မိုးပျံပူဖောင်းစီးရင်း အမြင့်ပေ 10,000 ရောက်မှပြုတ်ကျကာ သေဆုံးသွားခဲ့ရတဲ့ သားအမိနှစ်ယောက်(ရုပ်/သံ)

မိုးပျံပူဖောင်းစီးရင်း အမြင့်ပေ 10,000 ရောက်မှပြုတ်ကျကာ သေဆုံးသွားခဲ့ရတဲ့ သားအမိနှစ်ယောက်(ရုပ်/သံ)

တရုတ်နိုင်ငံမှာ နေထိုင်တဲ့သားအမိနှစ်ယောက်ဟာ မိုးပျံပူဖောင်းစီးရင်း အမြင့်ပေ 10,000 ရောက်မှမိုးပျံပူဖောင်းပေါက်ကွဲသွားခဲ့လို့

ပြုတ်ကျကာသေဆုံးသွားခဲ့ရမှုဖြစ်ပွားခဲ့ပါတယ် ။ အဆိုပါ Video ကိုတရုတ် social media site ဖြစ်တဲ့ Weibo မှာတော့ ဖော်ပြထားပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ 1ရက်နေ့မှာ တရုတ်နိုင်ငံ Shandong ပြည်နယ်မှာ

ဖြစ်ပွားခဲ့တာဖြစ်ပြီး video ထဲမှာ အမေဖြစ်သူနှင့် သမီးဖြစ်သူတို့ဟာ တစ်ယောက်ထိုင်ခုံ နှင့်

တစ်ယောက်တစ်ဖက်စီခွဲထိုင်ကာ မိုးပျံပူဖောင်းစပြီးစီးခဲ့တာပါ ။

တခြားမိုးပျံပူဖောင်တွေလို ခရီးသွားဧည့်သည်တွေတက်စီးဖို့ ခြင်းတောင်းမျိုးမပါရှိပါဘူး ။

မိုးပျံပူဖောင်း တစ်ခုလုံးက လုံးဝကိုမခိုင်ခံ့တဲ့ပုံစံမျိုးနှင့် ကြိုးများဖြင့်သာချိတ်ဆွဲထားတာကိုလည်း တွေ့ရှိရမှာပါ ။

အဆိုပါ မိုးပျံပူဖောင်းဟာ ၎င်းတို့သားအမိနှစ်ယောက်လုံးကို အမြင့်ပေပေါင်း 10,000 အထိခေါ်ဆောင်သွားခဲ့တာပါ ။

မိုးပျံပူဖောင်းများရဲ့ ပုံမှန်အမြင့်ပေဟာ ပေပေါင်း 1000 နဲ့ 3000 ကြားသားရှိသင့်ကြောင်း

Outdoor Troop ရဲ့ဖော်ပြချက်များအရသိရှိရပါတယ် ။

ရုတ်တရက်ကိုပဲ အဆိုပါမိုးပျံပူဖောင်းဟာ လှမ်းမမြင်နိုင်တော့လောက်တဲ့ အမြင့်ပေအထိကို

ရောက်ရှိသွားခဲ့ပြီး မျက်မြင်သက်သေတွေရဲ့ပြောကြားချက်ကတော့ သားအမိနှစ်ယောက်လုံးမြေပြင်ပေါ်သို့

အရှိန်ပြင်းပြင်းနှင့် ဆိုးဆိုးရွားရွားပြုတ်ကျသေဆုံးသွားခဲ့ရတာကို တွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ကြပါတယ် ။

ထို့အပြင် Oriental Daily သတင်းဆောင်းပါးတွင် ဖော်ပြထားချက်အရ သားအမိနှစ်ယောက်လုံး

မြေပြင်ပေါ်ပြုတ်ကျခဲ့ချိန်မှာတော့ ရုပ်အလောင်းမှာ အစိတ်စိတ်အမွှာမွှာကွဲကြေ သွားခဲ့ရကြောင်းလည်း ဖော်ပြထားခဲ့ပါတယ် ။

ရဲအရာရှိများကတော့ အဆိုပါမိုးပျံပူဖောင်းကုမ္ပဏီဟာ တရားဝင်မဟုတ်သည့်အတွက် ဥပဒေနှင့်ဆန့်ကျင်နေကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါ အဖြစ်အပျက်ကိုတော့ ဥပဒေနှင့်ဆန့်ကျင်ပြီး ပြစ်မှုကျူ းလွန်းခဲ့သည့်လုပ်ရပ်အဖြစ် ဖော်ပြထားခဲ့ပါတယ် ။

ထို့အပြင် ၎င်းမိုးပျံပူဖောင်းကုမ္ပဏီဟာ လတ်မှတ်ဝယ်ယူထားခဲ့ကြသော အခြားသောလာရောက်လည်ပတ်သူများကိုလည်း ငွေပြန်အ

မ်းပေးခဲ့ရပါတယ် ။

ယခုကိစ္စရပ်အတွက်လည်း စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရှိရပါတယ် ။

ဒါကြောင့် မိုးပျံပူဖောင်းစီးဖူးချင်ကြတဲ့သူတွေအတွက် ယခုကဲ့သို့အဖြစ်အပျက်မျိုးမဖြစ်ပွားအောင်

အဆိုပါလုပ်ငန်းအဖွဲ့အစည်းများ၏အခြေအနေ ၊ လုံခြုံမှုများကို အရင်စစ်ဆေးပြီးမှသာ ဆုံးဖြတ်ချက်ချသင့်ကြောင်း ဖော်ပြလိုက်ရပါတယ် ။

Zawgyi

မိုးပ်ံပူေဖာင္းစီးရင္း အျမင့္ေပ 10,000 ေရာက္မွျပဳတ္က်ကာ ေသဆုံးသြားခဲ့ရတဲ့ သားအမိႏွစ္ေယာက္(႐ုပ္/သံ)

တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့သားအမိႏွစ္ေယာက္ဟာ မိုးပ်ံပူေဖာင္းစီးရင္း အျမင့္ေပ 10,000 ေရာက္မွမိုးပ်ံပူေဖာင္းေပါက္ကြဲသြားခဲ့လို႔

ျပဳတ္က်ကာေသဆုံးသြားခဲ့ရမႈျဖစ္ပြားခဲ့ပါတယ္ ။ အဆိုပါ Video ကိုတ႐ုတ္ social media site ျဖစ္တဲ့ Weibo မွာေတာ့ ေဖာ္ျပထားပါတယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ 1ရက္ေန႔မွာ တ႐ုတ္ႏိုင္ငံ Shandong ျပည္နယ္မွာ

ျဖစ္ပြားခဲ့တာျဖစ္ၿပီး video ထဲမွာ အေမျဖစ္သူႏွင့္ သမီးျဖစ္သူတို႔ဟာ တစ္ေယာက္ထိုင္ခုံ ႏွင့္

တစ္ေယာက္တစ္ဖက္စီခြဲထိုင္ကာ မိုးပ်ံပူေဖာင္းစၿပီးစီးခဲ့တာပါ ။

တျခားမိုးပ်ံပူေဖာင္ေတြလို ခရီးသြားဧည့္သည္ေတြတက္စီးဖို႔ ျခင္းေတာင္းမ်ိဳးမပါရွိပါဘူး ။

မိုးပ်ံပူေဖာင္း တစ္ခုလုံးက လုံးဝကိုမခိုင္ခံ့တဲ့ပုံစံမ်ိဳးႏွင့္ ႀကိဳးမ်ားျဖင့္သာခ်ိတ္ဆြဲထားတာကိုလည္း ေတြ႕ရွိရမွာပါ ။

အဆိုပါ မိုးပ်ံပူေဖာင္းဟာ ၎တို႔သားအမိႏွစ္ေယာက္လုံးကို အျမင့္ေပေပါင္း 10,000 အထိေခၚေဆာင္သြားခဲ့တာပါ ။

မိုးပ်ံပူေဖာင္းမ်ားရဲ႕ ပုံမွန္အျမင့္ေပဟာ ေပေပါင္း 1000 နဲ႔ 3000 ၾကားသားရွိသင့္ေၾကာင္း

Outdoor Troop ရဲ႕ေဖာ္ျပခ်က္မ်ားအရသိရွိရပါတယ္ ။

႐ုတ္တရက္ကိုပဲ အဆိုပါမိုးပ်ံပူေဖာင္းဟာ လွမ္းမျမင္ႏိုင္ေတာ့ေလာက္တဲ့ အျမင့္ေပအထိကို

ေရာက္ရွိသြားခဲ့ၿပီး မ်က္ျမင္သက္ေသေတြရဲ႕ေျပာၾကားခ်က္ကေတာ့ သားအမိႏွစ္ေယာက္လုံးေျမျပင္ေပၚသို႔

အရွိန္ျပင္းျပင္းႏွင့္ ဆိုးဆိုး႐ြား႐ြားျပဳတ္က်ေသဆုံးသြားခဲ့ရတာကို ေတြ႕ရွိခဲ့ရေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

ထို႔အျပင္ Oriental Daily သတင္းေဆာင္းပါးတြင္ ေဖာ္ျပထားခ်က္အရ သားအမိႏွစ္ေယာက္လုံး

ေျမျပင္ေပၚျပဳတ္က်ခဲ့ခ်ိန္မွာေတာ့ ႐ုပ္အေလာင္းမွာ အစိတ္စိတ္အမႊာမႊာကြဲေၾက သြားခဲ့ရေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါတယ္ ။

ရဲအရာရွိမ်ားကေတာ့ အဆိုပါမိုးပ်ံပူေဖာင္းကုမၸဏီဟာ တရားဝင္မဟုတ္သည့္အတြက္ ဥပေဒႏွင့္ဆန႔္က်င္ေနေၾကာင္းလည္း သိရွိရပါတယ္ ။

အဆိုပါ အျဖစ္အပ်က္ကိုေတာ့ ဥပေဒႏွင့္ဆန႔္က်င္ၿပီး ျပစ္မႈက်ဴ းလြန္းခဲ့သည့္လုပ္ရပ္အျဖစ္ ေဖာ္ျပထားခဲ့ပါတယ္ ။

ထို႔အျပင္ ၎မိုးပ်ံပူေဖာင္းကုမၸဏီဟာ လတ္မွတ္ဝယ္ယူထားခဲ့ၾကေသာ အျခားေသာလာေရာက္လည္ပတ္သူမ်ားကိုလည္း ေငြျပန္အ

မ္းေပးခဲ့ရပါတယ္ ။

ယခုကိစၥရပ္အတြက္လည္း စုံးစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း သိရွိရပါတယ္ ။

ဒါေၾကာင့္ မိုးပ်ံပူေဖာင္းစီးဖူးခ်င္ၾကတဲ့သူေတြအတြက္ ယခုကဲ့သို႔အျဖစ္အပ်က္မ်ိဳးမျဖစ္ပြားေအာင္

အဆိုပါလုပ္ငန္းအဖြဲ႕အစည္းမ်ား၏အေျခအေန ၊ လုံၿခဳံမႈမ်ားကို အရင္စစ္ေဆးၿပီးမွသာ ဆုံးျဖတ္ခ်က္ခ်သင့္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္ ။