တိရိစ္ဆာန်များလည်း လူသားတွေကဲ့သို့ နာကျင်မှုကို ခံစားရကြောင်း သက်သေပြလိုက်တဲ့ ဒေါင်းတစ်ကောင်ရဲ့ ကြေကွဲစရာ ရုပ်သံဖိုင်…

တိရိစ္ဆာန်များလည်း လူသားတွေကဲ့သို့ နာကျင်မှုကို ခံစားရကြောင်း သက်သေပြလိုက်တဲ့ ဒေါင်းတစ်ကောင်ရဲ့ ကြေကွဲစရာ ရုပ်သံဖိုင်

သေခြင်းတရားဟာ လူသားများရော တိရိစ္ဆာန်များပါ ရှောင်လွဲလို့မရတဲ့ အလွန်တရာ နာကျင်စရာကိစ္စတစ်ခုပါတယ်။

သေဆုံးသွားတဲ့ သူတွေအတွက် ဘာမှမသိခဲ့ပေမယ့် ကျန်ရစ်ခဲ့တဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ မိသားစုဝင်တွေကတော့ ဝမ်းနည်းပူဆွေးမှုတွေနဲ့ ထင်ကျန်ခဲ့တာကတော့ သေချာတဲ့ ဖြစ်တည်မှုပါ။

 

ယခုမှာလည်း အလားတူ အခြေအနေမျိုးတွေဆင်တူတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ရုပ်သံဖိုင်တစ်ခုကို ဖော်ပြပေးချင်ပါတယ်။

ဒီရုပ်သံဖိုင်လေးဟာ Twitter မှာ အချိန်ခဏလေးအတွင်း 200k ကျော် ကြည့်ရှုခဲ့ကြပြီး မြင်ရသူတိုင်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ရုပ်သံဖိုင်လေးတစ်ခုပါ။

ဒီဖြစ်ရပ်ဟာ လေးနှစ်ကြာနေထိုင်ခဲ့တဲ့ အဖော်သူငယ်ချင်း ဒေါင်းတစ်ကောင်ဟာ ရုတ်တရက် သေဆုံးသွားခဲ့လို့ လူနှစ်ယောက်က မြေမြုပ်ဖို့အတွက် သယ်ဆောင်လာစဉ်မှာ ကျန်ရစ်ခဲ့တဲ့ ဒေါင်းလေးက အပြီးအပိုင်ထွက်ခွာသွားတော့မယ့် သူ့အဖော်ရဲ့ အသေကောင်အနောက်ကို ထက်ကြပ်မကွာ လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

https://web.facebook.com/watch/?v=3135764430001373

Zawgyi




 



