သွားတိုက်ဆေးအခွံမှာ ပါတဲ့ အရောင်တွေနဲ့ မှတ်သားထားတဲ့ လေးထောင့်ပုံသင်္ကေတလေးက အထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို ဖော်ပြနေတာမဟုတ်ပါဘူး။ သွားတိုက်ဆေးဝယ်ရင်း အခွံအောက်ခြေက အရောင်ပါတဲ့ သင်္ကေတလေးကို သေချာကြည့်ရင် တွေ့နိုင်ပါတယ်။ ဒါက ဘာကိုရည်ညွှန်းလဲဆိုတာ သင်သိရင်တော့ အံသြသွားပါလိမ့်မယ်။
ဒီအရောင်ပါတဲ့ သင်္ကေတအမှတ်အသားလေးက အထဲမှာ ပါဝင်တဲ့အရာတွေကို ရည်ညွှန်းတယ်ဆိုပြီး လွဲမှားစွာ နားလည်နေကြပါတယ်။ ဒီဟာလေးက အထဲမှာပါတဲ့အရာတွေ ဥပမာ – ဓာတုပစ္စည်း ၊ သဘာဝပစ္စည်း ၊ ဆေးဘက်ဆိုင်ရာ စသည်ဖြင့်ဖော်ပြနေတယ်လို့ ထင်နေကြတာပါ။ ဒီအချက်အလက်တွေက တကယ်တမ်းတော့ သိပ်ရှင်းလင်းမှုမရှိဘဲ အသုံးမဝင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝပစ္စည်းများသာ ပါသည်လို့ ပြထားပေမယ့် ဓာတုပစ္စည်းတွေလည်း ပါနေနိုင်ပါတယ်။
နောက်ပြီး ဆေးဘက်ဆိုင်ရာတွေ ပါဝင်တယ်ဆိုတာလည်း သိပ်ပြီး တိကျမှုမရှိပါဘူး။ဟုတ်ပါတယ် ဒီအရောင်အမှတ်အသားလေးက အထဲမှာပါတဲ့အရာတွေကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒါလေးက ထုတ်လုပ်မှုဖြစ်စဉ်အတွက် လိုအပ်တဲ့ လေဆာနဲ့ဓါတ်မှန်ရိုက်ရာမှာ အသုံးချတဲ့ အမှတ်အသားတစ်ခု (eye mark , color mark) သာ ဖြစ်ပါတယ်။ ဒီလိုလေဆာနဲ့ဓါတ်မှန်ရိုက်ပြီး ထုတ်ပိုးမှုမှာ ဘယ်နေရာကို ဖြတ်မယ်၊ ဘယ်နေရာကို လိပ်မယ် ဆိုပြီး ဆုံးဖြတ်တဲ့အမှတ်အသားဖြစ်ပါတယ်။
အိုင်းမတ်ခ် (eye mark)
အိုင်းမတ်ခ်ဆိုတာ အင်တာနက်ကုန်ပစ္စည်းတွေမှာ အများစုတွေ့နိုင်တဲ့ စတုဂံပုံစံရိုက်နှိပ်ထားတဲ့ အမှတ်အသားကို စစ်ဆေးနိုင်မယ့် လျှပ်စစ်အာရုံခံအရာဖြစ်ပါတယ်။ ဒီအမှတ်အသားလေးက ထုတ်ကုန်တစ်ခုချင်းစီအတွက် ဘယ်နေရာကို ဖြတ်ရမယ်ဆိုတာ သတ်မှတ်ပေးပါတယ်။
အရောင်ပါတဲ့သင်္ကေတအမှတ်အသားလေးကတော့ အိုင်းမတ်ခ်လို (နောက်ဆုံးထုတ်ပိုးမှုအဆင့်ထိပါဖို့) မဟုတ်ပါဘူး။ အရောင်အမျိုးမျိုးပါဝင်နေတာက အမျိုးမျိုးသောထုတ်ပိုးမှုစနစ်နဲ့ အာရုံခံစက်များအတွက်ပဲ ဖြစ်ပါတယ်။
သွားတိုက်ဆေးတစ်ခုထဲ ဘာတွေပါလဲသိဖို့ကတော့ ဗူးပေါ်မှာ ရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုခြင်းပါပဲ။အရောင်တွေကတော့ အင်တာနက်မှာ ပျံ့နှံ့နေပြီး ဒီအရောင်နဲ့အမှတ်အသားကို ဘယ်လိုရှာရမယ်၊ ဘယ်လိုအဓိပ္ပါယ်ဖော်ရမယ်ဆိုတဲ့ သတင်းအချက်လက်တွေကို မှားယွင်းစွာမျှဝေနေပါတယ်။ ဒါတွေက အများအားဖြင့် မမှန်ကန်ပါဘူး။
မှားယွင်းတဲ့အချက်အလက်များ 🚫
အပြာရောင် – သဘာဝ + ဆေး
အစိမ်းရောင် – သဘာဝ
အနီရောင် – သဘာဝ + ဓာတုပစ္စည်း
အမဲရောင် – ဓာတုပစ္စည်း
အမှန်တော့ အရောင်အမှတ်အသားတွေနဲ့ ပါဝင်ပစ္စည်းတွေက ဆက်စပ်မှု မရှိပါဘူး။ ဒါက ထုတ်လုပ်မှုအပိုင်းမှာ သုံးတဲ့အမှတ်အသားတွေ ဖြစ်ပါတယ်။ ဘယ်နေရာကို ဘယ်လိုဖြတ်မယ်။ ဘယ်လိုလိပ်မယ်။ လေလုံအောင်ဘယ်လိုလိပ်မယ်။ စသည်ဖြင့် သိရှိနိုင်တဲ့ အမှတ်အသားသာဖြစ်ပါတယ်။
သွားတိုက်ဆေးထဲမှာပါတဲ့ အရာတွေကို သိထားဖို့ အရေးကြီးပါတယ်။ ဒါကို သိဖို့အတွက် ဘူးခွံပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းများဆိုတဲ့နေရာကို ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။
ရေးသားသူ Dr. Phio Thia
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
Credit to Up To Date
Zawgyi
သြားတိုက္ေဆးအခြံမွာ ပါတဲ့ အေရာင္ေတြနဲ႔ မွတ္သားထားတဲ့ ေလးေထာင့္ပုံသေကၤတေလးက အထဲမွာပါဝင္တဲ့ ပစၥည္းေတြကို ေဖာ္ျပေနတာမဟုတ္ပါဘူး။ သြားတိုက္ေဆးဝယ္ရင္း အခြံေအာက္ေျခက အေရာင္ပါတဲ့ သေကၤတေလးကို ေသခ်ာၾကည့္ရင္ ေတြ႕ႏိုင္ပါတယ္။ ဒါက ဘာကိုရည္ၫႊန္းလဲဆိုတာ သင္သိရင္ေတာ့ အံၾသသြားပါလိမ့္မယ္။
ဒီအေရာင္ပါတဲ့ သေကၤတအမွတ္အသားေလးက အထဲမွာ ပါဝင္တဲ့အရာေတြကို ရည္ၫႊန္းတယ္ဆိုၿပီး လြဲမွားစြာ နားလည္ေနၾကပါတယ္။ ဒီဟာေလးက အထဲမွာပါတဲ့အရာေတြ ဥပမာ – ဓာတုပစၥည္း ၊ သဘာဝပစၥည္း ၊ ေဆးဘက္ဆိုင္ရာ စသည္ျဖင့္ေဖာ္ျပေနတယ္လို႔ ထင္ေနၾကတာပါ။ ဒီအခ်က္အလက္ေတြက တကယ္တမ္းေတာ့ သိပ္ရွင္းလင္းမႈမရွိဘဲ အသုံးမဝင္ႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သဘာဝပစၥည္းမ်ားသာ ပါသည္လို႔ ျပထားေပမယ့္ ဓာတုပစၥည္းေတြလည္း ပါေနႏိုင္ပါတယ္။
ေနာက္ၿပီး ေဆးဘက္ဆိုင္ရာေတြ ပါဝင္တယ္ဆိုတာလည္း သိပ္ၿပီး တိက်မႈမရွိပါဘူး။ဟုတ္ပါတယ္ ဒီအေရာင္အမွတ္အသားေလးက အထဲမွာပါတဲ့အရာေတြကို ရည္ၫႊန္းတာ မဟုတ္ပါဘူး။ ဒါေလးက ထုတ္လုပ္မႈျဖစ္စဥ္အတြက္ လိုအပ္တဲ့ ေလဆာနဲ႔ဓါတ္မွန္႐ိုက္ရာမွာ အသုံးခ်တဲ့ အမွတ္အသားတစ္ခု (eye mark , color mark) သာ ျဖစ္ပါတယ္။ ဒီလိုေလဆာနဲ႔ဓါတ္မွန္႐ိုက္ၿပီး ထုတ္ပိုးမႈမွာ ဘယ္ေနရာကို ျဖတ္မယ္၊ ဘယ္ေနရာကို လိပ္မယ္ ဆိုၿပီး ဆုံးျဖတ္တဲ့အမွတ္အသားျဖစ္ပါတယ္။
အိုင္းမတ္ခ္ (eye mark)
အိုင္းမတ္ခ္ဆိုတာ အင္တာနက္ကုန္ပစၥည္းေတြမွာ အမ်ားစုေတြ႕ႏိုင္တဲ့ စတုဂံပုံစံ႐ိုက္ႏွိပ္ထားတဲ့ အမွတ္အသားကို စစ္ေဆးႏိုင္မယ့္ လွ်ပ္စစ္အာ႐ုံခံအရာျဖစ္ပါတယ္။ ဒီအမွတ္အသားေလးက ထုတ္ကုန္တစ္ခုခ်င္းစီအတြက္ ဘယ္ေနရာကို ျဖတ္ရမယ္ဆိုတာ သတ္မွတ္ေပးပါတယ္။
အေရာင္ပါတဲ့သေကၤတအမွတ္အသားေလးကေတာ့ အိုင္းမတ္ခ္လို (ေနာက္ဆုံးထုတ္ပိုးမႈအဆင့္ထိပါဖို႔) မဟုတ္ပါဘူး။ အေရာင္အမ်ိဳးမ်ိဳးပါဝင္ေနတာက အမ်ိဳးမ်ိဳးေသာထုတ္ပိုးမႈစနစ္နဲ႔ အာ႐ုံခံစက္မ်ားအတြက္ပဲ ျဖစ္ပါတယ္။
သြားတိုက္ေဆးတစ္ခုထဲ ဘာေတြပါလဲသိဖို႔ကေတာ့ ဗူးေပၚမွာ ေရးထားတဲ့ ပါဝင္ပစၥည္းေတြကို ဖတ္ရႈျခင္းပါပဲ။အေရာင္ေတြကေတာ့ အင္တာနက္မွာ ပ်ံ႕ႏွံ႔ေနၿပီး ဒီအေရာင္နဲ႔အမွတ္အသားကို ဘယ္လိုရွာရမယ္၊ ဘယ္လိုအဓိပၸါယ္ေဖာ္ရမယ္ဆိုတဲ့ သတင္းအခ်က္လက္ေတြကို မွားယြင္းစြာမွ်ေဝေနပါတယ္။ ဒါေတြက အမ်ားအားျဖင့္ မမွန္ကန္ပါဘူး။
မွားယြင္းတဲ့အခ်က္အလက္မ်ား 🚫
အျပာေရာင္ – သဘာဝ + ေဆး
အစိမ္းေရာင္ – သဘာဝ
အနီေရာင္ – သဘာဝ + ဓာတုပစၥည္း
အမဲေရာင္ – ဓာတုပစၥည္း
အမွန္ေတာ့ အေရာင္အမွတ္အသားေတြနဲ႔ ပါဝင္ပစၥည္းေတြက ဆက္စပ္မႈ မရွိပါဘူး။ ဒါက ထုတ္လုပ္မႈအပိုင္းမွာ သုံးတဲ့အမွတ္အသားေတြ ျဖစ္ပါတယ္။ ဘယ္ေနရာကို ဘယ္လိုျဖတ္မယ္။ ဘယ္လိုလိပ္မယ္။ ေလလုံေအာင္ဘယ္လိုလိပ္မယ္။ စသည္ျဖင့္ သိရွိႏိုင္တဲ့ အမွတ္အသားသာျဖစ္ပါတယ္။
သြားတိုက္ေဆးထဲမွာပါတဲ့ အရာေတြကို သိထားဖို႔ အေရးႀကီးပါတယ္။ ဒါကို သိဖို႔အတြက္ ဘူးခြံေပၚမွာေရးထားတဲ့ ပါဝင္ပစၥည္းမ်ားဆိုတဲ့ေနရာကို ၾကည့္႐ုံနဲ႔တင္ လုံေလာက္ပါတယ္။
ေရးသားသူ Dr. Phio Thia
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Kaung Thar
Credit to Up To Date