၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၀.၁.၂၀၂၂ မှ ၁၆.၁.၂၀၂၂ အထိ
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် – မလိုအပ်ဘဲ စိတ်ပူပန်မှု များတာ၊ ဟိုဟာလုပ်ချင် ဒီဟာလုပ်ချင်နဲ့ စိတ်က မငြိမ်တာတွေကြောင့် အလုပ်တွေ ထိရောက်သင့် သလောက် မထိရောက်ဘဲ ဖြစ်မယ်။
ကိုယ့်ဘက်က သေချာကြိုးစားရင် အောင်မြင်မှု ရမယ့်ကာလ ဖြစ်မယ်။ လုပ်ငန်းမှာ အခွင့်အရေးတွေ ရလာမယ်။ ငွေကြေးအရလည်း အဆင်ပြေပြေဖြစ်နေမယ်။
ကျန်းမာရေး – အညောင်းထိုင်တာ၊ အကြောအချဉ် မကောင်းတာတွေ ဖြစ်တတ်တယ်။ ဘေးဥပါဒ် မရှိနိုင်ပါ။
လူမှုအိမ်ထောင် – အရင်တစ်ပတ်က နှစ်ဦးကြားညှိနှိုင်းမရတာလေးတွေ၊ စိတ်ခုစရာတွေ ဒီတစ်ပတ်မှာ ပြန်ပြီးတော့ ပြေလည်မှု ရလာမယ်။
စုံတွဲတွေ၊အိမ်ထောင်ရှင်တွေအဖို့ နားလည်မှု နွေးထွေးမှုတွေ အများကြီး ရလာလိမ့်မယ်။ လူငယ်တွေလည်း စန်းပွင့်တတ်တယ်။
လူမှုဆက်ဆံရေးကတော့ ပုံမှန်ပဲရှိမယ်။ ငယ်သူကြောင့် စိတ်ညစ်ရမယ်။
ကံကောင်းစေတဲ့ အရောင် – အနီ ၊ အပြာဖျော့၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၂ ၊ ၁ ကံကောင်းစေတဲ့ အရပ် – မြောက် ၊ အရှေ့မြောက် ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ အင်္ဂါ
ယတြာ – တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ အကြော်စုံ ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် – လုပ်ဖို့ကျန်နေတဲ့၊ နှောင့်နှေးနေတဲ့ လုပ်ငန်းတွေ ဒီအပတ်မှာ အရှိန်အဟုန်နဲ့ ပြန်ကောင်းမယ်။
လုပ်ငန်းသစ် စတင်တာ၊ အလုပ်သစ် ပြောင်းလဲကြည့်တာတွေလည်း အောင်မြင်မှု ရမယ်။
အစောပိုင်းရက်တွေ ခက်ခဲတတ်ပေမယ့် တဖြည်းဖြည်း အခြေအနေ ကောင်းလာမယ်။ ငွေရေးကြေးရေးမှာလည်း ကံပွင့်တတ်တယ်။
ကျန်းမာရေး – နေထိုင်မကောင်း၊ ဖျားနာနေသူတွေ ဒီတစ်ပတ်မှာ ပြန်သက်သာမယ်။ ဘေးကင်းသွားမယ်။
လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးကတော့ ဒီတစ်ပတ်မှာလည်း အဆင်မပြေမှုတွေ ဆက်ဖြစ်နေမယ်။
ကိုယ်က ဘယ်လောက်ကောင်းအောင် နေနေ၊ တစ်ဖက်သားက အကောင်းမြင်စရာ မရှိဘဲ အပြစ်တွေချည်းသာ ဖြစ်နေတတ်တယ်။
ပြဿနာ မဖြစ်အောင် ရှောင်ရမယ်။ လူမှုရေးမှာလည်း အလိမ်အညာတွေနဲ့ တိုးတတ်တယ်။
ကံကောင်းစေတဲ့ အရောင် – အနီရင့်၊ ကြက်သွေးရောင်၊ အဖြူဖျော့ ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၃ ၊ ၉ ကံကောင်းစေတဲ့ အရပ် – မြောက် ၊ အရှေ့ ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာ ၊ ကြာသပတေး
ယတြာ – တစ်ပတ်လုံး အိမ်ကဘုရားမှာ နေ့စဉ်မနက်တိုင်း ကြာဆံကြော် ကပ်လှူပြီး ဆုတောင်းပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် – အရင်တစ်ပတ်က ဘေးကျပ်နံကျပ်ဖြစ်ခဲ့တာတွေ ဒီအပတ်မှာ ချောင်ချောင်လည်လည် ပြန်ဖြစ်ပြီး လုပ်ငန်းစီးပွားလည်း သွက်လက်လာမယ်။
ဒါပေမယ့် ဘယ်သူ့ကိုမှ စိတ်ချယုံလို့ မရသေးဘဲ ကိုယ်ကိုယ်တိုင်က ကြိုးစားဦဆောင်မှသာ ကောင်းလိမ့်မယ်။
လုပ်ငန်းအတက်အကျ မြန်တတ်ပြီး ငွေအဝင်အထွက်လည်းများမယ်။
ကျန်းမာရေး – ဒီတစ်ပတ်မှာ ကိုယ်ခံအားကောင်းပြီး ကျန်းမာမယ်။ တစ်ခုခု ဖြစ်လည်း ခဏနဲ့ ပြန်ကောင်းမယ်။
လူမှုအိမ်ထောင် – မေတ္တာရေးကဏ္ဍမှာ စိတ်ကသိကအောက်ဖြစ်စရာလေးတွေ ဆက်ရှိနေမယ်။ တစ်ပါးသူကိစ္စနဲ့ စိတ်ပူရတာ၊ ခေါင်းခံရတာတွေလည်း ဖြစ်တတ်တယ်။
အချင်းချင်း သည်းညည်းမခံနိုင်ဘဲ စိတ်တိုမိတတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ မိတ်ကောင်းဆွေကောင်း ကြုံရမယ်။ ကိုယ့်အပေါ် စာနာကူညီမယ့်သူတွေ ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် – အနီ ၊ ရွှေအိုရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၁
ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ၊ အရှေ့ ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ ၊ သောကြာ
ယတြာ – ဆန်၊ ဆီ ၊ ဆား၊ ဆေး (၄) မျိုးကို မိမိတတ်နိုင်သလောက် စုပြီး ဘုန်းကြီးကျောင်းကို သွားလှူပေးပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် – အလုပ်တွေ ကောင်းနေရာက သိပ်ဟန်မကျတော့သလို ဖြစ်လာမယ်။ ကောင်းလိုက်ညံ့လိုက်နဲ့ ဖြစ်လာပြီး စိတ်တိုင်းမကျစရာတွေလည်း မြင်လာရမယ်။
လုပ်ငန်းမှာ ဆုံးဖြတ်ချက်တွေ မှားတတ်လို့ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆို နားလည်သူနဲ့တိုင်ပင်ပြီးမှ လုပ်ပါ။ ငွေကြေးကိစ္စမှာလည်း ရှုပ်ထွေးမှုတွေ ဖြစ်တတ်တယ်။
ကျန်းမာရေး – ရင်ဘတ်၊ ဝမ်းဗိုက်နေရာမှာ မအီမသာ ဖြစ်တတ်တယ်။ ဝမ်းပျက်ဝမ်းလျှော သတိပြုပါ။
လူမှုအိမ်ထောင် – ဒီတစ်ပတ်မှာလည်း မေတ္တာရေး အေးချမ်းမှုတွေ ဆက်ရလိမ့်မယ်။ ချစ်သူ၊ လက်တွဲဖော်ဆီက အကူအညီကောင်းတွေလည်း ရတတ်တယ်။
အကြီးအကဲတွေကပါ ကူညီမစလာမယ်။ ဂုဏ်တက်စရာ ရှိမယ်။ ပျိုရွယ်သူတွေလည်း မျက်နှာကောင်းရတတ်တယ်။
လူမှုရေးကဏ္ဍမှာ မိတ်ဆွေအသိုင်းအဝိုင်းကောင်း ရမယ်။ ကံကောင်းစေတဲ့ အရောင် – အဝါဖျော့ ၊ အဖြူဆွတ်ဆွတ်အရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၂ ၊ ၉ ၊ ၅ ကံကောင်းစေတဲ့ အရပ် – အရှေ့တောင် ကံကောင်းစေတဲ့ နေ့ရက် – သောကြာ
ယတြာ – တစ်ပတ်အတွင်း မြစ်၊ ချောင်းတစ်နေရာမှာ ရေသတ္တဝါတွေကို ရည်မှန်းပြီး အစာကျွေးပေးရမယ်။
ရာဟုဖွား
အလုပ်အကိုင် – ငွေကြေးစီးပွားကဏ္ဍမှာ ကိုယ်တိုင်က စိတ်မပါတာ၊ စိတ်ဝင်စားမှု လျော့နည်းတာတွေ ဖြစ်မယ်။
အလုပ်တွေကလည်း တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားတတ်တယ်။ စိတ်အားထက်သန်မှု ပျောက်ဆုံးပြီး အလုပ်ထဲ အာရုံမကျသလို ဖြစ်နေမယ်။
စိတ်လေလွင့်တာကြောင့် အလုပ်အကိုင်ရောငွေကြေးမှာပါ အားနည်းတတ်တယ်။
ကျန်းမာရေး – နေရထိုင်ရတာ မလန်ဆန်းသလို ဖြစ်တတ်ပေမယ့် ကျန်းမာရေးတော့ ထိခိုက်မှု မရှိနိုင်ပါ။
လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာ မရှိဘဲ သာသာယာယာ ဖြစ်မယ်။
ဒါပေမယ့် ကိုယ်က စိတ်လက် မကြည်သာလို့ လက်တွဲဖော်ကို အပြစ်ရှာ၊ မကောင်းမြင်မိတတ်တယ်။ သူ့ဘက်ကတော့ ကိုယ့်အပေါ် နားလည်မှု ရှိလိမ့်မယ်။
လူမှုရေးကဏ္ဍမှာ အပေါင်းအသင်းကြောင့် စိတ်ညစ်ရမယ်။ လူပေါင်းမှားသွားနိုင်တယ်။
ကံကောင်းစေတဲ့ အရောင် – အဝါနု ၊ အဖြူကွက်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၉ ကံကောင်းစေတဲ့ အရပ် – မြောက် ၊ အရှေ့တောင် ကံကောင်းစေတဲ့ နေ့ရက် – တနင်္လာနေ့ မွန်းလွဲနောက်ပိုင်း ၊ သောကြာ
ယတြာ – ဘုရားစေတီတစ်ဆူရဲ့ ရာဟုထောင့်မှာ ယပ်တောင်အနီ ၄ လက်ကို ကပ်လှူပေးရမယ်။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် – ဒီတစ်ပတ်မှာလည်း လုပ်ငန်းစီးပွားကံတွေ ဆက်ကောင်းနိုင်တယ်။
အကျိုးတူစီးပွားရေးတွေနဲ့ ကိုယ်ပိုင်လုပ်ငန်းမှာပါ အားတက်ကျေနပ်စရာတွေ ဖြစ်လာမယ်။
အစုစပ်ရှယ်ယာတွေ အောင်မြင်မှု ရလိမ့်မယ်။ ခရီးသွားလာလုပ်ကိုင်တာတွေလည်း အကျိုးအမြတ် ကောင်းမယ်။ ငွေကြေးအရ ထူးထူးခြားခြား ကံပွင့်နေမယ်။
ကျန်းမာရေး – ရေချိုးမှားတာ၊ အအေးပတ်တာတွေ ဖြစ်တတ်တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် – အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ အမြင်မတူတာတွေ ဖြစ်မယ်။ ထစ်ခနဲရှိ အထင်လွဲတာနဲ့ စိတ်ဆိုးစိတ်ကောက်စရာတွေချည်း ဖြစ်နေတတ်တယ်။
နားလည်မှု ရဖို့ ခက်ခဲလာမယ်။ သည်းခံပေးလိုက်မှသာ အဆင်ပြေလိမ့်မယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း သူတစ်ပါးကြောင့် စိတ်ပူရမယ်။ တာဝန်ယူပေးရလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် – ခရမ်းပြာ၊ အဖြူ
ကံစမ်းနိုင်တဲ့ ဂဏန်း – ၆ ၊ ၁ ၊ ၅ ကံကောင်းစေတဲ့ အရပ် – အနောက် ၊ အရှေ့ ကံကောင်းစေတဲ့ နေ့ရက် – တနင်္ဂနွေ ၊ တနင်္လာ
ယတြာ – တစ်ပတ်တာအတွင်း အိမ်ကဘုရားမှာ သစ်သီးဖျော်ရည်၊ သစ်သီးဆွမ်း မကြာခဏ လှူဒါန်းပေးပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် – အရင်အပတ်လောက် ကံဇာတာ မညံ့ပေမယ့် ဒီအပတ်မှာ သည်းခံစိတ်ရှည်နိုင်ပါမှ အလုပ်တွေ အဆင်ပြေလိမ့်မယ်။
လုပ်ငန်းခွင်မှာ အကြီးအကဲကြောင့် စိတ်ညစ်ရတတ်တယ်။ အစိုးရကိစ္စတွေ လုပ်ကိုင်ရရင် ပိုသတိထားရမယ်။ နိုင်ငံရပ်ခြားကိစ္စတွေတော့ ကောင်းတယ်။
ရပ်ဝေးမြေခြားက အကျိုးစီးပွားတွေ ရလိမ့်မယ်။
ကျန်းမာရေး – ဘေးကင်း ကျန်းမာမယ့်ကာလဖြစ်တယ်။ တော်ရုံတန်ရုံ ရောဂါဝေဒနာဆို သက်သာသွားမယ်။
လူမှုအိမ်ထောင် – မေတ္တာရေးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ များမယ်။ သူတစ်ပါးက ကြားဝင်ရှုပ်တာတွေ ကြုံရတတ်တယ်။
ဘေးလူတွေကြောင့် နှစ်ဦးကြားမှာ ပြဿနာ ဖြစ်တတ်တယ်။ ဘေးလူ အဝင်မခံရင် ပြဿနာ ပြေလည်ဖို့ လွယ်မယ်။
မိတ်ဆွေအပေါင်းအသင်းကိစ္စမှာ ကိုယ့်အပေါ် ကူညီဝိုင်းဝန်းမယ့်သူတွေ ရှိနေလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် – အပြာ ၊ အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၃ ၊ ၆ ကံကောင်းစေတဲ့ အရပ် – မြောက် ကံကောင်းစေတဲ့ နေ့ရက် – သောကြာ ၊ တနင်္လာ
ယတြာ – သီလရှင်ဆရာကြီး၊ ဆရာလေးတွေကို မိမိတတ်နိုင်သလောက် အလှူဒါန မကြာခဏ ပြုပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် – ဒီတစ်ပတ်မှာ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စအတွက် ပူပန်စရာတွေ များတတ်တယ်။
အတိုက်အခိုက် အနှောင့်အယှက်တွေကြောင့်လည်း လုပ်ငန်းမှာ အနည်းနဲ့အများ ရိုက်ခတ်မှု ရှိလာမယ်။
အလျင်စလို ဆုံးဖြတ် လုပ်ကိုင်ရင် အမှားများပြီး ဆုံးရှုံးတတ်တယ်။ အကြီးအကဲတွေ၊ အာဏာပိုင်တွေရဲ့ အငြိုအငြင်ခံရတတ်တယ်။
ကျန်းမာရေး – နေထိုင်မကောင်း ဖြစ်တတ်တယ်။ ဖြစ်ပြီဆိုရင်လည်း နာတာရှည်လို ခံစားရတတ်တယ်။
လူမှုအိမ်ထောင် – တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပုံမှန်လေးပဲ ရှိမယ်ဆိုပေမယ့် စိတ်ထဲ အလိုမကျ မကျေနပ်တာလေးတွေ ခံစားနေရတတ်တယ်။
အချင်းချင်း မပွင့်လင်းဘဲဖြစ်နေလို့ တအုံတနွေးနွေး ဖြစ်နေမယ်။
စိတ်ထဲ အခုအခံတွေ များနေရင် ဒဲ့ရှင်းလိုက်တာ ကောင်းမယ်။ လူမှုရေးမှာ သတိထားစရာတွေ ရှိလာလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် – အဝါရင့် ၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း – ၁ ၊ ၂
ကံကောင်းစေတဲ့ အရပ် – အရှေ့မြောက် ကံကောင်းစေတဲ့ နေ့ရက် – အင်္ဂါ
ယတြာ – ဒီတစ်ပတ်မှာ အမဲသား (နွားသား) ရှောင်ပါ။ ဘုရားစေတီမှာ တံမြက်စည်းလှည်း သန့်ရှင်းရေး လုပ်ပေးပါ။
#lotaya_horoscope