အိမ်မွေးတိရစ္ဆာန်အဖြစ် ဝက်အသေးမျိုးလေးဆိုပြီး ဝယ်ခဲ့လိုက်မိရာ ၃နှစ်အကြာမှာတော့ အံ့အားသင့်ခဲ့ရသော ပိုင်ရှင်…




 








 






 




သံယောဇဉ်ဖြစ်ကာ


Credit

 

Unicode

ဘရာဇီးလ်နိုင်ငံ Sao Pauloမြို့အနီးတွင် နေထိုင်သော

အသက်၅၉နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးသည်

ချစ်စရာကောင်းသည့် ဝက်အသေးမျိုးရောင်းဝယ်သူတစ်ဦးနှင့် ဆုံတွေ့ခဲ့ရာ

ဝက်ပေါက်လေးတစ်ကောင်အား အိမ်မွေးတိရစ္ဆာန်အဖြစ်

မွေးရန်အတွက် ဝယ်ယူခဲ့သည်။

အမျိုးသမီးကြီးသည် ဝက်ပေါက်လေးအား

Lilicaဟုပင် အမည်ပေးထားပြီး

တိရစ္ဆာန်ဆိုပြီးခွဲခြားမနေပဲ

သားသမီးရင်းချာလို ကျွေးမွေးပြုစုကာ

သန့်သန့်ရှင်းရှင်းထားပြီးတော့ အိပ်ရာခင်းနဲ့တကွ ပေးအိပ်ခဲ့သည်။

အမျိုးသမီးကြီးသည် ဝက်ပေါက်လေးသည်

အစားအရမ်းစားလွန်းသော်လည်း

အရွယ်ရောက်သည့်အခါမှာ သေးသေးလေးဖြစ်နေမည်ဟု ယုံကြည်ထားခဲ့ရာ

၃နှစ်အကြာတော့ အလေးချိန် ၂၅၀ကီလိုဂရမ်ကျော်ရှိနေတာကြောင့်

သူမအား ဝက်ရောင်းသူမှ လှည့်စားသွားပြီဆိုတာကို သိခဲ့ရသည်။

ထို့အတူ ရပ်ကွက်ထဲမှ အမျိုးသမီးကြီးဆီကနေ

ဘရာဇီးလ်ငွေ ရီးရဲလ်၂၀၀၀၀ကျော်ပေးကာ ဝယ်ယူခဲ့ပေမယ့်

သားသမီးရင်းချာလို ချစ်ရသည့်အတွက်

သံယောဇဉ်ဖြစ်ကာ

ရောင်းထုတ်ဖို့ငြင်းဆန်ခဲ့သည်။

Credit