ကိုယ့္မိဘကို မသတ္မိပါေစနဲ႔ မိဘကို အသက္ အသက္ေသေအာင္ သတ္မွ သတ္တာမဟုတ္ပါဘူး

ကိုယ့်မိဘကို မသတ်မိပါစေနဲ့ မိဘကို အသက် အသက်သေအောင် သတ်မှ သတ်တာမဟုတ်ပါဘူး

သဒ္ဓါတရားမရှိတဲ့ မိဘကို

သဒ္ဓါတရားရှိအောင် ဖန်တီးမပေးနိုင်ရင်

အိုမင်းမစွမ်းတဲ့ မိဘကို ကိုယ်ထိ လက်ရောက်

ပြုစုမပေးပဲ မျက်နှာလွဲခဲပစ် လုပ်နေရင်

ကိုယ်ကတော့ ကောင်းကောင်းစားနေပြီး

မိဘတွေကတော့ ကိုယ့်လောက် ကောင်းအောင်

မစားရပဲ ချို့တဲ့နေပြီဆိုရင်

ပင်ပမ်းကြီးစွာ ရှာဖွေ စားသောက်နေရတဲ့ မိဘတွေကို ကူညီနိင်ပါလျှက် မကူညီခဲ့ဘူး ဆိုရင်

အဲဒါတွေထဲက တချက်ချက်နဲ့ ငြိနေမယ်ဆိုရင်လည်း

မိဘကို သတ်နေတာပါပဲ

ဒီတဘဝ သတ်တာကမှ မိဘတွေ တဘဝပဲ သေမှာပါ

သဒ္ဓါတရား မရှိပဲ သေသွားရင်

ဝိပဿနာတရားတွေ ထွန်းကားနေပါလျှက်

ကိုယ့်မိဘ ဝိပဿနာတရားတော်ကို မထိတွေ့ရပဲ သေသွားခဲ့မယ် ဆိုရင်

ကိုယ့်မိဘကို တသံသရာလုံး သတ်နေသလိုပါပဲ

ကိုယ်တိုင်တရား မဟောနိုင် တရားမပြနိုင်ရင်တောင်

ရိပ်သာတော့ ရောက်အောင် ပို့ပေးကြရမယ်

ရိပ်သာမသွားနိုင်တော့ဘူး ဆိုရင်တောင်

အိမ်မှာ ဝိပဿနာ အလုပ်ပေး တရားတော်တွေကို နာနိင်အောင် ရှု့မှတ်တတ်အောင် စီစဉ် ပေးနိင်ရမယ်

ကိုယ့်ကို ပညာတတ်အောင် ပြုစုပျိုးထောင်နေရလို့

သူတို့မှာ တရားဘာဝနာကို

ငယ်ငယ်က အားထုတ်ဖို့ အချိန် မပေးနိင်ခဲ့ဘူး

ကိုယ်က ပညာတတ်လို့ ပြန်ပြီး ပြုစု ရမဲ့ အလှည့် ရောက်တဲ့ အခါမှာ

မိဘကို တရားနဲ့ ကျေးဇူးမဆပ်နိုင်ဘူး ဆိုရင်တော့

အဲဒီသားသမီးဟာ မိဘကို သတ်နေတာပါပဲ

သားကောင်း သမီးကောင်းများ ဖြစ်နိုင်ကြပါစေ

Credit: ဦးမြင့်ခိုင်

zawgyi

ကိုယ့္မိဘကို မသတ္မိပါေစနဲ႔ မိဘကို အသက္ အသက္ေသေအာင္ သတ္မွ သတ္တာမဟုတ္ပါဘူး

သဒၶါတရားမရွိတဲ့ မိဘကို

သဒၶါတရားရွိေအာင္ ဖန္တီးမေပးႏိုင္ရင္

အိုမင္းမစြမ္းတဲ့ မိဘကို ကိုယ္ထိ လက္ေရာက္

ျပဳစုမေပးပဲ မ်က္ႏွာလြဲခဲပစ္ လုပ္ေနရင္

ကိုယ္ကေတာ့ ေကာင္းေကာင္းစားေနၿပီး

မိဘေတြကေတာ့ ကိုယ့္ေလာက္ ေကာင္းေအာင္

မစားရပဲ ခ်ိဳ႕တဲ့ေနၿပီဆိုရင္

ပင္ပမ္းႀကီးစြာ ရွာေဖြ စားေသာက္ေနရတဲ့ မိဘေတြကို ကူညီနိင္ပါလွ်က္ မကူညီခဲ့ဘူး ဆိုရင္

အဲဒါေတြထဲက တခ်က္ခ်က္နဲ႔ ၿငိေနမယ္ဆိုရင္လည္း

မိဘကို သတ္ေနတာပါပဲ

ဒီတဘဝ သတ္တာကမွ မိဘေတြ တဘဝပဲ ေသမွာပါ

သဒၶါတရား မရွိပဲ ေသသြားရင္

ဝိပႆနာတရားေတြ ထြန္းကားေနပါလွ်က္

ကိုယ့္မိဘ ဝိပႆနာတရားေတာ္ကို မထိေတြ႕ရပဲ ေသသြားခဲ့မယ္ ဆိုရင္

ကိုယ့္မိဘကို တသံသရာလုံး သတ္ေနသလိုပါပဲ

ကိုယ္တိုင္တရား မေဟာႏိုင္ တရားမျပႏိုင္ရင္ေတာင္

ရိပ္သာေတာ့ ေရာက္ေအာင္ ပို႔ေပးၾကရမယ္

ရိပ္သာမသြားႏိုင္ေတာ့ဘူး ဆိုရင္ေတာင္

အိမ္မွာ ဝိပႆနာ အလုပ္ေပး တရားေတာ္ေတြကို နာနိင္ေအာင္ ရႈ႕မွတ္တတ္ေအာင္ စီစဥ္ ေပးနိင္ရမယ္

ကိုယ့္ကို ပညာတတ္ေအာင္ ျပဳစုပ်ိဳးေထာင္ေနရလို႔

သူတို႔မွာ တရားဘာဝနာကို

ငယ္ငယ္က အားထုတ္ဖို႔ အခ်ိန္ မေပးနိင္ခဲ့ဘူး

ကိုယ္က ပညာတတ္လို႔ ျပန္ၿပီး ျပဳစု ရမဲ့ အလွည့္ ေရာက္တဲ့ အခါမွာ

မိဘကို တရားနဲ႔ ေက်းဇူးမဆပ္ႏိုင္ဘူး ဆိုရင္ေတာ့

အဲဒီသားသမီးဟာ မိဘကို သတ္ေနတာပါပဲ

သားေကာင္း သမီးေကာင္းမ်ား ျဖစ္ႏိုင္ၾကပါေစ

Credit: ဦးျမင့္ခိုင္