ေသဆုံးသြားခဲ့ၿပီလို႔ယူဆခဲ့ၾကလို႔ အေအးတိုက္အေခါင္းထဲမွာ ပိတ္မိေနခဲ့တဲ့ အမ်ိဳးသားရဲ႕အဆုံးသတ္(႐ုပ္သံ)

သေဆုံးသွားခဲ့ပြီလို့ယူဆခဲ့ကြလို့ အအေးတိုက်အခေါင်းထဲမှာ ပိတ်မိနေခဲ့တဲ့ အမျိုးသားရဲ့အဆုံးသတ်(ရုပ်သံ)

မိသားစုက ကွယ်လွန်သွားပြီလို့ကြောငြာခဲ့ပြီးနောက် အအေးတိုက်အခေါင်းတလားကနေ ကယ်ဆယ်နိုင်ခဲ့တဲ့အမျိုးသားတစ်ဦးဟာ ရက်အနည်းငယ်အကြာမှာဘဲ တကယ်သေဆုံးသွားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ Tamil Naduပြည်နယ် Kandhampattiရွာက နာမကျန်းဖြစ်ကာ အိပ်ယာထဲမှာဘဲလဲလျောင်းနေခဲ့ရတဲ့ အသက် ၇၄နှစ်အရွယ် ပင်စင်စား အမျိုးသား Balasubramanian Kumar ဟာ

ပြီးခဲ့တဲ့တနင်္လာနေ့မှာ ခန္ဓာကိုယ်မလှုပ်ရှားတော့တာကြောင့် မိသားစုဆွေမျိုးတွေက ကွယ်လွန်သွားပြီလို့ကြောငြာကာ ဓလေ့ထုံးစံအရခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ အအေးတိုက်အခေါင်းထဲကို ထည့်ထားခဲ့တာပါ။

လှုပ်ရှားနေတာကိုသတိထားမိပြီး ဝန်ထမ်းတွေအပြင်မထုတ်ပေးချိန်အထိ Mr Kumar ဟာ အအေးတိုက်အခေါင်းထဲမှာ၂၀နာရီ အကြာနေခဲ့ရပြီး ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမယ့်

သောကြာနေ့မှာတော့ သူဟာသေဆုံးခြင်းကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။

ဆေးရုံမှူး ဒေါက်တာ Balajinathan က ကယ်ဆယ်လိုက်ပြီးနောက် Mr Kumar ဟာရောဂါကြောင့်ဆက်တိုက်မေ့မျောနေခဲ့ပြီး အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းကို ပြောထားပါတယ်။

ဗီဒီယိုထဲအရ အအေးတိုက်အခေါင်းထဲကMr Kumarဟာ အသက်ပြင်းပြင်းရှုနေပြီးလှုပ်နေခဲ့တာပါ။Mr Kumarရဲ့သတင်းဟာ ချက်ချင်းဘဲ အိန္ဒိယနိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါသေးတယ်။

အခုချိန်မှာတော့ ရဲတွေဟာ Mr Kumar သေဆုံးသွားတာကိုကြောငြာခဲ့ပြီးနောက်သက်ဆိုင်တဲ့ကျန်းမာရေးစစ်ဆေးချက်တွေ မပြုလုပ်ခဲ့တဲ့အတွက် သူ့မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းလျက်ရှိနေပါတယ်။

Sooramangalam ရဲတပ်ဖွဲ့မှစစ်ဆေးရေးမှူး Rajasekaran က အိန္ဒိယရာဇဝတ်မှု ပုဒ်မ ၂၈၇(လူ့အသက်အတွက်အန္တရာယ်ရှိစေသောအပြုအမူများ)နဲ့

ပုဒ်မ ၃၃၆(အသက်အန္တရာယ်ထိခိုက်စေသောလုပ်ရပ်သို့မဟုတ် တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှု)စတဲ့ ပုဒ်မတွေနဲ့ အဆိုပါအမှုအား တရားဆွဲဆိုထားကြောင်း ဆိုထားပါတယ်။

Jasmine (Mckzone Daily)

ေသဆုံးသြားခဲ့ၿပီလို႔ယူဆခဲ့ၾကလို႔ အေအးတိုက္အေခါင္းထဲမွာ ပိတ္မိေနခဲ့တဲ့ အမ်ိဳးသားရဲ႕အဆုံးသတ္(႐ုပ္သံ)

မိသားစုက ကြယ္လြန္သြားၿပီလို႔ေၾကာျငာခဲ့ၿပီးေနာက္ အေအးတိုက္အေခါင္းတလားကေန ကယ္ဆယ္ႏိုင္ခဲ့တဲ့အမ်ိဳးသားတစ္ဦးဟာ ရက္အနည္းငယ္အၾကာမွာဘဲ တကယ္ေသဆုံးသြားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ Tamil Naduျပည္နယ္ Kandhampatti႐ြာက နာမက်န္းျဖစ္ကာ အိပ္ယာထဲမွာဘဲလဲေလ်ာင္းေနခဲ့ရတဲ့ အသက္ ၇၄ႏွစ္အ႐ြယ္ ပင္စင္စား အမ်ိဳးသား Balasubramanian Kumar ဟာ

ၿပီးခဲ့တဲ့တနလၤာေန႔မွာ ခႏၶာကိုယ္မလႈပ္ရွားေတာ့တာေၾကာင့္ မိသားစုေဆြမ်ိဳးေတြက ကြယ္လြန္သြားၿပီလို႔ေၾကာျငာကာ ဓေလ့ထုံးစံအရခႏၶာကိုယ္ကို ထိန္းသိမ္းႏိုင္ဖို႔ အေအးတိုက္အေခါင္းထဲကို ထည့္ထားခဲ့တာပါ။

လႈပ္ရွားေနတာကိုသတိထားမိၿပီး ဝန္ထမ္းေတြအျပင္မထုတ္ေပးခ်ိန္အထိ Mr Kumar ဟာ အေအးတိုက္အေခါင္းထဲမွာ၂၀နာရီ အၾကာေနခဲ့ရၿပီး ေဆး႐ုံသို႔ေခၚေဆာင္သြားခဲ့ေပမယ္႔

ေသာၾကာေန႔မွာေတာ့ သူဟာေသဆုံးျခင္းကို မေရွာင္လႊဲႏိုင္ခဲ့ပါဘူး။

ေဆး႐ုံမႉး ေဒါက္တာ Balajinathan က ကယ္ဆယ္လိုက္ၿပီးေနာက္ Mr Kumar ဟာေရာဂါေၾကာင့္ဆက္တိုက္ေမ့ေမ်ာေနခဲ့ၿပီး အဆုတ္နဲ႔ဆိုင္တဲ့ျပႆနာေတြေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း BBC သတင္းကို ေျပာထားပါတယ္။

ဗီဒီယိုထဲအရ အေအးတိုက္အေခါင္းထဲကMr Kumarဟာ အသက္ျပင္းျပင္းရႈေနၿပီးလႈပ္ေနခဲ့တာပါ။Mr Kumarရဲ႕သတင္းဟာ ခ်က္ခ်င္းဘဲ အိႏၵိယႏိုင္ငံရဲ႕ေခါင္းႀကီးပိုင္းသတင္းျဖစ္သြားခဲ့ပါေသးတယ္။

အခုခ်ိန္မွာေတာ့ ရဲေတြဟာ Mr Kumar ေသဆုံးသြားတာကိုေၾကာျငာခဲ့ၿပီးေနာက္သက္ဆိုင္တဲ့က်န္းမာေရးစစ္ေဆးခ်က္ေတြ မျပဳလုပ္ခဲ့တဲ့အတြက္ သူ႔မိသားစုဝင္ေတြကို စစ္ေဆးေမးျမန္းလ်က္ရွိေနပါတယ္။

Sooramangalam ရဲတပ္ဖြဲ႕မွစစ္ေဆးေရးမႉး Rajasekaran က အိႏၵိယရာဇဝတ္မႈ ပုဒ္မ ၂၈၇(လူ႔အသက္အတြက္အႏၲရာယ္ရွိေစေသာအျပဳအမူမ်ား)နဲ႔

ပုဒ္မ ၃၃၆(အသက္အႏၲရာယ္ထိခိုက္ေစေသာလုပ္ရပ္သို႔မဟုတ္ တျခားသူေတြရဲ႕ကိုယ္ေရးကိုယ္တာ လုံၿခဳံမႈ)စတဲ့ ပုဒ္မေတြနဲ႔ အဆိုပါအမႈအား တရားဆြဲဆိုထားေၾကာင္း ဆိုထားပါတယ္။

Jasmine (Mckzone Daily)