ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်း ဖြစ်ပေါ်လာနိုင်မှုအခြေအနေနှင့် ဧပြီ မေလအတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်း ဖြစ်ပေါ်လာနိုင်မှုအခြေအနေနှင့် ဧပြီ မေလအတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များ

၂၀၂၂ ခုနှစ်အတွက် ပုံမှန်မဟုတ်သော မိုးရွာသွန်းခြင်း ဖြစ်ပေါ်လာနိုင်မှုအခြေအနေနှင့် ဧပြီ မေလအတွက် မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များကို မိုးလေဝသ စေတနာရှင်မလေး စုစုစံမှ ကြိုတင်ခန့်မှန်းပေးထားပါတယ်။

ခန့်မှန်းချက်အရ” ၂၀၂၂ ဇန်နဝါရီလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အတွင်း မြန်မာနိုင်ငံတွင် ပုံမှန်မဟုတ်တဲ့မိုးတွေရွာနိုင်ပါတယ်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ၁၃ရက်နေ့မှ ၁၅ရက်နေ့အတွင်း မိုးရွာနိုင်ပါတယ်။ဧရာဝတီတိုင်းမြောက်ပိုင်း ပဲခူးတိုင်း မကွေးတိုင်း ရခိုင်ပြည်နယ် ချင်းပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တွေမှာ ၂၀၂၂ ဇန်နဝါရီလ ၁၅ရက် ၁၆ရက်နေ့တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်ပါတယ်။

ဆားလုပ်ငန်းလုပ်ကိုင်နေကြသော ဧရာဝတီတိုင်း လပွတ္တာ မွန်ပြည်နယ် သံဖြူဇရပ် ပင ရေး ဒေသတွေနှင့် တနင်္သာရီတိုင်း ဒေသတွေမှာတော့ မိုးရွာဖွယ်မရှိပါဘူး ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် မိုးရွာဖွယ်မရှိပါဘူး။

၂၀၂၂ မေလမှာမိုးဦးစောပြီး ပင်လယ်ဘူး ဝန်းသို ကောလင်း ထီးချိုင့် အင်းတော် မဲဇာ မန်လည် ကောလင်း ဒေသများစိုက်ပျိုးရေအလုံအလောက်ရရှိနိုင်ပါတယ် သဖန်းဆိပ်ဆည်ရေများစွာစီးဝင်လာမှာဖြစ်ပြီးမွန်ပြည်နယ် ကရင်ပြည်နယ်ရန်ကုန်တိုင်း ဧရာဝတီတိုင်းပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တွေမှာ ၂၀၂၂ ဧပြီလမှာ မိုးစတင်ရွာသွန်းနိုင်ပါတယ်။

မေလမှာ မုတ်သုန်လေစောစီးစွာဝင်ရောက်လာမှာဖြစ်လို့ စိုက်ပျိုးရေးသမားများ တောင်သူလယ်သမားများ စိုက်ပျိုးရန်အဆင်သင့်ပြင်ဆင်ထားသင့်သလို့ ဆားလုပ်ငန်း အုတ်လုပ်ငန်း ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေသူများနှင့် နွေသီးနှံဆောင်းသီးနှံ ရိတ်သိမ်းကြသူများ ကြိုတင်သတိထားဆောင်ရွက်နိုင်ကြစေရန် လဝေး Long range မင်းရွတ်သီးလေးရဲ့ Long kick ခန့်မှန်းပေးလိုက်ပါတယ်။

၂၀၂၂ မေလတွင် မုတ်သုန်လေစောစီးစွာမြန်မာတစ်နိုင်လုံးကိုရောက်ရှိလာကာမိုးများရွာသွန်းနိုင်ပြီး ကချင်ပြည်နယ်ကြီးမှာမိုးများစွာရွာသွန်းမှာဖြစ်တဲ့အတွက် ဧရာဝတီမြစ် ချင်းတွင်းမြစ်တို့ရဲ့မြစ်ရေသည် ယခင်နှစ်များကထက် စောပြီးပုံမှန်မြစ်ရဲ့ ရေမှတ်တွေကိုရောက်ရှိနိုင်ပါသဖြင့် နွေရာသီ မြစ်များအတွင်းစိုက်ပျိုးကြသောကျွန်းစိုက်တောင်သူများသတိထားရပါလိမ့်မယ်။

ဧပြီလမှာအပြီးရိတ်သိမ်းထားနိုင်ဖို့ချိန်ဆတွက်ကြဖို့လိုပါတယ် ၂၀၂၂ မေမိုးဦးသည်မြန်မာတစ်နိုင်ငံလုံးမှာမိုးရွာသွန်းစေမှာဖြစ်လို့နှစ်ရှည်ပင်များစိုက်ပျိုးရန်အသင့်ပြင်ဆင်ထားကြပါ။

တောတောင်တွေပြန်လည်စိမ်းလန်းစိုပြေစေရန် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း စုဖွဲစိုက်ပျိုးခြင်းများလုပ်ဆောင်ကြရန် အကောင်းဆုံးအချိန်အခါ အခွင့်ရေးပေးမယ့် လတစ်လဖြစ်လာမှာဖြစ်ပါတယ်” လို့ ကြိုတင်ခန့်မှန်းပေးထားပါတယ်။

Zawgyi

ပုံမွန္မဟုတ္ေသာ မိုး႐ြာသြန္းျခင္း ျဖစ္ေပၚလာႏိုင္မႈအေျခအေနႏွင့္ ဧၿပီ ေမလအတြက္ မိုးေလဝသ ႀကိဳတင္ခန႔္မွန္းခ်က္မ်ား

၂၀၂၂ ခုႏွစ္အတြက္ ပုံမွန္မဟုတ္ေသာ မိုး႐ြာသြန္းျခင္း ျဖစ္ေပၚလာႏိုင္မႈအေျခအေနႏွင့္ ဧၿပီ ေမလအတြက္ မိုးေလဝသ ႀကိဳတင္ခန႔္မွန္းခ်က္မ်ားကို မိုးေလဝသ ေစတနာရွင္မေလး စုစုစံမွ ႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။

ခန႔္မွန္းခ်က္အရ” ၂၀၂၂ ဇန္နဝါရီလ ၁၂ရက္ေန႔မွ ၁၆ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတြင္ ပုံမွန္မဟုတ္တဲ့မိုးေတြ႐ြာႏိုင္ပါတယ္။

ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းအထက္ပိုင္းတြင္ ၁၃ရက္ေန႔မွ ၁၅ရက္ေန႔အတြင္း မိုး႐ြာႏိုင္ပါတယ္။ဧရာဝတီတိုင္းေျမာက္ပိုင္း ပဲခူးတိုင္း မေကြးတိုင္း ရခိုင္ျပည္နယ္ ခ်င္းျပည္နယ္ စစ္ကိုင္းတိုင္း မႏၲေလးတိုင္း ေနျပည္ေတာ္ ကယားျပည္နယ္ ရွမ္းျပည္နယ္ေတြမွာ ၂၀၂၂ ဇန္နဝါရီလ ၁၅ရက္ ၁၆ရက္ေန႔တို႔တြင္ မိုးအနည္းငယ္မွ မိုးအသင့္အတင့္႐ြာသြန္းႏိုင္ပါတယ္။

ဆားလုပ္ငန္းလုပ္ကိုင္ေနၾကေသာ ဧရာဝတီတိုင္း လပြတၱာ မြန္ျပည္နယ္ သံျဖဴဇရပ္ ပင ေရး ေဒသေတြႏွင့္ တနသၤာရီတိုင္း ေဒသေတြမွာေတာ့ မိုး႐ြာဖြယ္မရွိပါဘူး ရန္ကုန္တိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ မိုး႐ြာဖြယ္မရွိပါဘူး။

၂၀၂၂ ေမလမွာမိုးဦးေစာၿပီး ပင္လယ္ဘူး ဝန္းသို ေကာလင္း ထီးခ်ိဳင့္ အင္းေတာ္ မဲဇာ မန္လည္ ေကာလင္း ေဒသမ်ားစိုက္ပ်ိဳးေရအလုံအေလာက္ရရွိႏိုင္ပါတယ္ သဖန္းဆိပ္ဆည္ေရမ်ားစြာစီးဝင္လာမွာျဖစ္ၿပီးမြန္ျပည္နယ္ ကရင္ျပည္နယ္ရန္ကုန္တိုင္း ဧရာဝတီတိုင္းပဲခူးတိုင္း ေနျပည္ေတာ္ ကယားျပည္နယ္ ရွမ္းျပည္နယ္ေတြမွာ ၂၀၂၂ ဧၿပီလမွာ မိုးစတင္႐ြာသြန္းႏိုင္ပါတယ္။

ေမလမွာ မုတ္သုန္ေလေစာစီးစြာဝင္ေရာက္လာမွာျဖစ္လို႔ စိုက္ပ်ိဳးေရးသမားမ်ား ေတာင္သူလယ္သမားမ်ား စိုက္ပ်ိဳးရန္အဆင္သင့္ျပင္ဆင္ထားသင့္သလို႔ ဆားလုပ္ငန္း အုတ္လုပ္ငန္း ေရထိမခံႏိုင္ေသာလုပ္ငန္းလုပ္ေဆာင္ေနသူမ်ားႏွင့္ ေႏြသီးႏွံေဆာင္းသီးႏွံ ရိတ္သိမ္းၾကသူမ်ား ႀကိဳတင္သတိထားေဆာင္႐ြက္ႏိုင္ၾကေစရန္ လေဝး Long range မင္း႐ြတ္သီးေလးရဲ႕ Long kick ခန႔္မွန္းေပးလိုက္ပါတယ္။

၂၀၂၂ ေမလတြင္ မုတ္သုန္ေလေစာစီးစြာျမန္မာတစ္ႏိုင္လုံးကိုေရာက္ရွိလာကာမိုးမ်ား႐ြာသြန္းႏိုင္ၿပီး ကခ်င္ျပည္နယ္ႀကီးမွာမိုးမ်ားစြာ႐ြာသြန္းမွာျဖစ္တဲ့အတြက္ ဧရာဝတီျမစ္ ခ်င္းတြင္းျမစ္တို႔ရဲ႕ျမစ္ေရသည္ ယခင္ႏွစ္မ်ားကထက္ ေစာၿပီးပုံမွန္ျမစ္ရဲ႕ ေရမွတ္ေတြကိုေရာက္ရွိႏိုင္ပါသျဖင့္ ေႏြရာသီ ျမစ္မ်ားအတြင္းစိုက္ပ်ိဳးၾကေသာကြၽန္းစိုက္ေတာင္သူမ်ားသတိထားရပါလိမ့္မယ္။

ဧၿပီလမွာအၿပီးရိတ္သိမ္းထားႏိုင္ဖို႔ခ်ိန္ဆတြက္ၾကဖို႔လိုပါတယ္ ၂၀၂၂ ေမမိုးဦးသည္ျမန္မာတစ္ႏိုင္ငံလုံးမွာမိုး႐ြာသြန္းေစမွာျဖစ္လို႔ႏွစ္ရွည္ပင္မ်ားစိုက္ပ်ိဳးရန္အသင့္ျပင္ဆင္ထားၾကပါ။

ေတာေတာင္ေတြျပန္လည္စိမ္းလန္းစိုေျပေစရန္ တစ္ပိုင္တစ္ႏိုင္စိုက္ပ်ိဳးျခင္း စုဖြဲစိုက္ပ်ိဳးျခင္းမ်ားလုပ္ေဆာင္ၾကရန္ အေကာင္းဆုံးအခ်ိန္အခါ အခြင့္ေရးေပးမယ့္ လတစ္လျဖစ္လာမွာျဖစ္ပါတယ္” လို႔ ႀကိဳတင္ခန႔္မွန္းေပးထားပါတယ္။