နတ်တွေကို ကန်တော့လျှင် သရဏဂုံ ပျက်တယ်ဆိုတာ သိပါသလား၊ ဘာကြောင့် ပျက်သလဲ ဆိုတော့

နတ်တွေကို ကန်တော့လျှင် သရဏဂုံ ပျက်တယ်ဆိုတာ သိပါသလား၊ ဘာကြောင့် ပျက်သလဲဆိုတော့နတ်တွေကို ကန်တော့လျှင် သရဏဂုံ ပျက်ပါတယ်။ ရတနာ သုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ ဥပါသကာ မှန်ရင် ရတနာသုံးပါး ပြင်ပ အရာတွေကို အလေအ မြတ် မပြုအပ်ဘူး။

ရတနာသုံးပါးရဲ့ အပြင်ပမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေကို –နံပါတ် ၁ – မိမိကိုယ်ကို အပ်နှင်း လှူဒါန်းခဲ့လျှင်၊ နံပါတ် ၂ – ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာ အဖြစ်နဲ့ ဆည်းကပ်ခဲ့လျှင်၊ နံပါ တ် ၃ – ကိုးကွယ် အားထားရာအဖြစ် ဆရာ အဖြစ်နဲ့ ရည်ညွှန်းပြီး မိမိကိုယ်ကို တပည့်အဖြစ်နဲ့ ခံယူဆော က်တည်ခဲ့လျှင်၊နံပါတ် ၄ – အလွန်အမင်း ရိုသေစွာရှိခိုးခဲ့လျှင် – မူလ ဆောက်တည် ထားတဲ့ သရဏဂုံသည် အလိုလို ပျက်တယ်။

ဒီလို ပျက်စီးနည်းသည် သာဝဇ္ဇ – အပြစ်ရှိတဲ့ သရဏဂုံ ပျက်စီးနည်း ဖြစ်တ ယ်။ အပြစ်ရှိတဲ့ ပျက်စီးနည်း ဆိုတာ“ သောစ အနိဋ္ဌဖလော ဟောတိ” နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်တဲ့။

ရတနာ သုံးပါးရဲ့ အပြင်ဘက်က ဖြစ်တဲ့ ဆူးလေနတ်ကြီးတို့ ဘာတို့ပေါ့။ အဲ ဒီနတ်တွကို အလွန်အမင်း ရိုသေစွာ ရှိခိုးလိုက်သည် နှင့် တစ်ပြိုင်နက်တည်း မူလ ဆောက်တည် ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။ ရွှေတိဂုံ

ဘုရားမှာ ပန်းတွေ လှူတယ်။ ရေချမ်းတွေ လှူတယ် ။ လှူပြီးလို့ စေတီတော်ကို ရှိခိုးပြီးတာနဲ့ ဟိုဘက် လှ ည့်ပြီးတော့ နတ်ကို ရှိခိုးလိုက်တာနဲ့ မူလဆောက် တ ည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတ ယ်။ မိမိတို့ရဲ့ အင်မတန် အဖိုးတန်နေတဲ့ သရဏဂုံ

ကို မပျက်စီးစေသင့်ဘူ။ အသိ အလိမ္မာလေးနဲ့ စော င့် ရှောက်သင့်တယ်။ မင်းကြီးတို့ မင်းကလေးတို့ကို သွားပြီး ကိုးကွယ် ဆည်းကပ်ခဲ့လျှင်၊ အလွန်အမင်း ရိုသေစွာ ရှိခိုးခဲ့လျှင်လည်း မူလ ဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားတယ်။

ပျက်စီးရုံတွင် မဟုတ်ဘူး “သာဝဇ္ဇော” – အပြစ်လည်း ရှိတယ်၊ နောင်တစ်ချိန်မှာ မကောင်းတဲ့ အကျိုးလည်း ရနိုင်တယ်။ဒီ မင်းကြီး မင်းကလေး ဆိုတဲ့ ဟာတွေ သည် ကိုးကွယ် ဆည်းကပ်ထိုက်တဲ့ ပုဂ္ဂိုလ်တွေလား ? ပြန်ဆန်းစစ်ကြည့်ပါ။

မင်းကြီးတို့ မင်းကလေးတို့င်လာပြီ ဆိုလို့ရှိလျှင် သူတို့ ဘာလုပ်သလဲ.?။ အရ က် သောက်တယ်၊ ကလည်း ကတယ်။ ဒီလို အရက်သောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မိမိတို့က ကိုးကွယ် ဆ ည်းကပ်ပြီ ဆိုကြပါစို့။ မိမိ အဆင့်က အရက်သမားကို ကိုးကွယ် ဆည်းကပ်တဲ့ အဆင့် ရောက်မသွား

ဘူးလား? အလိုလို ရောက်သွားတယ်။ နောက်တစ်ခုစဉ်းစား ကြည့်စမ်းပါဗျ။ နတ်တော် ပြာသို ဝန်းကျင်လောက် ရောက်လာပြီ ဆိုလို့ရှိရင် မြန်မာပြည်ရဲ့ အ လေ့အထအရ ကျေးရွာ တိုင်းလိုလိုမှာ နတ်ပွဲ ဆိုတာ ရှိတတ်ပါတယ်။

တစ်နေ့ တစ်နေ့မှာ ပျမ်းမျှခြင်းနှုန်းနဲ့ တွက်မယ် ဆိုလျှင် ဆယ်ရွာ­မှာ နတ်ပွဲတစ်ပွဲ လော က် တော့ ရှိနိုင်ပါတယ်။ ဆယ်ရွာမှာ နတ်ပွဲတစ်ပွဲနှုန်းဖြင့် ကျေးရွာပေါင်း နှစ်သောင်း ကျော်ဆိုလျှင် တစ် နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင် ဝန်းကျင်လောက် ရှိမယ်။ နတ်တော် ပြာ­သို ဝန်းကျင်လောက် ပြောတာ

ပါ။ ဒီတော့ တစ်နေ့မှာ နတ်ပွဲပေါင်း နှစ်ထောင်လော က်ရှိတော့ ဟို­နတ်ပွဲမှာလည်း မင်းကြီး မင်းကလေးကို ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ ဒီနတ်ပွဲ ကလည်း မင်း ကြီး မင်းကလေး ပင့်ပြန်ပြီ၊ ဝင်ပူးပြန်ပြီ။ မင်းကြီးမင်းကလေးက ဝင်ပူးလာပြီဆိုလို့ရှိလျှင် အချိန်က

လည်း နည်းနည်း ပေးရဦးမယ်။ အရက်သောက်ဖို့ အချိန်ကလည်း ပေးရသေး တယ်လေ။ ကဖို့ ခုန်ဖို့ ဓားမြှောက် ပြဖို့ အချိန်ကလည်း ပေးရသေးတယ်။ဒီတော့ နတ်ပွဲတစ်ပွဲကို သူက ငါးမိနစ်လောက် အချိ န်ပေးမယ် ဆိုရင်ပေါ့။

သူ တစ်နေ့တစ်နေ့မှာ ကနိုင်တာ တစ်နာရီမှာ နတ်ပွဲ တစ်ဆယ့်နှစ်ပွဲ ရ­မယ်။ တစ် နေ့မှာ နတ်ပွဲတွေက များသော အားဖြင့် နံနက် ၈-နာရီမှ ည ၄-နာရီ၊ ၅-နာရီအထိပဲ က,တော့၊ ဆယ်နာရီပဲ ထားပါတော့။ တစ်နေ့ ဆယ်နာရီဆိုတော့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ်။ အခုဟာက နတ်ပွဲပေါင်း

တစ်နေ့ တစ်နေ့ ပျှမ်းမျှအားဖြင့် နှစ်ထောင် ကျော်နေတော့ သူပေးနိုင်တဲ့ အချိန်က တနေ့ နတ်ပွဲပေါင်း တစ်ရာ့နှစ်ဆယ် လောက်အတွက်ပဲ ရှိတယ်။ ဟိုနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ ဒီနတ်ပွဲကလည်း မင်းကြီးမင်းကလေး ပူးပြန်ပြီ။ အဲဒါ ဝင်

ပူးနေတာတွေ အကုန်လုံး မင်းကြီးမင်းကလေး ဟု တ်,မဟုတ် ဆိုတာကတော့ စဉ်းစားဖို့ မလိုဘူးလား? လိုနေပါတယ်။ “လူ့လောကမှာ အလိမ်ခံလူတန်းစားက အမြဲတမ်း ရှိတယ် လိမ်မည့်လူသာ လိုတာ..” တဲ့ ။ လိမ်မည့်သူကသာ ကျကျနန လိမ်။

အလိမ်ခံ လူတန်းစားက အမြဲတမ်း ရှိပြီးသား ဖြစ်တယ်။ ဒီလော က်တောင် အဆင့်နိမ့်နေတဲ့ ပုဂ္ဂိုလ်တွေကို ဘုရားနဲ့ တန်းတူထားပြီးတော့ အိမ်မှာ ကိုးကွယ်ဆည်းကပ်နေကြတာဟာ မှားယွင်းတဲ့ အယူအဆတွေပါ။ ဖားအောက်တောရ ဆရာတော်ကြီး

Credit