ပန္းအိုးထိုးတဲ့အခါပန္းေတြ ၾကာၾကာခံေနေစမယ့္နည္းလမ္းမ်ား

ပန်းအိုးထိုးတဲ့အခါပန်းတွေ ကြာကြာခံနေစေမယ့်နည်းလမ်းများ။ပန်းအိုးထိုးတဲ့အခါပန်းတွေကိုကြာကြာခံနေစေမယ့် နည်းလမ်းတွေရှိပါတယ်။အလုပ်စားပွဲမှာအလှပန်းအိုး ထိုးတာမျိုးဖြစ်ဖြစ်၊ သင့်အိမ်ဧည့်ခန်းမှာ အလှဆင်တာမျိုးနဲ့ ဘုရားမှာ ပန်းအိုးထိုးပြီး ပန်းကပ်ပူဇော်တဲ့အခါ ပန်းတွေခဏလေးနဲ့ ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အခုဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ ပန်းအိုးထိုးတဲ့အခါ ပန်းတွေကြာကြာခံနေစေမယ့် နည်းလမ်းတွေပဲဖြစ်ပါတယ်။

(၁)ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီးပန်းအိုးထိုးတာမျိုးကို ချက်ချင်းမလုပ်ဘဲ ပန်းအရိုးရဲ့အောက်ခြေပင်စည်ကို နှစ်လက်မခန့် ခပ်စောင်းစောင်းလေးဖြတ်တောက်ပြီးမှ ထိုးပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ ပန်းတွေရေစုပ်အား ပိုမိုကောင်းမွန်စေပြီး ကြာကြာခံစေပါတယ်။

(၂)ပန်းအိုးထိုးတဲ့အခါ န်းအိုးထဲကရေနဲ့အနီးစပ်ဆုံးဖြစ်နေတဲ့အရွက်တွေကို ခြွေပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါ ပန်းအိုးထဲကရေပုပ်နံ့လို အနံ့မကောင်းတာမျိုးကို ဖယ်ရှားပေးနိုင်တဲ့အပြင် ပန်းအရိုးတံပုပ်ပြီး အညှိုးနွမ်းမြန်တာမျိုးကိုလည်း မဖြစ်စေနိုင်ပါဘူး။

(၃)ပန်းအိုးထိုးပြီးတဲ့အခါ အခန်းအပူချိန်ပေါ် မူတည်ပြီး ရေကိုရက်ခြားဆိုသလို ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။ ရေလဲတဲ့အခါတိုင်းလည်း ပန်းအရိုးတံကိုလိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်။

(၄)ပန်းအိုးထိုးတဲ့အခါ ပန်းအိုးထဲကရေထဲကို မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့် ထည့်ပေးခြင်းဟာပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင် ပန်းအိုးထဲကရေတွေအချိန်ကြာလို့ အနံ့အသက်မကောင်းတော့တာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။

(၅)ပန်းတွေကြာကြာခံစေမယ့်နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲကရေထဲကို ပန်းသီးရှာလကာရည်လက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ သကြားလက်ဖက်ရည်ဇွန်း တစ်ဝက်စာခန့်ကို ရောစပ်ပြီးထည့်ပေးရမှာပါ။

ပန်းသီးရှာလကာရည်ဟာ ပန်းအရိုးတံတွေကိုပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်ပြီးသကြားကတော့ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်။

Ref to proflowers.com

ပန္းအိုးထိုးတဲ့အခါပန္းေတြ ၾကာၾကာခံေနေစမယ့္နည္းလမ္းမ်ား။ပန္းအိုးထိုးတဲ့အခါပန္းေတြကိုၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြရွိပါတယ္။အလုပ္စားပြဲမွာအလွပန္းအိုး ထိုးတာမ်ိဳးျဖစ္ျဖစ္၊ သင့္အိမ္ဧည့္ခန္းမွာ အလွဆင္တာမ်ိဳးနဲ႔ ဘုရားမွာ ပန္းအိုးထိုးၿပီး ပန္းကပ္ပူေဇာ္တဲ့အခါ ပန္းေတြခဏေလးနဲ႔ ညႇိဳးႏြမ္းေျခာက္ေသြ႕သြားတတ္လို႔ စိတ္အေႏွာင့္အယွက္ျဖစ္ရပါတယ္။

အခုေဖာ္ျပေပးမယ့္နည္းလမ္းေတြကေတာ့ ပန္းအိုးထိုးတဲ့အခါ ပန္းေတြၾကာၾကာခံေနေစမယ့္ နည္းလမ္းေတြပဲျဖစ္ပါတယ္။

(၁)ပန္းေတြဝယ္လာတဲ့အခါ ေရေဆးၿပီးပန္းအိုးထိုးတာမ်ိဳးကို ခ်က္ခ်င္းမလုပ္ဘဲ ပန္းအ႐ိုးရဲ႕ေအာက္ေျခပင္စည္ကို ႏွစ္လက္မခန႔္ ခပ္ေစာင္းေစာင္းေလးျဖတ္ေတာက္ၿပီးမွ ထိုးေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းဟာ ပန္းေတြေရစုပ္အား ပိုမိုေကာင္းမြန္ေစၿပီး ၾကာၾကာခံေစပါတယ္။

(၂)ပန္းအိုးထိုးတဲ့အခါ န္းအိုးထဲကေရနဲ႔အနီးစပ္ဆုံးျဖစ္ေနတဲ့အ႐ြက္ေတြကို ေႁခြေပးရမွာျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ေပးျခင္းဟာရက္အနည္းငယ္ၾကာတဲ့အခါ ပန္းအိုးထဲကေရပုပ္နံ႔လို အနံ႔မေကာင္းတာမ်ိဳးကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ပန္းအ႐ိုးတံပုပ္ၿပီး အညႇိဳးႏြမ္းျမန္တာမ်ိဳးကိုလည္း မျဖစ္ေစႏိုင္ပါဘူး။

(၃)ပန္းအိုးထိုးၿပီးတဲ့အခါ အခန္းအပူခ်ိန္ေပၚ မူတည္ၿပီး ေရကိုရက္ျခားဆိုသလို ပုံမွန္လဲလွယ္ေပးသင့္ပါတယ္။ ေရလဲတဲ့အခါတိုင္းလည္း ပန္းအ႐ိုးတံကိုလိုအပ္သလို ျဖတ္ေတာက္ေပးသင့္ပါတယ္။

(၄)ပန္းအိုးထိုးတဲ့အခါ ပန္းအိုးထဲကေရထဲကို မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာခန႔္ ထည့္ေပးျခင္းဟာပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အျပင္ ပန္းအိုးထဲကေရေတြအခ်ိန္ၾကာလို႔ အနံ႔အသက္မေကာင္းေတာ့တာမ်ိဳးလည္း မျဖစ္ေစႏိုင္ပါဘူး။

(၅)ပန္းေတြၾကာၾကာခံေစမယ့္ေနာက္ထပ္နည္းလမ္းေကာင္းတစ္ခုကေတာ့ပန္းအိုးထိုးတဲ့အခါတိုင္းပန္းအိုးထဲကေရထဲကို ပန္းသီးရွာလကာရည္လက္ဖက္ ရည္ဇြန္းႏွစ္ဇြန္းနဲ႔ သၾကားလက္ဖက္ရည္ဇြန္း တစ္ဝက္စာခန႔္ကို ေရာစပ္ၿပီးထည့္ေပးရမွာပါ။

ပန္းသီးရွာလကာရည္ဟာ ပန္းအ႐ိုးတံေတြကိုပုပ္ေစႏိုင္တဲ့ ဘက္တီးရီးယားေတြကိုေသေစႏိုင္ၿပီးသၾကားကေတာ့ပန္းေတြကို ၾကာၾကာခံေစႏိုင္တဲ့အစြမ္းရွိပါတယ္။

Ref to proflowers.com