သင္ ကားဝယ္ေတာ့မယ္ဆို ဒါေလးအရင္ ဖတ္ၾကည့္ပါ မ်က္ျမင္ ကား သြားဝယ္မယ့္ အမ်ိဳးေတြ အေတြးမမွား ေဈးမမ်ားေစဖို႔ ဒါေလးေဆာင္ထား အၾကမ္းအားျဖင့္ ေတာ့ မမွားႏိုင္ေတာ့ပါ
၁။ ကား ကိုၾကည့္မယ္ဆိုရင္အလင္းေရာင္ ေကာင္းေကာင္း ရရွိၿပီးအရိပ္ေအာက္သက္ေတာင့္သက္သာ ၾကည့္ႏိုင္ေသာေနရာ ျဖစ္ရမည္ျဖစ္ၿပီးေန႔လည့္ခင္း ေနပူေအာက္ၾကည့္ရႈ႕ျခင္းေရွာင္ပါ။
အပူဒါဏ္ ျပင္းထန္လြန္းသျဖင့္ကားၾကည့္ရႈေသာအခါတြင္သက္ေတာင့္သက္သာမျဖစ္လို႔စစ္ရမွာေတြက်န္ခဲ့တတ္ပါတယ္
အပူဒါဏ္သက္သာေအာင္ဆိုၿပီးညေနဘက္နဲ႔မိုးခ်ဴပ္ပိုင္းေတာ့ ကား ၾကည့္ဖို႔မလုပ္ၾကပါနဲ႔ေနာ္သေဘာေပါက္ပါေရထဲ ပိုက္ဆံလြင့္ျပစ္လိုက္ရင္ေတာင္အသံျမည္ဦးမွာပါ
၂။ ကား ကိုေတြ႕တာနဲ႔ကားထိုင္ခုံခါးပတ္ကိုဆြဲထုတ္လိုက္ပါခါးပါတ္ေခါင္းေတြမွာထုတ္တဲ့ ခုႏွစ္ေတြ အတိအက်ေရးထားပါတယ္ၿဖဲထားတာမ်ိဳး ၊ကတ္ေၾကးနဲ႔ ျဖတ္ထားတာမ်ိဳးမျဖစ္ရပါဘူး။
ၾကည့္တာနဲ႔ေတြ႕ရပါမယ္ကားပိုင္ရွင္ ပါးစပ္ကဘယ္ႏွခုႏွစ္ပါလို႔ အျမဳတ္ထြက္ေအာင္ေျပာေနလဲ ကြၽန္ေတာ္ တို႔မ်က္စိရယ္ ဦးေႏွာက္ရယ္နဲ႔ဘဲအလုပ္လုပ္ ၾကရမွာျဖစ္လို႔ က်န္တာေတြ ခဏ ေမ့လိုက္ပါ။
၃။ ကား ကိုစက္ႏႈိး ပါ ၿပီးတာနဲ႔အဲကြန္းဖြင့္လိုက္ပါ စက္သံသည္ဆူညံ က်ယ္ေလာင္ တာမ်ိဳးကိုေတာ့ ခြဲတတ္ပါေစၿပီးလွ်င္အဲကြန္းေလေအး မ ေအး စစ္ပါ။
၄။ ကားအစီးတိုင္းမွာ Wheel Tax ပါပါတယ္ပါတဲ့ Wheel Tax ဖရိန္နံပါတ္နဲ႔ကားမွာ တကယ္ပါေသာ နံပါတ္တူညီမႈ ရွိမရွိ အရင္စစ္ပ ါ။
ကားမွာတပ္ထားေသာ ဖရိန္ chassis ေနရာသည္လည္းသန႔္ရွင္း သပ္ရပ္ေနရပါမည္ ျဖတ္ဆက္ဆိုလွ်င္ကားဝယ္ၿပီးတာနဲ႔ ဆုံးသြားပါလိမ့္မည္ကညန သိမ္းပါလိမ့္မည္။
၅။ ၿပီးရင္ကားေရွ႕ဘက္ပိုင္းကားေနာက္ဖက္ပိုင္းမီးခြက္ေနရာေတြစစ္ပါမီးလုံးအေရာင္တူညီမႈ ရွိမရွိေနရာအထိုင္မူလီေတြမူလီေရာင္ဘဲ ရွိရပါမည္ကားေဆး ကူးေနျခင္းလုံးဝမရွိေစရ မူလီက မူလီလိုဘဲညစ္ပတ္လို႔ရေပမယ့္ ကားေဘာ္ဒီ ေဆးမကူးေစရ။
၆။ ကားဘီးသဲကာမ်ားသည္လည္းနဂိုသဲကာအတိုင္းသာျဖစ္ရမည္ျဖစ္ၿပီးညစ္ပတ္ေနေပမယ့္ သပ္သပ္ ရပ္ရပ္ရွိေနရပါမည္
၇။ အေရးႀကီးဆုံးက ကား ရဲ႕ေအာက္ပိုင္းနဲ႔အင္ဂ်င္ခန္း ကဖရိန္ေတြသည္သန႔္ရွင္းေနရပါမည္။အမ်ားစု သည္ပုံမွန္အေရာင္ပုံမွန္ ကာလာျဖစ္ရမည္ျပန္မႈတ္ထားပါက သူတစ္ေနရာတည္းကြက္ျဖဴေနတတ္ပါသည္။
ကြက္ေနတိုင္းလည္းယူလို႔ရတာေတြရွိပါတယ္။ ဒါေပမယ့္ကားေကာင္းရင္ေကာင္းတဲ့ေဈး မေကာင္းရင္ လည္းမေကာင္းနဲ႔ေဈးဘဲ ေပးႏိုင္ဖို႔ စစ္ခိုင္းတာပါ
၈။လူေတြသတိမထားဘဲ ေက်ာ္ေက်ာ္သြားတဲ့ အေရးႀကီးတဲ့ ကားအစိတ္အပိုင္းေတြကေတာ့ ကားေျခနင္းျပားေအာက္ကို လွန္ၾကည့္ဖို႔ေနာက္ဖုံးအခင္းျပားေအာက္ခြာၾကည့္ဖို႔ လုံးဝအားမနာပါနဲ႔အားနာ လို႔ သံေခ်း လိုက္ေနရင္ကိုယ့္လည္ပင္းႀကိဳးကြင္းစြပ္ၿပီသာ မွတ္လိုက္ပါေတာ့သံေခ်း ရွိတဲ့ကားအလြန္ဆုံး ၁ႏွစ္ေလာက္ဘဲ ေကာင္းမွာပါ
၉။ ကီလိုမွန္မမွန္စစ္ႏိုင္ဖို႔ကေတာ့ အၾကမ္းအားျဖင့္ မွတ္သားရမွာကေတာ့ ကား ကီလိုေတြရဲ႕အသက္က ဖင္ထိုင္ခုံနဲ႔စီယာရင္ထိုင္ခုံခါးပါတ္လို႔ အၾကမ္းျဖင္းမွတ္ပါ။ကီလိုမ်ားရင္ အားလုံးႏြမ္းတတ္ပါတယ္။
ဒါေပမယ့္ တခ်ိဳ႕ ဂ်ပန္ကား ေတြ ကလည္းဂ်ပန္ကေနာက္ဆုံးပိုင္ရွင္အကိုင္အတြယ္ၾကမ္းတမ္းရင္ ကီလိုသုံးေသာင္း နဲ႔လည္းစုတ္ျပတ္သတ္ေနတာကို ျမင္ဖူးပါတယ္
၁၀။တခ်ိဳ႕ကလည္းတိုက္ကားဘယ္လိုခြဲမလဲ ေမးၾကပါလိမ့္မယ္ဂ်ပန္မွာတိုက္ကားအားလုံးကို Recondition လုပ္ၿပီးရင္ ဒီအတိုင္း စစ္လို႔ မရေတာ့ပါ ဘာလို႔ဆိုေတာ့ တိုက္မိသမွ် ပ်က္စီးသမွ် အကုန္အသစ္လဲလိုက္ေသာေၾကာင့္ပါ ဒါေၾကာင့္ ကန္ဆယ္ေလးရွင္းအမွန္ဆိုရင္ ကားဝယ္ယူသူေတြက တန္ဖိုးထားၾကရတာပါ။
၁၁။ဘာေၾကာင့္ ကန္ဆယ္ေလးရွင္းအမွန္ေတြ ေရာင္းကားထဲမွာမရွိတာလဲအမ်ားစုေမးပါလိမ့္မယ္။
ဘယ္ရွိမလဲဗ်ာကားတစ္စီးကိုေဈးႏႈန္း ႏႈိင္းယွဥ္ၿပီးဝယ္တဲ့ တိုင္းျပည္မွာကန္ဆယ္ေလးရွင္းအမွန္ေဈးနဲ႔အစုတ္အျပတ္ေဈးဂ်ပန္မွာတခ်ိဳ႕ဆို သိန္း ေလးငါးဆယ္ကြာေနတာမို႔ဘယ္သူမွ ကားေကာင္းကိုသြင္းမေရာင္းႏိုင္ေတာ့တာပါ။
ဒါေၾကာင့္ ကားေကာင္းဆို စီးမယ့္ဆိုၿပီးသြင္းတဲ့ လူေတြ ျပန္ေရာင္းမွသာရွိေတာ့တာပါ။ တကယ္စီးမယ့္သူေတြသူတို႔ကားကီလိုမ်ားရင္ေတာင္ မႀကိဳက္ၾကပါဘူးက်န္တာဆို စဥ္းစားမေနပါနဲ႔
၁၂။ကားအေရာင္ တန္းမွာ ျမန္မာျပည္အႀကိဳက္က အေပၚဆုံးအျမင့္ဆုံးေဈးကအျဖဴ အမည္းပါ ၿပီးရင္ ၾကားအေရာင္လို႔ေခၚတဲ့ မိုးျပာတို႔ ေ႐ႊအိုတို႔ လာပါတယ္ၿပီးရင္အေရာင္ပ်က္လို႔ေခၚတဲ့ ဓါတ္တိုင္ေရာင္တို႔ အျပာေတာက္ေတာက္အနီေတာက္ေတာက္အေရာင္ေတြကိုေတာ့သခင္ခ်စ္ကား ခ်စ္လြန္းလို႔ကိုယ့္နားက ေတာ္ေတာ္နဲ႔မသြားဘူး လို႔ မွတ္သားထားပါ
အေရာင္သတ္မွတ္ခ်က္ကေတာ့ ကားတိုင္းအတြက္ ေတာ့မတူႏိုင္ေပမယ့္ အၾကမ္းဖ်င္းကေတာ့အေရာင္ေတြကိုလိုက္ၿပီး ေဈးႏႈန္းက ၁၀ သိန္းေလာက္ကေနပိုကြာတာမ်ိဳးေတြလည္းရွိပါတယ္ဓါတ္တိုင္ Silver အေရာင္ပ်က္ ဆိုၿပီး 99 Surfတို႔ 99 Prado တို႔ကိုေတာ့ သြားမလုပ္နဲ႔ေနာ္သူတို႔ပုံစံ နဲ႔ ေငြေရာင္ဆို ေကာင္းတာမို႔ အဲ့လိုကားေတြမွာေတာ့အေရာင္ပ်က္လို႔ မေခၚႏိုင္ျပန္ပါဘူး
၁၃။ ကား ဝယ္ယူမည့္လူေတြကို လြယ္လြယ္နဲ႔ တြန္းေရာင္းတတ္တာေလးတစ္ခုကေတာ့2WD / 4 WDကိစၥပါ လိုအပ္တဲ့လူအတြက္ ေလးဘီးယက္ဆိုတာ လိုေပမယ့္လူ မ်ားစု နဲ႔ ဆီစားႏႈန္းသက္သာဖို႔အတြက္ကေတာ့ေလးဘီးယက္ေတြဟာ ျဖဳတ္မရဘဲ ၂၀ ကီလို နင္းမွ ျပဳတ္တဲ့ဟာ ဆိုရင္ေတာ့ဆီစားမယ္ ၊
ျပန္ေရာင္းရင္ ခက္မယ္ဆိုတာကိုပါ လုံးဝတြက္ထားပါ
ၾကမ္းတမ္းတဲ့ေတာင္တန္း ေျမသားလမ္းေတြအတြက္ ( ကတၱရာလမ္းမပါ )ေလးဘီးယက္ကားအသုံးဝင္ေပမယ့္ ေျမျပန္လမ္းေတြအတြက္ကေတာ့မလိုအပ္တာမို႔ ဒီတစ္ခ်က္ကိုလည္း ခ်င့္ခ်ိန္ပါ 2WD / 4 WD ႏွစ္မ်ိဳးေ႐ႊးခ်ယ္ခြင့္ရွိတဲ့ပုံမွန္ အိမ္စီး ကားအမ်ားစုမွာ 4WD ကားေတြက ေလလံ မွာကိုဘဲ သိန္း 20 ကေန သိန္း 40 ေလာက္ထိ သက္သာ ေနတတ္တာကိုေတြ႕ရပါတယ္။
၁၄။ ကားကိုစစ္ရင္ ေနာက္ခန္းလည္းက်န္ခဲ့တတ္ပါတယ္ ေနာက္ခန္းကိုလည္းေသခ်ာစစ္ပါ ကားမွာပါတာ Orginal ဟုတ္မဟုတ္သန႔္ရွင္းမႈ ရွိမရွိ အသုံးျပဳထားေသးလား ဘီး ဂ်ိဳက္ ဂြ ေတြ ပါတာေတြေပါ့ဗ်ာ အမ်ားအားျဖင့္ေတာ့ဂ်ပန္ကလာရင္ အသုံးမျပဳရေသးတာ မ်ားပါတယ္
၁၅။ ကား ကိုလည္း စစ္ၿပီးၿပီစိတ္တိုင္းက်ၿပီဆိုရင္ေတာ့ေမာင္းသာ စမ္းေပေတာ့ေနာက္ဆုံးအဆင့္ဆိုေတာ့ အားမနာပါနဲ႔ပိုက္ဆံ ႐ိုက္ထုတ္တဲ့ စက္လည္း မိတ္ေဆြတို႔ ဆီမွာ မရွိ ကဲ ကားဝယ္ေတာ့မယ့္ စာဖတ္သူမ်ားအတြက္အသိတစ္ခုရမယ္လို႔ထင္ပါတယ္ေနာ္။ဒီစာေလးကိုဖတ္ၿပီးေကာင္းမြန္တဲ့ကားမ်ား ဝယ္ယူႏိုင္ၾကပါေစေနာ္။
သူငယ္ခ်င္းေတြသိေအာင္လည္းမွ်ေဝေပးခဲ့လိုက္ပါေနာ္
Credit car journal
Unicode
သင် ကားဝယ်တော့မယ်ဆို ဒါလေးအရင် ဖတ်ကြည့်ပါ မျက်မြင် ကား သွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ
၁။ ကား ကိုကြည့်မယ်ဆိုရင်အလင်းရောင် ကောင်းကောင်း ရရှိပြီးအရိပ်အောက်သက်တောင့်သက်သာ ကြည့်နိုင်သောနေရာ ဖြစ်ရမည်ဖြစ်ပြီးနေ့လည့်ခင်း နေပူအောက်ကြည့်ရှု့ခြင်းရှောင်ပါ။
အပူဒါဏ် ပြင်းထန်လွန်းသဖြင့်ကားကြည့်ရှုသောအခါတွင်သက်တောင့်သက်သာမဖြစ်လို့စစ်ရမှာတွေကျန်ခဲ့တတ်ပါတယ်
အပူဒါဏ်သက်သာအောင်ဆိုပြီးညနေဘက်နဲ့မိုးချူပ်ပိုင်းတော့ ကား ကြည့်ဖို့မလုပ်ကြပါနဲ့နော်သဘောပေါက်ပါရေထဲ ပိုက်ဆံလွင့်ပြစ်လိုက်ရင်တောင်အသံမြည်ဦးမှာပါ
၂။ ကား ကိုတွေ့တာနဲ့ကားထိုင်ခုံခါးပတ်ကိုဆွဲထုတ်လိုက်ပါခါးပါတ်ခေါင်းတွေမှာထုတ်တဲ့ ခုနှစ်တွေ အတိအကျရေးထားပါတယ်ဖြဲထားတာမျိုး ၊ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုးမဖြစ်ရပါဘူး။
ကြည့်တာနဲ့တွေ့ရပါမယ်ကားပိုင်ရှင် ပါးစပ်ကဘယ်နှခုနှစ်ပါလို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲအလုပ်လုပ် ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။
၃။ ကား ကိုစက်နှိုး ပါ ပြီးတာနဲ့အဲကွန်းဖွင့်လိုက်ပါ စက်သံသည်ဆူညံ ကျယ်လောင် တာမျိုးကိုတော့ ခွဲတတ်ပါစေပြီးလျှင်အဲကွန်းလေအေး မ အေး စစ်ပါ။
၄။ ကားအစီးတိုင်းမှာ Wheel Tax ပါပါတယ်ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ကားမှာ တကယ်ပါသော နံပါတ်တူညီမှု ရှိမရှိ အရင်စစ်ပ ါ။
ကားမှာတပ်ထားသော ဖရိန် chassis နေရာသည်လည်းသန့်ရှင်း သပ်ရပ်နေရပါမည် ဖြတ်ဆက်ဆိုလျှင်ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည်ကညန သိမ်းပါလိမ့်မည်။
၅။ ပြီးရင်ကားရှေ့ဘက်ပိုင်းကားနောက်ဖက်ပိုင်းမီးခွက်နေရာတွေစစ်ပါမီးလုံးအရောင်တူညီမှု ရှိမရှိနေရာအထိုင်မူလီတွေမူလီရောင်ဘဲ ရှိရပါမည်ကားဆေး ကူးနေခြင်းလုံးဝမရှိစေရ မူလီက မူလီလိုဘဲညစ်ပတ်လို့ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။
၆။ ကားဘီးသဲကာများသည်လည်းနဂိုသဲကာအတိုင်းသာဖြစ်ရမည်ဖြစ်ပြီးညစ်ပတ်နေပေမယ့် သပ်သပ် ရပ်ရပ်ရှိနေရပါမည်
၇။ အရေးကြီးဆုံးက ကား ရဲ့အောက်ပိုင်းနဲ့အင်ဂျင်ခန်း ကဖရိန်တွေသည်သန့်ရှင်းနေရပါမည်။အများစု သည်ပုံမှန်အရောင်ပုံမှန် ကာလာဖြစ်ရမည်ပြန်မှုတ်ထားပါက သူတစ်နေရာတည်းကွက်ဖြူနေတတ်ပါသည်။
ကွက်နေတိုင်းလည်းယူလို့ရတာတွေရှိပါတယ်။ ဒါပေမယ့်ကားကောင်းရင်ကောင်းတဲ့ဈေး မကောင်းရင် လည်းမကောင်းနဲ့ဈေးဘဲ ပေးနိုင်ဖို့ စစ်ခိုင်းတာပါ
၈။လူတွေသတိမထားဘဲ ကျော်ကျော်သွားတဲ့ အရေးကြီးတဲ့ ကားအစိတ်အပိုင်းတွေကတော့ ကားခြေနင်းပြားအောက်ကို လှန်ကြည့်ဖို့နောက်ဖုံးအခင်းပြားအောက်ခွာကြည့်ဖို့ လုံးဝအားမနာပါနဲ့အားနာ လို့ သံချေး လိုက်နေရင်ကိုယ့်လည်ပင်းကြိုးကွင်းစွပ်ပြီသာ မှတ်လိုက်ပါတော့သံချေး ရှိတဲ့ကားအလွန်ဆုံး ၁နှစ်လောက်ဘဲ ကောင်းမှာပါ
၉။ ကီလိုမှန်မမှန်စစ်နိုင်ဖို့ကတော့ အကြမ်းအားဖြင့် မှတ်သားရမှာကတော့ ကား ကီလိုတွေရဲ့အသက်က ဖင်ထိုင်ခုံနဲ့စီယာရင်ထိုင်ခုံခါးပါတ်လို့ အကြမ်းဖြင်းမှတ်ပါ။ကီလိုများရင် အားလုံးနွမ်းတတ်ပါတယ်။
ဒါပေမယ့် တချို့ ဂျပန်ကား တွေ ကလည်းဂျပန်ကနောက်ဆုံးပိုင်ရှင်အကိုင်အတွယ်ကြမ်းတမ်းရင် ကီလိုသုံးသောင်း နဲ့လည်းစုတ်ပြတ်သတ်နေတာကို မြင်ဖူးပါတယ်
၁၀။တချို့ကလည်းတိုက်ကားဘယ်လိုခွဲမလဲ မေးကြပါလိမ့်မယ်ဂျပန်မှာတိုက်ကားအားလုံးကို Recondition လုပ်ပြီးရင် ဒီအတိုင်း စစ်လို့ မရတော့ပါ ဘာလို့ဆိုတော့ တိုက်မိသမျှ ပျက်စီးသမျှ အကုန်အသစ်လဲလိုက်သောကြောင့်ပါ ဒါကြောင့် ကန်ဆယ်လေးရှင်းအမှန်ဆိုရင် ကားဝယ်ယူသူတွေက တန်ဖိုးထားကြရတာပါ။
၁၁။ဘာကြောင့် ကန်ဆယ်လေးရှင်းအမှန်တွေ ရောင်းကားထဲမှာမရှိတာလဲအများစုမေးပါလိမ့်မယ်။
ဘယ်ရှိမလဲဗျာကားတစ်စီးကိုဈေးနှုန်း နှိုင်းယှဉ်ပြီးဝယ်တဲ့ တိုင်းပြည်မှာကန်ဆယ်လေးရှင်းအမှန်ဈေးနဲ့အစုတ်အပြတ်ဈေးဂျပန်မှာတချို့ဆို သိန်း လေးငါးဆယ်ကွာနေတာမို့ဘယ်သူမှ ကားကောင်းကိုသွင်းမရောင်းနိုင်တော့တာပါ။
ဒါကြောင့် ကားကောင်းဆို စီးမယ့်ဆိုပြီးသွင်းတဲ့ လူတွေ ပြန်ရောင်းမှသာရှိတော့တာပါ။ တကယ်စီးမယ့်သူတွေသူတို့ကားကီလိုများရင်တောင် မကြိုက်ကြပါဘူးကျန်တာဆို စဉ်းစားမနေပါနဲ့
၁၂။ကားအရောင် တန်းမှာ မြန်မာပြည်အကြိုက်က အပေါ်ဆုံးအမြင့်ဆုံးဈေးကအဖြူ အမည်းပါ ပြီးရင် ကြားအရောင်လို့ခေါ်တဲ့ မိုးပြာတို့ ရွှေအိုတို့ လာပါတယ်ပြီးရင်အရောင်ပျက်လို့ခေါ်တဲ့ ဓါတ်တိုင်ရောင်တို့ အပြာတောက်တောက်အနီတောက်တောက်အရောင်တွေကိုတော့သခင်ချစ်ကား ချစ်လွန်းလို့ကိုယ့်နားက တော်တော်နဲ့မသွားဘူး လို့ မှတ်သားထားပါ
အရောင်သတ်မှတ်ချက်ကတော့ ကားတိုင်းအတွက် တော့မတူနိုင်ပေမယ့် အကြမ်းဖျင်းကတော့အရောင်တွေကိုလိုက်ပြီး ဈေးနှုန်းက ၁၀ သိန်းလောက်ကနေပိုကွာတာမျိုးတွေလည်းရှိပါတယ်ဓါတ်တိုင် Silver အရောင်ပျက် ဆိုပြီး 99 Surfတို့ 99 Prado တို့ကိုတော့ သွားမလုပ်နဲ့နော်သူတို့ပုံစံ နဲ့ ငွေရောင်ဆို ကောင်းတာမို့ အဲ့လိုကားတွေမှာတော့အရောင်ပျက်လို့ မခေါ်နိုင်ပြန်ပါဘူး
၁၃။ ကား ဝယ်ယူမည့်လူတွေကို လွယ်လွယ်နဲ့ တွန်းရောင်းတတ်တာလေးတစ်ခုကတော့2WD / 4 WDကိစ္စပါ လိုအပ်တဲ့လူအတွက် လေးဘီးယက်ဆိုတာ လိုပေမယ့်လူ များစု နဲ့ ဆီစားနှုန်းသက်သာဖို့အတွက်ကတော့လေးဘီးယက်တွေဟာ ဖြုတ်မရဘဲ ၂၀ ကီလို နင်းမှ ပြုတ်တဲ့ဟာ ဆိုရင်တော့ဆီစားမယ် ၊
ပြန်ရောင်းရင် ခက်မယ်ဆိုတာကိုပါ လုံးဝတွက်ထားပါ
ကြမ်းတမ်းတဲ့တောင်တန်း မြေသားလမ်းတွေအတွက် ( ကတ္တရာလမ်းမပါ )လေးဘီးယက်ကားအသုံးဝင်ပေမယ့် မြေပြန်လမ်းတွေအတွက်ကတော့မလိုအပ်တာမို့ ဒီတစ်ချက်ကိုလည်း ချင့်ချိန်ပါ 2WD / 4 WD နှစ်မျိုးရွှေးချယ်ခွင့်ရှိတဲ့ပုံမှန် အိမ်စီး ကားအများစုမှာ 4WD ကားတွေက လေလံ မှာကိုဘဲ သိန်း 20 ကနေ သိန်း 40 လောက်ထိ သက်သာ နေတတ်တာကိုတွေ့ရပါတယ်။
၁၄။ ကားကိုစစ်ရင် နောက်ခန်းလည်းကျန်ခဲ့တတ်ပါတယ် နောက်ခန်းကိုလည်းသေချာစစ်ပါ ကားမှာပါတာ Orginal ဟုတ်မဟုတ်သန့်ရှင်းမှု ရှိမရှိ အသုံးပြုထားသေးလား ဘီး ဂျိုက် ဂွ တွေ ပါတာတွေပေါ့ဗျာ အများအားဖြင့်တော့ဂျပန်ကလာရင် အသုံးမပြုရသေးတာ များပါတယ်
၁၅။ ကား ကိုလည်း စစ်ပြီးပြီစိတ်တိုင်းကျပြီဆိုရင်တော့မောင်းသာ စမ်းပေတော့နောက်ဆုံးအဆင့်ဆိုတော့ အားမနာပါနဲ့ပိုက်ဆံ ရိုက်ထုတ်တဲ့ စက်လည်း မိတ်ဆွေတို့ ဆီမှာ မရှိ ကဲ ကားဝယ်တော့မယ့် စာဖတ်သူများအတွက်အသိတစ်ခုရမယ်လို့ထင်ပါတယ်နော်။ဒီစာလေးကိုဖတ်ပြီးကောင်းမွန်တဲ့ကားများ ဝယ်ယူနိုင်ကြပါစေနော်။
သူငယ်ချင်းတွေသိအောင်လည်းမျှဝေပေးခဲ့လိုက်ပါနော်
Credit car journal