ရခိုင်နဲ့ မြွေပွေး ရခိုင် အရင်သတ် ဆိုတဲ့စကား လူတော်တော်များများသုံးနေကြပေမယ့် ဘာပြောမှန်းမသိသောသူများအတွက်

အမှားကြာလျှင်အမှန်ထင်

ရခိုင်နဲ့ မြွေပွေးရခိုင် အရင်သတ် ဆိုတဲ့စကားမြန်မာပြည်မှာလူတော်တော်များများကြားဖူး သုံးဖူး ကြပါတယ်။

ဒါပေမယ့် ပြောသာပြောအဓိပ္ပါယ်ဆိုလိုရင်းမသိတဲ့ လူတွေတော်တော်များများ ရှိပါတယ် ။

တကယ်တော့ရခိုင်ငှက်ပျောရဲ့အစေးဟာမြွေပွေးရဲ့ အဆိပ်ကိုပြေပျောက်စေနိုင်တဲ့ အတွက်မြွေပွေးနဲ့ တွေ့ရင်ရခိုင်ငှက်ပျောပင်ကိုခုတ်ဖြတ်ပြီးရလာ တဲ့ အစေးနဲ့မြွေပွေးရဲ့အဆိပ်ကိုဖြေ ခိုင်းတာပါ။

ဒီစကားစုဟာ ကိုယ့်ရဲ့တိုင်းရင်းသားအချင်းချင်းကြားအမုန်းပွား စေမယ့် စကားမို့နားလည်အောင် ရှင်းပြရတာပါ… ။

Credit : ဆုတင် (ဆုတင်မှတ်စုများ)

မောင်ဒီပါမှပြန်လည်မျှဝေခြင်းဖြစ်ပါသည် ။







