အချစ်နဲ့ပတ်သက်ပြီး သင့်ရဲ့အားနည်းချက်ကို ဖော်ထုတ်ပေးမယ့် စမ်းသပ်ချက်လေးတစ်ခု
နံပါတ် ၁
နံပါတ် ၁ လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အပေါ်ယံချစ်ခြင်းမေတ္တာတွေကို မနှစ်သက်တဲ့လူတစ်ယောက်ပါ။ ဒါကြောင့် သင့်ကိုစစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးစွမ်းနိုင်မယ့်လူတွေကို မျှော်လင့်နေတတ်ပါတယ်။ လူတစ်ယောက်ရဲ့အပြုအမူနဲ့အပြောအဆိုက သင့်အပေါ် နည်းနည်းလေး ပြောင်းလဲသွားတာရင်တောင် သင့်မှာ ခံစားနေတတ်တဲ့ အကျင့်ကလည်း ရှိနေပြန်ပါတယ်။ ပြောရမယ်ဆိုရင် စိတ်ခံစားချက် အရမ်းနုတာပေါ့နော်။ သင့်လက်တွဲဖော်အနေနဲ့ ဒီအချက်တွေကို သည်းခံနားလည်ပေးနိုင်မှ သင်နဲ့ရေရှည်အဆင်ပြေနိုင်မှာပါ။
မဟုတ်ရင် သင်တို့နှစ်ယောက်က ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။ ဒါကလည်း သင့်အပေါ် အပြစ်တင်လို့မရပါဘူး။ သင့်အတိတ်မှာ နာကျည်းစရာတွေ၊ လိမ်လည်မှုတွေနဲ့ သစ္စာဖောက်မှုတွေကို ကြုံတွေ့ခဲ့ရလို့ပါ။ ဖြစ်ခဲ့သမျှတွေကို မေ့ပစ်ပြီး ဒီတစ်ခါတော့ ရဲရဲကြီးချစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ကြောက်ရွံ့နေရင် သင့်ဘဝမှာ ပျော်ရွှင်မှုတွေ ရနိုင်မှာမဟုတ်ဘူးလေနော်။
နံပါတ် ၂
နံပါတ် ၂ လေးကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ စိတ်နှလုံးသား သိမ်မွေ့နူးညံ့ပြီး အားနာတတ်တဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် အချစ်နဲ့ပတ်သက်လာရင် ဒီလိုအားနာတတ်တဲ့ စိတ်လေးက ဆုံးဖြတ်ချက်တွေကို မပြတ်မသားဖြစ်စေတတ်ပြီး သင့်ကို လူရှုပ်လူဆိုးတစ်ယောက်ဖြစ်အောင် လုပ်ပစ်ကြပါတယ်။ တနည်းပြောရမယ်ဆိုရင် သင်ဟာ မထင်ရလောက်အောင် ရိုးရိုးလေးနဲ့ ပွေတတ်တဲ့လူတစ်ယောက်လို့ အများအမြင်မှာ ထင်ကြေးပေးခံရတတ်တာမျိုးပေါ့။
ဒါကြောင့် သင့်မှာချစ်သူရှိနေရင် ချစ်သူနဲ့အမြဲပြဿနာတက်ရပြီး ချစ်သူမရှိသေးရင်တော့ နာမည်ကြီး ထမင်းငတ်ဆိုတဲ့ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ တကယ်တော့ သင်ဟာ ချစ်သူကိုအရမ်းချစ်ပြီး အဖက်ဖက်က ကူညီပံ့ပိုးပေးတတ်တဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့အားနာတတ်တဲ့စိတ်လေးကို လျှော့လိုက်မယ်ဆိုရင် သင့်အချစ်ရေးက တဖြည်းဖြည်း ကံကောင်းလာမှာပါ။
နံပါတ် ၃
နံပါတ် ၃ လေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတဲ့လူတစ်ယောက်ပါ။ ဒီအချက်က သင့်အချစ်ရေးမှာ အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ပြောရမယ်ဆိုရင် သင့်ရဲ့ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတဲ့စိတ်ကြောင့် တဖက်လူကို ချုပ်ချယ်မှုတွေဖြစ်စေတတ်ပြီး သင်တို့အချစ်ရေးကို တဖြည်းဖြည်း ဆိုးရွားလာစေတတ်ပါတယ်။
ဒါကြောင့် သင့်ချစ်သူအနေနဲ့ သင့်ကို ကူညီဖေးမပြီး တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိလာအောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမှ အဆင်ပြေပါလိမ့်မယ်။ ဒါ့အပြင် သင့်ကိုယ်သင်လည်း သင့်ရဲ့စိတ်နေစိတ်ထားကို တဖြည်းဖြည်း ပြောင်းလဲယူနိုင်ရပါမယ်။ မဟုတ်ရင် သင်ဘယ်တော့မှ အချစ်ရေးမှာ အဆင်ပြေလာမှာမဟုတ်ပါဘူး။
Credit
Zawgyi
အခ်စ္နဲ႔ပတ္သက္ၿပီး သင့္ရဲ႕အားနည္းခ်က္ကို ေဖာ္ထုတ္ေပးမယ့္ စမ္းသပ္ခ်က္ေလးတစ္ခု
နံပါတ္ ၁
နံပါတ္ ၁ ေလးကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ သင္ဟာ အေပၚယံခ်စ္ျခင္းေမတၱာေတြကို မႏွစ္သက္တဲ့လူတစ္ေယာက္ပါ။ ဒါေၾကာင့္ သင့္ကိုစစ္မွန္တဲ့ ခ်စ္ျခင္းေမတၱာေတြကို ေပးစြမ္းႏိုင္မယ့္လူေတြကို ေမွ်ာ္လင့္ေနတတ္ပါတယ္။ လူတစ္ေယာက္ရဲ႕အျပဳအမူနဲ႔အေျပာအဆိုက သင့္အေပၚ နည္းနည္းေလး ေျပာင္းလဲသြားတာရင္ေတာင္ သင့္မွာ ခံစားေနတတ္တဲ့ အက်င့္ကလည္း ရွိေနျပန္ပါတယ္။ ေျပာရမယ္ဆိုရင္ စိတ္ခံစားခ်က္ အရမ္းႏုတာေပါ့ေနာ္။ သင့္လက္တြဲေဖာ္အေနနဲ႔ ဒီအခ်က္ေတြကို သည္းခံနားလည္ေပးႏိုင္မွ သင္နဲ႔ေရရွည္အဆင္ေျပႏိုင္မွာပါ။
မဟုတ္ရင္ သင္တို႔ႏွစ္ေယာက္က ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ရမွာမဟုတ္ပါဘူး။ ဒါကလည္း သင့္အေပၚ အျပစ္တင္လို႔မရပါဘူး။ သင့္အတိတ္မွာ နာက်ည္းစရာေတြ၊ လိမ္လည္မႈေတြနဲ႔ သစၥာေဖာက္မႈေတြကို ႀကဳံေတြ႕ခဲ့ရလို႔ပါ။ ျဖစ္ခဲ့သမွ်ေတြကို ေမ့ပစ္ၿပီး ဒီတစ္ခါေတာ့ ရဲရဲႀကီးခ်စ္ၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။ ေၾကာက္႐ြံ႕ေနရင္ သင့္ဘဝမွာ ေပ်ာ္႐ႊင္မႈေတြ ရႏိုင္မွာမဟုတ္ဘူးေလေနာ္။
နံပါတ္ ၂
နံပါတ္ ၂ ေလးကို ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ေတာ့ သင္ဟာ စိတ္ႏွလုံးသား သိမ္ေမြ႕ႏူးညံ့ၿပီး အားနာတတ္တဲ့လူတစ္ေယာက္ပါ။ ဒါေပမယ့္ အခ်စ္နဲ႔ပတ္သက္လာရင္ ဒီလိုအားနာတတ္တဲ့ စိတ္ေလးက ဆုံးျဖတ္ခ်က္ေတြကို မျပတ္မသားျဖစ္ေစတတ္ၿပီး သင့္ကို လူရႈပ္လူဆိုးတစ္ေယာက္ျဖစ္ေအာင္ လုပ္ပစ္ၾကပါတယ္။ တနည္းေျပာရမယ္ဆိုရင္ သင္ဟာ မထင္ရေလာက္ေအာင္ ႐ိုး႐ိုးေလးနဲ႔ ေပြတတ္တဲ့လူတစ္ေယာက္လို႔ အမ်ားအျမင္မွာ ထင္ေၾကးေပးခံရတတ္တာမ်ိဳးေပါ့။
ဒါေၾကာင့္ သင့္မွာခ်စ္သူရွိေနရင္ ခ်စ္သူနဲ႔အၿမဲျပႆနာတက္ရၿပီး ခ်စ္သူမရွိေသးရင္ေတာ့ နာမည္ႀကီး ထမင္းငတ္ဆိုတဲ့ပုံစံမ်ိဳး ျဖစ္ေနတတ္ပါတယ္။ တကယ္ေတာ့ သင္ဟာ ခ်စ္သူကိုအရမ္းခ်စ္ၿပီး အဖက္ဖက္က ကူညီပံ့ပိုးေပးတတ္တဲ့ လူတစ္ေယာက္ပါ။ သင့္ရဲ႕အားနာတတ္တဲ့စိတ္ေလးကို ေလွ်ာ့လိုက္မယ္ဆိုရင္ သင့္အခ်စ္ေရးက တျဖည္းျဖည္း ကံေကာင္းလာမွာပါ။
နံပါတ္ ၃
နံပါတ္ ၃ ေလးကို ေ႐ြးခ်ယ္ခဲ့တယ္ဆိုရင္ေတာ့ သင္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္မရွိတဲ့လူတစ္ေယာက္ပါ။ ဒီအခ်က္က သင့္အခ်စ္ေရးမွာ အေတာ္ေလး အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ေျပာရမယ္ဆိုရင္ သင့္ရဲ႕ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္မရွိတဲ့စိတ္ေၾကာင့္ တဖက္လူကို ခ်ဳပ္ခ်ယ္မႈေတြျဖစ္ေစတတ္ၿပီး သင္တို႔အခ်စ္ေရးကို တျဖည္းျဖည္း ဆိုး႐ြားလာေစတတ္ပါတယ္။
ဒါေၾကာင့္ သင့္ခ်စ္သူအေနနဲ႔ သင့္ကို ကူညီေဖးမၿပီး တျဖည္းျဖည္း ကိုယ့္ကိုယ္ကိုယုံၾကည္ခ်က္ရွိလာေအာင္ ျပဳျပင္ေျပာင္းလဲႏိုင္စြမ္းရွိမွ အဆင္ေျပပါလိမ့္မယ္။ ဒါ့အျပင္ သင့္ကိုယ္သင္လည္း သင့္ရဲ႕စိတ္ေနစိတ္ထားကို တျဖည္းျဖည္း ေျပာင္းလဲယူႏိုင္ရပါမယ္။ မဟုတ္ရင္ သင္ဘယ္ေတာ့မွ အခ်စ္ေရးမွာ အဆင္ေျပလာမွာမဟုတ္ပါဘူး။
Credit