ငါးႀကီးအန္ဖတ္ (Ambergris) ဆိုတာကေတာ့ စပန္းေဝလငါးႀကီးမ်ား (Sperm Whale)ရဲ႕ အစာေျခလမ္းေၾကာင္းကေန ထုတ္လုပ္တဲ့ အညိဳပုပ္ပုပ္အေရာင္ရွိတဲ့ က်ိခြၽဲခြၽဲ အရာတစ္မ်ိဳးကို ေခၚတာပါ။
လတ္ဆတ္တဲ့ငါးႀကီးအန္ဖတ္မွာ ေရညႇိနံ႔လိုလို မစင္နံ႔လိုလို အနံ႔တစ္မ်ိဳးရွိပါတယ္။
ငါးႀကီးအန္ဖတ္က ေရေမႊးနံ႔သာေတြ ထုတ္လုပ္တဲ့ေနရာမွာ အသုံးဝင္တဲ့အတြက္ ေဈးကြက္ထဲမွာ တန္ဖိုးႀကီးႀကီးနဲ႔ ေရာင္းခ်ႏိုင္ပါတယ္။
ငါးႀကီးအန္ဖတ္ကို စပန္းေဝလငါးႀကီးေတြရဲ႕ သည္းေျခအိတ္ကေန ထုတ္လုပ္ပါတယ္။
ေဝလငါးႀကီးမ်ားက giant squid လို႔ေခၚတဲ့ ဧရာမကင္းမြန္ႀကီးေတြကို စားတဲ့အခါ ထိုကင္းမြန္ႀကီးေတြရဲ႕ ႏႈတ္သီးခြၽန္ေတြက ၎တို႔ရဲ႕ အူနံရံကို အနာတရမျဖစ္ေစရေအာင္ က်ိခြၽဲေနတဲ့ အရည္တစ္မ်ိဳးကို ထုတ္ေပးတယ္လို႔ ယူဆထားၾကပါတယ္။
ငါးႀကီးအန္ဖတ္လို႔ေခၚေပမဲ့ တကယ္ကေတာ့ အန္ဖတ္မဟုတ္ပါဘူး။ အဆိုပါ အက်ိအခြၽဲေတြကို မစင္နဲ႔အတူ စအိုေပါက္ကေန စြန႔္ထုတ္လိုက္တာပါ။
တစ္ခါတေလမွာေတာ့ အန္ရင္းနဲ႔လည္း ထြက္လာႏိုင္တယ္လို႔ဆိုပါတယ္။ ေဝလငါးကိုယ္ထဲက ထြက္လာၿပီးတဲ့ေနာက္ သမုဒၵရာေရမ်က္ႏွာျပင္မွာ ႏွစ္ေပါင္းမ်ားစြာ ေမ်ာေနပါေသးတယ္။
ထိုသို႔ ေမ်ာေနစဥ္အတြင္း ေနေရာင္ျခည္နဲ႔ ၾကာျမင့္စြာထိေတြ႕တဲ့အခါ ေအာက္ဆီဂ်င္နဲ႔ေပါင္းၿပီး အေရာင္မဲလာကာ မာေက်ာလာပါတယ္။
ထိုအခါမွာေတာ့ ငါးႀကီးအန္ဖတ္က အရက္ျပန္လက္သန႔္ေဆးထဲမွာပါတဲ့ isopropyl alcohol လိုအနံ႔မ်ိဴး ရွိလာပါတယ္။ ဒါေပမယ့္ အရက္ျပန္လိုလည္း အနံ႔စူးရွျခင္းမရွိပါဘူး။
ငါးႀကီးအန္ဖတ္က ပင္လယ္ထဲေမ်ာေနၿပီးေနာက္ ကမ္း႐ိုးတန္းေဒသတစ္ခုခုမွာ ေသာင္တင္ေလ့ရွိပါတယ္။
အတၱလႏၲိတ္ကမ္း႐ိုးတန္းတေလွ်ာက္၊ ေတာင္အာဖရိက၊ မာဒါဂါစကာ၊ အေရွ႕ေတာင္အာရွ၊ ေမာ္ဒိုက္၊ တ႐ုတ္၊ ဂ်ပန္၊ ဩစေတးလ်နဲ႔ နယူးဇီလန္တို႔မွာ အမ်ားဆုံးေတြ႕ရပါတယ္။
ငါးႀကီးအန္ဖတ္က အ႐ြယ္အစား အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ ၁၅ ဂရမ္ေလာက္ကေန ကီလို ၅၀ ေလာက္ထိ ေတြ႕ရတတ္ပါတယ္။
ငါးႀကီးအန္ဖတ္ထဲမွာ အဓိကပါဝင္တဲ့ ျဒပ္ေပါင္းေတြကေတာ့ ambrein၊ ambroxan နဲ႔ ambrinol တို႔ပဲျဖစ္ပါတယ္။
ငါးႀကီးအန္ဖတ္ကို အဓိကအားျဖင့္ ေရေမႊးနံ႔သာေတြထုတ္တဲ့ေနရာမွာ fixator (အနံ႔ေပါင္းေဆး) အေနနဲ႔ အသုံးျပဳပါတယ္။
သို႔ေသာ္လည္း ေဝလငါးမ်ားရွားပါးလာမႈ႕နဲ႔အတူ ငါးႀကီးအန္ဖတ္ရဲ႕ေဈးကလည္း အဆမတန္ႀကီးျမင့္လာတာေၾကာင့္ ေရေမႊးထုတ္လုပ္သူေတြက အစားထိုးျဒပ္ေပါင္းမ်ားကို အသုံးျပဳလာေနၾကပါၿပီ။
ပင္လယ္ျပာ(ငါးဦးစီး)
Ref; http://www.bk burmese knowledge. com မွေကာက္ႏႈတ္ေဖာ္ျပပါသည္။
Unicode
ငါးကြီးအန်ဖတ် (Ambergris) ဆိုတာကတော့ စပန်းဝေလငါးကြီးများ (Sperm Whale)ရဲ့ အစာခြေလမ်းကြောင်းကနေ ထုတ်လုပ်တဲ့ အညိုပုပ်ပုပ်အရောင်ရှိတဲ့ ကျိချွဲချွဲ အရာတစ်မျိုးကို ခေါ်တာပါ။
လတ်ဆတ်တဲ့ငါးကြီးအန်ဖတ်မှာ ရေညှိနံ့လိုလို မစင်နံ့လိုလို အနံ့တစ်မျိုးရှိပါတယ်။
ငါးကြီးအန်ဖတ်က ရေမွှေးနံ့သာတွေ ထုတ်လုပ်တဲ့နေရာမှာ အသုံးဝင်တဲ့အတွက် ဈေးကွက်ထဲမှာ တန်ဖိုးကြီးကြီးနဲ့ ရောင်းချနိုင်ပါတယ်။
ငါးကြီးအန်ဖတ်ကို စပန်းဝေလငါးကြီးတွေရဲ့ သည်းခြေအိတ်ကနေ ထုတ်လုပ်ပါတယ်။
ဝေလငါးကြီးများက giant squid လို့ခေါ်တဲ့ ဧရာမကင်းမွန်ကြီးတွေကို စားတဲ့အခါ ထိုကင်းမွန်ကြီးတွေရဲ့ နှုတ်သီးချွန်တွေက ၎င်းတို့ရဲ့ အူနံရံကို အနာတရမဖြစ်စေရအောင် ကျိချွဲနေတဲ့ အရည်တစ်မျိုးကို ထုတ်ပေးတယ်လို့ ယူဆထားကြပါတယ်။
ငါးကြီးအန်ဖတ်လို့ခေါ်ပေမဲ့ တကယ်ကတော့ အန်ဖတ်မဟုတ်ပါဘူး။ အဆိုပါ အကျိအချွဲတွေကို မစင်နဲ့အတူ စအိုပေါက်ကနေ စွန့်ထုတ်လိုက်တာပါ။
တစ်ခါတလေမှာတော့ အန်ရင်းနဲ့လည်း ထွက်လာနိုင်တယ်လို့ဆိုပါတယ်။ ဝေလငါးကိုယ်ထဲက ထွက်လာပြီးတဲ့နောက် သမုဒ္ဒရာရေမျက်နှာပြင်မှာ နှစ်ပေါင်းများစွာ မျောနေပါသေးတယ်။
ထိုသို့ မျောနေစဉ်အတွင်း နေရောင်ခြည်နဲ့ ကြာမြင့်စွာထိတွေ့တဲ့အခါ အောက်ဆီဂျင်နဲ့ပေါင်းပြီး အရောင်မဲလာကာ မာကျောလာပါတယ်။
ထိုအခါမှာတော့ ငါးကြီးအန်ဖတ်က အရက်ပြန်လက်သန့်ဆေးထဲမှာပါတဲ့ isopropyl alcohol လိုအနံ့မျိူး ရှိလာပါတယ်။ ဒါပေမယ့် အရက်ပြန်လိုလည်း အနံ့စူးရှခြင်းမရှိပါဘူး။
ငါးကြီးအန်ဖတ်က ပင်လယ်ထဲမျောနေပြီးနောက် ကမ်းရိုးတန်းဒေသတစ်ခုခုမှာ သောင်တင်လေ့ရှိပါတယ်။
အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်၊ တောင်အာဖရိက၊ မာဒါဂါစကာ၊ အရှေ့တောင်အာရှ၊ မော်ဒိုက်၊ တရုတ်၊ ဂျပန်၊ ဩစတေးလျနဲ့ နယူးဇီလန်တို့မှာ အများဆုံးတွေ့ရပါတယ်။
ငါးကြီးအန်ဖတ်က အရွယ်အစား အမျိုးမျိုးရှိနိုင်ပါတယ်။ ၁၅ ဂရမ်လောက်ကနေ ကီလို ၅၀ လောက်ထိ တွေ့ရတတ်ပါတယ်။
ငါးကြီးအန်ဖတ်ထဲမှာ အဓိကပါဝင်တဲ့ ဒြပ်ပေါင်းတွေကတော့ ambrein၊ ambroxan နဲ့ ambrinol တို့ပဲဖြစ်ပါတယ်။
ငါးကြီးအန်ဖတ်ကို အဓိကအားဖြင့် ရေမွှေးနံ့သာတွေထုတ်တဲ့နေရာမှာ fixator (အနံ့ပေါင်းဆေး) အနေနဲ့ အသုံးပြုပါတယ်။
သို့သော်လည်း ဝေလငါးများရှားပါးလာမှု့နဲ့အတူ ငါးကြီးအန်ဖတ်ရဲ့ဈေးကလည်း အဆမတန်ကြီးမြင့်လာတာကြောင့် ရေမွှေးထုတ်လုပ်သူတွေက အစားထိုးဒြပ်ပေါင်းများကို အသုံးပြုလာနေကြပါပြီ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref; http://www.bk burmese knowledge. com မှကောက်နှုတ်ဖော်ပြပါသည်။