credit
Unicode
ချစ်သူနှင့် ၇ နှစ်ကြာအတူနေပြီး တားဆေးများကိုနေ့စဉ်သောက်ခဲ့ရာ ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတက်ရသောအခါ
ကလေးမရနိုင်တော့ကြောင်း သိရလိုက်ရသဖြင့် ချစ်သူ၏စွန့်ပစ်ခြင်းကိုခံရသော မိန်းကလေး။
ယနေ့ခေတ်ကြီးထဲတွင် လူငယ်အချို့၏ ဖြစ်ပျက်နေပုံများအကြောင်းကို လူအများစုတို့လည်း သတိထားမိကြမည်ဟု ထင်မိပါတယ်။
ယခုတွင်တော့ ဗီယက်နမ်နိုင်ငံမှ ကောင်မလေးတစ်ဦးဟာ သူမမစဉ်းစားမိခဲ့သည့် မိုက်မဲသောအဖြစ်ကြောင့် နေ့စဉ်ငိုကြွေးရင်းနောင်တရနေခဲ့ရပါတယ်။
ကောင်မလေးဟာ သူ၏ချစ်သူနှင့်အတူ ၇ နှစ်ကြာသည်အထိအတူတူနေခဲ့တာဖြစ်ပါတယ်။
အတူနေထိုင်သောအချိန်၌ လက်မထပ်ရသေးသဖြင့် ကလေးမရစေရန် တားဆေးများကို နေ့စဉ်သောက်သုံးခဲ့တာလည်းဖြစ်ပါတယ်။
၇နှစ်ကြာအောင် သောက်ခဲ့မိသည့် ဆေး၏ဒဏ်များကြောင့် ကျန်းမာရေးထိခိုက်ကာ ဆေးရုံသို့အရေးပေါ်ကုသမှုခံယူခဲ့ရပါတယ်။
ထိုအချိန်တွင် ကောင်မလေးဟာ ကလေးမရနိုင်တော့ကြောင်း ဆရာဝန်ထံမှ သိရှိလိုက်ရသောအခါ ကောင်မလေး၏ချစ်သူဟာ ကောင်မလေးကို တစ်ယောက်တည်းထားခဲ့ပြီး စွန့်ပစ်ခဲ့ပါတယ်။
credit