ပုံပါမြင်တွေ့ရတဲ့အတိုင်း စားချင်စရာ ကြက်ဥခေါက်မုန့်ဗန်းကြီးနဲ့ ချက်ချင်းလုပ်ရောင်းနေတဲ့ အသည်ဘေးမှာ ကိုရင်လေးများက အစီအရီ ထိုင်နေကြပါတယ်။
ဒီပုံရိပ်လေးတွေကတော့ မနေ့က လှည်းကူးမြို့၊ ဓမ္မာစရိယဥယျာဉ်ကျောင်းတိုက်က ဆရာတော်ဦးကောလိနိယာလင်္ကာရ ရဲ့ ခွင့်ပြုပေးမှုနဲ့ ထွက်ပေါ်လာတာပါ။ အလှူရှင်တစ်ဦးက မွေးနေ့အလှူအဖြစ် ကိုရင်လေးတွေကို ကြက်ဥခေါက်မုန့် လှူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပူပူနွေးနွေး ဘုန်းပေးနိုင်အောင် ဆိုပြီး ကြက်ဥခေါက်မုန့်သည်ကို ကျောင်းဝန်းထဲ ခေါ်ပေးခဲ့ပါတယ်။
အဲဒါကြောင့်လည်း အရသာရှိတဲ့ ကြက်ဥခေါက်မုန့် ပူပူလေးများ ဘုန်းပေးနိုင်အောင် ကိုရင်လေးတွေက စောင့်ဆိုင်းနေတာ တွေ့မြင်ရပါတယ်။ ငွေကြေး သိပ်မကုန်ကျပေမဲ့ အရသာရှိရှိ ပူပူနွေးနွေး ဘုန်းပေးနိုင်အောင် စဉ်းစားပေးတတ်တဲ့ အလှူရှင်က သိပ်ကို စိတ်ကူးကောင်းပါတယ်။ ပရိသတ်တွေ ပီတိဖြစ်ရအောင် တင်ပြပေးလိုက်ရပါတယ်။
photo credit
Credit to original writer
ပုံပါျမင္ေတြ႕ရတဲ့အတိုင္း စားခ်င္စရာ ၾကက္ဥေခါက္မုန႔္ဗန္းႀကီးနဲ႔ ခ်က္ခ်င္းလုပ္ေရာင္းေနတဲ့ အသည္ေဘးမွာ ကိုရင္ေလးမ်ားက အစီအရီ ထိုင္ေနၾကပါတယ္။
ဒီပုံရိပ္ေလးေတြကေတာ့ မေန႔က လွည္းကူးၿမိဳ႕၊ ဓမၼာစရိယဥယ်ာဥ္ေက်ာင္းတိုက္က ဆရာေတာ္ဦးေကာလိနိယာလကၤာရ ရဲ႕ ခြင့္ျပဳေပးမႈနဲ႔ ထြက္ေပၚလာတာပါ။ အလႉရွင္တစ္ဦးက ေမြးေန႔အလႉအျဖစ္ ကိုရင္ေလးေတြကို ၾကက္ဥေခါက္မုန႔္ လႉခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ပူပူေႏြးေႏြး ဘုန္းေပးႏိုင္ေအာင္ ဆိုၿပီး ၾကက္ဥေခါက္မုန႔္သည္ကို ေက်ာင္းဝန္းထဲ ေခၚေပးခဲ့ပါတယ္။
အဲဒါေၾကာင့္လည္း အရသာရွိတဲ့ ၾကက္ဥေခါက္မုန႔္ ပူပူေလးမ်ား ဘုန္းေပးႏိုင္ေအာင္ ကိုရင္ေလးေတြက ေစာင့္ဆိုင္းေနတာ ေတြ႕ျမင္ရပါတယ္။ ေငြေၾကး သိပ္မကုန္က်ေပမဲ့ အရသာရွိရွိ ပူပူေႏြးေႏြး ဘုန္းေပးႏိုင္ေအာင္ စဥ္းစားေပးတတ္တဲ့ အလႉရွင္က သိပ္ကို စိတ္ကူးေကာင္းပါတယ္။ ပရိသတ္ေတြ ပီတိျဖစ္ရေအာင္ တင္ျပေပးလိုက္ရပါတယ္။
photo credit
Credit to original writer