၂ နှစ်အောက်ကလေးလေးတွေ လျှာခဏခဏ ထုတ်ရတဲ့အကြောင်းရင်း (၆) ခု

ကလေးလေးတွေက အိပ်နေရင်း ဒါမှမဟုတ် တခြားအချိန်တွေမှာ လျှာထုတ်ရင် အရမ်းချစ်စရာ ကောင်းပါတယ်။ ဒီအပြုအမူက သာမန်ပါပဲ။ ဒါပေမယ့် ကလေးက နို့စို့အရွယ် ဆိုရင်တော့ မိဘတွေက သေသေချာချာ ကြည့်ရှုပေးသင့်ပါတယ်။ ကလေးတွေ လျှာထုတ်ရတဲ့ အကြောင်းအရင်းတွေကို ဒီနေ့မှာ love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ဗိုက်ဆာနေခြင်း

ကလေးလေးတွေက လျှာကို မကြာခဏ ထုတ်ထုတ်ပြတာက သူတို့ဗိုက်ဆာနေကြောင်း ဖော်ပြတာပါ။ ကလေးတွေက သူတို့ ဗိုက်ဆာဆာချင်း စပြီး ငိုလေ့မရှိပါဘူး။ မိဘတွေကို တချို့အမူအရာလေးတွေ လုပ်ပြတတ်ပါတယ်။ သူတို့ပါးစပ်ထဲကို လက်ထည့်ပြတာ၊ နှုတ်ခမ်းကို လက်ဝါးနဲ့ရိုက်တာ၊ နို့ဘူးနားကို တိုးလာတာ၊ လျှာထုတ်ထုတ်ပြတာတွေက ဗိုက်ဆာနေကြောင်း ဖော်ပြတဲ့ အမူအရာတွေပါပဲ။

၂။ ဗိုက်ပြည့်ခြင်း

ကလေးလေးတွေက ဗိုက်ပြည့်ပြီး ထပ်မစားချင်တော့တဲ့ အခါမှာလည်း လျှာထုတ်ပြ တတ်ပါတယ်။ ကလေးတွေက ဗိုက်ဆာတဲ့အချိန်ရော၊ ဗိုက်ပြည့်တဲ့အချိန်ပါ လျှာထုတ်ပြတတ်တာကြောင့် မိဘတွေက သေချာသတိထားပြီး ကြည့်ရမှာပါ။

၃။ ကစားခြင်း

ကလေးတွေက လသားအရွယ်လောက်မှာ မျက်နှာအမူအရာတွေနဲ့ ကစားတတ်ပါတယ်။ သူတို့ရဲ့လျှာကို ထုတ်ထုတ်ပြတာက သူတို့ရဲ့ကစားနည်းတစ်မျိုးဖြစ်သလို အနီးအနား ပတ်ဝန်းကျင်က လူတွေနဲ့ ဆက်သွယ်နည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ အပြုအမူကြောင့် ကလေးမှာ မိတ်ဆွေတွေ ပိုတိုးလာပါတယ်။

၄။ မာတဲ့အစားအစာတွေကို မစားနိုင်ကြောင်း ဖော်ပြခြင်း

ကလေးတွေက မာတဲ့အစားအစာတွေကို အသက် ၆ လအရွယ်လောက်မှ စပြီးစားနိုင်တာပါ။ အဲဒါကြောင့် အစာမာတွေ ကျွေးတဲ့အခါ မစားနိုင်သေးကြောင်းလျှာထုတ်ပြတာပါ။ အဲဒီလို အလိုအလျောက် တုံ့ပြန်မှုက ကလေးတွေကို အစားအစာ ဆို့နင်တဲ့ဘေးကနေ ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၅။ ပါးစပ်နဲ့ အသက်ရှူခြင်း

ကလေးတွေက တစ်ခါတရံမှာ အအေးမိတာ၊ နှာစေးတာ၊ အာသီးရောင်တာတွေဖြစ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူသွင်းရှူထုတ် လုပ်ကြပါတယ်။ ပါးစပ်ကနေ အသက်ရှူရတာဖြစ်လို့ လျှာကလည်း အပြင်ကို ထွက်လာပါတယ်။ အသက်ရှူတဲ့အခါ ပုံမှန်မဟုတ်တဲ့ အသံတွေ ထွက်ပေါ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

၆။ အခြားကျန်းမာရေးပြဿနာ

ကလေးတွေက လျှာလေးထုတ်ထုတ်ပြတာ ပုံမှန်ဆိုပေမယ့် တစ်ခါတရံမှာတော့ တခြားကျန်းမာရေး ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးက ခဏခဏ လျှာထုတ်နေမယ်၊ သွားရည်တွေ အရမ်းကျနေမယ်၊ အမူအရာတွေက ထူးဆန်းနေမယ်ဆိုရင် ဆရာဝန်နဲ့ မြန်မြန်ပြသ သင့်ပါတယ်။

Zombie (lovemedia)

ကေလးေလးေတြက အိပ္ေနရင္း ဒါမွမဟုတ္ တျခားအခ်ိန္ေတြမွာ လွ်ာထုတ္ရင္ အရမ္းခ်စ္စရာ ေကာင္းပါတယ္။ ဒီအျပဳအမူက သာမန္ပါပဲ။ ဒါေပမယ့္ ကေလးက ႏို႔စို႔အ႐ြယ္ ဆိုရင္ေတာ့ မိဘေတြက ေသေသခ်ာခ်ာ ၾကည့္ရႈေပးသင့္ပါတယ္။ ကေလးေတြ လွ်ာထုတ္ရတဲ့ အေၾကာင္းအရင္းေတြကို ဒီေန႔မွာ love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ဗိုက္ဆာေနျခင္း

ကေလးေလးေတြက လွ်ာကို မၾကာခဏ ထုတ္ထုတ္ျပတာက သူတို႔ဗိုက္ဆာေနေၾကာင္း ေဖာ္ျပတာပါ။ ကေလးေတြက သူတို႔ ဗိုက္ဆာဆာခ်င္း စၿပီး ငိုေလ့မရွိပါဘူး။ မိဘေတြကို တခ်ိဳ႕အမူအရာေလးေတြ လုပ္ျပတတ္ပါတယ္။ သူတို႔ပါးစပ္ထဲကို လက္ထည့္ျပတာ၊ ႏႈတ္ခမ္းကို လက္ဝါးနဲ႔႐ိုက္တာ၊ ႏို႔ဘူးနားကို တိုးလာတာ၊ လွ်ာထုတ္ထုတ္ျပတာေတြက ဗိုက္ဆာေနေၾကာင္း ေဖာ္ျပတဲ့ အမူအရာေတြပါပဲ။

၂။ ဗိုက္ျပည့္ျခင္း

ကေလးေလးေတြက ဗိုက္ျပည့္ၿပီး ထပ္မစားခ်င္ေတာ့တဲ့ အခါမွာလည္း လွ်ာထုတ္ျပ တတ္ပါတယ္။ ကေလးေတြက ဗိုက္ဆာတဲ့အခ်ိန္ေရာ၊ ဗိုက္ျပည့္တဲ့အခ်ိန္ပါ လွ်ာထုတ္ျပတတ္တာေၾကာင့္ မိဘေတြက ေသခ်ာသတိထားၿပီး ၾကည့္ရမွာပါ။

၃။ ကစားျခင္း

ကေလးေတြက လသားအ႐ြယ္ေလာက္မွာ မ်က္ႏွာအမူအရာေတြနဲ႔ ကစားတတ္ပါတယ္။ သူတို႔ရဲ႕လွ်ာကို ထုတ္ထုတ္ျပတာက သူတို႔ရဲ႕ကစားနည္းတစ္မ်ိဳးျဖစ္သလို အနီးအနား ပတ္ဝန္းက်င္က လူေတြနဲ႔ ဆက္သြယ္နည္း တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ဒီလို ခ်စ္စရာေကာင္းတဲ့ အျပဳအမူေၾကာင့္ ကေလးမွာ မိတ္ေဆြေတြ ပိုတိုးလာပါတယ္။

၄။ မာတဲ့အစားအစာေတြကို မစားႏိုင္ေၾကာင္း ေဖာ္ျပျခင္း

ကေလးေတြက မာတဲ့အစားအစာေတြကို အသက္ ၆ လအ႐ြယ္ေလာက္မွ စၿပီးစားႏိုင္တာပါ။ အဲဒါေၾကာင့္ အစာမာေတြ ေကြၽးတဲ့အခါ မစားႏိုင္ေသးေၾကာင္းလွ်ာထုတ္ျပတာပါ။ အဲဒီလို အလိုအေလ်ာက္ တုံ႔ျပန္မႈက ကေလးေတြကို အစားအစာ ဆို႔နင္တဲ့ေဘးကေန ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

၅။ ပါးစပ္နဲ႔ အသက္ရႉျခင္း

ကေလးေတြက တစ္ခါတရံမွာ အေအးမိတာ၊ ႏွာေစးတာ၊ အာသီးေရာင္တာေတြျဖစ္တဲ့အခါ ပါးစပ္ကေန အသက္ရႉသြင္းရႉထုတ္ လုပ္ၾကပါတယ္။ ပါးစပ္ကေန အသက္ရႉရတာျဖစ္လို႔ လွ်ာကလည္း အျပင္ကို ထြက္လာပါတယ္။ အသက္ရႉတဲ့အခါ ပုံမွန္မဟုတ္တဲ့ အသံေတြ ထြက္ေပၚလာရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။

၆။ အျခားက်န္းမာေရးျပႆနာ

ကေလးေတြက လွ်ာေလးထုတ္ထုတ္ျပတာ ပုံမွန္ဆိုေပမယ့္ တစ္ခါတရံမွာေတာ့ တျခားက်န္းမာေရး ျပႆနာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ကေလးက ခဏခဏ လွ်ာထုတ္ေနမယ္၊ သြားရည္ေတြ အရမ္းက်ေနမယ္၊ အမူအရာေတြက ထူးဆန္းေနမယ္ဆိုရင္ ဆရာဝန္နဲ႔ ျမန္ျမန္ျပသ သင့္ပါတယ္။

Zombie (lovemedia)