ပန်းကန်ထဲက အသားစိမ်း လှုပ်လာပြီး ခုန်ထွက်သွားလို့ စားသုံးသူများထိတ်လန့်

လူအတော်များများ အကင်ဆိုင်ကို တစ်ခေါက်လောက်တော့ ရောက်ဖူးကြပါလိမ့်မယ်။ ကင်ဖို့ဆိုပြီး ပန်းကန်ပြားထဲထည့်ထားတဲ့ အသားတုံးက သင့်မျက်စိရှေ့တင် လှုပ်ရွလာပြီး လမ်းလျှောက်ကာ စားပွဲပေါ်ကနေ ဆင်းပြေးသွားရင် သင်ဘယ်လို ဖြစ်သွားမလဲ၊ ရှော့ခ်ရသွားမှာလား..?

ဒီလိုအဖြစ်မျိုးကိုတော့ ဘယ်သူမှ ကိုယ်တိုင်ကြုံဖူးကြလိမ့်မယ် မထင်ပါဘူး၊ ဒါပေမယ့် တစ်ကယ်ရှိပါတယ်။ လက်တလော အင်တာနက်ပေါ်မှာ လျှပ်စီးလက်သလို အကြီးအကျယ်ပျံ့နှံ့နေတဲ့ ရုပ်သံတစ်ခုက ကြည့်မိသူတိုင်း ထိတ်လန့်စွာနဲ့ WTF လို့ အသံထွက်ပြီး အော်ကြရတဲ့ထိ ကြောက်စရာကောင်းတာကိုတွေ့ရပါတယ်။ရုပ်သံ Video ကို အောက်တွင် ဖော်ပြထားပါသည်။

အာရှအကင်ဆိုင် တစ်ဆိုင်ကို ညနေစာစားဖို့ ရောက်သွားတဲ့ Rie Phillips ဆိုသူ အမျိုးသမီးဟာ သူ့အတွက် ကင်ပေးဖို့ပြင်ဆင်ထားတဲ့ အရေခွံချွတ်ထားပြီးသား ဖားတစ်ကောင်ရဲ့ အသားတုံး အပိုင်းတစ်ခုဟာ သူမရဲ့ မျက်စိရှေ့မှောက်မှာပဲ လှုပ်လာပြီး ပန်းကန်ပြားထဲကနေ ကုန်းထကာ စားပွဲပေါ်ကနေ တွားသွား ထွက်ပြေးသွားတာကို မထင်မှတ်ပဲ ထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။

ရုပ်သံကို ကြည်ရှုသူတိုင်းက အထူးအဆန်းဖြစ်ကာ ထိတ်လန့်ခဲ့ကြပါတယ်၊ ဒါပေမယ့် လူအတော်များများကတော့ ဒါဟာ လုပ်ကြံထားတဲ့ ရုပ်သံလို့ ဝေဖန်နေကြပြီး အသားတုံးကို ဆွဲချတဲ့ ကြိုးရှိမယ်လို့ ဝေဖန်ကာ ဗီဒီယိုကို သေချာစမ်းစစ်နေကြသူတွေလည်း ရှိပါတယ်။ ရုပ်သံအရ အသားတုံးဟာ ကြိုးနဲ့ဆွဲချဟန်မတူပဲ ကျွတ်တစ်ကောင် လမ်းသွားသလို သူ့ဟာသူ တွန့်ခေါက်ကုန်းထသွားတာကိုတွေ့ရပါတယ်။

ဒီရုပ်သံကြောင့် အသားငါးတွေကို လူတွေက ချက်ပြုတ်စားသောက်ကြတဲ့အခါ သူတို့အနေနဲ့ နာကျင်မှုကို ခံစားနေရတုန်းလား ဆိုတဲ့ မေးခွန်းမေးလာကြပါတယ်။ အဖြေကတော့ သူတို့တွေဟာ သေပြီးသားတွေ ဖြစ်တာကြောင့် နာကျင်မှု လုံးဝ မရှိတော့ပါဘူး။ ဒါဆိုရင် ဘာကြောင့် အခုလို လှုပ်ရှားရသလဲလို့ ထပ်မေးစရာရှိပြန်ပါတယ်။

ဖြစ်နိုင်ချေရှိတာက ဒီဗီဒီယိုကို မရိုက်မီမှာ ဖားအသားတုံးပေါ်ကို ဆားဖြူးလိုက်ဟန်ရှိတယ်လို့ ယူဆမိပါတယ်။ ဆားဟာ ဖားတွေရဲ့ ကြွက်သားတွေကို ခဏတစ်ဖြုတ်လှုပ်ရှားပြီး ဆန့်ငင်ဆန့်ငင် ဖြစ်အောင် နှိုးစွနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒါပေမယ့် အရမ်း လတ်ဆတ်တဲ့ အသားဖြစ်ဖို့တော့ လိုပါတယ်။ ဖားကသေသွားပေမယ့် ကြွက်သားတွေထဲက ဆဲလ်တွေက မသေသေးလို့ တုံ့ပြန်တာဖြစ်ပါတယ်။

 

Zawgyi

လူအေတာ္မ်ားမ်ား အကင္ဆိုင္ကို တစ္ေခါက္ေလာက္ေတာ့ ေရာက္ဖူးၾကပါလိမ့္မယ္။ ကင္ဖို႔ဆိုၿပီး ပန္းကန္ျပားထဲထည့္ထားတဲ့ အသားတုံးက သင့္မ်က္စိေရွ႕တင္ လႈပ္႐ြလာၿပီး လမ္းေလွ်ာက္ကာ စားပြဲေပၚကေန ဆင္းေျပးသြားရင္ သင္ဘယ္လို ျဖစ္သြားမလဲ၊ ေရွာ့ခ္ရသြားမွာလား..?

ဒီလိုအျဖစ္မ်ိဳးကိုေတာ့ ဘယ္သူမွ ကိုယ္တိုင္ႀကဳံဖူးၾကလိမ့္မယ္ မထင္ပါဘူး၊ ဒါေပမယ့္ တစ္ကယ္ရွိပါတယ္။ လက္တေလာ အင္တာနက္ေပၚမွာ လွ်ပ္စီးလက္သလို အႀကီးအက်ယ္ပ်ံ႕ႏွံ႔ေနတဲ့ ႐ုပ္သံတစ္ခုက ၾကည့္မိသူတိုင္း ထိတ္လန႔္စြာနဲ႔ WTF လို႔ အသံထြက္ၿပီး ေအာ္ၾကရတဲ့ထိ ေၾကာက္စရာေကာင္းတာကိုေတြ႕ရပါတယ္။႐ုပ္သံ Video ကို ေအာက္တြင္ ေဖာ္ျပထားပါသည္။

အာရွအကင္ဆိုင္ တစ္ဆိုင္ကို ညေနစာစားဖို႔ ေရာက္သြားတဲ့ Rie Phillips ဆိုသူ အမ်ိဳးသမီးဟာ သူ႔အတြက္ ကင္ေပးဖို႔ျပင္ဆင္ထားတဲ့ အေရခြံခြၽတ္ထားၿပီးသား ဖားတစ္ေကာင္ရဲ႕ အသားတုံး အပိုင္းတစ္ခုဟာ သူမရဲ႕ မ်က္စိေရွ႕ေမွာက္မွာပဲ လႈပ္လာၿပီး ပန္းကန္ျပားထဲကေန ကုန္းထကာ စားပြဲေပၚကေန တြားသြား ထြက္ေျပးသြားတာကို မထင္မွတ္ပဲ ထိတ္လန႔္စြာ ေတြ႕လိုက္ရပါတယ္။

႐ုပ္သံကို ၾကည္ရႈသူတိုင္းက အထူးအဆန္းျဖစ္ကာ ထိတ္လန႔္ခဲ့ၾကပါတယ္၊ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ဒါဟာ လုပ္ႀကံထားတဲ့ ႐ုပ္သံလို႔ ေဝဖန္ေနၾကၿပီး အသားတုံးကို ဆြဲခ်တဲ့ ႀကိဳးရွိမယ္လို႔ ေဝဖန္ကာ ဗီဒီယိုကို ေသခ်ာစမ္းစစ္ေနၾကသူေတြလည္း ရွိပါတယ္။ ႐ုပ္သံအရ အသားတုံးဟာ ႀကိဳးနဲ႔ဆြဲခ်ဟန္မတူပဲ ကြၽတ္တစ္ေကာင္ လမ္းသြားသလို သူ႔ဟာသူ တြန႔္ေခါက္ကုန္းထသြားတာကိုေတြ႕ရပါတယ္။

ဒီ႐ုပ္သံေၾကာင့္ အသားငါးေတြကို လူေတြက ခ်က္ျပဳတ္စားေသာက္ၾကတဲ့အခါ သူတို႔အေနနဲ႔ နာက်င္မႈကို ခံစားေနရတုန္းလား ဆိုတဲ့ ေမးခြန္းေမးလာၾကပါတယ္။ အေျဖကေတာ့ သူတို႔ေတြဟာ ေသၿပီးသားေတြ ျဖစ္တာေၾကာင့္ နာက်င္မႈ လုံးဝ မရွိေတာ့ပါဘူး။ ဒါဆိုရင္ ဘာေၾကာင့္ အခုလို လႈပ္ရွားရသလဲလို႔ ထပ္ေမးစရာရွိျပန္ပါတယ္။

ျဖစ္ႏိုင္ေခ်ရွိတာက ဒီဗီဒီယိုကို မ႐ိုက္မီမွာ ဖားအသားတုံးေပၚကို ဆားျဖဴးလိုက္ဟန္ရွိတယ္လို႔ ယူဆမိပါတယ္။ ဆားဟာ ဖားေတြရဲ႕ ႂကြက္သားေတြကို ခဏတစ္ျဖဳတ္လႈပ္ရွားၿပီး ဆန႔္ငင္ဆန႔္ငင္ ျဖစ္ေအာင္ ႏႈိးစြႏိုင္တဲ့ အစြမ္းသတၱိရွိပါတယ္။ ဒါေပမယ့္ အရမ္း လတ္ဆတ္တဲ့ အသားျဖစ္ဖို႔ေတာ့ လိုပါတယ္။ ဖားကေသသြားေပမယ့္ ႂကြက္သားေတြထဲက ဆဲလ္ေတြက မေသေသးလို႔ တုံ႔ျပန္တာျဖစ္ပါတယ္။