မင္းျဖဴမွန္မွန္ေျပာ နကၡတ္လွ်ိဳ႕ဝွက္ခ်က္ႏွင့္ က်ိန္စာသင့္ ဘိလပ္ျပန္ေခါင္းေလာင္း

မင်းဖြူမှန်မှန်ပြော နက္ခတ်လျှို့ဝှက်ချက်နှင့် ကျိန်စာသင့် ဘိလပ်ပြန်ခေါင်းလောင်း

မင်းဖြူမှန်မှန်ပြောလို့ ရွတ်ဆိုလိုက်ကတည်းက မြန်မာကျော်၊ ကမ္ဘာကျော်မင်းကွန်းခေါင်းလောင်းကြီးကို ရည်ညွှန်းပြောဆိုကြောင်း အားလုံးသိကြမယ် ထင်ပါတယ်။

စစ်ကိုင်းဘုရားဖူးသွားကြတဲ့သူတိုင်း မင်းကွန်းပုထိုးတော်ကြီးနဲ့ မင်းကွန်းခေါင်းလောင်းကြီးဆီ ရောက်ဖူးကြမှာ အမှန်ပါပဲ။

မင်းကွန်း ခေါင်းလောင်းကြီးဟာ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းတော်ကြီး ဖြစ်ပါတယ်။ အသံမြည်ပြီး လူတိုင်းထိုးလို့ရပါတယ်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၇၀ ပြည့်နှစ်မှာ စတင်သွန်း လုပ်ခဲ့တာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ပညာရှင် ဦးကိုကိုပြောပြတဲ့ ခေါင်းလောင်းကြီးနဲ့ ပတ်သက်တဲ့ ဗီဒီယိုဖိုင်လေးတစ်ခု ထွက်လာခဲ့ပါတယ်။ ဗီဒီယို ဖိုင်ကို နားထောင်ကြည့်လိုက်တော့ ကိုယ်မသိသေးတဲ့ အချက်တွေကိုလေ့လာမှတ်သားဖြစ်ပါတယ်။ ဒါကြောင့်ပဲ စာဖတ်သူတွေကို မျှဝေပေးလိုက်တာပါ။ မင်းဖြူမှန်မှန်ပြောဆိုတာက မင်းကွန်းခေါင်းလောင်းကြီးရဲ့ ကြေးပိဿာချိန် ၅၅၅၅၅ ပဲ ဖြစ်ပါတယ်။

မင်းကွန်းခေါင်းလောင်းကြီးဟာထူးခြားသလို လျှို့ဝှက်ဆန်းကြယ်မှုတွေ အစီရင်တွေလည်း ပြည့် နှက်နေတာကို ကြားဖူးပါတယ်။

ဘိုးတော်ဘုရားဟာ တနင်္လာသားပါ။ သူ့ရဲ့ဓာတ်ဖက် ကြာသပတေးဖြစ် အောင် မင်းဖြူမှန်မှန်ပြောလို့ တွင်ကျန်ရစ်အောင် ပြုခဲ့ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ ကြေးပိဿာချိန်ပေါင်း ၅ သောင်းကျော် ခြောက်သောင်းနီးပါးကိုဘယ်က ရသလဲဆိုတဲ့ ကိစ္စပါပဲ။

ဦးကိုကိုရဲ့ ပြောပြချက်တွေ အရတော့ အင်္ဂလိပ်သံ ကာနယ်ဆိုင်းရာ ဘိုးတော်ဘုရားရှိတဲ့ အမရပူရ နန်းတော်ဆီ အခစားဝင်ဖို့ ရောက်ခဲ့တဲ့အခါ စုပုံထားတဲ့ ကြေးအမြောက်လက်နက်တွေကို ရှောင်ခွင်းခဲ့ရပါတယ်။

အလောင်းမင်းတရား လက်ထက်ကနေ ဘိုးတော်ဘုရားလက်ထက်တိုင် စစ်ပွဲရဲ့ ပြယုဂ်တွေ ဖြစ်တဲ့ အမြှောက်ဆန်တွေ ကြေးအမြှောက်တွေကို နန်းရင်ပြင်မှာ စုပုံထားပါသတဲ့။

ကာနယ်ဆိုင်းက ဒီလိုစုပုံမထားဘဲ သေသေချာချာ စနစ်တကျ လုပ်သင့်တယ်လို့ ပြောပါတယ်။ ဘိုးတော်ဘုရားကလည်း ကြေးအမြောက်တွေကို ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့အချိန်ပါ။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အများကောင်းမှုနဲ့ ခေါင်းလောင်းသွန်းဖို့ ကာနယ်ဆိုင်းက အကြံပေးပါသတဲ့။ ဒါကတော့ သမိုင်းနဲ့ဆိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ခေါင်းလောင်းကြီးကို သွန်းလုပ်ပြီးတဲ့အခါ နှုတ်ခမ်းသား ဝိတ်မညီမျှမှုကြောင့်ပဲ ကျောက်တုံးနဲ့ ခုထားရလို့ ခေါင်းလောင်းထိုးခွင့် မရခဲ့ပါဘူး။ တိုင်မှာ ချိတ်ဆွဲသည့်တိုင်အောင် ကျောက်တုံးခုထားရတုန်းပါပဲ။ ဝေလမင်းသား မြန်မာ ပြည်လာခိုက်မှာပဲ ခေါင်းလောင်းကို ထိုးလို့ရအောင် အကြံပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်္ဂလိပ်နဲ့ မြန်မာ ပညာရှင်များပေါင်းပြီး ခေါင်းလောင်းရဲ့ အတွင်းသား တွေကို ဖဲ့ယူပြီး ဝိတ်ညီအောင်လုပ်ခဲ့ကြပါတယ်။

ဒီအခါကျမှသာ ခေါင်းလောင်းကြီးကို ကျောက်တုံးခု စရာမလိုဘဲ အများသူငါထိုးလို့ရခဲ့တာ ဖြစ်ပါတယ်။

ဦးကိုကိုရဲ့ ပြောကြားချက်အရ ဆိုရင်တော့ ခေါင်းလောင်းကြီး တကယ်အသံစမြည်ခြင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ်တစ်ရာပြည့်ပြီလို့ သိရပါတယ်။ ခေါင်းလောင်းကြီးမှာ နက္ခတ် ၂၇ လုံး ထည့်သွင်း စီရင်ထားခဲ့ပါတယ်။ ခေါင်းလောင်းကြီးရဲ့ အနားဝန်းကနေ လက်ထောက်လိုက်ရင် လက်တစ်တောင်နဲ့ လက်လေးလုံးမှာ နက္ခတ် ၂၇ လုံးကို ထည့်သွင်း စီရင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေအတွက် အရပ်မျက်နှာ လေးခုကနေပြီး ဆုတောင်းခေါင်းလောင်းထိုးနိုင်တဲ့ သဘောပါပဲ။ ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ မင်းကွန်းခေါင်းလောင်းကြီးဆီ အရောက်သွားဖို့ စိတ်ကူးရှိပါတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးထောင့် ကနေပြီး အဓိဋ္ဌာန်ဆုတောင်း ခေါင်းလောင်းထိုးဖို့ပါပဲ။

အသံမြည်ခြင်း နှစ်တစ်ရာပြည့် မင်းကွန်း ခေါင်းလောင်းတော်ကြီးရဲ့ မြည်ဟီးသံနှင့်အတူ မြန်မာပြည်ကြီး ငြိမ်းအေးတော့မယ့် အတိတ်နိမိတ်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ပြည်မြို့က ရွှေဆံတော်ဘုရားပေါ်မှာတော့ ကျိန်စာသင့်နေတဲ့ ဘိလပ်ပြန် ခေါင်းလောင်းတစ်လုံး ရှိနေပါတယ်။

ရွှေရောင် ခေါင်းလောင်းပေါ်မှာဘိလပ်ပြန် ခေါင်းလောင်းလို့ ထင်ရှားစွာ ရေးထိုးထားပါတယ်။ ရွှေဆံတော်ပေါ်ကို ဓာတ်လှေကားနဲ့တက်ရင် ခေါင်းလောင်းကို တွေ့ရမှာပါ။ မင်းတုန်းမင်းလက်ထက်မှာ အင်္ဂလိပ်နဲ့ ယာယီစစ်ပြေငြိမ်းခဲ့ပါတယ်။ မြန်မာပြည်အောက်ပိုင်းဟာ အင်္ဂလိပ်လက်ထဲကျ ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူငင်ရင်း အင်္ဂလိပ်စစ်သားများက ဗိုလ်ချုပ်ကြီးထံ ရွှေရောင်ခေါင်းလောင်းကို မျက်နှာလုပ် ဆက်သကြပါတယ်။

အင်္ဂလိပ် ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်ဟာ ဘိလပ်ပြန်တဲ့အခါ ခေါင်းလောင်းကိုပါ ယူဆောင် သွားပြီး မြတ်မြတ်နိုးနိုးထားခဲ့ပါတယ်။

အဲဒီဗိုလ်ချုပ်ကြီးရဲ့ မြေးဖြစ်သူ လက်ထက်မှာတော့ ခေါင်းလောင်းလေးကို မူလနေရာမှာ ပြန်ထားပေးဖို့ ဖြစ်ပေါ်လာပါတယ်။ အဘိုးဖြစ်သူရဲ့ ဒိုင်ယာရီကိုဖတ်ပြီး မြေးဖြစ်သူက ပြန်ပို့ပေးခဲ့တာပါ။ အတိုချုံးပြောရရင်တော့ ဘိလပ်ကို ခေါင်းလောင်းလေး ရောက်လာကတည်းက သူ့အဘိုး မိသားစု တစ်ခုပြီးတစ်ခု ပြဿနာတွေနဲ့ ကြုံရပါတယ်။ ခိုက်တဲ့သဘောပါပဲ။ ခေါင်းလောင်းကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

နောက်ဆုံးမှာတော့ ခေါင်းလောင်းလေးကို ရေမှာမြှုပ်နှံဖို့ ကြိုးစားကြပါတယ်။ အဲဒီအခါမှာတော့ ရေထဲမြှုပ်ခဲ့ရင် ဆွေစဉ်မျိုးဆက် ရေနစ်သေလိမ့်မယ်ဆိုတဲ့ အိပ်မက်ကို အခါခါအိပ်မက်ပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ အင်္ဂလန်ကနေ ထင်းရှူးသေတ္တာတစ်လုံး ထဲထည့်ပြီး ရန်ကုန်မြို့ဆီ ပြန်ရောက်လာခဲ့ပါတယ်။

ဘိလပ်ပြန် ခေါင်းလောင်းလေးကို အဆောင်အ ယောင်နဲ့ ပင့်ဆောင်ပြီး ရွှေဆံတော်ကုန်းတော်ပေါ်မှာ ပြန်လည်ထားခဲ့တာ ဖြစ်ပါတယ်။ ပြည်ရွှေဆံတော် ရောက်ခဲ့ရင်လည်း ဘိလပ်ပြန်ခေါင်းလောင်းအား (၉) ချက်တိတိထိုးကာ ဆုတောင်းမေတ္တာပို့ကြပါလို့ တိုက်တွန်းချင်ပါတယ်။

နေလရောင်

Zawgyi

မင္းျဖဴမွန္မွန္ေျပာ နကၡတ္လွ်ိဳ႕ဝွက္ခ်က္ႏွင့္ က်ိန္စာသင့္ ဘိလပ္ျပန္ေခါင္းေလာင္း

မင္းျဖဴမွန္မွန္ေျပာလို႔ ႐ြတ္ဆိုလိုက္ကတည္းက ျမန္မာေက်ာ္၊ ကမာၻေက်ာ္မင္းကြန္းေခါင္းေလာင္းႀကီးကို ရည္ၫႊန္းေျပာဆိုေၾကာင္း အားလုံးသိၾကမယ္ ထင္ပါတယ္။

စစ္ကိုင္းဘုရားဖူးသြားၾကတဲ့သူတိုင္း မင္းကြန္းပုထိုးေတာ္ႀကီးနဲ႔ မင္းကြန္းေခါင္းေလာင္းႀကီးဆီ ေရာက္ဖူးၾကမွာ အမွန္ပါပဲ။

မင္းကြန္း ေခါင္းေလာင္းႀကီးဟာ ကမာၻ႔တတိယအႀကီးဆုံး ေခါင္းေလာင္းေတာ္ႀကီး ျဖစ္ပါတယ္။ အသံျမည္ၿပီး လူတိုင္းထိုးလို႔ရပါတယ္။

ဘိုးေတာ္ဘုရားလက္ထက္ ျမန္မာသကၠရာဇ္ ၁၁၇၀ ျပည့္ႏွစ္မွာ စတင္သြန္း လုပ္ခဲ့တာပါ။ ဒီရက္ပိုင္းအတြင္းမွာပဲ ပညာရွင္ ဦးကိုကိုေျပာျပတဲ့ ေခါင္းေလာင္းႀကီးနဲ႔ ပတ္သက္တဲ့ ဗီဒီယိုဖိုင္ေလးတစ္ခု ထြက္လာခဲ့ပါတယ္။ ဗီဒီယို ဖိုင္ကို နားေထာင္ၾကည့္လိုက္ေတာ့ ကိုယ္မသိေသးတဲ့ အခ်က္ေတြကိုေလ့လာမွတ္သားျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ စာဖတ္သူေတြကို မွ်ေဝေပးလိုက္တာပါ။ မင္းျဖဴမွန္မွန္ေျပာဆိုတာက မင္းကြန္းေခါင္းေလာင္းႀကီးရဲ႕ ေၾကးပိႆာခ်ိန္ ၅၅၅၅၅ ပဲ ျဖစ္ပါတယ္။

မင္းကြန္းေခါင္းေလာင္းႀကီးဟာထူးျခားသလို လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈေတြ အစီရင္ေတြလည္း ျပည့္ ႏွက္ေနတာကို ၾကားဖူးပါတယ္။

ဘိုးေတာ္ဘုရားဟာ တနလၤာသားပါ။ သူ႔ရဲ႕ဓာတ္ဖက္ ၾကာသပေတးျဖစ္ ေအာင္ မင္းျဖဴမွန္မွန္ေျပာလို႔ တြင္က်န္ရစ္ေအာင္ ျပဳခဲ့ပါတယ္။

ဒီေနရာမွာ စိတ္ဝင္စားစရာ ေကာင္းတာကေတာ့ ေၾကးပိႆာခ်ိန္ေပါင္း ၅ ေသာင္းေက်ာ္ ေျခာက္ေသာင္းနီးပါးကိုဘယ္က ရသလဲဆိုတဲ့ ကိစၥပါပဲ။

ဦးကိုကိုရဲ႕ ေျပာျပခ်က္ေတြ အရေတာ့ အဂၤလိပ္သံ ကာနယ္ဆိုင္းရာ ဘိုးေတာ္ဘုရားရွိတဲ့ အမရပူရ နန္းေတာ္ဆီ အခစားဝင္ဖို႔ ေရာက္ခဲ့တဲ့အခါ စုပုံထားတဲ့ ေၾကးအေျမာက္လက္နက္ေတြကို ေရွာင္ခြင္းခဲ့ရပါတယ္။

အေလာင္းမင္းတရား လက္ထက္ကေန ဘိုးေတာ္ဘုရားလက္ထက္တိုင္ စစ္ပြဲရဲ႕ ျပယုဂ္ေတြ ျဖစ္တဲ့ အေျမႇာက္ဆန္ေတြ ေၾကးအေျမႇာက္ေတြကို နန္းရင္ျပင္မွာ စုပုံထားပါသတဲ့။

ကာနယ္ဆိုင္းက ဒီလိုစုပုံမထားဘဲ ေသေသခ်ာခ်ာ စနစ္တက် လုပ္သင့္တယ္လို႔ ေျပာပါတယ္။ ဘိုးေတာ္ဘုရားကလည္း ေၾကးအေျမာက္ေတြကို ဘာလုပ္ရမွန္းမသိ ျဖစ္ေနတဲ့အခ်ိန္ပါ။ ဗုဒၶဘာသာနဲ႔ ပတ္သက္ၿပီး အမ်ားေကာင္းမႈနဲ႔ ေခါင္းေလာင္းသြန္းဖို႔ ကာနယ္ဆိုင္းက အႀကံေပးပါသတဲ့။ ဒါကေတာ့ သမိုင္းနဲ႔ဆိုင္တဲ့ အခ်က္ပဲျဖစ္ပါတယ္။ ေခါင္းေလာင္းႀကီးကို သြန္းလုပ္ၿပီးတဲ့အခါ ႏႈတ္ခမ္းသား ဝိတ္မညီမွ်မႈေၾကာင့္ပဲ ေက်ာက္တုံးနဲ႔ ခုထားရလို႔ ေခါင္းေလာင္းထိုးခြင့္ မရခဲ့ပါဘူး။ တိုင္မွာ ခ်ိတ္ဆြဲသည့္တိုင္ေအာင္ ေက်ာက္တုံးခုထားရတုန္းပါပဲ။ ေဝလမင္းသား ျမန္မာ ျပည္လာခိုက္မွာပဲ ေခါင္းေလာင္းကို ထိုးလို႔ရေအာင္ အႀကံေပးခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အဂၤလိပ္နဲ႔ ျမန္မာ ပညာရွင္မ်ားေပါင္းၿပီး ေခါင္းေလာင္းရဲ႕ အတြင္းသား ေတြကို ဖဲ့ယူၿပီး ဝိတ္ညီေအာင္လုပ္ခဲ့ၾကပါတယ္။

ဒီအခါက်မွသာ ေခါင္းေလာင္းႀကီးကို ေက်ာက္တုံးခု စရာမလိုဘဲ အမ်ားသူငါထိုးလို႔ရခဲ့တာ ျဖစ္ပါတယ္။

ဦးကိုကိုရဲ႕ ေျပာၾကားခ်က္အရ ဆိုရင္ေတာ့ ေခါင္းေလာင္းႀကီး တကယ္အသံစျမည္ျခင္းဟာ ၂၀၂၀ ျပည့္ႏွစ္မွာ ႏွစ္တစ္ရာျပည့္ၿပီလို႔ သိရပါတယ္။ ေခါင္းေလာင္းႀကီးမွာ နကၡတ္ ၂၇ လုံး ထည့္သြင္း စီရင္ထားခဲ့ပါတယ္။ ေခါင္းေလာင္းႀကီးရဲ႕ အနားဝန္းကေန လက္ေထာက္လိုက္ရင္ လက္တစ္ေတာင္နဲ႔ လက္ေလးလုံးမွာ နကၡတ္ ၂၇ လုံးကို ထည့္သြင္း စီရင္ထားခဲ့တယ္လို႔ ဆိုပါတယ္။ ကိုယ္လိုခ်င္တဲ့ အရာေတြအတြက္ အရပ္မ်က္ႏွာ ေလးခုကေနၿပီး ဆုေတာင္းေခါင္းေလာင္းထိုးႏိုင္တဲ့ သေဘာပါပဲ။ ၂၀၂၀ ျပည့္ႏွစ္ထဲမွာေတာ့ မင္းကြန္းေခါင္းေလာင္းႀကီးဆီ အေရာက္သြားဖို႔ စိတ္ကူးရွိပါတယ္။ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ အရပ္ေလးေထာင့္ ကေနၿပီး အဓိ႒ာန္ဆုေတာင္း ေခါင္းေလာင္းထိုးဖို႔ပါပဲ။

အသံျမည္ျခင္း ႏွစ္တစ္ရာျပည့္ မင္းကြန္း ေခါင္းေလာင္းေတာ္ႀကီးရဲ႕ ျမည္ဟီးသံႏွင့္အတူ ျမန္မာျပည္ႀကီး ၿငိမ္းေအးေတာ့မယ့္ အတိတ္နိမိတ္ျဖစ္ပါေၾကာင္း တင္ျပအပ္ပါတယ္။

ျပည္ၿမိဳ႕က ေ႐ႊဆံေတာ္ဘုရားေပၚမွာေတာ့ က်ိန္စာသင့္ေနတဲ့ ဘိလပ္ျပန္ ေခါင္းေလာင္းတစ္လုံး ရွိေနပါတယ္။

ေ႐ႊေရာင္ ေခါင္းေလာင္းေပၚမွာဘိလပ္ျပန္ ေခါင္းေလာင္းလို႔ ထင္ရွားစြာ ေရးထိုးထားပါတယ္။ ေ႐ႊဆံေတာ္ေပၚကို ဓာတ္ေလွကားနဲ႔တက္ရင္ ေခါင္းေလာင္းကို ေတြ႕ရမွာပါ။ မင္းတုန္းမင္းလက္ထက္မွာ အဂၤလိပ္နဲ႔ ယာယီစစ္ေျပၿငိမ္းခဲ့ပါတယ္။ ျမန္မာျပည္ေအာက္ပိုင္းဟာ အဂၤလိပ္လက္ထဲက် ေရာက္ခဲ့ပါတယ္။ ထုံးစံအတိုင္း တန္ဖိုးရွိတဲ့ ပစၥည္းေတြကို ယူငင္ရင္း အဂၤလိပ္စစ္သားမ်ားက ဗိုလ္ခ်ဳပ္ႀကီးထံ ေ႐ႊေရာင္ေခါင္းေလာင္းကို မ်က္ႏွာလုပ္ ဆက္သၾကပါတယ္။

အဂၤလိပ္ ဗိုလ္ခ်ဳပ္ႀကီး ေဂၚဒဝင္ဟာ ဘိလပ္ျပန္တဲ့အခါ ေခါင္းေလာင္းကိုပါ ယူေဆာင္ သြားၿပီး ျမတ္ျမတ္ႏိုးႏိုးထားခဲ့ပါတယ္။

အဲဒီဗိုလ္ခ်ဳပ္ႀကီးရဲ႕ ေျမးျဖစ္သူ လက္ထက္မွာေတာ့ ေခါင္းေလာင္းေလးကို မူလေနရာမွာ ျပန္ထားေပးဖို႔ ျဖစ္ေပၚလာပါတယ္။ အဘိုးျဖစ္သူရဲ႕ ဒိုင္ယာရီကိုဖတ္ၿပီး ေျမးျဖစ္သူက ျပန္ပို႔ေပးခဲ့တာပါ။ အတိုခ်ဳံးေျပာရရင္ေတာ့ ဘိလပ္ကို ေခါင္းေလာင္းေလး ေရာက္လာကတည္းက သူ႔အဘိုး မိသားစု တစ္ခုၿပီးတစ္ခု ျပႆနာေတြနဲ႔ ႀကဳံရပါတယ္။ ခိုက္တဲ့သေဘာပါပဲ။ ေခါင္းေလာင္းကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးစားၾကေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ေနာက္ဆုံးမွာေတာ့ ေခါင္းေလာင္းေလးကို ေရမွာျမႇဳပ္ႏွံဖို႔ ႀကိဳးစားၾကပါတယ္။ အဲဒီအခါမွာေတာ့ ေရထဲျမႇဳပ္ခဲ့ရင္ ေဆြစဥ္မ်ိဳးဆက္ ေရနစ္ေသလိမ့္မယ္ဆိုတဲ့ အိပ္မက္ကို အခါခါအိပ္မက္ေပးခဲ့ပါတယ္။

ဒါေၾကာင့္ပဲ အဂၤလန္ကေန ထင္းရႉးေသတၱာတစ္လုံး ထဲထည့္ၿပီး ရန္ကုန္ၿမိဳ႕ဆီ ျပန္ေရာက္လာခဲ့ပါတယ္။

ဘိလပ္ျပန္ ေခါင္းေလာင္းေလးကို အေဆာင္အ ေယာင္နဲ႔ ပင့္ေဆာင္ၿပီး ေ႐ႊဆံေတာ္ကုန္းေတာ္ေပၚမွာ ျပန္လည္ထားခဲ့တာ ျဖစ္ပါတယ္။ ျပည္ေ႐ႊဆံေတာ္ ေရာက္ခဲ့ရင္လည္း ဘိလပ္ျပန္ေခါင္းေလာင္းအား (၉) ခ်က္တိတိထိုးကာ ဆုေတာင္းေမတၱာပို႔ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

ေနလေရာင္