ဗိုက္ထဲမွာ အစာမရွိခ်ိန္ ငွက္ေပ်ာသီးကို လုံးဝ မစားသုံးသင့္တဲ့ အေၾကာင္းအရင္း

ဗိုက်ထဲမှာ အစာမရှိချိန် ငှက်ပျောသီးကို လုံးဝ မစားသုံးသင့်တဲ့ အကြောင်းအရင်း

ငှက်ပျောသီးမှာ အဟာရဓာတ်ပေါကြွယ်ဝလွန်းလို့ ခံတွင်းလည်းမြိန် ကျန်းလည်းမာစေဖို့ စားသုံးကြပါတယ်။

ငှက်ပျောသီးမှာ နှလုံးကျန်းမာစေခြင်း၊ ပင်ပန်းနွယ်နယ်မှုကို သက်သာစေခြင်း၊ သွေးပေါင်ထိန်းပေးခြင်၊

စိတ်ဓာတ်ကျဆင်းမှုကို သက်သာစေခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပူခြင်းနှင့် အပူကန်နာဖြစ်ခြင်းတို့ကို သက်သာစေခြင်း စတဲ့အာနိသင်တွေ ပါဝင်ပါတယ်။

ငှက်ပျောသီးမှာ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ အမျှင်ဓာတ်တွေကြွယ်ဝတာကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေ အလုံအလောက် ပါဝင်ပါတယ်။

အားအင်တွေဖြည့်ပေးတာကြောင့် နေ့စဉ်နေ့တိုင်း စားသုံးပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် ငှက်ပျောသီးကို ထမင်းစားပြီးမှ စားကြတာများပေမယ့် ၊

တခါတလေ မနက်စာလုပ်ရမှာရှုပ်လို့ မနက်စာအနေနဲ့ စားသုံးကြတာမျိုးရှိမှာပါ။

တကယ်တော့ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိချိန်စားတာက မသင့်တော်ပါဘူး။

ဘာကြောင့်လဲဆိုတော့..

၁။ ငှက်ပျောသီးမှာ ပါဝင်တဲ့သဘာဝအချိုဓာတ်က အားအင်ဖြည့်ပေးသော်ငြား နာရီအနည်းငယ်ကြာရင်တော့ အားအင်ကုန်ခမ်းသွားစေပါတယ်။

၂။ ငှက်ပျောသီးက စားပြီးချက်ချင်းဗိုက်ပြည့်စေပြီး လေးလံလာကာ အိပ်ငိုက်စေပါတယ်။

၃။ ငှက်ပျောသီးဟာ အက်စစ်သဘာဝရှိတဲ့အသီးမို့ အစာမရှိပဲစားတဲ့အခါ အူမကြီးနဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်လာနိုင်စေပါတယ်။

ငှက်ပျောသီးမှ မဟုတ်ပါဘူး။ အခြားသစ်သီးဝလံတွေကိုလည်း အစာမရှိပဲ မနက်စာအဖြစ် အရင်ဦးဆုံး စားသုံးခြင်းမှ ရှောင်ရှားသင့်ပါတယ်။

ယနေ့ခေတ်မှာ သဘာဝသစ်သီးတွေက ရှားပါးပြီး ဓာတုဆေးတွေအသုံးပြုထားတဲ့ သစ်သီးတွေများနေပြီမို့ မနက်စာအဖြစ် အသီးချည်းပဲစားဖို့ ပိုလို့တောင် မသင့်တော်တော့ပါဘူး။

ဒါနဲ့ပဲ ငှက်ပျောသီးကို မနက်ပိုင်းမစားသင့်ဘူးလို့ မဆိုလိုပါဘူး။ ဗိုက်ထဲအစာမရှိချိန် သူ့ချည်းမစားဖို့သာ အဓိကပါ။

မနက်စာတစ်ခုခုစားပြီး ငှက်ပျောသီးကို ဖျော်သောက်တာဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် စားပေးလို့ရပါတယ်။

အစားအသောက်ဂရုစိုက်ခြင်းက ကျန်းမာခြင်းရဲ့မဏ္ဍိုင်မို့လို့ ဂရုတစိုက်စားသုံးရင်း ကျန်းမာတဲ့ဘဝပိုင်ဆိုင်ကြပါစေ။

မူရင်းရေးသားသူ နှင့် ဓာတ်ပုံပိုင်ရှင်များအား လေးစားစွာဖြင့် Credit ပေးပါသည်။

zawgyi

ဗိုက္ထဲမွာ အစာမရွိခ်ိန္ ငွက္ေပ်ာသီးကို လုံးဝ မစားသုံးသင့္တဲ့ အေၾကာင္းအရင္း

ငွက္ေပ်ာသီးမွာ အဟာရဓာတ္ေပါႂကြယ္ဝလြန္းလို႔ ခံတြင္းလည္းၿမိန္ က်န္းလည္းမာေစဖို႔ စားသုံးၾကပါတယ္။

ငွက္ေပ်ာသီးမွာ ႏွလုံးက်န္းမာေစျခင္း၊ ပင္ပန္းႏြယ္နယ္မႈကို သက္သာေစျခင္း၊ ေသြးေပါင္ထိန္းေပးျခင္၊

စိတ္ဓာတ္က်ဆင္းမႈကို သက္သာေစျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ရင္ပူျခင္းႏွင့္ အပူကန္နာျဖစ္ျခင္းတို႔ကို သက္သာေစျခင္း စတဲ့အာနိသင္ေတြ ပါဝင္ပါတယ္။

ငွက္ေပ်ာသီးမွာ ပိုတက္စီယမ္၊ မဂၢနီစီယမ္နဲ႔ အမွ်င္ဓာတ္ေတြႂကြယ္ဝတာေၾကာင့္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့ အာဟာရဓာတ္ေတြ အလုံအေလာက္ ပါဝင္ပါတယ္။

အားအင္ေတြျဖည့္ေပးတာေၾကာင့္ ေန႔စဥ္ေန႔တိုင္း စားသုံးေပးသင့္ပါတယ္။ ပုံမွန္အားျဖင့္ ငွက္ေပ်ာသီးကို ထမင္းစားၿပီးမွ စားၾကတာမ်ားေပမယ့္ ၊

တခါတေလ မနက္စာလုပ္ရမွာရႈပ္လို႔ မနက္စာအေနနဲ႔ စားသုံးၾကတာမ်ိဳးရွိမွာပါ။

တကယ္ေတာ့ငွက္ေပ်ာသီးကို ဗိုက္ထဲအစာမရွိခ်ိန္စားတာက မသင့္ေတာ္ပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့..

၁။ ငွက္ေပ်ာသီးမွာ ပါဝင္တဲ့သဘာဝအခ်ိဳဓာတ္က အားအင္ျဖည့္ေပးေသာ္ျငား နာရီအနည္းငယ္ၾကာရင္ေတာ့ အားအင္ကုန္ခမ္းသြားေစပါတယ္။

၂။ ငွက္ေပ်ာသီးက စားၿပီးခ်က္ခ်င္းဗိုက္ျပည့္ေစၿပီး ေလးလံလာကာ အိပ္ငိုက္ေစပါတယ္။

၃။ ငွက္ေပ်ာသီးဟာ အက္စစ္သဘာဝရွိတဲ့အသီးမို႔ အစာမရွိပဲစားတဲ့အခါ အူမႀကီးနဲ႔ပတ္သတ္တဲ့ ျပႆနာေတြျဖစ္လာႏိုင္ေစပါတယ္။

ငွက္ေပ်ာသီးမွ မဟုတ္ပါဘူး။ အျခားသစ္သီးဝလံေတြကိုလည္း အစာမရွိပဲ မနက္စာအျဖစ္ အရင္ဦးဆုံး စားသုံးျခင္းမွ ေရွာင္ရွားသင့္ပါတယ္။

ယေန႔ေခတ္မွာ သဘာဝသစ္သီးေတြက ရွားပါးၿပီး ဓာတုေဆးေတြအသုံးျပဳထားတဲ့ သစ္သီးေတြမ်ားေနၿပီမို႔ မနက္စာအျဖစ္ အသီးခ်ည္းပဲစားဖို႔ ပိုလို႔ေတာင္ မသင့္ေတာ္ေတာ့ပါဘူး။

ဒါနဲ႔ပဲ ငွက္ေပ်ာသီးကို မနက္ပိုင္းမစားသင့္ဘူးလို႔ မဆိုလိုပါဘူး။ ဗိုက္ထဲအစာမရွိခ်ိန္ သူ႔ခ်ည္းမစားဖို႔သာ အဓိကပါ။

မနက္စာတစ္ခုခုစားၿပီး ငွက္ေပ်ာသီးကို ေဖ်ာ္ေသာက္တာျဖစ္ျဖစ္၊ ေပါင္မုန႔္နဲ႔ တြဲဖက္စားတာပဲျဖစ္ျဖစ္ စားေပးလို႔ရပါတယ္။

အစားအေသာက္ဂ႐ုစိုက္ျခင္းက က်န္းမာျခင္းရဲ႕မ႑ိဳင္မို႔လို႔ ဂ႐ုတစိုက္စားသုံးရင္း က်န္းမာတဲ့ဘဝပိုင္ဆိုင္ၾကပါေစ။

မူရင္းေရးသားသူ ႏွင့္ ဓာတ္ပုံပိုင္ရွင္မ်ားအား ေလးစားစြာျဖင့္ Credit ေပးပါသည္။