မှတ်ပုံမတင်သည့် ဆင်းကတ် သန်းနဲ့ချီ၍ ယနေ့စပိတ် (လက်ရှိကတ်များပါ မှတ်ပုံပြန်တင်ရမည်ဟုဆို)
မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာ ၄ ခုမှ မှတ်ပုံမတင်ရသေးသည့် ဆင်းကဒ် အရေအတွက် သန်းနှင့်ချီအား ယနေ့မှ စတင်ပြီးလိုင်းပိတ်လိုက်ပြီးဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာများနှင့် နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။
စကစက လက်ရှိမြန်မာပြည်တွင်းအသုံးပြုနေသည့် ဆင်းကဒ်များအား မှတ်ပုံပြန်တင်ခိုင်းရန် ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့နေ့လည်ပိုင်းတွင် စတင်လိုင်းပိတ်လိုက်ခြင်းဖြစ်ကြောင်း မိုဘိုင်ဖုန်း အသုံးပြုသူအချို့ထံမှ သိရပါတယ်။
ဆက်သွယ်ရေးအော်ပရေတာလိုင်းများဖြစ်ကြသည့် အမ်ပီတီ၊ အော်ရီဒူး၊ တယ်လီနောနဲ့ မိုင်တဲ စသည့် အော်ပရေတာများမှ မှတ်ပုံတင်ထားခြင်းမရှိသေးသည့် အသုံးပြုနေဆဲ ဆင်းကဒ်များ အပါအဝင် အရောင်းဆိုင်အများစုမှ ဆင်းကဒ်များအားလုံးကို ယနေ့တွင် လိုင်းပိတ်လိုက်ပြီးဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာများနှင့် နီးစပ်သူ တဦးထံမှ သိရပါတယ်။
စကစက ဆင်းကဒ်အသစ်ဝယ်ယူသုံးစွဲသူများအနေဖြင့် မူလတန်ဖိုး ကျပ် ၁၅၀၀ အပြင် အခွန်အဖြစ် ကျပ် ၂၀၀၀၀ နှင့် အင်တာနက် သုံးစွဲမှုအပေါ် ၁၅ ရာခိုင်နှုန်း အခွန် တိုးမြှင့်ကောက်ခံသွားမည်ဟု သတင်းထုတ်ပြန်ထားပါတယ်။
မွတ္ပုံမတင္သည့္ ဆင္းကတ္ သန္းနဲ႔ခ်ီ၍ ယေန႔စပိတ္ (လက္ရွိကတ္မ်ားပါ မွတ္ပုံျပန္တင္ရမည္ဟုဆို)
ျမန္မာနိုင္ငံအတြင္းရွိ ဆက္သြယ္ေရးေအာ္ပေရတာ ၄ ခုမွ မွတ္ပုံမတင္ရေသးသည့္ ဆင္းကဒ္ အေရအတြက္ သန္းႏွင့္ခ်ီအား ယေန႔မွ စတင္ၿပီးလိုင္းပိတ္လိုက္ၿပီးျဖစ္ေၾကာင္း ဆက္သြယ္ေရးေအာ္ပေရတာမ်ားႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရပါတယ္။
စကစက လက္ရွိျမန္မာျပည္တြင္းအသုံးျပဳေနသည့္ ဆင္းကဒ္မ်ားအား မွတ္ပုံျပန္တင္ခိုင္းရန္ ျပင္ဆင္ေနသည္ဟု သတင္းမ်ားထြက္ေပၚလာၿပီးေနာက္ ယေန႔ေန႔လည္ပိုင္းတြင္ စတင္လိုင္းပိတ္လိုက္ျခင္းျဖစ္ေၾကာင္း မိုဘိုင္ဖုန္း အသုံးျပဳသူအခ်ိဳ႕ထံမွ သိရပါတယ္။
ဆက္သြယ္ေရးေအာ္ပေရတာလိုင္းမ်ားျဖစ္ၾကသည့္ အမ္ပီတီ၊ ေအာ္ရီဒူး၊ တယ္လီေနာနဲ႔ မိုင္တဲ စသည့္ ေအာ္ပေရတာမ်ားမွ မွတ္ပုံတင္ထားျခင္းမရွိေသးသည့္ အသုံးျပဳေနဆဲ ဆင္းကဒ္မ်ား အပါအဝင္ အေရာင္းဆိုင္အမ်ားစုမွ ဆင္းကဒ္မ်ားအားလုံးကို ယေန႔တြင္ လိုင္းပိတ္လိုက္ၿပီးျဖစ္ေၾကာင္း ဆက္သြယ္ေရးေအာ္ပေရတာမ်ားႏွင့္ နီးစပ္သူ တဦးထံမွ သိရပါတယ္။
စကစက ဆင္းကဒ္အသစ္ဝယ္ယူသုံးစြဲသူမ်ားအေနျဖင့္ မူလတန္ဖိုး က်ပ္ ၁၅၀၀ အျပင္ အခြန္အျဖစ္ က်ပ္ ၂၀၀၀၀ ႏွင့္ အင္တာနက္ သုံးစြဲမႈအေပၚ ၁၅ ရာခိုင္ႏႈန္း အခြန္ တိုးျမႇင့္ေကာက္ခံသြားမည္ဟု သတင္းထုတ္ျပန္ထားပါတယ္။