ပေါင်မုန့်ဆိုင်ရှင်ရဲ့ စားသုံးသူအပေါ်ထားတဲ့ လေးစားဖွယ်စိတ်ဓာတ်

သူတောင်းစား တယောက် ပေါင်မုန့်ဆိုင် တဆိုင်ရဲ့ ရှေ့ မှာ ပေါင်မုန့် ဝယ်ယူဖို့ တန်းစီနေတယ်။ ရှေ့ နောက် တန်းစီနေတဲ့ လူရော၊ အနီးအနားမှာ ရှိတဲ့ လူများကပါ ရွံတယ် ဆိုပါတော့၊

အနား မကပ်ချင်ကြ ပါဘူး ။ တန်းစီရင်းနဲ့ သူတောင်းစား အလှည့် ရောက်လာ ပါတယ် ။ သူတောင်းစားက မဝံ့ မရဲ နဲ့ ပြောလိုက် ပါတယ်။

” ကျွန်တော် ဈေးချိုတဲ့ ပေါင်မုန့်လေး ဝယ်ချင်ပါတယ် ”

ဆိုင်ရှင်ရဲ့ မြေးတော်သူက သူတောင်းစားကို မောင်းထုတ်ဖို့ ပြင်ဆင်လိုက် ပါတယ်။

ဆိုင်ရှင် ကိုယ်တိုင်က ဝေဆာနေတဲ့ အပြုံးနဲ့ ပေါင်မုန့်ကို ထုတ်ပိုးပြီး အပြုံးချိုချိုနဲ့ သူတောင်းစားကို လှမ်းပေးလိုက် ပါတယ်။ ပိုက်ဆံ ယူပြီးတော့ ပြောလိုက် ပါသေးတယ်။

” နောက်တခါ ကြွရောက် အားပေးဖို့ ဖိတ်ခေါ်ပါတယ် ” တဲ့ ။

မြေးဖြစ်သူက တကယ် နားမလည်နိုင် တော့ပါ၊ အဖိုးဖြစ်သူကို မေးလိုက်ပါတယ်။

” အဖိုး၊ သူက သူတောင်းစား တယောက်ပဲ၊ သူ့ကို ဘာဖြစ်လို့ လေးလေး စားစားနဲ့ ဆက်ဆံရ ပါသလဲ ” ပေါ့လေ ။ ဆိုင်ရှင် အဖိုးဖြစ်သူ ပြောလိုက်တဲ့ စကားကို မှတ်သားစရာပါ။

” သူဟာ ငါတို့ဆိုင်ရဲ့ ဖောက်သယ်လေ၊ သူပေါင်မုန့် ဝယ်ဖို့ အတွက် အကြာကြီး တန်းဆီ ပြီးပြီ၊ ငါတို့ ဒီအတွက်နဲ့ မလေးစား သင့်ဘူးလား၊ ဂုဏ်ယူပြီး မဝမ်းမြောက် သင့်ဘူးလား ” တဲ့ ။ အဖိုးက ထပ်ပြောလိုက် ပါသေးတယ်။

” သူဟာ ဖောက်သယ်ပါ။ စားသုံးသူပါ။ စားသုံးသူတိုင်းဟာ ဘုရားသခင်ပါ ” တဲ့ ။

မြေးဖြစ်သူက အဖိုးရဲ့ ပြောစကားကို မှတ်သားထားလိုက် ပါတယ်။ နောင်အခါမှာ၊ ဂျပန်နိုင်ငံရဲ့ ကျော်ကြား ထင်ရှားတဲ့ လုပ်ငန်းရှင် တဦး ဖြစ်သွားပါတယ်။ စားသုံးသူတိုင်းကို အပြည့်အဝ လေးစားရပါမယ်။

သင် ဘာကောင်းကြီး ဖြစ်နေဖြစ်နေ၊ ဘယ်အဆင့် ဘယ်ရာထူးပဲ ရောက်ရောက်၊ သူတပါးကို လေးစားတတ်ဖို့ လိုပါတယ်။

လေးစားတတ်ခြင်းဟာ ယဉ်ကျေးမှု တရပ်ပါ။ လေးစားခြင်းဟာ အောက်ကနေ အထက်ကို၊ ဝါနုသူက ဝါရင့်သူကို၊ ငယ်ရွယ်သူက ကြီးရင့်သူကို ချည်းချည်း မဖြစ်သင့်ပါ။ လေးစားခြင်း အစစ်အမှန်ဟာ အပြန်အလှန်ပါ။

အသိမိတ်ဆွေ ဖြစ်ဖြစ်၊ ရန်သူဖြစ်ဖြစ်၊ လေးစားတတ်ဖို့ လိုပါလိမ့်မယ်။ လေးစားတတ်ခြင်းဟာ ဉာဏ်ပညာတမျိုး ဖြစ်ပါတယ်။ သတ္တိတမျိုး လည်း ဖြစ်ပါတယ်။ မိမိကိုယ်မိမိ လေ့ကျင့်ခြင်း တမျိုးလည်း ဖြစ်ပါတယ်။

(Credit)

 

 

zawgyi

သူေတာင္းစား တေယာက္ ေပါင္မုန႔္ဆိုင္ တဆိုင္ရဲ႕ ေရွ႕ မွာ ေပါင္မုန႔္ ဝယ္ယူဖို႔ တန္းစီေနတယ္။ ေရွ႕ ေနာက္ တန္းစီေနတဲ့ လူေရာ၊ အနီးအနားမွာ ရွိတဲ့ လူမ်ားကပါ ႐ြံတယ္ ဆိုပါေတာ့၊

အနား မကပ္ခ်င္ၾက ပါဘူး ။ တန္းစီရင္းနဲ႔ သူေတာင္းစား အလွည့္ ေရာက္လာ ပါတယ္ ။ သူေတာင္းစားက မဝံ့ မရဲ နဲ႔ ေျပာလိုက္ ပါတယ္။

” ကြၽန္ေတာ္ ေဈးခ်ိဳတဲ့ ေပါင္မုန႔္ေလး ဝယ္ခ်င္ပါတယ္ ”

ဆိုင္ရွင္ရဲ႕ ေျမးေတာ္သူက သူေတာင္းစားကို ေမာင္းထုတ္ဖို႔ ျပင္ဆင္လိုက္ ပါတယ္။

ဆိုင္ရွင္ ကိုယ္တိုင္က ေဝဆာေနတဲ့ အၿပဳံးနဲ႔ ေပါင္မုန႔္ကို ထုတ္ပိုးၿပီး အၿပဳံးခ်ိဳခ်ိဳနဲ႔ သူေတာင္းစားကို လွမ္းေပးလိုက္ ပါတယ္။ ပိုက္ဆံ ယူၿပီးေတာ့ ေျပာလိုက္ ပါေသးတယ္။

” ေနာက္တခါ ႂကြေရာက္ အားေပးဖို႔ ဖိတ္ေခၚပါတယ္ ” တဲ့ ။

ေျမးျဖစ္သူက တကယ္ နားမလည္ႏိုင္ ေတာ့ပါ၊ အဖိုးျဖစ္သူကို ေမးလိုက္ပါတယ္။

” အဖိုး၊ သူက သူေတာင္းစား တေယာက္ပဲ၊ သူ႔ကို ဘာျဖစ္လို႔ ေလးေလး စားစားနဲ႔ ဆက္ဆံရ ပါသလဲ ” ေပါ့ေလ ။ ဆိုင္ရွင္ အဖိုးျဖစ္သူ ေျပာလိုက္တဲ့ စကားကို မွတ္သားစရာပါ။

” သူဟာ ငါတို႔ဆိုင္ရဲ႕ ေဖာက္သယ္ေလ၊ သူေပါင္မုန႔္ ဝယ္ဖို႔ အတြက္ အၾကာႀကီး တန္းဆီ ၿပီးၿပီ၊ ငါတို႔ ဒီအတြက္နဲ႔ မေလးစား သင့္ဘူးလား၊ ဂုဏ္ယူၿပီး မဝမ္းေျမာက္ သင့္ဘူးလား ” တဲ့ ။ အဖိုးက ထပ္ေျပာလိုက္ ပါေသးတယ္။

” သူဟာ ေဖာက္သယ္ပါ။ စားသုံးသူပါ။ စားသုံးသူတိုင္းဟာ ဘုရားသခင္ပါ ” တဲ့ ။

ေျမးျဖစ္သူက အဖိုးရဲ႕ ေျပာစကားကို မွတ္သားထားလိုက္ ပါတယ္။ ေနာင္အခါမွာ၊ ဂ်ပန္ႏိုင္ငံရဲ႕ ေက်ာ္ၾကား ထင္ရွားတဲ့ လုပ္ငန္းရွင္ တဦး ျဖစ္သြားပါတယ္။ စားသုံးသူတိုင္းကို အျပည့္အဝ ေလးစားရပါမယ္။

သင္ ဘာေကာင္းႀကီး ျဖစ္ေနျဖစ္ေန၊ ဘယ္အဆင့္ ဘယ္ရာထူးပဲ ေရာက္ေရာက္၊ သူတပါးကို ေလးစားတတ္ဖို႔ လိုပါတယ္။

ေလးစားတတ္ျခင္းဟာ ယဥ္ေက်းမႈ တရပ္ပါ။ ေလးစားျခင္းဟာ ေအာက္ကေန အထက္ကို၊ ဝါႏုသူက ဝါရင့္သူကို၊ ငယ္႐ြယ္သူက ႀကီးရင့္သူကို ခ်ည္းခ်ည္း မျဖစ္သင့္ပါ။ ေလးစားျခင္း အစစ္အမွန္ဟာ အျပန္အလွန္ပါ။

အသိမိတ္ေဆြ ျဖစ္ျဖစ္၊ ရန္သူျဖစ္ျဖစ္၊ ေလးစားတတ္ဖို႔ လိုပါလိမ့္မယ္။ ေလးစားတတ္ျခင္းဟာ ဉာဏ္ပညာတမ်ိဳး ျဖစ္ပါတယ္။ သတၱိတမ်ိဳး လည္း ျဖစ္ပါတယ္။ မိမိကိုယ္မိမိ ေလ့က်င့္ျခင္း တမ်ိဳးလည္း ျဖစ္ပါတယ္။

(Credit)