“မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ အင်ဂျင်နီယာလူငယ်တစ်ဦးအား ပေးသနားတော်မူခဲ့သော စေလိုရာစေဂါထာတော်”

“မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးမွ အင္ဂ်င္နီယာလူငယ္တစ္ဦးအား ေပးသနားေတာ္မူခဲ့ေသာ ေစလိုရာေစဂါထာေတာ္”

မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီး ေ႐ႊႏွစ္ေတာရစတင္ ေရာက္ခါစအခ်ိန္ မႏၲေလးက ေက်ာင္းဆင္း အင္ဂ်င္နီယာ လူငယ္ တစ္ဦး စံေက်ာင္းေတာ္ တည္ေဆာက္ရင္း လုပ္အားေပးခဲ့သည္မွာ တစ္လခန႔္ရွိေနၿပီျဖစ္၏။

ေန႔ခင္းဘက္လုပ္အားေပး၏။ညဘက္ အားခ်ိန္ေရာက္ေသာ အခါ အာနာပါန တရားထိုင္၏။ဂုဏ္ေတာ္ပြား၏။ေမတၱာပို႔ၿပီးမွ အိပ္၏။နံနက္ေစာေစာ ေမတၱာခံယူ၏။

တစ္ရက္သား ဆရာေတာ္ႀကီးကို တိုင္တည္ၿပီး တပည့္ေတာ္ ၿမိဳ႕မွာေနေပမယ့္ ကိုယ္ပိုင္အိမ္မရွိပါ ဘုရား၊ အိမ္ငွားေန ေနရပါတယ္။အလုပ္အကိုင္လည္း မရေသးပါဘူးဘုရား၊ အရွင္ ဘုရားနည္းလမ္းေပးရင္ေတာ့ေကာင္းမွာပဲဟု ၿငီးျငဴမိ၏။ ေနာက္တစ္ေန႔ နံနက္ေရာက္ေသာ္ ဆရာေတာ္ႀကီးစံေက်ာင္းေတာ္ကေနထြက္လာၿပီး “ဒါယိကာေလး တို႔မ်ားေလာကုတၱရာ သမားေတြကေတာ့ မသုံးဘူးေပါ့။ ဒကာတို႔လို ေလာကီသားေတြ အတြက္ေတာ့လိုအပ္တယ္”။

‘ေခါင္တကာ့ေခါင္’ႀကီးက ပုရပုဒ္နဲ႔ေရးထိုးထာတာတဲ့ ေစလိုရာေစ ဂါထာဗ်ာ။ ေဟာဒိမွာ က်ဳပ္လက္ေရးမူနဲ႔ ျပန္ေရးထားတာ ေရာ့ ”ဟု ဆိုကာ လက္ေရးမူစာ႐ြက္ေလးတစ္ခု ေပးလာ၏။

ထိုအင္ဂ်င္နီယာေလးက ယုံၾကည္စြာျဖင့္ တစ္ေန႔ ၁၀၈ ေခါက္ ရေအာင္ ႐ြတ္ဖတ္ပူေဇာ္၏။ ဘယ္ေလာက္ အလုပ္ မ်ားမ်ား ရေအာင္ပူေဇာ္၏။ ယေန႔ ကိုယ္ပိုင္တိုက္ႏွင့္ကားျဖင့္ ကန္ထ႐ိုက္တာလုပ္ငန္းမ်ားလုပ္ကိုင္၍ မႏၲေလးၿမိဳ႕တြင္ ေအာင္ျမင္သူတစ္ဦး ျဖစ္ေနေတာ့၏။

ဒီအေၾကာင္းအရာေတြကို(၂) ႏွစ္ေက်ာ္မွ ေျပာပါဆို၍ ဆရာ ေတာ္ဘုရားႀကီးအား ဝိဇၨာတစ္ပါးမွ လာေရာက္လႈဒါန္းေသာ ဂါထာ ျဖစ္ပါသည္။ ေနာကိုးတန္ဂါထာ ဟုလည္းေခၚပါသည္။

မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီး ေပးသနားေတာ္မူေသာ” ေစလိုရာေစ”ေနာကိုးတန္ဂါထာကို ဆရာႏွင့္ဒကာ ႏွစ္ဦးထဲ ေပးခဲ့သည္အတြက္ မည္သည့္မွတ္တမ္းမွ မရွိပါ။

(ေစလိုရာေစ(သို႔)ေနာကိုးတန္ဂါထာ)

ၪုံ ေနာရဇၨတိ ရဇၨမာေနာ နေနာ ေန နေနာ ဥတၱေမၼာ နေနာ ေန နေနာ ဘုမၼိရာဇၨာေနာ ဣတိပိေသာ ဘဂဝါ ဝုတၱာ ဣတိ မႏၲာ သုခါဝဟာ

ဣတိဗုဒ္ဓေဟိသရဏံ သဗ္ဗေဒေဝါ ပိယံ မမ ဣတိ ဓမ္မေဟိ သရဏံ စတုမဟာရာဇာ ပိယံ မမ ဣတိ သံဃေဟိ သရဏံ ဣတ္ထိပုရိသာ ပိယံမမ သဗ္ေဗ အနန္တရာယာ ဝိနာႆန္တု။

(ျမန္မာျပန္ အနက္အဓိပၸါယ္)

ၪုံ -ေအာင္ျမင္မႈအေပါင္း ခေညာင္းပါေစသတည္း။ ရဇၨမာေနာ-သတၱဝါအရပ္ရပ္ကို တြင္တြင္သတ္တတ္ တဏွာမာရ္ နတ္သည္ ပူးကပ္ေသာ္လည္း၊ ေနာရဇၨတိ-ငါဘုရားအား န-ကိေလသာမာန္သည္ အနည္းငယ္မွ်မရွိ။

ေနာ-ဘုရားရွင္အား၊ န-တပ္မက္တဏွာ ကိေလသာမာန္ႂကြင္း က်န္တစိမရွိျခင္းေၾကာင့္၊ ဥတၱေမာ-ေလာကသုံးရပ္ ဘုံသုံးထပ္ထက္ ျမတ္ေတာ္မူေပ၏။ မာေနာ-တက္ႂကြေမာက္မာကိေလသာမာန္တရားသည္၊ ေနာ-ငါဘုရား၌ န-ရွိေတာ္မမူ။

ဘုမၼိရာဇာေနာ – ကိေလသာအာသေဝါတည္းဟူေသာ ေျမကိုအစိုးရေသာ မင္းရာဇာသည္၊ နေနာ-ကိုင္းရွိဴင္းၫြတ္လာ႐ိုေသာစြာျဖင့္၊ န-ရွိခိုးျခင္းသည္ မဟုတ္ေလာ။ တသၼာ-ထိုေၾကာင့္၊ သတၱေမာ-လူသုံးပါးထက္ျမတ္ေတာ္မူေပ၏။ဣတိေသာ-ဤသို႔ေသာကိေလသာ ရမၼက္ျမဴမွ် မထြက္ေသာ၊ ေသာဘဂဝါ-ထိုျမတ္စြာဘုရားသည္၊ ဣတိပိ-ဤသို႔မေဖာက္မျပန္ ဟုတ္တိုင္းမွန္ေသာ တရားတို႔ကိုသာ၊ ဝုတၱာ-ေဟာၾကား ေတာ္မူၾကပါေပကုန္၏။

ဣတိ-ဤသို႔အမွန္ကိုသာ ေဟာၾကား ၾကပါကုန္ေသာ ဘုရား ရွင္အေပါင္း၏၊ မႏၲာ-ဓမၼစက္ခံအာဏာစက္ မႏၲန္အေပါင္းသည္၊ သုခါဝဟာ -ခ်မ္းသာကိုသာေပးတတ္ ေဆာင္တတ္ပါေခ်၏။

ဣတိ-ဤသို႔ခ်မ္းသာအေပါင္းကိုေဆာင္ေပး ေတာ္မူၾကပါေသာ၊ ဗုေဒၶဟိ-ဘုရားရွင္အေပါင္းတို႔ကို၊ သရဏံ-ကိုးကြယ္ရျခင္းေၾကာင့္၊ မမ-ငါ့အား၊ သေဗၺေဒဝါ-နတ္အားလုံးတို႔သည္၊ ပိယံ-ခ်စ္ျမတ္ႏိုးသျဖင့္ စိုးမိုးေစာင့္ေရွာက္ၾကပါ ေစသတည္း။

ဣတိ-ဤသို႔ခ်မ္းသာအေပါင္း ေဆာင္ေပးေတာ္ မူၾကပါေသာ၊ ဓေမၼဟိ-ဘုရားေဟာႁမြက္ ဓမၼစက္အေပါင္းတို႔အား၊ သရဏံ-ကိုးကြယ္ရျခင္းေၾကာင့္၊ မမ-ငါ့အား၊ စတုမဟာရာဇာ-နတ္မင္းႀကီးေလးပါးတို႔သည္၊ ပိယံ-ခ်စ္ျမတ္ႏိုးတန္ခိုးလက္နက္ အာဏာစက္ျဖင့္ ျဖည့္စြက္ကူညီၾကပါေစသတည္း။

ဣတိ-ဤသို႔ခ်မ္းသာ အေပါင္းကို ေဆာင္ေပးေတာ္မူၾကပါေသာ၊ သံေဃဟိ-ကိုယ္စိတ္ႏွစ္ပါးေဖာက္ျပားျခင္း အလ်ဥ္း မရွိေသာ အရိယာသံဃာေတာ္တို႔အား၊ သရဏံ-ကိုးကြယ္ရျခင္းေၾကာင့္၊ မမ-ငါ့အား၊ ဣတၳိပုရိသာ-မိန္းမအားလုံးေယာက်ၤားအားလုံးတို႔သည္၊

ပိယံ-ခ်စ္ျမတ္ႏိုး၍ ငါ့အက်ိဳးကိုေဆာင္ ငါ့အားေအာင္ျမင္ ရန္ကူညီၾကပါေစသတည္း။သေဗၺ-အားလုံးကုန္ေသာ၊ အနႏၲရာယာ-အနီးကပ္ေဘး အေဝးမွ ရန္မွန္သမွ်တို႔သည္ ဝိနာႆႏၲဳ-ငါ့ထံမေရာက္လႊင့္ေျပာက္ၾကပါေစကုန္သတည္း။

(ကိစၥအလိုက္ ေဆာင္႐ြက္ရန္ နည္းလမ္းမ်ား)

မိမိေနရာ(အိမ္)မွထြက္ခါနီး တရားကိစၥရင္ဆိုင္ရန္ သြား ေရာက္မည့္အခါ အိမ္အတြင္း၏ စေနေထာင့္မွ ေလးေခါက္တိတိ ဘုရားကို အာ႐ုံျပဳ႐ြတ္ဖတ္ၿပီးမွ သြားရမည္။ စီးပြားေရ းကိစၥေဆာင္႐ြက္ရန္သြားသည့္အခါ အိမ္အတြင္းရာဟုေထာင့္မွ ေလးေခါက္တိတိဘုရားကို အာ႐ုံျပဳ႐ြတ္ဖတ္ၿပီးမွ သြားရမည္။

ေအာင္ျမင္ေရးကိစၥအတြက္သြားေရာက္ရေသာ္ တနဂၤေႏြ ေထာင့္မွ ေလးေခါက္တိတိ ဘုရားကို အာ႐ုံျပဳ႐ြတ္ဖတ္ၿပီးမွ သြားရမည္။ က်န္းမာေရးကိစၥအတြက္ သြားရေသာ္ အဂါေထၤာင့္မွ ေလးေခါက္ တိတိဘုရားကို အာ႐ုံျပဳ ႐ြတ္ဖတ္ၿပီးမွသြားရမည္။

သူ႔ဆိုင္ရာေထာင့္တို႔မွာေနၿပီး ဘုရားကိုျမင္ေအာင္အာ႐ုံျပဳၿပီးမွ စိတ္ျဖင့္ေသာ္လည္းေကာင္း ပါးစပ္ျဖင့္ေသာ္လည္း ေကာင္း ႐ြတ္ပြားပူေဇာ္ၿပီးမွသြားရမည္ ။ မိမိ၏ယုံၾကည္ခ်က္အေပၚ ပညာဉာဏ္ေဆာင္း၍ ေကာင္းမြန္႐ိုေသစြာ ပူေဇာ္ႏိုင္ၾကပါေစ။ဤေကာင္းမႈမ်ားသည္ ေဗာဓိဉာဏ္၏ အေထာက္အပံ့ ျဖစ္ပါေစသတည္း။ ဤေကာင္းမႈ အရပ္ရပ္တို႔၏ ကုသိုလ္အဖို႔တို႔ကို လူ၊ နတ္၊ ျဗဟၼာ၊ သတၱဝါအေပါင္းတို႔အား အညီအမွ် ေဝငွပါ၏။

Naymyo (Royal Oo) အမွတ္တရပူေဇာ္သည္။

Credit

 

Unicode

“မဟာဗောဓိမြိုင်ဆရာတော်ကြီးမှ အင်ဂျင်နီယာလူငယ်တစ်ဦးအား ပေးသနားတော်မူခဲ့သော စေလိုရာစေဂါထာတော်”

မဟာဗောဓိမြိုင်ဆရာတော်ကြီး ရွှေနှစ်တောရစတင် ရောက်ခါစအချိန် မန္တလေးက ကျောင်းဆင်း အင်ဂျင်နီယာ လူငယ် တစ်ဦး စံကျောင်းတော် တည်ဆောက်ရင်း လုပ်အားပေးခဲ့သည်မှာ တစ်လခန့်ရှိနေပြီဖြစ်၏။

နေ့ခင်းဘက်လုပ်အားပေး၏။ညဘက် အားချိန်ရောက်သော အခါ အာနာပါန တရားထိုင်၏။ဂုဏ်တော်ပွား၏။မေတ္တာပို့ပြီးမှ အိပ်၏။နံနက်စောစော မေတ္တာခံယူ၏။

တစ်ရက်သား ဆရာတော်ကြီးကို တိုင်တည်ပြီး တပည့်တော် မြို့မှာနေပေမယ့် ကိုယ်ပိုင်အိမ်မရှိပါ ဘုရား၊ အိမ်ငှားနေ နေရပါတယ်။အလုပ်အကိုင်လည်း မရသေးပါဘူးဘုရား၊ အရှင် ဘုရားနည်းလမ်းပေးရင်တော့ကောင်းမှာပဲဟု ငြီးငြူမိ၏။ နောက်တစ်နေ့ နံနက်ရောက်သော် ဆရာတော်ကြီးစံကျောင်းတော်ကနေထွက်လာပြီး “ဒါယိကာလေး တို့များလောကုတ္တရာ သမားတွေကတော့ မသုံးဘူးပေါ့။ ဒကာတို့လို လောကီသားတွေ အတွက်တော့လိုအပ်တယ်”။

‘ခေါင်တကာ့ခေါင်’ကြီးက ပုရပုဒ်နဲ့ရေးထိုးထာတာတဲ့ စေလိုရာစေ ဂါထာဗျာ။ ဟောဒိမှာ ကျုပ်လက်ရေးမူနဲ့ ပြန်ရေးထားတာ ရော့ ”ဟု ဆိုကာ လက်ရေးမူစာရွက်လေးတစ်ခု ပေးလာ၏။

ထိုအင်ဂျင်နီယာလေးက ယုံကြည်စွာဖြင့် တစ်နေ့ ၁၀၈ ခေါက် ရအောင် ရွတ်ဖတ်ပူဇော်၏။ ဘယ်လောက် အလုပ် များများ ရအောင်ပူဇော်၏။ ယနေ့ ကိုယ်ပိုင်တိုက်နှင့်ကားဖြင့် ကန်ထရိုက်တာလုပ်ငန်းများလုပ်ကိုင်၍ မန္တလေးမြို့တွင် အောင်မြင်သူတစ်ဦး ဖြစ်နေတော့၏။

ဒီအကြောင်းအရာတွေကို(၂) နှစ်ကျော်မှ ပြောပါဆို၍ ဆရာ တော်ဘုရားကြီးအား ဝိဇ္ဇာတစ်ပါးမှ လာရောက်လှုဒါန်းသော ဂါထာ ဖြစ်ပါသည်။ နောကိုးတန်ဂါထာ ဟုလည်းခေါ်ပါသည်။

မဟာဗောဓိမြိုင် ဆရာတော်ကြီး ပေးသနားတော်မူသော” စေလိုရာစေ”နောကိုးတန်ဂါထာကို ဆရာနှင့်ဒကာ နှစ်ဦးထဲ ပေးခဲ့သည်အတွက် မည်သည့်မှတ်တမ်းမှ မရှိပါ။

(စေလိုရာစေ(သို့)နောကိုးတန်ဂါထာ)

ဉုံ နောရဇ္ဇတိ ရဇ္ဇမာနော နနော နေ နနော ဥတ္တမ္မော နနော နေ နနော ဘုမ္မိရာဇ္ဇာနော ဣတိပိသော ဘဂဝါ ဝုတ္တာ ဣတိ မန္တာ သုခါဝဟာ

ဣတိဗုဒ်ဓဟေိသရဏံ သဗ်ဗဒေဝေါ ပိယံ မမ ဣတိ ဓမ်မဟေိ သရဏံ စတုမဟာရာဇာ ပိယံ မမ ဣတိ သံဃဟေိ သရဏံ ဣတ်ထိပုရိသာ ပိယံမမ သဗ်ဗေ အနန်တရာယာ ဝိနာဿန်တု။

(မြန်မာပြန် အနက်အဓိပ္ပါယ်)

ဉုံ -အောင်မြင်မှုအပေါင်း ခညောင်းပါစေသတည်း။ ရဇ္ဇမာနော-သတ္တဝါအရပ်ရပ်ကို တွင်တွင်သတ်တတ် တဏှာမာရ် နတ်သည် ပူးကပ်သော်လည်း၊ နောရဇ္ဇတိ-ငါဘုရားအား န-ကိလေသာမာန်သည် အနည်းငယ်မျှမရှိ။

နော-ဘုရားရှင်အား၊ န-တပ်မက်တဏှာ ကိလေသာမာန်ကြွင်း ကျန်တစိမရှိခြင်းကြောင့်၊ ဥတ္တမော-လောကသုံးရပ် ဘုံသုံးထပ်ထက် မြတ်တော်မူပေ၏။ မာနော-တက်ကြွမောက်မာကိလေသာမာန်တရားသည်၊ နော-ငါဘုရား၌ န-ရှိတော်မမူ။

ဘုမ္မိရာဇာနော – ကိလေသာအာသဝေါတည်းဟူသော မြေကိုအစိုးရသော မင်းရာဇာသည်၊ နနော-ကိုင်းရှိူင်းညွတ်လာရိုသောစွာဖြင့်၊ န-ရှိခိုးခြင်းသည် မဟုတ်လော။ တသ္မာ-ထိုကြောင့်၊ သတ္တမော-လူသုံးပါးထက်မြတ်တော်မူပေ၏။ဣတိသော-ဤသို့သောကိလေသာ ရမ္မက်မြူမျှ မထွက်သော၊ သောဘဂဝါ-ထိုမြတ်စွာဘုရားသည်၊ ဣတိပိ-ဤသို့မဖောက်မပြန် ဟုတ်တိုင်းမှန်သော တရားတို့ကိုသာ၊ ဝုတ္တာ-ဟောကြား တော်မူကြပါပေကုန်၏။

ဣတိ-ဤသို့အမှန်ကိုသာ ဟောကြား ကြပါကုန်သော ဘုရား ရှင်အပေါင်း၏၊ မန္တာ-ဓမ္မစက်ခံအာဏာစက် မန္တန်အပေါင်းသည်၊ သုခါဝဟာ -ချမ်းသာကိုသာပေးတတ် ဆောင်တတ်ပါချေ၏။

ဣတိ-ဤသို့ချမ်းသာအပေါင်းကိုဆောင်ပေး တော်မူကြပါသော၊ ဗုဒ္ဓေဟိ-ဘုရားရှင်အပေါင်းတို့ကို၊ သရဏံ-ကိုးကွယ်ရခြင်းကြောင့်၊ မမ-ငါ့အား၊ သဗ္ဗေဒေဝါ-နတ်အားလုံးတို့သည်၊ ပိယံ-ချစ်မြတ်နိုးသဖြင့် စိုးမိုးစောင့်ရှောက်ကြပါ စေသတည်း။

ဣတိ-ဤသို့ချမ်းသာအပေါင်း ဆောင်ပေးတော် မူကြပါသော၊ ဓမ္မေဟိ-ဘုရားဟောမြွက် ဓမ္မစက်အပေါင်းတို့အား၊ သရဏံ-ကိုးကွယ်ရခြင်းကြောင့်၊ မမ-ငါ့အား၊ စတုမဟာရာဇာ-နတ်မင်းကြီးလေးပါးတို့သည်၊ ပိယံ-ချစ်မြတ်နိုးတန်ခိုးလက်နက် အာဏာစက်ဖြင့် ဖြည့်စွက်ကူညီကြပါစေသတည်း။

ဣတိ-ဤသို့ချမ်းသာ အပေါင်းကို ဆောင်ပေးတော်မူကြပါသော၊ သံဃေဟိ-ကိုယ်စိတ်နှစ်ပါးဖောက်ပြားခြင်း အလျဉ်း မရှိသော အရိယာသံဃာတော်တို့အား၊ သရဏံ-ကိုးကွယ်ရခြင်းကြောင့်၊ မမ-ငါ့အား၊ ဣတ္ထိပုရိသာ-မိန်းမအားလုံးယောင်္ကျားအားလုံးတို့သည်၊

ပိယံ-ချစ်မြတ်နိုး၍ ငါ့အကျိုးကိုဆောင် ငါ့အားအောင်မြင် ရန်ကူညီကြပါစေသတည်း။သဗ္ဗေ-အားလုံးကုန်သော၊ အနန္တရာယာ-အနီးကပ်ဘေး အဝေးမှ ရန်မှန်သမျှတို့သည် ဝိနာဿန္တု-ငါ့ထံမရောက်လွှင့်ပြောက်ကြပါစေကုန်သတည်း။

(ကိစ္စအလိုက် ဆောင်ရွက်ရန် နည်းလမ်းများ)

မိမိနေရာ(အိမ်)မှထွက်ခါနီး တရားကိစ္စရင်ဆိုင်ရန် သွား ရောက်မည့်အခါ အိမ်အတွင်း၏ စနေထောင့်မှ လေးခေါက်တိတိ ဘုရားကို အာရုံပြုရွတ်ဖတ်ပြီးမှ သွားရမည်။ စီးပွားရေ းကိစ္စဆောင်ရွက်ရန်သွားသည့်အခါ အိမ်အတွင်းရာဟုထောင့်မှ လေးခေါက်တိတိဘုရားကို အာရုံပြုရွတ်ဖတ်ပြီးမှ သွားရမည်။

အောင်မြင်ရေးကိစ္စအတွက်သွားရောက်ရသော် တနင်္ဂနွေ ထောင့်မှ လေးခေါက်တိတိ ဘုရားကို အာရုံပြုရွတ်ဖတ်ပြီးမှ သွားရမည်။ ကျန်းမာရေးကိစ္စအတွက် သွားရသော် အဂါင်္ထောင့်မှ လေးခေါက် တိတိဘုရားကို အာရုံပြု ရွတ်ဖတ်ပြီးမှသွားရမည်။

သူ့ဆိုင်ရာထောင့်တို့မှာနေပြီး ဘုရားကိုမြင်အောင်အာရုံပြုပြီးမှ စိတ်ဖြင့်သော်လည်းကောင်း ပါးစပ်ဖြင့်သော်လည်း ကောင်း ရွတ်ပွားပူဇော်ပြီးမှသွားရမည် ။ မိမိ၏ယုံကြည်ချက်အပေါ် ပညာဉာဏ်ဆောင်း၍ ကောင်းမွန်ရိုသေစွာ ပူဇော်နိုင်ကြပါစေ။ဤကောင်းမှုများသည် ဗောဓိဉာဏ်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း။ ဤကောင်းမှု အရပ်ရပ်တို့၏ ကုသိုလ်အဖို့တို့ကို လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့အား အညီအမျှ ဝေငှပါ၏။

Naymyo (Royal Oo) အမှတ်တရပူဇော်သည်။

Credit