Unicode
ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံ တူးဖော်ကြည့်ရာ. . .
ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံတူးဖော်ကြည့်ရာမှ ဘုရားဆင်းတုတော်များ တူးဖော် ရရှိခဲ့ပါတယ် …။
27.7.2020 ယနေ့နံနက် ၁၀ နာရီအချိန်ခန့် ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ (က)ရပ်ကွက် အိမ်အမှတ်(က.၅) ဦးစိုးနိုင်(ကစစ.၁၆) နေအိမ်နောက်ဖက် မြစ်ကမ်းအနီး
ရှေးဟောင်းဘုရားပျက် အတွင်းမှ ဌာပနာ ကြေးဆင်းတု အကောင်း ၄၆ ဆူ၊ အပျက် ၄ ဆူ၊ ဌာပနာကြုတ်စေတီပုံ ကြေး ၁ ဆူ၊ကြေး အပျက် ၄ ဆူ တွေ့ရှိခဲ့ကြောင်း၊
ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွား သဖြင့် လိုက်လံတူးဖေါ်ရာမှ ဘုရားများတွေ့ရှိရကြောင်း သိရှိရသဖြင့်
အများသူငါ ဖူးမြင် ကြည်ညိုနိုင်ကြစေရန် ရည်ရွယ်ကာ တင်ပြလိုက်ရပါတယ်နော် …။
ယခု သတင်းကို Shwe Yaung Myanmar စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်သည် …။ ။
စစ်ရင်သွေး(ပန်းတောင်း)