“ပေးဝေ – ပေးချေ သို့မဟုတ် အတွင်းနဝင်း”ယတြာ
တနင်္ဂနွေ သားသမီးများအတွက် အထူး ယတြာ
၁ ။ လာဘ်လာဘများ ပွင့်လန်းခြင်း ၊
၂ ။ မျက်နှာမြင် ချစ်ခင် စန်းပွင့်ခြင်း ၊
၃ ။ ပြောဆိုလုပ်ကိုင် နှင့် ကောင်းသောအကြံအစည်များ အောင်မြင်ခြင်း ၊
၄ ။ စားရေး သောက်ရေး ပြည့်စုံစေခြင်း၊
၅ ။ ရန် အတိုက်အခံတို့ကို အောင်မြင်ခြင်း၊
၆ ။ မသူတော်ဘေးမှ ကင်းဝေးစေခြင်း ၊
စသည့် ကောင်းကျိုးများစွာကို ရရှိစေသော ဉာဏ်ရှိသလို ကိစ္စအဝဝမှာ အသုံးပြုနိုင်သော ဆရာကိုင်ပညာ အတွင်းနဝင်းကို ၇.ရက်သားသမီးများ အကျိုးများစေဖို့ ဖော်ပြပေးလိုက်ပါတယ်၊
နံနက် အိပ်ယာထ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အစားအစာ ဘာမှမစားမှီ ပြုလုပ်ရပါမည်
မိမိတို့ရဲ့ ဆောင်ပန်းအစားအစာကို မြတ်စွာဘုရားရှင်ကို လှူဒါန်းပြီး မိမိတို့ရဲ့ နင်းကြမ်း အစားအစာကို ဝါးစားမျိုချရမှာဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမဟုတ်သူများဆိုပါက မိမိတို့ရဲ့ ကိုးကွယ်ရာ လေးစားရာ နှင့် မိဘ ဆရာသမား အကြီးအကဲများကို လှူဒါန်းကျွေးမွေး နိုင်ပါတယ်၊
အထူးသတိပြုရမှာကပေးဝေ ပေးချေ ယခုယတြာပြုလုပ်နေစဉ် ရက်များအတွင်း မိမိတို့လှူဒါန်းနေသော ဆောင်ပန်း အစားအစာများကို မစားရပါ ပေ၊ မစားမိစေရန် သတိပြုရပါမယ်။
တနင်္ဂသားသမီး ။ ။ ဘင်္ဂဖွား ၊ အထွန်းဖွား ၊ အဓိပတိဖွားများ အတွက်၊“လှူဒါန်းရန်” အစားအစာများမှာ..သီဟိုဠ်စေ့ ၊ သင်္ဘောသီး ၊ နှစ်သက်ရာတစ်မျိုးကို လှူဒါန်းရပါမယ်၊” စားရန် ” အစားအစာများမှာ..ဇီးသီး ၊ ဇီးယို ၊ ဇီးထုတ် တစ်မျိုးမျိုးကို ဝါးစားပြီးမျိုချရပါမယ်၊
တနင်္ဂနွေ သားသမီး။ ။ ပုတိဖွား ၊ သိုက်ဖွား များအတွက်၊“လှူဒါန်းရန် ” အစားအစာများမှာ…မြေပဲ ၊ ပန်းသီး ၊ ပြောင်းဖူး နှစ်သက်ရာ တစ်မျိုးမျိုးကို လှူဒါန်းကြရပါမယ်၊“စားရန် ” အစားအစာများမှာ..ရှောက်ယို ၊ ရှောက်သီးဆေးပြား တစ်မျိုးမျိုးကို ဝါးစားမျိချရပါမယ်၊
တနင်္ဂနွေ သားသမီး ။ ။ ရာဇဖွား ၊ မရဏဖွားများအတွက်..” လှူဒါန်းရန် ” အစားအစာများမှာ…ကိတ်မုန့် ၊ ကြက်သားမုန့် ၊ကော်ဖီ နှစ်သက်ရာ တစ်မျိုးမျိုးကို လှူဒါန်းရပါမယ်၊” စားရန် ” အစားအစာများမှာ..နို့ ၊ နွားနို့ ၊ ထန်းလျက်ခဲ ၊ တစ်မျိုးမျိုးကို ဝါးစားမျိုချရပါမယ်၊
မသိသူကျော်သွား သိသူဖော်စား
မသိသူ မရှိရလေအောင် အဆင့်မြင့် အစွမ်းထက် နဝင်းပညာရပ် တစ်ခုကိုဖော်ပြပေးလိုက်ပါတယ်။
၇.ရက်သားသမီးများအတွက် အစဉ်လိုက် ဖော်ပြပေးသွားပါမယ်၊
ဆရာအောင်မင်းမင်း ၀၉ ၇၉၉၉ ၅၅၇ ၅၈ မင်္ဂလာဒုံ
Zawgyi
“ေပးေဝ – ေပးေခ် သို႔မဟုတ္ အတြင္းနဝင္း”ယၾတာ
တနဂၤေႏြ သားသမီးမ်ားအတြက္ အထူး ယၾတာ
၁ ။ လာဘ္လာဘမ်ား ပြင့္လန္းျခင္း ၊
၂ ။ မ်က္ႏွာျမင္ ခ်စ္ခင္ စန္းပြင့္ျခင္း ၊
၃ ။ ေျပာဆိုလုပ္ကိုင္ ႏွင့္ ေကာင္းေသာအႀကံအစည္မ်ား ေအာင္ျမင္ျခင္း ၊
၄ ။ စားေရး ေသာက္ေရး ျပည့္စုံေစျခင္း၊
၅ ။ ရန္ အတိုက္အခံတို႔ကို ေအာင္ျမင္ျခင္း၊
၆ ။ မသူေတာ္ေဘးမွ ကင္းေဝးေစျခင္း ၊
စသည့္ ေကာင္းက်ိဳးမ်ားစြာကို ရရွိေစေသာ ဉာဏ္ရွိသလို ကိစၥအဝဝမွာ အသုံးျပဳႏိုင္ေသာ ဆရာကိုင္ပညာ အတြင္းနဝင္းကို ၇.ရက္သားသမီးမ်ား အက်ိဳးမ်ားေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္၊
နံနက္ အိပ္ယာထ မ်က္ႏွာသစ္ ကိုယ္လက္သန႔္စင္ၿပီး အစားအစာ ဘာမွမစားမွီ ျပဳလုပ္ရပါမည္
မိမိတို႔ရဲ႕ ေဆာင္ပန္းအစားအစာကို ျမတ္စြာဘုရားရွင္ကို လႉဒါန္းၿပီး မိမိတို႔ရဲ႕ နင္းၾကမ္း အစားအစာကို ဝါးစားမ်ိဳခ်ရမွာျဖစ္ပါတယ္။
ဗုဒၶဘာသာမဟုတ္သူမ်ားဆိုပါက မိမိတို႔ရဲ႕ ကိုးကြယ္ရာ ေလးစားရာ ႏွင့္ မိဘ ဆရာသမား အႀကီးအကဲမ်ားကို လႉဒါန္းေကြၽးေမြး ႏိုင္ပါတယ္၊
အထူးသတိျပဳရမွာကေပးေဝ ေပးေခ် ယခုယၾတာျပဳလုပ္ေနစဥ္ ရက္မ်ားအတြင္း မိမိတို႔လႉဒါန္းေနေသာ ေဆာင္ပန္း အစားအစာမ်ားကို မစားရပါ ေပ၊ မစားမိေစရန္ သတိျပဳရပါမယ္။
တနဂၤသားသမီး ။ ။ ဘဂၤဖြား ၊ အထြန္းဖြား ၊ အဓိပတိဖြားမ်ား အတြက္၊“လႉဒါန္းရန္” အစားအစာမ်ားမွာ..သီဟိုဠ္ေစ့ ၊ သေဘၤာသီး ၊ ႏွစ္သက္ရာတစ္မ်ိဳးကို လႉဒါန္းရပါမယ္၊” စားရန္ ” အစားအစာမ်ားမွာ..ဇီးသီး ၊ ဇီးယို ၊ ဇီးထုတ္ တစ္မ်ိဳးမ်ိဳးကို ဝါးစားၿပီးမ်ိဳခ်ရပါမယ္၊
တနဂၤေႏြ သားသမီး။ ။ ပုတိဖြား ၊ သိုက္ဖြား မ်ားအတြက္၊“လႉဒါန္းရန္ ” အစားအစာမ်ားမွာ…ေျမပဲ ၊ ပန္းသီး ၊ ေျပာင္းဖူး ႏွစ္သက္ရာ တစ္မ်ိဳးမ်ိဳးကို လႉဒါန္းၾကရပါမယ္၊“စားရန္ ” အစားအစာမ်ားမွာ..ေရွာက္ယို ၊ ေရွာက္သီးေဆးျပား တစ္မ်ိဳးမ်ိဳးကို ဝါးစားမ်ိခ်ရပါမယ္၊
တနဂၤေႏြ သားသမီး ။ ။ ရာဇဖြား ၊ မရဏဖြားမ်ားအတြက္..” လႉဒါန္းရန္ ” အစားအစာမ်ားမွာ…ကိတ္မုန႔္ ၊ ၾကက္သားမုန႔္ ၊ေကာ္ဖီ ႏွစ္သက္ရာ တစ္မ်ိဳးမ်ိဳးကို လႉဒါန္းရပါမယ္၊” စားရန္ ” အစားအစာမ်ားမွာ..ႏို႔ ၊ ႏြားႏို႔ ၊ ထန္းလ်က္ခဲ ၊ တစ္မ်ိဳးမ်ိဳးကို ဝါးစားမ်ိဳခ်ရပါမယ္၊
မသိသူေက်ာ္သြား သိသူေဖာ္စား
မသိသူ မရွိရေလေအာင္ အဆင့္ျမင့္ အစြမ္းထက္ နဝင္းပညာရပ္ တစ္ခုကိုေဖာ္ျပေပးလိုက္ပါတယ္။
၇.ရက္သားသမီးမ်ားအတြက္ အစဥ္လိုက္ ေဖာ္ျပေပးသြားပါမယ္၊
ဆရာေအာင္မင္းမင္း ၀၉ ၇၉၉၉ ၅၅၇ ၅၈ မဂၤလာဒုံ