သင္႐ွာေနတဲ့ ေငြထက္ ပိုအေရးပါတဲ့ အရာ (၄) မ်ိဳး…

သင္႐ွာေနတဲ့ ေငြထက္ ပိုအေရးပါတဲ့ အရာ (၄) မ်ိဳး…

လူျဖစ္ရင္ စားဝတ္ေနေရး ျပည့္စုံဖို႔က မ႐ွိမျဖစ္ အေရးႀကီးပါတယ္။ ဒါေပမယ့္ ကိုယ့္တစ္ဘဝလုံးကို ေငြ႐ွာရင္း ကိုယ့္ခြန္အားေတြကို ပိုက္ဆံေတြေနာက္လိုက္ရင္းနဲ႔ပဲ ကုန္ဆုံးေစမယ္ဆိုရင္ တစ္ခုခုေတာ့ မွားေနၿပီလို႔ ဆိုႏိုင္ပါတယ္။ တကယ္ေတာ့ တစ္ခ်ိဳ႕အရာေတြဟာ သင္ေန႔စဥ္႐ွာေနတဲ့ ေငြေၾကးဓနဥစၥာေတြထက္ ဘဝမွာ ပိုျပီး လိုအပ္ပါတယ္ေနာ္ …။

(၁) ယုံၾကည္မႈ”

ဘာသာေရးယုံၾကည္မႈကို ေျပာတာ မဟုတ္ပါဘူး ။ ဒါလည္း မပါဘူးေတာ့ မဟုတ္ပါဘူး။ အခုေျပာတဲ့ ယုံၾကည္မႈဆိုတာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္တာ ၊ ကိုယ့္အိပ္မက္နဲ႔ ကိုယ္လုပ္ေနတဲ့ အလုပ္ကို ယုံၾကည္တာကို ေျပာတာ ျဖစ္ပါတယ္။ ယုံၾကည္မႈ ေပ်ာက္ဆုံးသြားရင္ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခု သင့္ဆီက ေပ်ာက္ဆုံးသြားတာပါပဲ …။

(၂) က်န္းမာေရး”

သင့္ပိုက္ဆံထက္ သင့္က်န္းမာေရးက ပိုၿပီး တန္ဖိုးႀကီးပါတယ္။ ဘယ္ေလာက္ပဲ ခ်မ္းသာလို႔ ျဖစ္ေစ က်န္းမာေရးကို ဝယ္လို႔ မရပါဘူး။ ပိုက္ဆံေနာက္ လိုက္ၾကရင္းနဲ႔ သင့္က်န္းမာေရး ပစ္ထားမိရင္ မိုက္မဲလိုက္တာလို႔ တစ္ေန႔မွာ ကိုယ့္ကိုယ္ကိုယ္ ျပန္အျပစ္တင္ေန မိပါလိမ့္မယ္ …။

(၃) မိသားစု”

ေမတၱာတရားကို ေဖာ္ၫႊန္းတဲ့ မိသားစု ၊ မိတ္ေဆြနဲ႔ ခ်စ္စရာတြယ္တာစရာေတြဟာလည္း အေရးပါပါတယ္။ ေငြ႐ွိရင္ စိတ္ခ်မ္းသာရမွာပဲ ထင္ၿပီး ေပ်ာ္ဖို႔ အခ်ိန္မရေလာက္ေအာင္ ေသာကမ်ားေနရင္ အဲ့ဒီဘဝက မတန္ပါဘူး။ ပိုက္ဆံပုံေတြအၾကား ထိုင္ေနရေပမယ့္ ေမတၱာတရားကို မခံစားႏိုင္ရင္ ဘယ္ေတာ့မွ ျပဳံးႏိုင္မွာ မဟုတ္ပါဘူးေနာ္ …။

(၄) အေတြ႕အၾကဳံ”

လူဟာ ေမြးဖြား႐ွင္သန္လာၿပီး ေသသြားတာ ခ်ည္းပါပဲ။ တစ္ေန႔လုံး ႐ုံးခန္းေလးထဲမွာပဲ ထိုင္ေနရင္းနဲ႔ အသက္ေမြးမႈနဲ႔ပဲ အလုပ္မ်ားေနရင္ ဘာမ်ား အဓိပၸါယ္႐ွိအံုးမွာလဲ။ ကိုယ့္ရဲ႕ ေနာက္မ်ိဳးဆက္ကို ဘယ္လိုအေတြ႕အၾကဳံမ်ား ျပန္မွ်ေဝလို႔ ရမလဲ။ ဒါဆို ကိုယ့္ဘဝဟာ ဘာမွ ထည့္မထားတဲ့ အိတ္တစ္လုံးထက္ ဘာမ်ား ပိုႏိုင္မွာလဲ။ ဘဝမွာ သူမ်ားနဲ႔မတူ ထူးကဲတဲ့ ျဖတ္သန္းမႈေတြကို ပိုက္ဆံနဲ႔ တန္ဖိုးျဖတ္လို႔ မရပါဘူး …။ ။

KWEE

Unicode

သင်ရှာနေတဲ့ ငွေထက် ပိုအရေးပါတဲ့ အရာ (၄) မျိုး…

လူဖြစ်ရင် စားဝတ်နေရေး ပြည့်စုံဖို့က မရှိမဖြစ် အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်တစ်ဘဝလုံးကို ငွေရှာရင်း ကိုယ့်ခွန်အားတွေကို ပိုက်ဆံတွေနောက်လိုက်ရင်းနဲ့ပဲ ကုန်ဆုံးစေမယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ တစ်ချို့အရာတွေဟာ သင်နေ့စဉ်ရှာနေတဲ့ ငွေကြေးဓနဥစ္စာတွေထက် ဘဝမှာ ပိုပြီး လိုအပ်ပါတယ်နော် …။

(၁) ယုံကြည်မှု”

ဘာသာရေးယုံကြည်မှုကို ပြောတာ မဟုတ်ပါဘူး ။ ဒါလည်း မပါဘူးတော့ မဟုတ်ပါဘူး။ အခုပြောတဲ့ ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာ ၊ ကိုယ့်အိပ်မက်နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံကြည်တာကို ပြောတာ ဖြစ်ပါတယ်။ ယုံကြည်မှု ပျောက်ဆုံးသွားရင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု သင့်ဆီက ပျောက်ဆုံးသွားတာပါပဲ …။

(၂) ကျန်းမာရေး”

သင့်ပိုက်ဆံထက် သင့်ကျန်းမာရေးက ပိုပြီး တန်ဖိုးကြီးပါတယ်။ ဘယ်လောက်ပဲ ချမ်းသာလို့ ဖြစ်စေ ကျန်းမာရေးကို ဝယ်လို့ မရပါဘူး။ ပိုက်ဆံနောက် လိုက်ကြရင်းနဲ့ သင့်ကျန်းမာရေး ပစ်ထားမိရင် မိုက်မဲလိုက်တာလို့ တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေ မိပါလိမ့်မယ် …။

(၃) မိသားစု”

မေတ္တာတရားကို ဖော်ညွှန်းတဲ့ မိသားစု ၊ မိတ်ဆွေနဲ့ ချစ်စရာတွယ်တာစရာတွေဟာလည်း အရေးပါပါတယ်။ ငွေရှိရင် စိတ်ချမ်းသာရမှာပဲ ထင်ပြီး ပျော်ဖို့ အချိန်မရလောက်အောင် သောကများနေရင် အဲ့ဒီဘဝက မတန်ပါဘူး။ ပိုက်ဆံပုံတွေအကြား ထိုင်နေရပေမယ့် မေတ္တာတရားကို မခံစားနိုင်ရင် ဘယ်တော့မှ ပြုံးနိုင်မှာ မဟုတ်ပါဘူးနော် …။

(၄) အတွေ့အကြုံ”

လူဟာ မွေးဖွားရှင်သန်လာပြီး သေသွားတာ ချည်းပါပဲ။ တစ်နေ့လုံး ရုံးခန်းလေးထဲမှာပဲ ထိုင်နေရင်းနဲ့ အသက်မွေးမှုနဲ့ပဲ အလုပ်များနေရင် ဘာများ အဓိပ္ပါယ်ရှိအုံးမှာလဲ။ ကိုယ့်ရဲ့ နောက်မျိုးဆက်ကို ဘယ်လိုအတွေ့အကြုံများ ပြန်မျှဝေလို့ ရမလဲ။ ဒါဆို ကိုယ့်ဘဝဟာ ဘာမှ ထည့်မထားတဲ့ အိတ်တစ်လုံးထက် ဘာများ ပိုနိုင်မှာလဲ။ ဘဝမှာ သူများနဲ့မတူ ထူးကဲတဲ့ ဖြတ်သန်းမှုတွေကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး …။ ။

KWEE