ငွေကံမပွင့်သူများ၊ လာဘ်ပိတ်၍ စိတ်ညစ်နေသူများ သစ်တံခါးဆရာတော်ချီးမြှင့်သော ဒါနအဓိဌာန်လေး ဆောင်ရွက်ကြည့်ပါ…

ငွေကံမပွင့်သူများ၊ လာဘ်ပိတ်၍ စိတ်ညစ်နေသူများ သစ်တံခါးဆရာတော်ချီးမြှင့်သော ဒါနအဓိဌာန်လေး ဆောင်ရွက်ကြည့်ပါ

ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်းငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။

(အာရုံထားပုံ) စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သော ဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ဤမှန်သော သစ္စာစကားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။

ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ကျီးငှက်ကလေးတွေဝမ်းသာပီတိဖြစ်ကာစားသုံးနိုင်၊ပျော်ရွှင်နိုင်သလိုပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ ဆောင်ရွက်နိုင်ရပါလို၏ဟု စိတ်မှ ရည်မှတ် ပြောဆိုပါ။

လေယာဉ်သဖွယ် တစ်ကောင်ပြီးတစ်ကောင်ဆင်းသက်စားသောက် အသံပေးနေကြသောစာကလေးတွေ၊ငှက်ကလေးတွေကို ကြည့်ပြီးအလှူဒါနကိုပွားကာ ပီတိဖြစ်နေပါ။

ထူးခြားပါ၏။ ရက်များမကြာမီ လာဘ်လာဘတွေ အလုပ် အကိုင်တွေ ကောင်းကာ အဆင်ပြေမည်။ နေ့စဉ်နေ့တိုင်း နံနက်တိုင်း အာစိဏ္ဏကံဆောင်ရွက်နိုင်ပါက ပိုပြီးထူးခြားပါ၏။

နောက်တစ်နည်း ဆောင်ရွက်ပုံမှာ စာကလေး၊ ငှက်တွေ၊ ခိုတွေ၊ ကျီး ကျွေးစဉ် ဤဂါထာလေး ရွတ်ပွားပြီး ဆောင်ရွက်ပါကလည်း ထူးခြားပါ၏။

“ဥုံ အကု အကု ဗုဒ္ဓေါပိယ ဓမ္မောပိယ၊ သံဃောပိယ ဣစ္ဆာ သယအာလောက် အာလောက် အာလောက်” ဟု ၃၇ ခေါက်ရွတ်ဆိုပြီး ကျွေးပါကလည်း ထူးခြားပါ၏။

တကယ်လိုချင် တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ပါ၏။ ယုံကြည်မှုသာအရေးကြီးပါ၏။ ဂုဏ်တော် တစ်ပါးပါး ပွားပြီးမေတ္တာပို့လွှတ်ကာ ဆောင်ရွက်ပါ။ ဒါနပြုပါ။ ပိုပြီး သိသာပါ၏။ ဆောင်ရွက်ကြည့်ပါ။ လက်တွေ့ပါပဲ။

သစ်တံခါးဆရာတော်၏ “ကံထူးကံမြင့်လာဘ်ပွင့် လောကီအောင်မြင်စေကြောင်းအဓိဋ္ဌာန်ကျင့်စဉ်များ” စာအုပ်မှ ကူးယူဖော်ပြပါသည်။

Credit…မနောမယဂျာနယ်

 

Zawgyi

ေငြကံမပြင့္သူမ်ား၊ လာဘ္ပိတ္၍ စိတ္ညစ္ေနသူမ်ား သစ္တံခါးဆရာေတာ္ခ်ီးျမႇင့္ေသာ ဒါနအဓိဌာန္ေလး ေဆာင္႐ြက္ၾကည့္ပါ

ေငြကံမပြင့္ လာဘ္လာဘေတြ ပိတ္ဆို႔ေနပါက လုပ္သမွ် မေအာင္ျမင္ျဖစ္ေနပါက မိမိတို႔စားမည့္ဆန္အိုးထဲမွ အနည္းငယ္မွ်ေသာဆန္ကို ယူၿပီး ေျမကြက္လပ္ေနရာတစ္ခု စီစဥ္ၿပီး စာကေလးေတြကို အစာေကြၽးပါ။

(အာ႐ုံထားပုံ) စိတ္ထဲမွေနၿပီး ယခုဒါနျပဳျခင္းသည္ မိမိတို႔စားမည္ျဖစ္ေသာ ဆန္အိုးထဲမွ၊ ဆန္အိတ္ထဲမွခြဲေဝ၍ ဒါနျပဳျခင္း၊ အလႉဒါနျပဳျခင္း ျဖစ္ပါ၏။ဤမွန္ေသာ သစၥာစကားေတာ္ေၾကာင့္ စီးပြားက် စိတ္ညစ္ေနရၿပီး ပိတ္ဆို႔ေနေသာ လာဘ္လာဘမ်ား ပြင့္ပါေစ၊ လာဘ္လာဘေတြ ႐ႊင္ပါေစ၊ေငြဝင္ပါေစ၊ စိတ္မွ ရည္မွန္းပါ။

ယခုလာေရာက္၍ သုံးေဆာင္ စားသုံးၾကေသာ စာကေလး၊ ခို၊က်ီးငွက္ကေလးေတြဝမ္းသာပီတိျဖစ္ကာစားသုံးႏိုင္၊ေပ်ာ္႐ႊင္ႏိုင္သလိုေပ်ာ္႐ႊင္ရပါလို၏။ သုံးေဆာင္ရပါလို၏။ ဒါနအက်ိဳး ဆက္၍ တိုးပြားကာ ေဆာင္႐ြက္ႏိုင္ရပါလို၏ဟု စိတ္မွ ရည္မွတ္ ေျပာဆိုပါ။

ေလယာဥ္သဖြယ္ တစ္ေကာင္ၿပီးတစ္ေကာင္ဆင္းသက္စားေသာက္ အသံေပးေနၾကေသာစာကေလးေတြ၊ငွက္ကေလးေတြကို ၾကည့္ၿပီးအလႉဒါနကိုပြားကာ ပီတိျဖစ္ေနပါ။

ထူးျခားပါ၏။ ရက္မ်ားမၾကာမီ လာဘ္လာဘေတြ အလုပ္ အကိုင္ေတြ ေကာင္းကာ အဆင္ေျပမည္။ ေန႔စဥ္ေန႔တိုင္း နံနက္တိုင္း အာစိဏၰကံေဆာင္႐ြက္ႏိုင္ပါက ပိုၿပီးထူးျခားပါ၏။

ေနာက္တစ္နည္း ေဆာင္႐ြက္ပုံမွာ စာကေလး၊ ငွက္ေတြ၊ ခိုေတြ၊ က်ီး ေကြၽးစဥ္ ဤဂါထာေလး ႐ြတ္ပြားၿပီး ေဆာင္႐ြက္ပါကလည္း ထူးျခားပါ၏။

“ဥဳံ အကု အကု ဗုေဒၶါပိယ ဓေမၼာပိယ၊ သံေဃာပိယ ဣစာၦ သယအာေလာက္ အာေလာက္ အာေလာက္” ဟု ၃၇ ေခါက္႐ြတ္ဆိုၿပီး ေကြၽးပါကလည္း ထူးျခားပါ၏။

တကယ္လိုခ်င္ တကယ္ျဖစ္ခ်င္ တကယ္လုပ္ အဟုတ္ျဖစ္ပါ၏။ ယုံၾကည္မႈသာအေရးႀကီးပါ၏။ ဂုဏ္ေတာ္ တစ္ပါးပါး ပြားၿပီးေမတၱာပို႔လႊတ္ကာ ေဆာင္႐ြက္ပါ။ ဒါနျပဳပါ။ ပိုၿပီး သိသာပါ၏။ ေဆာင္႐ြက္ၾကည့္ပါ။ လက္ေတြ႕ပါပဲ။

သစ္တံခါးဆရာေတာ္၏ “ကံထူးကံျမင့္လာဘ္ပြင့္ ေလာကီေအာင္ျမင္ေစေၾကာင္းအဓိ႒ာန္က်င့္စဥ္မ်ား” စာအုပ္မွ ကူးယူေဖာ္ျပပါသည္။

Credit…မေနာမယဂ်ာနယ္