(စည်းလုံးသင့်ပြီ မြန်မာပြည်)ဆိုတဲ့ MTV ကိုတင်ခဲ့ပါတယ်။ အဆိုပါ MTV အပေါ်မှာ လက်ခံသူ၊ လက်မခံသူများနဲ့ အတော်ကို ပွဲဆူခဲ့ပါတယ် …။
MTV ဟာဆိုရင် အချိန်တိုအတွင်းကြည့်ရှုသူ တစ်သန်းကျော်သွားပြီလည်းဖြစ်ပါတယ်။ အဆိုပါ MTV နဲ့ ပတ်သက်ပြီး လက်မခံသူများရဲ့ ထင်မြင်ချက်များမှ တစ်ခုကို ကောက်နုတ်ဖော်ပြလိုက်ပါတယ် …။
ကိုယုန်လေးတို့ကတော့ လုပ်ချလိုက်ပြီ ။ ဒီနေ့ဈေးလည်း ပိတ်တာနဲ့ ကိုယုန်လေးရဲ့ စည်းလုံးသင့်ပြီ မြန်မာပြည် ဆိုတဲ့ သီချင်းကို သူများတွေ ပြောနေကြတာနဲ့ အချိန်ပေးပြီးကြည့်လိုက်မိတယ် …။
စကြည့်ကတည်းက ကျက်သရေ ကို အဖြာဖြာတုန်းတယ်။ ဘယ်ကမလောက်လေး မလောက်စားတွေက လူကို လာဟောက်နေသလဲ လို့ခံစားရတယ်။ စပြပြချင်း ခရိုနီတွေ လုပ်ငန်းရှင်တွေကို NLD ပါတီက ဆိုတဲ့ပုံစံနဲ့ ပင်နီနဲ့ လူကကန့်ကွက် ပိတ်ပင်လိုက်လို့ အလုပ်တွေ ရပ်တန့်သွားတယ်။အောက်ခြေလူတန်းစားတွေ အခက်တွေ့သွားတဲ့ပုံစံပြထားတယ် …။
သီချင်းကလည်း တစ်ယောက်က ကောင်းတာလုပ်ရင် တစ်ယောက်က ဖျက်လိုဖျက်စီးနဲ့ လုပ်နေကြတော့ ဒီတိုင်းပြည်ကြီး ဘယ်အချိန်မှ တိုးတက်မှာလည်း အဓိက နစ်နာတာ ပြည်သူတွေပဲဆိုပြီး NLD ပါတီက ဖျက်လိုဖျက်စီးလုပ်လို့ ပြည်သူတွေ ဒု က္ခရောက်နေတဲ့ပုံ ရိုက်ပြထားတယ် …။
ဒေါ်အောင်ဆန်းစုကြည်နေရာကို သရုပ်ဆောင်သွားတဲ့ အန်တီမို့ ကတော့ အတော်လေးနောက်တယ် ပြောရမယ်။ ကိုယ်တို့သိပ်ချစ်ပြီး ဘယ်အချိန်မြင်လိုက်မြင်လိုက် ကျက်သရေရှိနေတဲ့ အမေစု ကို သူလုပ်မှ ရီစရာ ရုပ်ဖြစ်တော့တယ် …။
အသက် ၇၅ နှစ်အရွယ်နဲ့မလိုက်အောင် ကျက်သရေရှိလွန်းလှတဲ့ အမေစု သူနဲ့တွေ့မှ အိုဇာတာကျသွားတော့တယ်။ နောက်ဆုံးခန်းမှာတော့ အမေစုတို့ ဆွေးနွေးတဲ့နေရာကို လုပ်ကြံသူတွေ ရောက်လာတာကို ရဲတွေက မကယ်နိုင်ဘူး။ စစ်တပ်ကလာကယ် ရ တဲ့ ပုံစံ ရိုက်ထားတယ် …။
အဲ့အကွက်က အမေစုကလည်း ဗိုလ်ချုပ်အောင်ဆန်းလို လုပ်ကြံ ခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားသလို ဘာလိုလို ခံစားရတယ်။ အဆိုးဆုံးကတော့ အမေစုရယ် ကာချုပ်ရယ် ဦးသန်းဌေးရယ်ကို အတူတူ ယှဉ်ထားပြီး ပါတီက လူတွေက ဦးညွှတ်ပြတာပဲ …။
ဒါနဲ့ ဦးသန်းဌေးက ဘာလဲ ဘာကြီးမို့ အမေစုနဲ့ ယှဉ်ထားရတာလဲ ဘာကိစ္စဦးညွှတ်ရမှာလဲ ကိုယ်ပဲဉာဏ်နည်း လွန်းလို့လား မသိဘူး။ ဘယ်လိုမှကို နားလည်မပေးနိုင်ဘူး …။
တစ်ခုတော့ ကျေးဇူးတင်တယ် သူတို့ကိုယ်သူတို့ အနုပညာရှင်လို့ ထင်နေကြတဲ့ ဖက်ခွက်စား တစ်အုပ်စုလုံးကို ခွဲဆဲစရာမလိုပဲ တစ်စုတစ်စည်းထဲ ဆဲခွင့်ရလို့ ဆဲနေကြသူတွေ ကိုယ်စား ကျေးဇူးတင်တယ် မမောတော့ဘူး …။
ခရက်ဒစ် မီးမီ
ဝီကီပီဒီယားမှာတော့ အခုလိုစာရင်းဝင်သွားပြီး ပြန်Edit လုပ်ထားပါတယ် …။
ခင်ဗျားတို့ရော ဘယ်လိုထင်လဲ ဒီဗီဒီယိုမှာ အများပြောသလို နိုင်ငံတော်သမ္မတကိုဖယ်ထုတ်ပြီး နိုင်ငံခေါင်းဆောင်မဟုတ်တဲ့ ပါတီတစ်ခုက ဥက္ကဌတစ်ဦးကို လက်ရှိခေါင်းဆောင်တွေနဲ့ တစ်ပြေးညီ ဦးညွတ်ခိုင်းတာ မှန်ကန်တဲ့ပြကွက်လား …၊
လုပ်ကြံမယ့်အကြမ်းဖက်တွေကို မနိုင်တဲ့ပုံမျိုး ရဲတပ်ဖွဲ့ကို သိက္ခာကျစေသလား၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်ပုံ သရုပ်ဆောင်ကို ဆိုးဆိုးဝါးဝါး သရုပ်ဖော်ထားလား၊ ခင်ဗျားတို့ရော ဘယ်လိုမြင်လဲ ကောမန့်မှာဝင်ရောက်ဆွေးနွေးသွားပါအုံးနော် …။
စည်းလုံးစေချင်လို့ သီချင်းတင်တာဆိုတဲ့ ကိုယုန်လေးကတော့ တစ်ခါမှမကြုံဖူးအောင် အခုဆို စည်းစည်းလုံးလုံးနဲ့ကို အဆဲခံနေရပြီပဲ ဖြစ်ပါတယ် …။ ။
Credit – Apannpyay