ခံတြင္းအနာ အပူကန္နာမ်ား အတြက္ေဆးနည္းေကာင္းတစ္လက္

ခံတြင္းအနာ အပူကန္နာမ်ား အတြက္ေဆးနည္းေကာင္းတစ္လက္

အားလုံးပဲ မဂၤလာပါ ခင္ဗ် …။

ပုံမွာ ျပထားတဲ့ အပူအဖု အနာေလးကိုေတာ့ ”Canker sore” လို႔ ေခၚပါတယ္။ ဒီလို အပူနာအဖုမ်ိဳး ကေလးကအစ လူႀကီးအဆုံး လူေတာ္ေတာ္မ်ားမ်ား ခံစားဖူးမွာပါေနာ္ …။

တစ္ခ်ိဳ႕ဆိုရင္ မၾကာခနေတာင္ ျဖစ္ေလ႔ရိွပါတယ္ …..။

ဒီအနာဖုဟာ လွ်ာေအာက္ သြားဖုံးႏွင့္ေအာက္ႏုတ္ခမ္းအတြင္းထဲ၌ အျဖစ္မ်ားတတ္ ပါတယ္ …။

အနာအဖုဟာ ေသးငယ္ေပမဲ့ အလြန္နာက်င္ၿပီး ခံစားရ ခက္ပါတယ္ …။

သူ႕ကို ေပ်ာက္ကင္းဖို႔ဆိုရင္ ကြၽန္ေတာ္ တစ္ခုတည္းေသာ ေဆးနည္းကိုသာ ေပးပါ့မယ္ …။

အဂၤလိပ္လို Alum”လို႔ေခၚပါတယ္။ ျမန္မာလိုကေတာ႔ ‘ေက်ာက္ခ်ဥ္’ ျဖစ္ပါတယ္ …။

ေက်ာက္ခ်ဥ္ဟာ ဒီအနာအတြက္ စကၠန္႔ပိုင္းအတြင္းမွာပဲ သက္သာေအာင္ ကုသေပးႏိုင္ပါတယ္ …။

အသုံးျပဳပုံကေတာ့

ေက်ာက္ခ်ဥ္ကို ေ႐ြးေစ့ခန္႔ ဖဲ့ေႁခြၿပီး အနာေပၚတင္ေပးထားပါ။ သိပ္အၾကာႀကီး ထားစရာမလိုပါဘူး။ စကၠန္႔(၆၀)ေလာက္ဆိုရင္ ရပါၿပီ။ စပ္ေတာ႔ စပ္ပါမယ္ ……။

စကၠန္႔(၆၀)ေလာက္ တင္ထားၿပီးပါက ေက်ာက္ခ်ဥ္ေရာ တံေတြးေရာ ေထြးထုတ္လိုက္ပါ။ ခ်က္ျခင္းသက္သာသြားပါလိမ့္မယ္။ ေက်းဇူးတင္ပါတယ္..ကြၽန္ေတာ္ ဘဝခါးခါးပါ။

Credit ဘဝခါးခါး

Unicode

ခံတွင်းအနာ အပူကန်နာများ အတွက်ဆေးနည်းကောင်းတစ်လက်

အားလုံးပဲ မင်္ဂလာပါ ခင်ဗျ …။

ပုံမှာ ပြထားတဲ့ အပူအဖု အနာလေးကိုတော့ ”Canker sore” လို့ ခေါ်ပါတယ်။ ဒီလို အပူနာအဖုမျိုး ကလေးကအစ လူကြီးအဆုံး လူတော်တော်များများ ခံစားဖူးမှာပါနော် …။

တစ်ချို့ဆိုရင် မကြာခနတောင် ဖြစ်လေ့ရှိပါတယ် …။

ဒီအနာဖုဟာ လျှာအောက် သွားဖုံးနှင့်အောက်နုတ်ခမ်းအတွင်းထဲ၌ အဖြစ်များတတ် ပါတယ် …။

အနာအဖုဟာ သေးငယ်ပေမဲ့ အလွန်နာကျင်ပြီး ခံစားရ ခက်ပါတယ် …။

သူ့ကို ပျောက်ကင်းဖို့ဆိုရင် ကျွန်တော် တစ်ခုတည်းသော ဆေးနည်းကိုသာ ပေးပါ့မယ် …။

အင်္ဂလိပ်လို Alum”လို့ခေါ်ပါတယ်။ မြန်မာလိုကတော့ ‘ကျောက်ချဉ်’ ဖြစ်ပါတယ် …။

ကျောက်ချဉ်ဟာ ဒီအနာအတွက် စက္ကန့်ပိုင်းအတွင်းမှာပဲ သက်သာအောင် ကုသပေးနိုင်ပါတယ် …။

အသုံးပြုပုံကတော့

ကျောက်ချဉ်ကို ရွေးစေ့ခန့် ဖဲ့ခြွေပြီး အနာပေါ်တင်ပေးထားပါ။ သိပ်အကြာကြီး ထားစရာမလိုပါဘူး။ စက္ကန့်(၆၀)လောက်ဆိုရင် ရပါပြီ။ စပ်တော့ စပ်ပါမယ် …။

စက္ကန့်(၆၀)လောက် တင်ထားပြီးပါက ကျောက်ချဉ်ရော တံတွေးရော ထွေးထုတ်လိုက်ပါ။ ချက်ခြင်းသက်သာသွားပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်..ကျွန်တော် ဘဝခါးခါးပါ။

Credit ဘဝခါးခါး