မင္းသားႀကီး အာႏိုးကေပးတဲ့ သင္ခန္းစာ

အောက်မှာဖော်ပြထားတဲ့ ပုံကတော့ ဟော်တယ်တခုရှေ့ သူ့ရုပ်ထုအောက်မှာ အိပ်နေတဲ့ ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်မင်းသားကြီး ArnoldSchwarzenegger ရဲ့ ပုံပဲ ဖြစ်ပါတယ်။သူဒီပုံကို ရိုက်ပြီး တင်ခဲ့တဲ့ ရည်ရွယ်ချက်က မိတ်ဆွေရဲ့ ဘဝမှာ ဘာမှ မမြဲခြင်းဆိုတာကို ပြလိုတဲ့အတွက်ကြောင့် တင်ခဲ့ ခြင်းဖြစ်ပါတယ်

သူ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ထမ်းဆောင် တုန်းက ပုံပါ ဟော်တယ်က တာဝန်ရှိသူတွေက သူရဲ့ ကြေးသွန်းရုပ်ကို ဟော်တယ်ရှေ့မှာ ထားခွင့် တောင်းခဲ့ပြီး သူတို့ဟော်တယ်ကို မင်းသားကြီး အာနိုး လာရင် တံခါးမရှိ ဓါးမရှိ အမြဲလာနိုင်ကြောင်းနဲ့ လာတိုင်းလည်း အခန်းတစ်ခန်း အဆင်သင့် ပြင်ပေးကာ လိုလေသေးမရှိ ပြုစုမယ်လို့ ပြောကြား ကတိပေးခဲ့ တာပါ။

ဒါပေမဲ့လည်း ပြည်နယ်အုပ်ချုပ်ရေးတာဝန်ပြီးဆုံးပြီးတဲ့နောက် တစ်ရက်မှာ မင်းသားကြီး အာနိုး ဟိုတယ်ကို သွားတဲ့အချိန်မှာ ဟိုတယ် တာဝန်ရှိတွေက အခန်းလွတ် မရှိတော့ကြောင်း၊ ဟိုတယ် ဝန်ထမ်းတွေက အသစ်တွေဖြစ်တဲ့အတွက်ကြောင့် အရင်က ကတိ ကဝတ် တွေကို မသိတော့ကြောင်းသာ ပြောကြားခဲ့ကြပါတယ်။

ဒါကြောင့် မင်းသာကြီး အာနိုးက အိပ်ဖျာတစ်ချပ်ကို ယူပြီး သူရဲ့ကြေးရုပ်တုရှေ့မှာ သွားရောက် အိပ်စက်ခဲ့တာဖြစ်ပါတယ်။ဒါနဲ့ ပတ်သက်ပြီးတော့ Arnold က “ကျွန်တော် အရေးပါတဲ့ ရာထူးတစ်ခုကို ထမ်းဆောင်နေတုန်းက သူတို့တွေ အမြဲတမ်း ချီးမွှမ်းပြီး ပြုစုခဲ့ကြတယ်။ကျွန်တော်လည်း တာဝန်ပြီးဆုံးသွားတော့ ကျွန်တော့်ကိုမေ့ခဲ့ကြပြီး ကျွန်တော့်ကို ပေးထားခဲ့တဲ့ သူတို့ရဲ့ ကတိတွေကိုလည်း ပျက်ကွက်ခဲ့ကြတယ်။

ခင်ဗျားရဲ့ ရာထူးတွေ စည်းစိမ်တွေ ပကာသနတွေကို ဘယ်တော့မှ မယုံကြည် အားကိုးမလိုက်ကြပါနဲ့။နောက်ဆုံးမှာတော့ ဒါတွေက ဘာမှ မဟုတ်တော့ပါဘူး။အားလုံးကို ပြောချင်တာက ခင်ဗျားက အရေးကြီးသူ တစ်ယောက်ဖြစ်နေမယ်ဆိုရင် အားလုံးက ခင်ဗျားရဲ့ ခင်မင်သူတွေဖြစ်နေပါလိမ့်မယ်။

ခင်ဗျားသာ သူတို့ရဲ့ အကျိုးအမြတ်အတွက်ဘာမှ မဆောင်ရွက်ပေးနိုင်တော့ဘူးဆိုရင်တော့ ခင်ဗျားဟာ ဘာမှ မဟုတ်တော့ပါဘူး။နောက်ဆုံးမှာတော့ ခင်ဗျားဟာ ကိုယ်ထင်ထားသလို ဟုတ်မနေဘူးဆိုတာ နားလည်ထားရမှာပါ” လို့ ပြောသွားခဲ့ပါတယ်။

#crd!Original Writer

 

Zawgyi

ေအာက္မွာေဖာ္ျပထားတဲ့ ပုံကေတာ့ ေဟာ္တယ္တခုေရွ႕ သူ႔႐ုပ္ထုေအာက္မွာ အိပ္ေနတဲ့ ကမာၻေက်ာ္ ေဟာလိဝုဒ္ သ႐ုပ္ေဆာင္မင္းသားႀကီး ArnoldSchwarzenegger ရဲ႕ ပုံပဲ ျဖစ္ပါတယ္။သူဒီပုံကို ႐ိုက္ၿပီး တင္ခဲ့တဲ့ ရည္႐ြယ္ခ်က္က မိတ္ေဆြရဲ႕ ဘဝမွာ ဘာမွ မၿမဲျခင္းဆိုတာကို ျပလိုတဲ့အတြက္ေၾကာင့္ တင္ခဲ့ ျခင္းျဖစ္ပါတယ္

သူ ကယ္လီဖိုးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး အျဖစ္တာဝန္ထမ္းေဆာင္ တုန္းက ပုံပါ ေဟာ္တယ္က တာဝန္ရွိသူေတြက သူရဲ႕ ေၾကးသြန္း႐ုပ္ကို ေဟာ္တယ္ေရွ႕မွာ ထားခြင့္ ေတာင္းခဲ့ၿပီး သူတို႔ေဟာ္တယ္ကို မင္းသားႀကီး အာႏိုး လာရင္ တံခါးမရွိ ဓါးမရွိ အၿမဲလာႏိုင္ေၾကာင္းနဲ႔ လာတိုင္းလည္း အခန္းတစ္ခန္း အဆင္သင့္ ျပင္ေပးကာ လိုေလေသးမရွိ ျပဳစုမယ္လို႔ ေျပာၾကား ကတိေပးခဲ့ တာပါ။

ဒါေပမဲ့လည္း ျပည္နယ္အုပ္ခ်ဳပ္ေရးတာဝန္ၿပီးဆုံးၿပီးတဲ့ေနာက္ တစ္ရက္မွာ မင္းသားႀကီး အာႏိုး ဟိုတယ္ကို သြားတဲ့အခ်ိန္မွာ ဟိုတယ္ တာဝန္ရွိေတြက အခန္းလြတ္ မရွိေတာ့ေၾကာင္း၊ ဟိုတယ္ ဝန္ထမ္းေတြက အသစ္ေတြျဖစ္တဲ့အတြက္ေၾကာင့္ အရင္က ကတိ ကဝတ္ ေတြကို မသိေတာ့ေၾကာင္းသာ ေျပာၾကားခဲ့ၾကပါတယ္။

ဒါေၾကာင့္ မင္းသာႀကီး အာႏိုးက အိပ္ဖ်ာတစ္ခ်ပ္ကို ယူၿပီး သူရဲ႕ေၾကး႐ုပ္တုေရွ႕မွာ သြားေရာက္ အိပ္စက္ခဲ့တာျဖစ္ပါတယ္။ဒါနဲ႔ ပတ္သက္ၿပီးေတာ့ Arnold က “ကြၽန္ေတာ္ အေရးပါတဲ့ ရာထူးတစ္ခုကို ထမ္းေဆာင္ေနတုန္းက သူတို႔ေတြ အၿမဲတမ္း ခ်ီးမႊမ္းၿပီး ျပဳစုခဲ့ၾကတယ္။ကြၽန္ေတာ္လည္း တာဝန္ၿပီးဆုံးသြားေတာ့ ကြၽန္ေတာ့္ကိုေမ့ခဲ့ၾကၿပီး ကြၽန္ေတာ့္ကို ေပးထားခဲ့တဲ့ သူတို႔ရဲ႕ ကတိေတြကိုလည္း ပ်က္ကြက္ခဲ့ၾကတယ္။

ခင္ဗ်ားရဲ႕ ရာထူးေတြ စည္းစိမ္ေတြ ပကာသနေတြကို ဘယ္ေတာ့မွ မယုံၾကည္ အားကိုးမလိုက္ၾကပါနဲ႔။ေနာက္ဆုံးမွာေတာ့ ဒါေတြက ဘာမွ မဟုတ္ေတာ့ပါဘူး။အားလုံးကို ေျပာခ်င္တာက ခင္ဗ်ားက အေရးႀကီးသူ တစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ အားလုံးက ခင္ဗ်ားရဲ႕ ခင္မင္သူေတြျဖစ္ေနပါလိမ့္မယ္။

ခင္ဗ်ားသာ သူတို႔ရဲ႕ အက်ိဳးအျမတ္အတြက္ဘာမွ မေဆာင္႐ြက္ေပးႏိုင္ေတာ့ဘူးဆိုရင္ေတာ့ ခင္ဗ်ားဟာ ဘာမွ မဟုတ္ေတာ့ပါဘူး။ေနာက္ဆုံးမွာေတာ့ ခင္ဗ်ားဟာ ကိုယ္ထင္ထားသလို ဟုတ္မေနဘူးဆိုတာ နားလည္ထားရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။

#crd!Original Writer