ကျန်းမာရေးနှင့် ညီအောင် ဖုန်းအသုံးပြုနည်း (ယနေ့ခေတ် လူငယ်များ အထူးဖတ်သင့်ပါတယ်)
“ ဖုန်းနှင့်ကွန်ပြူတာ အသုံးပြုသူများ သတိပြုရန် နှင့် ကာကွယ်နိုင်သောနည်းများ ”
” အင်တာနက်သုံးခြင်းအတွက် အမြင်အာရုံကောင်းစေရန် ”
မိုဘိုင်းဖုန်း အသုံးပြုရာတွင် ဘယ်ဖက်နားကို အသုံးပြုပါ။
ညာဖက်နားနဲ့ နားထောင်လျှင် မိုဘိုင်းဖုန်းမှ ထွက်ရှိသော ရေဒီယိုလိူင်း( Mobile radiation ) သည် ဦးနှောက်ကို ပို၍ ပျက်စီးစေကြောင်း သိရသည်။
များသောအားဖြင့် ညာသန်သူများအတွက် ညာဖက်ကို ပိုမို အသုံးပြုသည်ကို ဆင်ခြင်ပါ ။
ညမှာ ဖုန်း Screen ( အီလက်ထရွန်းနစ်ပစ္စည်း )မှ တဆင့် စာဖတ်ခြင်းကအိပ်ပျော်စေဖို့ အခက်အခဲဖြစ်စေပါတယ်။ အိပ်မောကျစေဖို့ ခက်ခဲစေပါတယ်။
Screen ရဲ့အလင်းရောင်ကြောင့် အသားအရောင်ပြောင်းလဲစေတဲ့ ဟော်မုန်းပမာဏ ထိခိုက်စေပါတယ်။
ညမအိပ်ခင် Screen ဖြင့် စာဖတ်ခြင်းကို ရှောင်ပါ။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း စာအုပ်ဖတ်ခြင်းတို့ကို အစားထိုးပြုလုပ်ပေးပါ။
Phone Screen ကြောင့် အိပ်ရေးမဝခြင်း၏ နောက်ဆက်တွဲ ရောဂါများ ရရှိနိုင်ပါသည်။
တီဗွီကြည့်နေရင်း ဖုန်းဖြင့်စကားပြောခြင်း ဖေ့ဘုတ်သုံးခြင်းသည် ဦးနှောက်ကို ထိခိုက်စေပါသည်။
အလင်းရောင် ကောင်းစွာမရသော နေရာတွင် မိုဘိုင်းဖုန်း သုံးခြင်းဖြင့် အမြင်အာရုံံကို ဆိုးဝါးစွာ ပျက်စီးစေပါသည်။
ဖုန်းဘက်ထရီ ၁၀ % သာရှိလျှင် ဖုန်းစကားပြောခြင်း၊ ဖေ့ဘုတ်သုံးခြင်း ပြုလုပ်ပါက အာရုံကြောများကို အလွန်အမင်းအသုံးပြုရသည်။
Laptop , Tablet , Smartphone ( Digital ပစ္စည်းများ) ရှေ့တွင်အချိန်များများ အသုံးပြုပါက ကာကွယ်သည့် မျက်မှန်များတပ်ဆင်ပါ။
မျက်စိကိုကာကွယ်ရန် အထူးမျက်မှန်တပ်ပါ။ ( ရိုးရိုးပါဝါမျက်မှန် မဟုတ်ပါ) ဆရာဝန် ညွန်ကြားပါမည်။
မှန်သားပြင်အလင်းရောင်ကို ညှိပေးပါ။ မီးရောင်လင်းသည့် အခန်းဆိုလျှင် screen ၏တောက်ပမှုကို တိုးမြှင့်ပါ။
ဖုန်းကို အောက်မပြုတ်ကျစေနှင့်။
ရေစိုခြင်း၊ မီးအပူနားထားခြင်း
နေပူထဲထားခြင်းများ မပြုလုပ်ရ၊
မီးရောင်မှိန်တဲ့ အခန်းဖြစ်ပါက Screen ၏ တောက်ပမှုအလင်းကို လျော့ချပါ။
မတူညီသော ဖုန်းအားသွင်းကြိုးနှင့် ဘက်ထရီ အားမသွင်းပါနဲ့။
အခြား ဓာတ်သတ္ထုပစ္စည်းများနဲ့ ဖုန်းကို မပွတ်မိစေပါနှင့်။
မျက်လုံးဆရာဝန်များ၏ နည်းအရ အာရုံစူးစိုက်ကြည့်ပြီးတိုင်း မိနစ် ၂၀ခန့် မျက်လုံးကို ဘေး ဘယ် ညာ ရွေ့လျားပြီး မျက်စိအကြောလျော့ပေးပါ။
ဒီဂျစ်တယ်ပစ္စည်းများ ကြည့်ပြီး သုံးသည့်အခါ တစ်ပေခွဲခန့်အကွာမှာ ထားပြီးသုံးပါ။
ဒီဂျစ်တယ်ပစ္စည်းများကို အချိန်ကြာကြာ ထိုင်သုံးပြီးလျှင် နေရောင်ခြည်ရရှိသည့်နေရာ လမ်းလျှောက်ပေးပါ။
ဖန်သားပြင် စူးရှသောတောက်ပမူကိုလျော့ချရန်
ဖန်သားပြင်ကို သန့်ရှင်းစွာထားခြင်း ၊ ပြတင်းပေါက်များနဲ့ ဝေးဝေးထိုင်ခြင်း ၊ ဗို့အားနည်းသောမီးသီးများအသုံးပြုခြင်း ၊ စူးရှသော အလင်းကို ကာကွယ်ထားခြင်း ၊အချိန်ကန့်သတ် အသုံးပြုခြင်း ၊ အိပ်ချိန်လုံလောက်စေခြင်း
Screen ကို မျက်စိနဲ့ တတန်းထဲမထားပဲ မျက်စိအောက် ၅ လက်မ အကွာ၌ ထားရန် စူးစိုက်ကြည့်နေစဉ် မျက်တောင်မကြာခဏခပ်ပေးရန် သတိရပါ။
ဒီဂျစ်တယ်ပစ္စည်းများကို ၂ နာရီကြည့်ပြီးလျှင် ၁၅ မိနစ်အနားယူပါ ။
မျက်လုံးထိခိုက်မူ ကာကွယ်ရန် မျက်လုံးနဲ့အာရုံကြောများအားကောင်းရန် ဗီတာမင်စီ ဗီတာမင်အေ ဇင့် အိုမီဂါ3 fatty acids စားပေးရန်လိုအပ်ပါသည်။
ကွန်ပြူတာဖုန်း တီဗွီ ၂၅ လက်မ အကွာအဝေးမှ ကြည့်ပါ။ မိနစ် ၂၀ မျက်လုံးကို အနားပေးပါ။ကြည့်ချိန် ၂ နာရီကျော်လျင် ၁၅ မိနစ် ခန့် အနားယူပါ
ဆေးလိပ်သောက်ခြင်းက အမြင်အာရုံတွေကို ပိတ်ဆို့ပျက်ဆီးစေသည့် အပြင် မျက်စိတိမ်စွဲရောဂါ ဖြစ်စေလို့ ဆေးလိပ်ဖြတ်ပါ။
နေရောင်ခြည်မှာပါတဲ့ UV rays က မျက်လုံးကြွက်သားတွေကို အားပျော့ယိုယွင်းစေပါသည်။
မျက်စိတိမ်စွဲရောဂါကို ဖြစ်စေတယ် နေရောင်အောက်မှာသွားလာရင် နေကာမျက်မှန်တပ်ပါ။
အာဟာရ ပြည့်ဝစွာစားသောက်ပါ။ အစိမ်းရင့်ရောင် အရွက်များ ဆော်လမွန် , တူနာငါးကဲ့သို့ငါးများ ၊ပရိုတင်းပြည့်ဝတဲ့ အစေ့အဆံနဲ့ ဥ အမျိုးမျိုးအရည်ရွှမ်းသော အသီးများ စားပါ။
အဝမလွန်စေရန် ပြည့်ပြည့်ဝဝ အိပ်ပါ။ လူ၁ယောက်ရဲ့နေ့စဉ်အိပ်ချိန် ၈ နာရီ လိုအပ်ပါတယ်။
ကွန်ပြူတာ. ဖုန်း တီဗွီ. ဂိမ်း အဆက်မပြတ်ကြည့်ခြင်းဆိုးကျိုး.
မျက်စိညောင်းညာခြင်း ၊ မျက်ရိုးကိုက်ခြင်း ၊ မျက်စိမှုန်ဝါးခြင်း ၊ မျက်လုံးခြောက်သွေ့ခြင်း ၊ခေါင်းကိုက်ခြင်း၊ အမြင်အာရုံ စူးစိုက်မှု လျော့ကျစေခြင်း ၊ ဇက်ကြောတက် ညောင်းညာစေခြင်း ဖြစ်တတ်ပါတယ်။
ဟန်းဖုန်းမှထွက်သောမိုက်ခရိုဝေ့ဖ်ရောင်ခြည် လျှပ်စစ်သံလိုက်စက်ကွင်းဆိုးကျိုး
ဦးနှောက် အသားပိုကင်ဆာလည်ချောင်းကင်ဆာ အရေပြားကင်ဆာ ၊ကျောက်ကပ်ရောဂါ ၊ခြေတုန် လက်တုန်ရောဂါ ( ပါကင်ဆန်) ဦးနှောက်ကျုံခြင်း – မှတ်ဉာဏ်မေ့လျော့ ( အယ်ဇိုင်းမား ) ဖြစ်စေနိုင်ပါတယ်။
မိုဘိုင်းဖုန်းမှ ထွက်ရှိသော ဓာတ်ရောင်ခြည်သင့်မည့် မသုံးသင့်သူများ
သန္ဓေသားလောင်းကို ထိခိုက်စေခြင်း ၊ကိုယ်ဝန်ဆောင်မိခင် အသက် ၁၀ နှစ်အောက်ကလေးများ( ကွန်ပြူတာ ဂိမ်း ဆော့ကစားခြင်းက အမြင် အာရုံကြော မှတ်ဉာဏ်ထိခိုက်စေသည် )
ဖုန်းဘက်ထရီမှာ နောက်ဆုံး အတုံးလေး ကျန်တဲ့အခါ ဖုန်းအဝင် လက်မခံပါနဲ့။ အဲဒီအချိန်မှာ ဖုန်းရဲ့ ရောင်ခြည်ဖြာထွက်နူန်းက ၁၀၀၀ အကြိမ်လောက် အားပြင်းတဲ့အတွက်ပါ။
ဖုန်း ဘက်ထရီ အားသွင်းစဉ် အသုံးမပြုပါနဲ့။ အားသွင်းကြိုး မဖြုတ်ဘဲ အသုံးပြုစဉ် စက္ကန့်ပိုင်းအတွင်း လျှပ်စစ် ဓာတ်စီးဝင်ပြီး နှလုံးရပ်ခြင်း သွေးကြောများပြတ်ခြင်းအသက်သေဆုံးသည်ထိ ဖြစ်နိုင်သည်။
Credit – မိမိငယ်