Jasmine (Mckzone daily)
Reference : khaosod
Unicode
မကြာသေးမီက ထိုင်ဝမ်သတို့သားတစ်ဦးဟာ ဒေါသတကြီးဖြင့် လျှို့ဝှက်ဆန်းကြယ်တဲ့ဦးလေးရဲ့ အပြုအမှုကို facebook ပေါ်တင်ခဲ့ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ဦးလေးက မင်္ဂလာဆောင်အတွင်းမှာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ် ။
မင်္ဂလာပွဲက အရာအားလုံး ချောမွေ့သွားသော်လည်း ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက် စားပွဲထဲသို့ ဝင်လာခဲ့ပါတယ် ။ အဆိုပါထူးဆန်းတဲ့ဦးလေးကို သူ့ဆွေမျိုးတွေရော သူ့သူငယ်ချင်းတွေရော မသိကြပါဘူး ။ အစားအသောက် ကျွေးပြီးတာနဲ့ ထိုဦးလေးက အစားအစာအားလုံးနီးပါးကို အိတ်ထဲသို့ ထည့်ပစ်လိုက်ပါတယ် ။
အဆိုပါဦးလေးက ဝီစကီတောင်းပါတောင်းပြီး မင်္ဂလာပွဲမှ ထွက်သွားခဲ့ပါတယ် ။ သတို့သားရဲ့ သူ့သူငယ်ချင်းတွေက အဲဒီဦးလေးဟာ ဧည့်သည်အဖြစ် ဉာဏ်ကို ဝင်တိုက်တာ ဖြစ်နိုင်တယ်လို့ သူ့သူငယ်ချင်းတွေ ထင်ခဲ့တာကြောင့် အဲ့ဒီဦးလေးနောက်ကို လိုက်သွားကြပေမယ့် အချိန်မီတော့ မလိုက်နိုင်ခဲ့ပါဘူး ။
ထိုအဖြစ်အပျက်က သတို့သားကို အလွန်ဒေါသထွက်စေခဲ့တာကြောင့် တောင်းပန်မယ်ဆိုရင် ဦးလေးကို ခွင့်လွှတ်ပေးမှာဖြစ်ပေမဲ့ မတောင်းပန်ရင် တိုင်ကြားမည်ဖြစ်ကြောင်း သတို့သားက post တင်ခဲ့ပါတယ် ။
အင်တာနက်သုံးစွဲသူများက အဆိုပါဦးလေးဟာ ယခင်က ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ဖူးတယ်လို့ဆိုပါတယ် ။ သတင်းတွေအရတော့ post ပိုင်ရှင်က တိုင်ကြားထားပါတယ် ။
တိုင်ကြားရခြင်းအကြောင်းရင်းမှာ ငွေကြေး သို့မဟုတ် ပျက်စီးမှုများကြောင့်မဟုတ်ဘဲ ဦးလေးရဲ့အပြုအမူကြောင့်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ အဆိုပါဦးလေးရဲ့ အပြုအမူက သည်းမခံနိုင်လောက်အောင် လေးလံလွန်းလှပါတယ် ။
Jasmine (Mckzone daily)
Reference : khaosod