အင်္ဂလန်နိုင်ငံ ပလွိုင်းမောက်မြို့ အိမ်တစ်အိမ်မှာ လာရာဟိုက်ဆိုသူ အမျိုးသမီးနဲ့ သူ့အမျိုးသားတို့သာ ၁၈ လသားအရွယ်ကလေးကို သီးသန့်အခန်းမှာသိပ်ထားရာက ထိတ်လန့်ဖွယ်ကြုံခဲ့ရပါတယ်။
ကလေးရဲ့အခန်းကို စီစီတီဗွီချိန်ပြီး အပြင်မှနေ တီဗွီဖန်သားပြင်မှ ကြည့်မိရာ မသင်္ကာစရာ အရာတစ်ခုက ပုခက်ပေါ်တက်ပြီး ကလေးဘေးမှာ အိပ်နေပါတယ်။
အစတော့ ဆွေးမျိုးတွေဝယ်ပေးခဲ့တဲ့ ဝက်ဝံရုပ်ကလေးထင်ခဲ့ပါတယ်။ ဒါပေမယ့်သေချာကြည့်မိတဲ့အခါမှ ထိတ်လန့်ပြီး ယောက်ျားဖြစ်သူက အပေါ်ထပ်အခန်းထဲပြေးတက်ပြီး သွားကြည့်ရာ ကလေးဘေးမှာ ဘာမှမတွေ့ရပါဘူး။ ပြန်လာပြီး တွီဗွီကိုကြည့်တော့ ခဏအကြာထိ မှန်ပြင်မှာ ပေါ်နေတာဖြစ်ပါတယ်။
Credit’ PannPwint
Zawgyi