“အောင်ဖေ ညောင်းသွားပြီ” ဆိုတဲ့ စကားဖြစ်ပေါ်လာပုံနှင့် ရွှေမန္တလေးက ဂန္တဝင်မြောက်ယမကာလုလင်ကြီးများအကြောင်း

အောင်ဖေတော့ ညောင်းသွားပြီ🥂🍺🍺🥂

ငယ်ငယ်တုန်းက ခဏခဏ ကြားဖူးတဲ့စကား အခုမှဘဲ အဓိပ္ပါယ်သေချာသိရတော့တယ်။ မန္တလေးဆိုတာဂန္တဝင် ယမကာသမား များပေါ်ထွန်းရာမြို့

(Since –1886)Mandalay Rum ဆိုတာ ကျုံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ No. 1ဖြစ်ခဲ့တဲ့ Firstclass….ဗျ။

အိမ်ရှေ့မင်းထန်းတောဆိုတာ ပြည်တွင်းစစ်ကြီး ဖြစ်တဲ့အချိန်မှာ ဗ.က.ပ ရော ၊ ဗမာ့ တပ်မတော်ရော ဒီနေရာ မှာ စခန်းမချဖို့ နဲ့

မီးမရှို့ဖို့ နှစ်ဖက်နားလည်မှု့ ယူပြီး ထန်းရေသောက်ရာနေရာ။ ငြိမ်ချမ်းရေး ဖိုရမ် စစ်ကင်းမဲ့ဇုန်ကြီးပေါ့။

ထန်းနောင်းခေါက် သဘာဝစိမ်ရည်နဲ့ ချက်တဲ့ တောင်ကုန်းကြီး တောအရက်ဆိုတာ မသောက်ဖူး သမျှ၊ အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့

ဆန်အရက် မသောက်ဘူးသမျှ ကိုယ့်ကိုကိုယ် ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့ မန္တလေးမှာ လာပြောခွင့်မရှိဘူး။

BEDC လို့ခေါ်တဲ့ 3 in 1 Degree Of Alchol ကို လူတန်းစားမခွဲခြားဘဲ တစ်ယောက်တစ်ပိုင်း လစ်မစ်နဲ့ရောင်းတဲ့ ကလေးသူငယ်တွေ ဝယ်ခွင့်မရှိတဲ့Cs2a အရက်ဖြူဆိုင် စစ်စစ်တွေသာ ရှိတဲ့မြို့။

ဒါးတန်းက ဘိလပ်ရည် စိမ်းစိမ်းလေးနဲ့ရောသောက်ရင် မင်း ယောကျာ်းမဟုတ်ဘူးလားလို့ အမေးခံရတဲ့မြို့ ။ဒီမြို့က အရက်သမားတွေက စည်းကမ်းရှိတယ်။

ဂန္တဝင်ဆန်တယ်။ညနေ နေညို လို့ လေပြိုလာတဲ့အခါ ဘုံဆိုင်ကိုလာကြတယ်။ ခွက်ကျော်၊လက်ကျော် ၊အလှည့်ကျော် ကြားဖြတ်ပြီး တန်းမစီဘူး။

အရှိန်လေး နည်းနည်း ရလာတဲ့အခါ ကဗျာရွတ်ကြတယ်။သီချင်းရေးကြတယ်။ ရှင်သန်ခြင်းကို ငြင်းခုန်ရာ နေရာဖြစ်တယ်။ ပစ္စည်းမဲ့ လူတန်းစားတို့ရဲ့ သမဆိုင် စစ်စစ်ဖြစ်လို့ ဘုံဆိုင် လို့ ချစ်စနိုးနဲ့ ခေါ်တယ်။

ပရဟိတ အရက်သမားအောင်ဖေ

ထို ဘုံဆိုင်ထဲ ကို ရောက်လာတဲ့ အခါ ပိုက်ဆံမပါဘူးလား ? ဖန်ခွက် တစ်လုံးယူပြီး အောင်ဖေလို့သာ အော်လိုက် .. ဘေးဝိုင်းက အရက်သမားတွေ က နည်းနည်းစီ ဒါနပါရမီ လာဖြည့်ပေးကြလိမ့်မယ်။

zawgyi

ေအာင္ေဖေတာ့ ေညာင္းသြားၿပီ🥂🍺🍺🥂

ငယ္ငယ္တုန္းက ခဏခဏ ၾကားဖူးတဲ့စကား အခုမွဘဲ အဓိပၸါယ္ေသခ်ာသိရေတာ့တယ္။ မႏၲေလးဆိုတာဂႏၲဝင္ ယမကာသမား မ်ားေပၚထြန္းရာၿမိဳ႕

(Since –1886)Mandalay Rum ဆိုတာ က်ဳံးေရနဲ႔ ခ်က္မွ ရတဲ့ ကမၻာ့ No. 1ျဖစ္ခဲ့တဲ့ Firstclass….ဗ်။

အိမ္ေရွ႕မင္းထန္းေတာဆိုတာ ျပည္တြင္းစစ္ႀကီး ျဖစ္တဲ့အခ်ိန္မွာ ဗ.က.ပ ေရာ ၊ ဗမာ့ တပ္မေတာ္ေရာ ဒီေနရာ မွာ စခန္းမခ်ဖို႔ နဲ႔

မီးမရွို႔ဖို႔ ႏွစ္ဖက္နားလည္မႈ႔ ယူၿပီး ထန္းေရေသာက္ရာေနရာ။ ၿငိမ္ခ်မ္းေရး ဖိုရမ္ စစ္ကင္းမဲ့ဇုန္ႀကီးေပါ့။

ထန္းေနာင္းေခါက္ သဘာဝစိမ္ရည္နဲ႔ ခ်က္တဲ့ ေတာင္ကုန္းႀကီး ေတာအရက္ဆိုတာ မေသာက္ဖူး သမၽွ၊ ေအာင္ပင္လယ္ မုေယာစပါးနဲ႔ခ်က္တဲ့

ဆန္အရက္ မေသာက္ဘူးသမၽွ ကိုယ့္ကိုကိုယ္ ဂႏၲဝင္ဆန္တဲ့ အရက္သမားပါလို႔ မႏၲေလးမွာ လာေျပာခြင့္မရွိဘူး။

BEDC လို႔ေခၚတဲ့ 3 in 1 Degree Of Alchol ကို လူတန္းစားမခြဲျခားဘဲ တစ္ေယာက္တစ္ပိုင္း လစ္မစ္နဲ႔ေရာင္းတဲ့ ကေလးသူငယ္ေတြ ဝယ္ခြင့္မရွိတဲ့Cs2a အရက္ျဖဴဆိုင္ စစ္စစ္ေတြသာ ရွိတဲ့ၿမိဳ႕။

ဒါးတန္းက ဘိလပ္ရည္ စိမ္းစိမ္းေလးနဲ႔ေရာေသာက္ရင္ မင္း ေယာက်ာ္းမဟုတ္ဘူးလားလို႔ အေမးခံရတဲ့ၿမိဳ႕ ။ဒီၿမိဳ႕က အရက္သမားေတြက စည္းကမ္းရွိတယ္။

ဂႏၲဝင္ဆန္တယ္။ညေန ေနညိဳ လို႔ ေလၿပိဳလာတဲ့အခါ ဘုံဆိုင္ကိုလာၾကတယ္။ ခြက္​ေက်ာ္၊လက္ေက်ာ္ ၊အလွည့္ေက်ာ္ ၾကားျဖတ္ၿပီး တန္းမစီဘူး။

အရွိန္ေလး နည္းနည္း ရလာတဲ့အခါ ကဗ်ာရြတ္ၾကတယ္။သီခ်င္းေရးၾကတယ္။ ရွင္သန္ျခင္းကို ျငင္းခုန္ရာ ေနရာျဖစ္တယ္။ ပစၥည္းမဲ့ လူတန္းစားတို႔ရဲ့ သမဆိုင္ စစ္စစ္ျဖစ္လို႔ ဘုံဆိုင္ လို႔ ခ်စ္စနိုးနဲ႔ ေခၚတယ္။

ပရဟိတ အရက္သမားေအာင္ေဖ

ထို ဘုံဆိုင္ထဲ ကို ေရာက္လာတဲ့ အခါ ပိုက္ဆံမပါဘူးလား ? ဖန္ခြက္ တစ္လုံးယူၿပီး ေအာင္ေဖလို႔သာ ေအာ္လိုက္ .. ေဘးဝိုင္းက အရက္သမားေတြ က နည္းနည္းစီ ဒါနပါရမီ လာျဖည့္ေပးၾကလိမ့္မယ္။