Credit… General
Unicode
ကလေးငယ်တွေတိုင်း ကတော့ ကျောင်းကနေ အိမ်ကိုပြန်ရောက်လာရင် ကိုယ်ပိုင်အချိန်လေးရပြီးပျော်ချင်၊ ဆော့ကစားချင်ကြတာ သဘာဝပါပဲလေ။ သို့ပေမဲ့လည်း တစ်ချို့ကလေးငယ်တွေကတော့ဆော့ကစားဖို့မပြောနဲ့အခြားသောကလေးငယ်တွေလိုစာသင်ခွင့်မရဘဲ ငယ်ငယ်ရွယ်ရွယ် နဲ့ငွေရှာနေရတဲ့ကလေးငယ်တွေ လည်း အတော်များများရှိပါတယ်။
ဒီတစ်ခေါက်ဖော်ပြမဲ့ မလေးရှားနိုင်ငံ ကကလေးငယ်ဟာလည်း အသက် 11နှစ်အရွယ်သာရှိသေးပြီး 7 Eleven စတိုးဆိုင်ရှေ့မှာအိပ်စက်နေခဲ့တဲ့အတွက် မေးမြန်းကြည့်လိုက်ချိန်မှာတော့ အိမ်ရှိပေမဲ့လည်းဖခင်ဖြစ်သူပေးထားတဲ့ရေမွှေးတွေအကုန်မရောင်းနိုင်လျှင် အရိုက်ခံရသောကြောင့် အိမ်မပြန် ရဲကြောင်းကလေးငယ်က ထွက်ဆိုခဲ့ပါတယ်…။
ဖြစ်စဉ်ကတော့ Mohd Najab အမည်ရှိတဲ့ အမျိုးသားဟာအဆိုပါ စတိုးဆိုင်မှာပစ္စည်အရှိဝယ်ဖို့လာရင်းနဲ့ စတိုးဆိုင်အပြင်ဖက် ကြမ်းပြင်ပေါ်မှာ အိပ်စက်နေခဲ့တဲ့ကလေးငယ်ကို တွေ့ရှိခဲ့တာပါ..
ဆိုင်ထဲက ဝန်ထမ်းတွေကလည်း ကလေးငယ် မှာ တစ်နေကုန်ရေမွှေးရောင်းရတာ ပင်ပန်းလွန်းသောကြောင့်အဆိုပါနေရာတွင် ညတိုင်းလိုလို လာရောက်အိပ်စက်လေ့ရှိကြောင်း ပြောပြခဲ့ပါတယ်ကလေးငယ်မှာ အိပ်စက်နေပေမဲ့လည်း မိုးရွာပြီးမကြာသေး၍ ကြမ်းပြင်မှာအတော်လေး အေးစက်နေပုံ လည်းရပါတယ်…။
ထို့ကြောင့် Mohd မှာလည်း ကလေးငယ်ကိုနှိုး လိုက်ပြီး ပါလာသောပိုက်ဆံအနည်းငယ်ကိုပေးလိုက်ပါတယ်…။သို့ပေမဲ့လည်း ကလေးငယ်က ပိုက်ဆံကိုမယူနိုင်ကြောင်းငြင်းဆန်ခဲ့ပြီး သူ့အားကူညီလိုပါကရမွှေးကိုသာ အားပေးဖို့ပြောဆိုခဲ့ပါတယ်..။
ထို့ကြောင့် Mohd က ရေးမွှေး 1 ပုလင်းအားပေး လိုက်ပြီး အခြားသူတစ်ဦးကတော့ 2ပုလင်း အားပေးလိုက်ပါတယ်မေးမြန်းခဲ့ချိန်မှာတော့ ကလေးငယ်ဟာ အိမ်ရှိပေမဲ့လည်း မိဘတွေကအိမ်ထောင်ကွဲသွားခဲ့ကြလို့ ဖခင်နှင့်အတူနေထိုင်နေရပြီးဖခင်ရောင်းခိုင်းတဲ့ ပစ္စည်းတွေအကုန်မရောင်းပဲအိမ်ပြန်ပါကရိုက်နှက်နှိပ်စက် ခံရလေ့ရှိကြောင်း ကလေးငယ်ကပြောပြခဲ့ပါတယ်
အဆိုပါ အဖြစ်အပျက်ကို Facebook စာမျက်နှာပေါ်ဝေမျှခဲ့ချိန် မှာတော့ အခြားသောကူညီကယ်ဆယ်ပေးတဲ့ စေတနာဝန်ထမ်းများနှင့်အချို့သောအဖွဲ့အစည်းများက ကလေးငယ်ကိုကူညီပေးခဲ့ကြကြောင်းသိရှိရပါတယ်…။
ထို့ကြောင့် ကလေးငယ်မှာနောက်ထပ် ဈေးမရောင်းရတော့ဖို့ မျှော်လင့် မိပါတယ်…။ ။
Credit… General